ဖခင်…နဲ ့ သား…. ဘယ်သူ ပို မှားသလဲ….? ? ?

alinsettSeptember 12, 20111min013

(ယခု ကျွန်တော် တင်ပြမည့် အကြောင်းအရာကို အမေရိကန်စာရေးဆရာကြီး Paul Theroux ၏
The Mosquito Coast ဝတ္ထုကို ဖတ်ပြီး…ချိန်မှာ ရလိုက်ပါသည်။

ပုံပြင်ဆန်ဆန် ဇာတ်လမ်းတိုကလေးကို ထိုဝတ္ထုထဲ မှ ဇာတ်ကောင် Allie Fox ၏ မိတ်ဆွေတစ်ယောက်က
Fox ….တို့ကိုပြောပြသော အဖြစ်အပျက်ကလေး ဖြစ်ကြောင်း…ပထမဦးစွာ….ဝန်ခံလိုပါသည်။)

*************************************************************

ဖခင်ဖြစ်သူသည် သားကို အတန်းပညာလည်းသင်မပေး ..၊ ဆုံးမ ပဲ့ပြင်မှုလည်း မပြုပဲ…ဖြစ်သလို လွှတ်ထားသူဖြစ်သည်။

ထို ဖခင်၏သားသည်…အသက်20 အရွယ်သို ့ရောက်သောအခါ.. မကောင်းမှုများကို ရှောင်ကြဉ်ရမှန်း မသိ၊ စက်ဆုပ်ရကောင်းမှန်း

မသိတော့ချေ။

လူသားအချင်းချင်း ညှာတာ ထောက်ထားရကောင်းမှန်းလည်း မသိတော့…။

ထိုသားသည် ဓါးပြတစ်ယောက်ဖြစ်ခဲ ့သည့်အပြင် လူသတ်သမားတစ်ယောက်လည်း ဖြစ်လာခဲ ့ပါတော့သည်။

ထိုစဉ်တုန်းက လူသတ်သမားများကို ကြိုးပေးပြီး သတ်လေ့ရှိပါသည်။ ထိုသား..(လူ သတ်သမား)သည်..
ကြိုးပေး ခံရပြီး..သေစားသေရန် အမ်ိန် ့ချခံရပါတော့သည်။

ပြစ်ဒဏ်ပေးခါနီးတွင်…သေရတော့မည့်သူအား..နောက်ဆုံး ဆန္ဒကိုမေးပါသည်။

နောက်ဆုံးအနေနဲ ့ ဘာလုပ်ချင်သလဲ…။ အစားအစာ…၊ အရက်…ဒါမှမဟုတ် တစ်ခုခု ပြောစရာ…။

သားဖြစ်သူက အဖေ့အား နောက်ဆုံးအနေနှင် ့တွေ ့လိုပါသည်..ဟု ပြော၏။

ထို ့ကြောင့်..သားနှင့် အဖေကို တွေ ့ပေးလိုက်ကြပါသည်။

ထိုအချိန်မှာ သားသည် လည်ပင်းကို ကြိုးစွပ်ခံရန်… ကြိုးစင် လှေကားထိပ်မှာ အသင့်ရောက်နေပြီ။

ဖခင်ကိုတွေ ့ရသောအခါ…သားက တီးတိုးစကား ပြောမည့် ဟန်ဖြင့် နား နား ကပ်ပြီး..ပြောသည်။

တကယ်တော့ ဘာစကားမျှ ပြောခြင်း မဟုတ်ပါ။ လက်နှစ်ဖက်ကို ကြိုးတုပ်ခံထားရသော သားက ဖခင်၏ နားရွက်ကို သွားဖြင့် ကိုက်ဆွဲ ဖြတ်ပစ်လိုက်ခြင်းသာ ဖြစ်သည်။

ဖခင်က နာကျင်စွာ…သွေးရူးသွေးတမ်း အော်ဟစ် ပြေးသွားတော့မှ…သားက ပါးစပ်ထဲမှ နားရွက်ပြတ်ကို ထွေးထုတ်ပြီး

စကားတစ်ခွန်းဖြင့် အားလုံးကို ရှင်းပြသည်။

*** ကျွန်တော့်ကို အခုလို အခြေအနေမျိုးနဲ ့.*.ကျွန်တော်..*.ဖြစ်လာအောင်
ဖန်တီးပေးခဲ ့တဲ့…အဖေ့ အပြစ် အတွက်ပါ..။***

***************************************************

အဲသည် အဖြစ် အပျက်သည် တကယ် ရှိခဲ ့ဖူးသလားတော့ ကျွန်တော်သေချာ မသိပါ။

သို ့သော် ထို အဖြစ်အပျက်မျိုး ခပ်ဆင်ဆင်များကိုတော့ တွေ ့ဖူး..ကြးဖူးနေပါသည်။

ဖခင်များ၏ မသိ၊ နားမလည်မှု…၊ ညံ ့ဖျင်းမှု အပေါ် အထင်သေးနေသော..( အထင်လွဲရက်သော..)

သား..တချို ့ကို တွေ ့ဖူးပါသည်။

ယခု ဖတ်ခဲ ့ရသော အဖြစ်အပျက် တကယ် ရှိခဲ ့မည် ဆိုလျှင်…. ….

ဘယ်သူ မှားသလဲ…။ သားဖြစ်သူက မှားသလား..။ ဖခင် ဖြစ်သူက မှားခဲ့သလား..။

ကျွန်တော်ကတော့ ထို သားအဖ နှစ်ယောက်စလုံး အမှားများကို ကျူးလွန်ခဲ ့ကြသည်..ဟု မြင်မိပါသည်။

သား..သည် ဖခင် အပေါ် အပြစ်ဒဏ် ပြန်ပေးချင်လောက်အောင်..(နာကြည်းစွာ..).မှားခဲ ့ပါသည်။

သို ့သော် ထိုကဲ ့သို ့ မှားမိအောင်..( ထိုအခြေအနေမျိုး ဖြစ်လာအောင်..) ဖန်တီးပေးခဲ ့သော ဖခင်လည်း မှားပါသည်။

(ဖခင်၏ အမှားသည် မသ်ိ နားမလည် မှု… ညံ့ဖျင်းမှု များမှ..လာသော အမှားဖြစ်ပါသည်။)

ဒါဖြင့် ဘယ်သူ ့ အမှားက ပို ကြီးမားသလဲ…။

ထို မေးခွန်း၏ အဖြေကိုတော့ ကျွန်တော် ထုတ်ဖော် မပြောချင်တော့ပါ။ ။ ။

***************************************************************************

အားလုံးကို ခင်မင်လေးစားစွာဖြင့်…

အလင်းဆက်

11 . 9 .2011 ./ 19;50…pm..

alinsett.art@gmail.com

13 comments

  • Moe Z

    September 13, 2011 at 9:27 am

    နှစ်ယောက်စလုံးမှားတာပေါ့..အဓိကတာဝန်ရှိတဲ့သူကတော့အဖေဖြစ်လိမ့်မယ်..
    ဒီဝထ္ထုနဲ့ဆင်တူရိုးမှား မြန်မာဝထ္ထုတစ်ပုဒ်ဖတ်ဖူးတယ်
    သိပ်တော့မမှတ်မိတော့ဘူး..

    Reply

  • ကြောင်ကြီး

    September 13, 2011 at 10:47 am

    အဲဒါမျိုးဇာတ်လမ်း ရှေးဟောင်းမြန်မာပုံပြင်အနေနဲ့ ရှိတယ်။ သားမိုက်က မိခင်ကို သေခါနီးမှာ နားရွက်ကိုက် ဖြတ်ပစ်တာ။ မင်းမသိ ဗာရာဏသီ ဇာတ်လမ်းမျိုးပဲ။ ဘယ်သူက စောလည်း မူရင်းကြလည်း သိသူများ ပြောကြပါအုံး။

    Reply

  • မီးမီး သော်

    September 13, 2011 at 12:51 pm

    ဘယ်လိုကြောင့်ဘဲဖြစ်ပါစေ မိဘမှားလဲခံရမှာပါ၊မိဘ ကိုမလွန်ဆန်သင့်ပါဘူး။ငရဲ တော့မီးမီး ကြောက်ကြောက်….

    Reply

  • chitlay

    September 13, 2011 at 1:02 pm

    ဘယ်သူပဲမှားမှား အဖေဟာ အဖေပါပဲ။
    *** ကျွန်တော့်ကို အခုလို အခြေအနေမျိုးနဲ ့.*.ကျွန်တော်..*.ဖြစ်လာအောင်
    ဖန်တီးပေးခဲ ့တဲ့…အဖေ့ အပြစ် အတွက်ပါ..။*** အဲ့လိုအခြေအနေမျိုးဖြစ်အောင် အဖေက တွန်းပို့ခဲ့တာမဟုတ်ပါဘူး။ ကိုယ်တိုင်လုပ်ယူခဲ့တာပါ။ ကိုယ့်အသိဉာဏ်နဲ့ကိုယ် မှား၏ မမှား၏ဆိုတာကတော့ ဆုံးဖြတ်နိုင်ရမှာပေါ့။ အကယ်၍ အောင်မြင်လာရင်ရော ဒါ အဖေ့ကြောင့်လို့ပြောမှာလား?? ကိုယ်တိုင်ကြိုးစားအားထုတ်ခဲ့လို့ လို့ပြောမှာလား ??

    Reply

  • Shwe Ei

    September 13, 2011 at 2:25 pm

    စဉ်းစားတတ်တဲ့အရွယ်ရောက်ချိန်ကစပီး အကောင်းဆုံးခွဲတတ်တဲ့အသိရှိလာဘီဘဲ။ ဘယ်သူ့ကို အပြစ်တင်နေအုံးမှာလဲ။ မိမိ ကိုယ်သာကိုးကွယ်ရာလေ။

    Reply

  • kai

    September 13, 2011 at 2:39 pm

    စောရသူခိုးတယောက်နဲ့.. ကလေးကို..ငယ်စဉ်ကတည်းက.. ခိုးတတ်အောင်.. လမ်းညွှန်ခဲ့တဲ့..အမေဇတ်လမ်း..ဘုရင်ကဖမ်းမိတော့.. အမေ့နားရွက်ကိုက်တဲ့ဇတ်လမ်း.. မြန်မာ့ပုံပြင်တွေထဲရှိပြီးသားပါ..။
    အိနိ္ဒယ အော်ရီဂျင်နယ်လို့..ထင်တယ်..။ ဆိုတေ့ာ.. ဗာရာဏသီလုပ်ပြိး.. ဘုရားဟောတောင် လုပ်ထားသလားတော့ ..မသိ…. 🙂

    ပြောရရင်.. အပေါ်ကဇတ်လမ်းက.. အနောက်တိုင်းမှာ သိပ်ပြောလေ့..ယုံကြည်လေ့မရှိဘူးထင်မိတယ်..။
    အနောက်တိုင်းယဉ်ကျေးမှုက.. (အရွယ်ရောက်ပြီးတဲ့)သားသမီးဆိုးတာ.. မိဘနဲ့ တိုက်ရိုက်ကြီးပတ်သက်တယ်.. မပြောကြသလို.. တာဝန်လည်း မယူခိုင်းဘုး..။

    ဥပမာ.. ဘင်လာဒင်လိုကမ္ဘာကျော်အစွန်းရောက်ဖြစ်နေလည်း.. မိဘ..ဆွေမျိုးတွေနဲ့.. ပါတ်သက်ပြောကြ..အရေးယူကြလေ့လည်း မရှိကြဘူး..။
    (အပေါ်ကဇတ်လမ်းအရ)သားက.. သူဆိုးတေတာ အဖေကြောင့်ပါဆိုပြိး.. အဖေ့နားရွက်ကိုက်ဖြတ်ရင်.. အနောက်တိုင်းမှာတော့.. အဲဒီလူ ဥပဒေအရ.. ပိုပြီး အရေးယူခံရမှာပဲရှိသွားလိမ့်မယ်..ထင်မိတယ်..။

    Reply

  • blackchaw

    September 13, 2011 at 3:27 pm

    ဦးသုခ ရိုက်ခဲ့ဘူးတဲ့ ရုပ်မြင်ဇာတ်လမ်း တစ်ပုဒ်ကို သတိရတယ်။
    မြန်မာ့အသံက လွှင့်သွားတာလေ။ အဖေ နဲ့ သား တဲ့။
    ဇော်လင်းက အဖေ၊ ကျော်သူ က သား။ ဇာတ်ရဲ့ အဓိက ဆိုလိုရင်းကို ဇာတ်လမ်းဆုံးတော့
    ကဗျာလေးတစ်ပုဒ်နဲ့ ထိုးပြတယ်။
    ” အဖေ နဲ့ သား
    နှစ်ဦး ကြားတွင်
    ဝတ္တရား ကိုယ်စီ
    ရှိကြသည် ” တဲ့။ ကျွန်တော်က တော့ အဲဒီလိုပဲထင်ပါတယ်ဗျာ။

    Reply

  • rain pricess

    September 13, 2011 at 5:42 pm

    ဒီဇတ်လမ်းကိုကိုယ်ဖတ်ဖူးပါတယ်
    ကိုယ်ကတော.သားမှားတယ်ထင်တယ်
    အဖေဆိုတာဘာကြီးပဲဖြစ်နေနေအဖေပဲလေ
    ဒီလိုမလုပ်သင်.ဘူး ဗုဒ္ဒအယူဝါဒဆိုရင်ပေါ.

    Reply

  • alinsett

    September 13, 2011 at 6:01 pm

    ဟုတ်ကဲ ့…။ မန်းကြသူတွေ အားလုံ့း ရဲ ့ စကားလေးတွေ က တွေးစရာ လေးတွေပါပဲ။
    ူုုုုkai..ပြောတာလည်း ဟုတ်တာပဲ..။shwe ei ပြောတာလည်း ဟုတ်တာပဲ..။

    မီးမီးသော် နဲ ့ ချစ်လေး..ပြောတာလည်း မှန်တာပါပဲ။။
    ကိုယ် လည်း အဲဒီ အတွေးတွေ ကို တွေးမိပါတယ် ။
    ဘာပဲ.ဖြစ်ဖြစ် ဝင်ပြောကြ ဆိုကြတာကို ကျေးဇုူးတင်ပါတယ် ။

    Reply

  • MaMa

    September 14, 2011 at 7:29 am

    ကျမကတော့ blackchaw ပြောတဲ့
    ” အဖေ နဲ့ သား
    နှစ်ဦး ကြားတွင်
    ဝတ္တရား ကိုယ်စီ
    ရှိကြသည် ” တဲ့။
    ကို ထောက်ခံပါတယ်။
    အပြန်အလှန် မှီတွယ်နေကြရတဲ့ ဆက်နွယ်နေကြရတဲ့ ပတ်သက်မှုတွေမှာ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် သိတတ်နားလည်မှုတွေ ရှိဖို့လိုပါတယ်။

    Reply

  • True Answer

    September 14, 2011 at 10:31 am

    သားသမီးမကောင်း မိဘခေါင်းဆိုသော်လည်း …..
    မိဘတွေ ဆုံးမသွန်သင်နေတဲ့ကြားက ပျက်စီးနေတဲ့သူတွေ၊ သူတပါးအပေါ်မတရားလုပ်နေသူတွေ ဒုနဲ့ဒေးပါ။
    မိဘတွေ ဆုံးမသွန်သင်မှုမှ ဝေးကွာခဲ့သော်လည်း (သို့)မိဘမဲ့ ဖြစ်သော်ငြားလည်း လိမ္မာရေးခြားရှိသူ၊ အများအကျိုး တပိုင်တနိုင် ဆောင်ရွက်နိုင်သူများလည်း ရှိနေပါသည်။

    အဓိကကတော့ မိမိ မတရား လောဘ၊ ဒေါသ၊ သောက၊ မတရား ရလိုမှု၊ မတရားဖြစ်ချင်မှု တွေကို ဘယ်လို စွန့် ရမလဲဆိုတာ နားမလည်လို့ပါပဲ။

    (((ကိလေသာ တွေကို မစွန့်တတ်တာ အဓိက တရားခံပါ။)))

    Reply

  • iris21

    September 14, 2011 at 12:47 pm

    တချို.သားကမီးတွေကျတော. အထင်လွဲမှုတွေရှိမယ်ထင်တယ်နော်….ဥပမာ မကောင်းတာကိုမလုပ်ဖို.တားပေမဲ. ချုပ်ချယ်တယ်ထင်တာမျိုးပေါ…မိဘဟာမိဘ ပါပဲ…ဒါဟာရေပေါ်အရုပ်ရေးတာ..သဲသောင်ပေါ်စာရေးတာမဟုတ်ပါဘူး……..သွေးနဲ.ဆက်သွယ်ထားတာပါ

    Reply

  • taungpawthar

    September 20, 2011 at 1:17 pm

    မြန်မာပုံပြင်စာအုပ်ထဲမှာ ဖတ်ခဲ့ဘူးပါတယ် ဒီခေတ်မှာ အဲဒီလိုမိဘတွေ သားသမီးတွေ ပိုများလာပြီ မိဘတွေကတော့ ချစ်လွန်းလို ့အလိုလိုက်ထားရာကဖြစ်ကြတာများပါတယ် သားသမီးကလည်း ရှေးခေတ်ကလို များများမယူနိုင်ကြတော့ မွေးထားတဲ့ တယောက် နှစ်ယောက်လောက်ကိုပဲ ပုံအောချစ် ရာကစတော့တာပဲ

    Reply

Leave a Reply

Your email address will not be published.