ဂ်စ္စူNovember 21, 20101min00
ပြည်တွင်း ထုတ်ဝေလျက်ရှိသော အားကစားဂျာနယ် တစ်စောင်နှင့် သတင်းဂျာနယ် (၈)စောင်အား ဂျာနယ်ထုတ်ဝေခွင့် ယာယီ ရပ်နားစေခဲ့ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ နိုဝင်ဘာလ ၂၁ ရက် နေ့စွဲဖြင့် အသိပေးကြေညာချက်အရ သိရသည်။     စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ချမှတ်ထားသော စာပေစိစစ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပုံနှိပ်ထုတ်ဝေခြင်း မရှိခဲ့မှုအတွက် သတ်မှတ်ကာလများ အတိုင်း ထုတ်ဝေခွင့် ရပ်နားစေခြင်းဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။     First Eleven Sports Journal  နှင့် Hot News ဂျာနယ်တို့ကို ထုတ်ဝေခွင့် (၂)ပတ် ရပ်နားစေခဲ့ပြီး 7 Day၊ Venus ၊ Myanmar Newsweek၊ လျှပ်တစ်ပြက်၊ မြန်မာပို့စ်၊ ပြည်သူ့ခေတ်နှင့် The Voice ဂျာနယ်တို့ကို […]

kneeling-down.jpg

ကျနော်တို့မြန်မာတွေဟာ သတ္တိရှိတယ် ခေါင်းမာတယ်လို့ သတင်းမွှေးပါတယ်၊ ကြည့်ပါလား လူမျိုးအမည်ကိုက မြန်လည်းမြန် မာလည်းမာတဲ့ မြန်မာတဲ့၊ လက်ရုံးရည် ကျန်းမာသန်စွမ်းမှုကို လွန်စွာ အားကိုးခဲ့ပုံရပါတယ်။ ရေမြေတောတောင် သဘာဝခြင်းလည်း နီးစပ်၊ ကိုးကွယ်ရာ ဘာသာတရားခြင်း လည်းတူတဲ့ ထိုင်းလူမျိုးတွေလို မဟုတ်ဘဲ၊ ကိုယ့်ရန်သူက ဘာကောင်ဖြစ်ဖြစ် ပြန်ချတာ သမိုင်းမှာ အထင်အရှားပါ။ ရလဒ်အနေနဲ့ စုတ်ပြတ်သတ်အောင် ခံရတာတော့ တပိုင်းပေါ့လေ။ ပြောချင်တာက မဟုတ်မခံ ငါသာမှန်၏ဆိုတဲ့ ဖိုက်တာမိုက်တီးများပါ။ နေမဝင်အင်ပါယာသခင် ဗြိတိသျှတွေကိုလည်း အညံ့မခံတွန်းလှန်၊ လွတ်လပ်ရေး ရပြန်တော့လည်း အိမ်နီးချင်းနိုင်ငံတွေလို ဓနသဟာယအဖွဲ့ ထဲမှာတောင် မဝင်ခဲ့ဘဲ ကိုယ့်မင်းကိုယ့်ချင်းဘဝကို တည်ထောင်ခဲ့ကြတာပါ။ ဒီနေ့ဧရာဝတီဘလော့ စာမျက်နှာမှာ ကြက်ဖွတ်ခေါင်းဆောင် စစ်အစိုးရအဖွဲ့ ဝန်ကြီးချုုပ် ဆိုသူ ဗိုလ်သန်းစိန် ကမ္ဘောဒီးယားကို သွားလည်တော့ မြန်မာသံရုံး […]


naywoon niNovember 20, 20101min020
ကျွန်တော်ပြောတဲ့စကားမဟုတ်ပါဘူး..။ 1990လောက်ကဝန်ထမ်းတွေကိုသတ်မှတ်ထားတဲ့စည်းကမ်းချက်ပါ တစ်ရုံးကနေတစ်ရုံး.. တစ်မြို့ကနေတစ်မြို့စာတွေပို့ကြရင်စာအိတ်ပေါ်မှာ အဲဒိစာသားကိုရော်ဘာတံဆိပ်တုံးနဲ့ရိုက်ပြီးစာပို့ရပါတယ်။ ခုမှသိလာရတာလေးတွေကြောင့်ဒီပိုစ့်ကိုရေးဖြစ်တာပါ..။ အဲဒိအချိန်တုံးကဝန်ထမ်းဆိုတာကဆူးကြားထဲကဘူးသီးလေးတွေပါ..။ မေးခွန်းတွေခဏခဏဖြေခိုင်းပါတယ်.။ သူတို့အကြိုက်လိုက်မဖြေနိုင်ရင်မဖြေတတ်ရင်ပြုတ်ပါတယ်..။ ပြောင်းရပါတယ်..။ ရာထူးတိုးမပေးပါဘူး ဒီစာသားနဲ့အောက်ခြေဝန်ထမ်းတွေကိုချုပ်ကိုင်ထားတာပါ..။ ဒီကိစ္စတွေကျွန်တော်စိတ်မဝင်စားပါဘူး..။ ဒါပေမဲ့မပြောရကိုမနေနိုင်ဖြစ်လာလို့ ရေးတင်လိုက်တာပါ..။ ကျွန်တော်တို့ကိုပါတီနိုင်ငံရေးမလုပ်ရဘူး..။ ဝန်ထမ်းဆိုတာအမျိုဲးသားနိုင်ငံရေးလုပ်နေတာပဲလို့အမြဲပြောကြပါတယ်…။ ဟုတ်ပါတယ်..။အမျိုးသားနိုင်ငံရေးကိုပဲသဆဘာကျပါတယ်..။ စိတ်လည်းဝင်စားပါတယ်..။ လုပ်လည်းလုပ်ပါတယ်..။ ကျွန်တော်တင်တဲ့ပို့စ်တွေ မှာကဗျာကလွဲရင ်ဒါကိုတွေ့နိုင်ပါတယ်..။ ခုဘာလို့ပြောရသလဲ..။ သူတို့ပြောခဲ့တဲ့စကားနဲ့သူတို့ပြန်ညှိနေတာတွေ့လို့ပါ..။ ခင်ဗျားတို့သိတဲ့အတိုင်း ရွေးကောက်ပွဲဝင်ခဲ့တဲ့သူတွေဟာ.. သူတို့ရာထူးတွေမစွန့်ခဲ့ကြပါဘူး..။ ခုနောက်ပိုင်လည်းရာထူးလက်ရှိပါ..။ သူတို့ရွေးကောက်ပွဲဝင်ခဲ့တာ ပါတီတစ်ခု ခေါင်းစဉ်နဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ အဲဒါဘာလိုသဘောလဲ…။ ကျွန်တော်ပြောတာမှားနေရင်လည်းပြောပြကြပါဦး…….။


ဂ်စ္စူNovember 20, 20101min010
ဧရာဝတီက တင်ထားတဲ့ ကြေးမုံ သတင်းစာ ဖြတ်စ။ foto:eleven မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မှာဒီနေ ့မနက်  ၈နာရီ၊၉နာရီ ဝန်းကျင်လောက်မှာဗုံးကွဲခဲ့တယ်လို ့သိရပါတယ်။ဒီသတင်းနဲ ့ပတ်သတ်ပြီး လက်လှမ်းမီသော သတင်းမီဒီယာအချို ့မှ ရှာဖွေစုဆောင်း  ၍ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ။ နိုဝင်ဘာလ ၂ဝ ရက်နေ့ နံနက် ၈ နာရီခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် သီရိဟေမာ အရှေ ့မဟာလောကရံသီအိမ်တော်ရာ ဘုရားဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း Freedom News Group မှ သတင်းရရှိသည်။ ”နံနက် ၈ နာရီ မထိုးခင်ကတည်းက အိမ်တော်ရာဘုရားထဲမှာ အလှူ လည်း ရှိနေတော့ လူစည်ကားနေပါတယ်။ ပေါက်ကွဲသံ စကြားကြားချင်းတုန်းက ထရန်စဖော်မာအိုး ပေါက်တယ်ပဲ ထင်ကြတာ။ တချို့က ပေါက်ကွဲတဲ့နေရာကို […]


ဆူးNovember 20, 20101min016
ယခင် ဆန်ကြမ်း ၈၀ဝ ကနေ ယခု ၁၂၀ဝ လောက် ယခင် ဆန်ကောင်း ၁၂၀ဝ ကနေ ယခု ၁၆၀ဝ လောက် ဖြစ်နေပြီလို့ ကြားပါတယ်။ တချို့လည်း ဆန်သစ်ပေါ်လို့ ဈေးကျနေပြီတဲ့..


နွယ်ပင်November 20, 20101min016
သွယ်ဝိုက်၍ အမှာစကားကိုပြောခြင်(Subliminal Message) အသုံးပြုခဲ့သည့် First Eleven ဂျာ နယ်အား စာပေစိစစ်ရေး မှ နှစ်ပတ် ပိတ် လိုက်သည် ဟု သတင်းရရှိသည်။ မြန်မာ နိုင်ငံတွင် အအောင် မြင်ဆုံး အားကစား ဂျာနယ် တစ်စောင် ဖြစ်သည့် First Eleven ဂျာနယ်၏ ယခု တစ်ပတ်ထုတ် စာစောင် မျက်နှာဖုံးတွင် အင်္ဂလန် နိုင်ငံ ဘောလုံး ကလပ် အသင်းများ ဖြစ်သည့် ဆန်းဒါးလန်း အသင်း နှင့် ချယ်(လ)ဆီ အသင်း တို ့တွေ ့ဆုံမှု တွင် အချို ့စကားလုံး များ ကို မင်နီတား ၍ အရောက်မြှင့် ကာ ဖော်ပြခဲ့မှု ကြောင့်အပိတ် […]


ဂ်စ္စူNovember 19, 20101min03
Nov 8, ’10 3:45pm ဒီကနေ့မနက် ၃နာရီခန့်က ရွှေပြည်သာမြို့နယ် မော်တော်ယာဉ်တပ် လထ ၄ အဝင်ဂိတ်အနီး အမှတ် ၄ လမ်းမဘေးမှာ ဂက်စ်ပိုက်လိုင်းပေါက်ကွဲပြီး ကိုက် ၆ဝ လောက်မှာရှိတဲ့ မိသားစုက အိပ်နေတဲ့ကလေးတဦး ပွဲချင်းပြီးသေဆုံးသွားပါတယ်။ ၃ ဦးဆေးရုံတင်ထားရတယ်လို့လည်းသိရပါတယ်။ အခုတော့ ပိုက်လိုင်းကို အားချင်းပြင်ဆင်နေတယ်လို့ မျက်မြင်ဒေသခံတဦး အပြောအရ သိရှိရပါသည်။ အညာနွေတမာမြေ November 19,2010 themyanmarpost က ဒီနေ ့ထပ်သိခဲ့ရတဲ့ နောက်ဆက်တွဲ ဆုံးရှုံးမှုလေးဖြစ်ပါတယ် ရွှေပြည်သာ မြို့နယ်၊ ဘုံရွှေဘုံ ကျေးရွာ အနီး၊ ရွှေပြည်သာ – လှော် ကား သို့ ပေးသည့် ဂက်စ် ပိုက်လိုင်း ဆက်ကြောင်း ၁၃ ပေ ပွင့်ထွက်ပြီး […]


ဂ်စ္စူNovember 19, 20101min01
ကျောက်စိမ်းထွက်တဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ ပြီးခဲ့တဲ့ အပတ်ကတည်းက မြေပြိုမှုကြောင့် လူအနည်းဆုံး ၅ဝ လောက် သေဆုံးခဲ့ပြီး ခုချိန်ထိ သက်ဆိုင်ရာ ကုမ္ပဏီနဲ့ အာဏာပိုင်တွေက ထိရောက်တဲ့ ကူညီဆောင်ရွက် ပေးတာတွေ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသွားသူတွေဟာ တစ်သုံးလုံး ကုမ္ပဏီက ကျောက်ရိုင်းတုံး ကောက်သူတွေဖြစ်ပြီး အများစုက ဖားကန့်ဒေသခံတွေ ဖြစ်ပါတယ်။ သေဆုံးသွားသူတွေရဲ့ အလောင်းတချို့ကို ကုမ္ပဏီက ထုတ်ပေးခဲ့ပြီး ကျန်တဲ့ အလောင်းတွေကိုတော့ အခုချိန်ထိ မထုတ်ပေးတဲ့အတွက် ဖားကန့်မြို့ခံတွေက မကျေမနပ် ဖြစ်နေကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။ ကချင်ပြည်နယ် ဖားကန့်မြို့ မော်လကိန်ကျေးရွာမှာ ပြီးခဲ့တဲ့အပတ် စနေနေ့ မနက်က တစ်သုံးလုံး ကုမ္ပဏီ သွန်ထားခဲ့တဲ့ မြေစာပြိုတဲ့အထဲ […]


နွယ်ပင်November 19, 20101min00
ဂျပန်နိုင်ငံရှိ League for Democracy in Burma (LDB)၏ဥက္ကဋ္ဌလည်းဖြစ်၊ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)၊ ၂၀၁ဝရွေးကောက်ပွဲမသမာမှုစောင့်ကြည့်ရေးဆပ်ကော်မတီ၏ တာဝန်ခံတဦးလည်းဖြစ်သူ ဦးကျော်ကျော်စိုးသည် ဂျပန်နိုင်ငံသို့ ခေတ္တကြွရောက်လျက်ရှိသော ပီနန်ဆရာတော်ဘုရားကြီး၏ ဆင့်ခေါ်မှုကြောင့် ဆရာတော်ဘုရားအား သွားရောက်ဖူးတွေ့ခဲ့ပါသည်။ ဆရာတော်မှ ဂျပန်နိုင်ငံမြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုများကို စိတ်ဝင်တစားနှင့် မေးမြန်းဆွေးနွေးပြီး ဦးကျော်ကျော်စိုး၏ ဟီရိုရှီးမားခရီးစဉ်နှင့်ပါတ်သက်၍မေးမြန်းခဲ့ရာ ဦးကျော်ကျော်စိုးမှ ဟီရိုရှီးနားအစည်းအဝေးတွင် ဘုန်းတော်ကြီးဒလိုင်းလားမားအပါအဝင် နိုဘလ်ဆုရှင်များက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာသောကြောင့် အလွန်တရာမှ ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်းလျက်ရှိကြကြောင်းကို ဆရာတော်ဘုရားအားလျှောက်ထားပါသည်။ ဆရာတော်ကြီးသည် ဦးကျော်ကျော်စိုး၏လျှောက်ထားချက်များကို စိတ်ဝင်တစားနားထောင်ပြီး ဆရာတော်ကြီးမှလည်း ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာခြင်းအတွက် အလွန်တရာမှ ဝမ်းမြောက်ကြောင်းမိန့်ကြားခဲ့ပါသည်။ တဆက်တည်းမှာပင် ဆရာတော်ကြီး ဦးကျော်ကျော်စိုးအား (အေး……အောင်ဆန်းစုကြည်အတွက် ဘုန်းကြီးပြောချင်တဲ့စကားနည်းနည်းရှိတယ်) ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အတွက် ပီနန်ဆရာတော်ဘုရားအနေဖြင့် အောက်ပါစကားများကို မိန့်ကြားခဲ့ပါသည်။ ဆရာတော်ဘုရားက ဒေါ်အောင်ဆန်းစုကြည်အနေနှင့်….. (၁)လက်ရှိအခြေအနေကို […]


နွယ်ပင်November 19, 20101min013
မြန်မာ့ အမျိုးသားခေါင်းဆောင်၊ ကမ္ဘာ့ ဒီမိုကရေစီ လှုပ်ရှားမှု ပြယုဂ် ဒေါ်အောင်ဆန်းစုကြည်သွားရောက် တွေ့ဆုံခဲ့တဲ့ ရန်ကုန်မြို့ ဒဂုံမြို့သစ်မြို့နယ် (တောင်ပိုင်း) အမှတ် ၁၈ (ခ) ရပ်ကွက်၊ ကမ္ဘောဇ ၂ လမ်း၊ အမှတ် ၃၇၆ တွင် နေထိုင်နေတဲ့ အိပ်ချ်အိုင်ဗီ အေအိုင်ဒီအက်စ် ဝေဒနာရှင်များအား ဧည့်စာရင်း ထပ်မံ ထုတ်ပေးတော့မှာ မဟုတ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင်က နိုဝင်ဘာ ၁၈ ရက်နေ့ ည ၈ နာရီမှာ လူနာများအား ကူညီပေးနေသူ ဦးစူပါ (ခ) ဦးထင်အောင်ကို ပြောကြားကြောင်း သတင်းရရှိပါတယ်။ ရပ်ကွက်အာဏာပိုင်တွေဟာ လူနာတွေကို ကူညီပေးနေသူ ဦးစူပါ (ခ) ဦးထင်အောင်ကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ရပ်ကွက်အာဏာပိုင်ရုံးကို နိုဝင်ဘာ […]


ဂ်စ္စူNovember 18, 20101min012
ပြီးခဲ့တဲ့ သောကြာနေ့ နိုဝင်ဘာ ၁၂ ရက်နေ့က ရေနံချောင်းမြို့၊ ညောင်လှရပ်ကွက်က အသက် ၁၉ နှစ်အရွယ် ဉာဏ်ရည်မမှီတဲ့ မိန်းကလေးငယ်တယောက်ကို ခလရ ၇ရ တပ်ရင်းက တပ်သား မောင်မောင်ချေ ကိုယ်ပိုင်အမှတ် (တ-၃၃၆၂၁၈) က အဓမ္မပြုကျင့်ခဲ့တာကို ဥပဒေအရ အရေးမယူပေးသေးဘူးလို့ မိသားစုဝင်တွေက ပြောပြပါတယ်။ မြို့ပြင်နွားစားကျက်မှာ တူမလေးတယောက်နဲ့ အတူတူနွားကျောင်းနေတုန်း တပ်သားမောင်မောင်ချေက အဓမ္မပြုကျင့်တာကို အော်ဟစ်အကူညီတောင်းတာကြောင့် ရပ်ကွက်ထဲက လူတွေက ဝိုင်းဖမ်းပြီး ရဲစခန်းခေါ်သွားတဲ့အခါ၊ ရဲစခန်းမှာ အမှုဖွင့်နေတုန်း တပ်က အရာရှိတွေက သူတို့ တပ်သားကို ပြန်လာခေါ်သွားပြီး အခုထိ အရေးယူတာ မရှိသေးဘူးလို့ မိန်းကလေးရဲ့ အမက ပြောပါတယ်။ ဆေးရုံဆေးစစ်ချက်တွေအရ မုဒိန်းမှုမြောက်နေလို့ ပုဒ်မ ၃၇၆၊ ပုဒ်မ ၅၁၁ တို့နဲ့ […]


ဂ်စ္စူNovember 18, 20101min02
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နှင့် ဘောလုံးကလပ်များသို့ နိုင်ငံ ပိုင်အားကစားကွင်း ၁၉ ကွင်းအား နှစ် ၃ဝ စာချုပ်ဖြင့် ငှားရမ်းလိုက်ပြီ ဖြစ်ကြောင်း ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။”အဖွဲ့ချုပ်ကို ၁၁ ကွင်း၊ ကလပ်အသင်းတွေအတွက် ၈ ကွင်းပါ။ အဖွဲ့ချုပ်ကို လွှဲပေးတဲ့ ကွင်းတွေထဲမှာ ပဒုမ္မာ၊ ဗထူး၊ အောင်ဆန်း၊ သုဝဏ္ဏကွင်းတွေ ပါပါတယ်။ ကလပ်အသင်းတွေ အတွက်က သက်ဆိုင်ရာဒေသက တိုင်းဒေသကြီးကွင်းတွေပါ။ ဥဿာ တစ်သင်းကတော့ ပဲခူးတိုင်းဒေသ ကြီးအရှေ့နဲ့အနောက် နှစ်ကွင်းပါ” ဟု ¤င်းက ပြောသည်။ကလပ်အသင်းများအား ငှား ရမ်းရာ၌ ၃ နှစ် မည်သည့်အခွန်အခမှ မယူဘဲ ၃ နှစ်ကျော်ပါမှ ကွင်းငှား ရမ်းခပေး သွင်းရမည်ဖြစ်ကြောင်း၊ နှစ် ၃ဝ စာချုပ်ပြည့်ပါက […]


နွယ်ပင်November 18, 20101min03
ရ နှစ်ကြာ နေအိမ်အချုပ်မှ နိုဝင်ဘာ ၁၃ ရက်နေ့က လွတ်မြောက်လာခဲ့သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော မူဝါဒ၊ အင်တာနက်နှင့် မီဒီယာသစ် သုံးစွဲမှု၊ တိုင်းရင်းသားအရေး၊ ဂျွန်ယက်ထောကို ဘယ်သူလွှတ်လဲ၊ လူငယ်နှင့် အမျိုးသမီးကဏ္ဍ၊ လုံခြုံရေး အကြောင်းများ မဇ္ဈိမသတင်းဌာန စီမံခန့်ခွဲမှု အယ်ဒီတာ ကိုစိန်ဝင်းက တယ်လီဖုန်းဖြင့် မေးမြန်းထားခြင်းကို Facebook ရှိ Burma Thwe မှပြန်လည်ကူးယူဖော်ပြထားပါသည် ။ ကျနော် ပထမဆုံး အိန္ဒိယနဲ့ ပတ်သက်တဲ့ မေးခွန်းမေးချင်တယ်ခင်ဗျ၊ အိန္ဒိယလူထုအနေနဲ့ မြန်မာ့ ဒီမိုကရေစီအရေးအတွက် ဘာများလုပ်ပေးနိုင်တယ် အန်တီ ထင်လဲခင်ဗျ။ ဖြည်းဖြည်းချင်းဖြစ်လာတဲ့ ဒီမိုကရေစီသာ မြန်မာပြည်နဲ့ ကိုက်ညီတယ်၊ မကိုက်ညီဘူး ဆိုတာက အန်တီတို့ မြန်မာတွေ ဆုံးဖြတ်ရမယ့် ကိစ္စပါ။ […]