ပြည်တွင်းထုတ် ဂျာနယ် (၉)စောင်အား စာပေစိစစ်ရေးမှ ဂျာနယ် ထုတ်ဝေခွင့် ယာယီ ရပ်နားစေခဲ့ကြောင်း သိရ

ဂ်စ္စူNovember 21, 20101min00


ပြည်တွင်း ထုတ်ဝေလျက်ရှိသော အားကစားဂျာနယ် တစ်စောင်နှင့် သတင်းဂျာနယ် (၈)စောင်အား ဂျာနယ်ထုတ်ဝေခွင့် ယာယီ ရပ်နားစေခဲ့ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ နိုဝင်ဘာလ ၂၁ ရက် နေ့စွဲဖြင့် အသိပေးကြေညာချက်အရ သိရသည်။

    စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ချမှတ်ထားသော စာပေစိစစ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပုံနှိပ်ထုတ်ဝေခြင်း မရှိခဲ့မှုအတွက် သတ်မှတ်ကာလများ အတိုင်း ထုတ်ဝေခွင့် ရပ်နားစေခြင်းဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

    First Eleven Sports Journal  နှင့် Hot News ဂျာနယ်တို့ကို ထုတ်ဝေခွင့် (၂)ပတ် ရပ်နားစေခဲ့ပြီး 7 Day၊ Venus ၊ Myanmar Newsweek၊ လျှပ်တစ်ပြက်၊ မြန်မာပို့စ်၊ ပြည်သူ့ခေတ်နှင့် The Voice ဂျာနယ်တို့ကို ထုတ်ဝေခွင့် (၁)ပတ်စီ ရပ်နားစေခဲ့ကြောင်း ကြေညာချက်အရ သိရသည်။

Source:news-eleven

Leave a Reply

Your email address will not be published.