နွယ်ပင်January 23, 20121min022
တကယ့်ရုပ်ရှင်တွေက အတိုင်းပါပဲ ကိုယ့်မျက်စီရှေ့တည့်တည့်မှာ ကားကြီး နွယ်ပင်တို့ ဆိုင်ကယ်ကလည်း ကားရှေ့ကို ကွေ့အချတိုက်မိတော့မယ်ဆိုတဲ့စိတ်နဲ့ အဲဒီအချိန်ခဏလေးမှာ ခံစားချက်က တော်တော်ကိုဗြောင်းဆန်သွားပါတယ် ကားကလည်း အလျှင်မြန်ဘရိတ်အုပ် ဆိုင်ကယ်ကလည်း ဘရိတ်ဆွဲဆိုတော့ ကားနဲ့ ဆိုင်ကယ်မတိုက်မိလိုက်ပင်မယ့် အနောက်က နွယ်ပင်နဲ့ တစ်ယောက်သောသူက လှုပ်လှုပ်ရှားရှားဖြစ်တော့ ဆိုင်ကယ်က မထိန်းနိုင်ဘဲလဲသွားပြီး နွယ်ပင်တစ်ယောက် အောက်က တမံတလင်းနဲ့ မိတ်ဆက်ပါတော့တယ် တကယ်ပါ မျက်လုံးတွေ အကုန်လုံး ဝေဝါးပြီးတော့ ချက်ခြင်းလဲ ထမရဖြစ်နေပြီး လူတစ်ကိုယ်လုံး ကြောက်စိတ်ကြောင့် တဆက်ဆက်တုန်နေပါတော့တယ် သူငယ်ချင်းနဲ့ တစ်ယောက်သောသူက လာတွဲလို့ လမ်းဘေးကို ပါလာပါမယ့် တစ်ကိုယ်လုံး နာကျင်ပြီး မျက်လုံးထဲမှာလည်း ဝေဝေဝါးဝါးနဲ့ အသားတွေကလည်း အေးစက်နေပါတော့တယ် တစ်ယောက်သောသူလည်း အရမ်းကို စိတ်ပူပြီး နီးစပ်ရာ ဆေးခန်းကို လဲကျခဲ့တဲ့ ဆိုင်ကယ်နဲ့ပဲ သွားဖို့ပြင်ရင်း […]


နွယ်ပင်January 23, 20121min010
19.1.2012 ရက်နေ့ နွယ်ပင်တို့ တစ်ယောက်သောသူနဲ့ နေပြည်တော်ကို မထင်မှတ်ပဲ သွားရမယ်ဆိုတော့ အရမ်းကိုပျော်နေတာပေါ့ ။ ကြိုတင်သွားဖို့ စီစဉ်ထားတာမဟုတ်တော့ ရရာကားနဲ့ သွားမယ်ဆိုပြီး အောင်မင်္ဂလာအဝေးပြေးရောက်မှ ကားလက်မှတ်ဖြတ်တော့ 9း00နာရီ ထိုးကားနဲ့မှီတော့ ကမန်းကတန်းပဲ ဖြတ်လိုက်မိတယ် ပြီးမှ ကားလည်းစထွက်ရော ညနေစာ အခုထိမစားရသေးတာကို သတိရသွားတယ် ဒါပင်မယ့် 115မိုင်ရောက်ရင် ကားရပ်ရင် စားလို့ရတယ်ဆိုတော့ အဲ့တော့မှစားမယ်ဆိုပြီး အိတ်ထဲရှိတဲ့ သကြားလုံးလေးတွေကိုပဲ အားကိုးနေလိုက်တော့တယ် ။ ကားက 115မိုင်လည်းရောက်ရော လူကဆာနေတာ ဟပ်ထိုး ကိုလိုက်ရော ဒါနဲ့ကားအောက်ကို မပြေးရုံတစ်မယ်ဆင်းလိုက်တဲ့ နွယ်ပင့်ကို အောက်ကနေ အေးစိမ့်နေတဲ့ လေအေးတွေကကြိုဆိုနေလိုက်တာ တစ်ကိုယ်လုံးကို တုန်ခိုက်သွားတဲ့ အထိပါပဲ ။ဆိုင်ထဲလည်းရောက်ရော အပြင်မှာအေးခဲ့တဲ့ အရှိန်လေးနဲ့ ကိုရီးယားယဉ်ကျေးမူထဲ စီးမျော လိုက်ဦးမယ်ဆိုပြီး လျှာရှည်မိတဲ့ စိတ်က […]


alinsettJanuary 19, 20121min07
( အမှောင် မပါသော ည….. ) ၁ ။ ။ ရေးရင်း တန်းလန်း…အဆုံးမသတ်လိုက်ရသေးမီ…ပစ်ပယ်ထားလိုက်ရသော..စာများ..။ မပေးဖြစ်လိုက်သော ချစ်ခွန်းခြွေလွှာများ…. မရေရာသော မျျှော်လင့်ချက်များ….. စသည်ဖြင့် … ကျွန်တော့် အိတ်ထဲမှာ ပြည့်နှက်နေပါသည်။ သို ့သော် ..ကျွန်တော် ပြောပြချင်သည်မှာ…ထိုအရာများအကြောင်း မဟုတ်ပါ။ ညများ..နှင့် လမ်းလျှောက်ခြင်းများအကြောင်းသာ.. ပြောပြချင်ပါသည်။ အရောင်တစ်လက်လက် ထ..နေသော ကြယ်များ( ပါဝင်သော်လည်း.. ) ဤည သည် ကျွန်တော်ကိုယ်တိုင် မနှစ်သက်သော ည..ဖြစ်သည်။ ၂ ။ ။ သို ့သော်…ကျွန်တော်သည် ည ထဲမှ မထွက်ခွါချင်သေးပါ။ ညသည်…အဆင်တန်ဆာတစ်ခု မဟုတ်ဘူးဆိုသော်လည်း… ကျွန်တော် ဆင်မြန်းချင်သော…ဝတ်ရုံတစ်စ ဖြစ်သည်။ ညသည်….လူငယ်တစ်ယောက်၏ အိပ်မက်များကို ခင်းကျင်းပြ သ ခွင့်ရအောင်… […]


etoneJanuary 18, 20121min08
ခပ်သွက်သွက်ခြေလှမ်းများဖြင့် သားအမိသားဖ သုံးယောက် ဆေးခန်းတွင်းသို့ဝင်လာကြသည် ။ အဖေဖြစ်သူသည် လူလတ်ပိုင်းသာဖြစ်ပြီး ကာယလုပ်သားအလုပ်လုပ်ဟန်တူပြီး ၊ ရှိရှင်းစွဲ အသက်ထက် ကြီးသယောက်ယောင် …. ။ ဘေးတွင်တော့ ညိုရင့်ရင့် အသားရေမှာ ပြာမွဲမွဲရောင်သမ်းကာ ၊ ဖယိုဖရဲ ဆံထုံးပစ်ဖြင့် လူလတ်ပိုင်းအမျိုးသမီးတစ်ယောက် …… သူမသည် သူဧ။် ဇနီးဖြစ်မည် ။ ၎င်းတို့ နှစ်ဦးဧ။် လက်တစ်ဖက်ဆီကိုကိုင်ပြီး အပြုံးရယ်မရှိသော မျက်နှာဖြင့် ကလေးတစ်ယောက်သည် သူတို့ဧ။် သားဟုပင် မြင်ရုံဖြင့် အတတ်သိသည် ။ မိသားစု ဘဝကို ဖော်ကျူးသော သဏ္ဍန်ဖြင့် သုံးယောက်သား ခပ်သွက်သွက်ဝင်လာကြသည် … ။  ခပ်နွမ်းနွမ်း သွင်ပြင်များကြောင့် ရုန်းကန်လှုပ်ရှားနေရသော မိသားစုတစ်စုဟုသာ အလွယ်မြင်မိလိုက်သည် ။ သို့သော် ထိုလူတို့ဧ။် မျက်လုံးအစုံသည် […]


ကြောင်လေးJanuary 16, 20121min024
ရထားလမ်း   “ပေါ်…တူ…………” “ပေါ်တူ …….ပေါ်……………” “ဟာ  မမသိမ့်ရေ  ရထားကြီးဟေ့ ၊အရှည်ကြီးပဲ” “ဟုတ်တယ်ဟေ့မောင်လေးရေ  အရှည်ကြီးပဲ  တာ့တာ  တာ့တာ” “ဟေး ………ဟေး ……..တာ့တာ  တာ့တာ” “ဟဲ့ သားနဲ့သမီး  တိတ်တိတ်နေကြစမ်း၊ ရထားလာတာကို ဘာလို့ ဒီလောက်အော်နေတာလဲ၊ ရထားမမြင်ဖူးဘူးလား၊တောကျလိုက်တာ၊ နင်တို့မရှက်ဘူးလား” ကိုဘမောင်တို့ မိသားစု ဟာ ပင်လယ်ပိုင်းမြို့လေးတစ်မြို့မှာနေထိုင်ကြတာပါ။  ကိုဘမောင်ကတော့ မြို့ကြီးသားဖြစ်ပေမဲ့ ပင်လယ်ပိုင်းမြို့လေးမှာ တာဝန်ထမ်းဆောင်ရင်း အိမ်ထောင်ကျပြီး ကလေးတွေကိုမွေးခဲ့တာပါ။ အခုမိဘများရှိရာကိုခေတ္တ အလယ်ပြန်လာခဲ့ရင်း အိမ်ရှေ့ကိုက်တစ်ရာကျော် ကွင်းပြင်ထဲမှာရထားဖြတ်သွားတော့ ရထားနဲ့စိမ်းနေတဲ့ ကလေးနှစ်ယောက်ဟာ ဝမ်းသာအားရခုန်ပေါက်အော်ဟစ်ရင်း လက်တွေဝှေ့ရမ်းလို့ တာ့တာပြနေကြပါတယ်။ ဒါကိုအဖေလုပ်သူ ကိုဘမောင်က အနည်းငယ်ရှက်ပြီး ကလေးတွေကိုအော်ငေါက်လိုက်ပါတယ်။ တကယ်တော့ ကိုဘမောင်တို့ ငယ်ငယ်ကလေးဘဝကလည်းရထားဝင်လာရင် ဒီလိုပဲ လက်ပြခဲ့တာပါပဲ။ “ဖေဖေကလည်း သမီးတို့ကတောကျတာမဟုတ်ပါဘူး၊ […]


ကြောင်လေးJanuary 16, 20121min00
ရထားလမ်း   “ပေါ်…တူ…………” “ပေါ်တူ …….ပေါ်……………” “ဟာ  မမသိမ့်ရေ  ရထားကြီးဟေ့ ၊အရှည်ကြီးပဲ” “ဟုတ်တယ်ဟေ့မောင်လေးရေ  အရှည်ကြီးပဲ  တာ့တာ  တာ့တာ” “ဟေး ………ဟေး ……..တာ့တာ  တာ့တာ” “ဟဲ့ သားနဲ့သမီး  တိတ်တိတ်နေကြစမ်း၊ ရထားလာတာကို ဘာလို့ ဒီလောက်အော်နေတာလဲ၊ ရထားမမြင်ဖူးဘူးလား၊တောကျလိုက်တာ၊ နင်တို့ မရှက်ဘူးလား” ကိုဘမောင်တို့ မိသားစု ဟာ ပင်လယ်ပိုင်းမြို့လေးတစ်မြို့မှာနေထိုင်ကြတာပါ။  ကိုဘမောင်ကတော့ မြို့ကြီးသားဖြစ်ပေမဲ့ ပင်လယ်ပိုင်းမြို့လေးမှာတာဝန်ထမ်းဆောင်ရင်း အိမ်ထောင်ကျပြီး ကလေးတွေကိုမွေးခဲ့တာပါ။ အခုမိဘများရှိရာကိုခေတ္တ အလယ်ပြန်လာခဲ့ရင်း အိမ်ရှေ့ကိုက်တစ်ရာကျော်ကွင်းပြင်ထဲမှာရထားဖြတ်သွားတော့ ရထားနဲ့စိမ်းနေတဲ့ ကလေးနှစ်ယောက်ဟာ ဝမ်းသာအားရခုန်ပေါက်အော်ဟစ်ရင်း လက်တွေဝှေ့ရမ်းလို့ တာ့တာပြနေကြပါတယ်။ ဒါကိုအဖေလုပ်သူ ကိုဘမောင်က အနည်းငယ်ရှက်ပြီး ကလေးတွေကိုအော်ငေါက်လိုက်ပါတယ်။ တကယ်တော့ ကိုဘမောင်တို့ ငယ်ငယ်ကလေးဘဝကလည်းရထားဝင်လာရင် ဒီလိုပဲ လက်ပြခဲ့တာပါပဲ။ “ဖေဖေကလည်း သမီးတို့ကတောကျတာမဟုတ်ပါဘူး၊ မိတ္ထီလာသွားတုန်းကတောင် […]


teekockJanuary 15, 20121min029
အခုတလော အမြဲအမှတ်ရမိနေတာကတော့ ကျွန်တော်ငယ်ငယ်က ပတ်သက်ခဲ့ဖူးတဲ့ ငှက်ကလေးတွေအကြောင်းပါပဲ။   အတောင်ပံလေးတွေတဖျပ်ဖျပ်နဲ့ လေမှာပျံဝဲနေတဲ့ ငှက်ကလေးတွေကို ကျွန်တော်သဘောကျတယ်။ အရောင်စုံ အသွေးစုံနဲ့ သိပ်လှတဲ့ ငှက်ကလေးတွေကို ကျွန်တော်ချစ်တယ်။ ကျွန်တော်နှစ်သက်တဲ့ငှက်ကလေးတွေက ကျွန်တော့်ဘဝသက်တမ်းတစ်လျှောက်မှာ အစိတ်အပိုင်းလေးတွေအနေနဲ့ ပါဝင်ခဲ့တယ်။ ကျွန်တော့်ဘဝကို ပြောင်းလဲစေဖို့ တွန်းအားတစ်ရပ်ဖြစ်စေခဲ့တယ်ပေါ့…။   ——————————————————————————-   ငှက်ကလေးတွေနဲ့ပက်သတ်ပြီး အစောဆုံးမှတ်မိနေတာကတော့ အပျံသင်စ စာကလေးလေးတွေအကြောင်းပါပဲ။ ကျွန်တော့မှာ မကောင်းတဲ့ဗီဇတွေထဲက မကောင်းဆုံး ဗီဇရှိတယ်။ အဲ့ဒါက ငှက်ပေါက်စလေးတွေကို စောင့် ဖမ်းတာပဲ။ အိမ်ရှေ့သရက်ပင်ကြီးပေါ်မှာ ငှက်ကလေးတွေ အသိုက်လုပ်ပြီဆို ကျွန်တော် ချောင်း နေတယ်။ ဥကပေါက်လာရင် ကျွန်တော် သွားကိုင်ကြည့်ချင်လို့။ ငှက်ကလေးတွေ ပေါက်လာရင် ကျွန်တော်ပျော်တယ်… အပျံသင်ရင် ကျွန်တော် ဖမ်း မလို့။ ဘာရယ် ညာရယ်လဲ […]


koyin sithuJanuary 13, 20121min020
ကျွန်တော်တို့ရဲ့ ဗုဒ္ဓမြတ်စွာဟာ ဘုရားအဖြစ်သို့ရောက်လို့ ကိလေသာတွေ ကုန်ပေမယ့်လို့ အတိတ်ဘဝက ကံကြမ္မာဝဋ်ကြွေးတွေကို ပြန်လည်ပေးဆပ်နေရသေးတယ်တဲ့။ ဘုရားရဲ့ဘဝနဲ့ ဆက်စပ်ပြီး ကြည့်ရအောင်ဗျာ။ အားလုံးသိတဲ့အတိုင်း မြတ်စွာဘုရားအလောင်းဟာ ပါရမီဆယ်ပါး အပြားသုံးဆယ် ဖြည့်ကျင့်ပြီးတော့ ဘုရားအဖြစ်သို့ရောက်လာတာ။ နည်းတဲ့ ကုသိုလ်တော်တွေမဟုတ်ပါဘူး။ ကုသိုလ်ကောင်းမှု အင်မတန်များမှ များတယ်။ အဲ့ဒီလောက်များတဲ့ ကုသိုလ်ကောင်းမှုတွေကို ဆည်းပူးအားထုတ်လို့ ဘုရားဖြစ်လာတောင်မှ ဟောဒီ ခန္ဓာကြီးရှိနေတဲ့အခါမှာ တစ်ကြိမ်တစ်ခါမှားခဲ့တဲ့ အကုသိုလ်ကံဟာ အခွင့်ရရင် ရသလို ဝင်ရောက်ပြီးတော့ နှောက်ယှက်တာလေးတွေ ရှိနေပါသေးတယ်။ သူကဘာဖြစ်လို့ အခွင့်ရနေသလဲဆိုရင် ကံရဲ့ အကျိုးဆက်ဖြစ်တဲ့ ခန္ဓာကြီးရှိနေလို့ အခွင့်ရနေတာပါ။ ဒီခန္ဓာကြီးမရှိရင်တော့ သူ့အခွင့်အရေးမရနိုင်တော့ပါဘူး။ မြတ်စွာဘုရားရဲ့ ဘဝကို ကြည့်လိုက်၊ မြတ်စွာဘုရားဟာ လူ့ဘဝကိုရလာပြီးတဲ့အခါမှာ သက်တော် ၈ဝ လူ့လောကမှာနေထိုင်ခဲ့တယ်။ သက်တော် ၈၀၊ ဘုရားဘဝနဲ့ ၄၅နှစ် […]


alinsettJanuary 12, 20121min07
ပြင်သစ် ပန်းချီကျော်ကြီး မိုးနေး ( CLAUDE MONET ) – 1840- 1926 ရဲ ့ IMPRESSION SUNRISE လို ့အမည်ရတဲ့ ပန်းချီကား တစ်ချပ်ကို အစွဲပြုပြီး ပေါ်ပေါက်ခဲ့တဲ့ ဝါဒ တစ်ခု ရှိပါတယ်။ မော်ဒန် ပန်းချီ ( မော်ဒန်အနုပညာသမိုင်း ) မှာ ထည် ့မပြောလို ့မဖြစ်တဲ့ အင်ပရက်ရှင်ဝါဒ ( IMPRESSIONISM ) ပါပဲ..။ အဟောင်းတွေနဲ ့ အဆက်ဖြတ်ပြီး.. လမ်းခွဲ ဖောက်ထွက်လိုက်တဲ့ လှုပ်ရှားမှုတစ်ခု လို ့ ဆိုရမှာပါ။ အင်ပရက်ရှင်ဝါဒီတွေ ( IMPRESSIONIST ) တွေက သဘာဝလောက ထဲက အရာတွေကို ပန်းချီ […]


koyin sithuJanuary 11, 20121min017
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန့်မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံအတွင်းသို့ ကျွန်ုပ်နှင့် သိဟောင်း ဖြစ်သော ကိုပီတာဆိုသည့် စိတ်ဝေဒါနရှင်တစ်ဦး ရောက်ရှိလာလေ၏။ ကိုပီတာကြီးသည် ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း…. “ဟေ့…မစ္စတာမင်းသိင်္ခ၊ ဂွတ်ဒ်မောနင်း..ဂွတ်ဒ်နိုက်..” ဟု နှုတ်ဆက်လေတော့၏။ “ ကဲပါဗျာ ကိုးရိုးကားယား နှုတ်ဆက်မနေ စမ်းပါနဲ့၊ ခင်ဗျားအတွက် မနက်စာချက်မယ်ဗျ၊ ဘာဟင်းနဲ့ စားမလဲ ပြောစမ်းပါဦး..” ဟု ကျွန်ုပ်ကမေးရာ..“ အရမ်းပြောလို့ တော့မဖြစ်ဘူး ကိုယ့်လူရဲ့၊ အစာလည်းဆေး၊ ဆေးလည်းအစာလို့ ဆိုထားတယ်မဟုတ်လား၊ အဲဒီတော့ ကိုယ်စားတဲ့ အစား အသောက်ဟာ ကိုယ့်အတွက် ဆေးဖြစ်ဖို့တော့လိုတာပေါ့” ဟု ကိုပီတာကြီးက ကျွန်ုပ်အား အတည်ပေါက်နှင့် ပြောနေလေ၏ “ကဲပါဗျာ ခင်ဗျားအတွက် ဆေးဖြစ်မယ့် အစားအသောက်ပဲပြောပါ၊ ကျုပ်က ဈေးသွားရဦးမှာဗျ” ဟု ကျွန်ုပ်က ပြန်၍ […]


မောင် ပေJanuary 10, 20121min021
ပုံပြင်တွေထဲမှာ ပေါ့နော် ။ ဘယ်ပုံပြင်ထဲမှာလဲ နာမည်တွေ ဘာလဲ တော့ အသာ ခဏမေ့ထားပြီး ရေးချင်ပါတယ် ။ ဒါက အင်ထရိုမို ့ပါ ။ ဟိုးရှေးရှေးတုန်းက နတ်ကြီး တစ်ပါး နဲ ့ဗြဟ္မာကြီး တစ်ပါး လောင်းကစား လုပ်ခဲ့ကြတယ်တဲ့ ။ သူရို ့တွေ လောင်းတဲ့ ကြေး က မနည်းဘူးဗျ ။ နိုင်တဲ့သူ က ရှုံးတဲ့သူ ရဲ ့ခေါင်းကို ဖြတ်ကြေးဆိုဘဲ ။ ဒါနဲ ့ပွဲအပြီးမှာ ဗြဟ္မာကြီး ဟာ ရှုံးသွားပါလေရော ။ သူ က ကတိအတိုင်း သူ ့ခေါင်းကို ဖြတ်ယူဖို ့၊ နတ်ကြီး ကို ပြောပါသတဲ့ ။ […]


manawphyulayJanuary 10, 20121min014
အဝတ်သင်္ကန်းလှူရကျိုး (၈) မျိုး ၁။ ဖြစ်လေရာ ဘုံဘဝတို့၌ ရွှေနှင့်တူသော အဆင်းရှိခြင်း။ ၂။ အညစ်အကြေး ကင်းစင်ခြင်း။ ၃။ ကိုယ်ရောင် ထွက်ခြင်း။ ၄။ နူးညံ့ပျော့ပျောင်းသောကိုယ် ရှိခြင်း။ ၅။ ဦးခေါင်းထက်၌ အရော်င်အမျိုးမျိုးရှိသော ပုဆိုးပေါင်းတစ်သိန်းတို့ မိုးကာခြင်း။ ၆။ ပိုးထည်၊ ကမ္ဗလာထည်၊ ဖဲထည်၊ ဝါထည် အဝတ်ပုဆိုးတို့ကို အလိုရှိသမျှ ရနိုင်ခြင်း။ ၇။ မဟာလတာတန်ဆာကို ဝတ်ဆင်ရခြင်း။ ၈။ ဧဟိဘိက္ခူ ခေါ်ခံရခြင်း။ ခါးပန်းကြိုးလှူရခြင်းအကျိုး (၆) ပါး ၁။ သမာဓိ မပျက်စီးခြင်း။ ၂။ သမာဓိကို စိုးပိုင်ခြင်း။ ၃။ ပရိသတ် မပြိုမကွဲခြင်း။ ၄။ သူတစ်ပါးကို နားဝင်အောင် ပြောဆိုနိုင်ခြင်း။ ၅။ သတိခိုင်မြဲခြင်း။ ၆။ […]


kaiJanuary 9, 20121min015
နိဒါန်း စကြဝဠာကြီးဟာ ကျွန်မတို့ တွေးထင်ထားတာထက် ပိုပြီးဆန်းကျယ်ရုံတင်မကပါဘူး။ ကျွန်မတို့ တွေးထင်နိုင်တာ ထက်ပါ ပိုပြီး ဆန်းကျယ်လှပါတယ်။ စကြဝဠာကြီးဆီမှာ အဖြေရှာဖို့ ခက်ခဲလှတဲ့ ပဟေဠိပုစာ္ဆတွေနဲ့ လျှို့ဝှက်ချက်တွေ အများအပြား ပြည့်နှက်နေပါတယ်။ ဒါပေမယ့် ပဟေဠိပုစာ္ဆတွေနဲ့ လျှို့ဝှက်ချက်တွေအားလုံးကတော့ တထပ်တည်းကျအောင် မတူညီနေပါဘူး။ စကြဝဠာကြီးနဲ့ ပတ်သက်ပြီး အဖြေရှာဖို့ ခက်ခဲလှတဲ့ ပဟေဠိပုစာ္ဆတွေတိုင်းဟာ လျှို့ဝှက်ချက်တွေ မဟုတ်ပါဘူး။ စကြဝဠာကြီး ဘယ်လိုစတင်ပေါ်ထွက်လာခဲ့သလဲ။ ဘယ်လို မွေးဖွားလာခဲ့သလဲ။ အဲဒီလို မမွေးဖွားမီက ဘာတွေရှိခဲ့သလဲ။ ဒီပုစာ္ဆတွေရဲ့ အဖြေကို ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။ ဒါတွေဟာ ပဟေဠိတွေပဲ ဖြစ်ပါတယ်။ ဒီပဟေဠိတွေနဲ့ ပတ်သက်ပြီး လူသားတွေဆီမှာ အတွေးအခေါ်တွေ များစွာ ပေါ်ပေါက် လာကြပါတယ်။ သိပ္ပံပညာရှင်တွေက ဒီလိုအတွေးအခေါ်တွေကို သက်သေပြနိုင်ဖို့ ကြိုးစားကြပါတယ်။ […]