2012 ဧပြီ (1) ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ (17) ပါတီ၏ မူဝါဒသဘောထား လုပ်ငန်းစဉ်များကို ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီစဉ်များမှ စည်းရုံးဟောပြောရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အချိန်ဇယားဖြင့် သတ်မှတ်ထုတ်ပြန်ထားပါသည် ။ မတ်လ ၁၄ ရက်နေ့မှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာ့အသံ ရေဒီယိုနဲ ့ ရုပ်မြင်သံကြားကနေတဆင့် စည်းရုံး ဟောပြောပါမယ် ။
