ဆောင်းလေ က ခပ်အေးအေးလေးပင် သွေးနေသည်။ အနွေးထည် ဝတ်ရုံကိုယ်စီ နှင့် ဈေးသွားသူ သွား၊ ဈေးရောင်းသူရောင်း နှင့် မနက်ခင်း ၏ပြယုဂ်ကို ထင်ဟပ်နေစေသည်။ ထိုအချိန်ဆို ကျွန်တော်တို့ ဆင်ခြေဖုံး ရင်ကွက်ထိပ် ရှိ လက္ဘ်ရည်ဆိုင်လေး မှာ ဖျော်ဆရာကို ဘသောင်း၏ လက်စွမ်းကြောင့် လူပြည့်နေရော့မည်။ စောဦးစွာရောက် နှင့်နေသော ဖိုးကျော် နှင့် အောင်အောင် တို့ သူငယ်ချင်း ၂ ယောက် ဝိုင်းကို ဝင်ထိုင်လိုက် သည်။ ဖိုးကျော်သည် နယ်မှ ဖြစ် ၍ ကျွန်တော်တို့ ရက်ကွက်ထဲ ရှိ ဘုန်းတော်ကြီးကျောင်း တွင် နေပြီး တက္ကသိုလ် တက်နေသော တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်သည်။ ၂ ယောက်လုံးက ရည်ရည် မွန်မွန် […]
