ဒီနေ့ သတင်းလေးဖတ်ရပါတယ်.. အဲဒီက စာရေးသူတစ်ယောက်ရဲ့ အာဘော်အလိုအရဆို ကျွန်တော်တို့ဆိုက်ကြီးက သွေးထိုးလှုံ့ဆော်နေသလိုလို၊ သတင်းဖော်ပြတာပဲ မြန်သလိုလို၊ တောင်ကုတ်မှာ လူသတ်ခံရတာ ဒီဆိုက်ကြောင့်ပဲလိုလို၊ ရွာသူ/သား တွေ ဖတ်ကြည့်စေလိုကြောင်း… အောက်မှာတော့ သူရေးထားတာ အပြည့်အစုံလေးပါ။ လူမျိုးရေး ပြဿနာကို ဘယ်လိုကိုင်တွယ်ကြမလဲ။ သန်းစိုးလှိုင် (မိုးမခ)၊ ဇွန် ၆ ၊ ၂၀၁၂ မေလ ၂၈ ရက်နေ့က ကျောက်နီမော်ကျေးရွာအနီးမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အပေါ် အစပြုပြီး ဇွန်လ ၃ ရက်နေ့မှာ တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင်တွေ အုပ်စုလိုက် အသတ်ခံ လိုက်ရပါတယ်။ အဲဒီအဖြစ်အပျက်ဖြစ်ပွားတဲ့ ညမှာပဲ စစ်တွေမြို့မှာလည်း ဈေးကောက်ကိစ္စနဲ့ ပတ်သက်ပြီး စကားများရာမှ တဆင့် ရဲစခန်းကို ဝိုင်းဝန်းတောင်းဆိုမှုဖြစ်ပွားကာ ည သန်းခေါင်အချိန်မှာတော့ သေနတ်နဲ့ ပစ်ခတ်လူစုခွဲတဲ့ […]
