manawphyulayJuly 9, 20121min024
ရပ်ကွက်လေးအတွင်းသို့ ဂျပန်ပြန် ဂီဂီနှင့် သူ့အမျိုးသမီး ဖရဲမတို့နဲ့အတူ သားလေး အူးအူးတို့ ပြောင်းရွေ့လာခဲ့လေသည်။ ဒီရပ်ကွက်လေးထဲမှာ လုံးချင်းအိမ်လေး ငှားတယ်ဆိုတော့ ဂျပန်မှ ပြန်ရောက်ခါစ ဂီဂီတို့အတွက် အကြိုက်တွေ့သွားသလို ရပ်ကွက်ကလေးနဲ့ နေချင်သော ဖရဲမအတွက်လည်း အကွက်ဆိုက်သွားလေသည်။ ဂျပန်မှာသာ အလုပ်အကိုင်လည်းကောင်း၊ ကိုယ်တတ်သည့်ပညာနဲ့ ရတဲ့လစာကတော့ ကိုက်ညီလှတဲ့အတွက် အလုပ်လုပ်ရတာ အဆင်ပြေလှပေသည်။ ခုတော့ ရန်ကုန်မှာ အခြေချမယ်ဆိုတော့ ဘာလုပ်ရမလဲ စဉ်းစားဖို့က လိုလာပြန်ပြီ။ ရန်ကုန်မှာက ကိုယ့်ပညာနဲ့ လုပ်စားရတာကလည်း ပေးတဲ့လစာက မဖြစ်စလောက်နဲ့။ ဘယ်မှာလျှောက်ပြီး ဘာလုပ်ရမလဲဆိုတာကလည်း အလုပ်နဲ့ လစာက မကိုက်တာက များနေသလို အလုပ်ကောင်းလေး၊ လစာလေးလည်း မဆိုးတဲ့နေရာကျပြန်တော့ နားရက်မရှိတဲ့ အလုပ်ဖြစ်ပြန်ရော။ ကိုယ်ပိုင်လုပ်ငန်းလုပ်ရပြန်တော့လည်း ပါလာတဲ့ငွေလေးက အိမ်ငှားတာနဲ့ မိသားစုစရိတ်နဲ့ဆိုတော့ အရင်းအနှီးက နည်းနေပြန်တော့ ဘာလုပ်ရမှန်းမသိ။ […]


htet wayJuly 8, 20121min013
ညသည် တိတ်ဆိတတ်နေ၏။တောရွာတို့၏သဘာဝအတိုင်း ညဆယ်နာရီကျော်သည်နှင့် လူခြေတိတ်သည်။ တစ်ချက်တစ်ချက် ညည့်ငှက်အော်သံ ကြားရ၏။ အိပ်ပျော်ရင်း ယောင်အော်သော အပျိုကြီး မတုတ်၏ ကျမကို ချစ်ရင်မောင်ကြီးရယ်…ဆိုသော အသံ၊ကိုဝတုတ်၏ ကလေး ဝတုတ်လေးစည်သူ၏ လန့်ငိုသံ သူ့ဇနီး မူယာမြင့်၏ အိပ်ချင်မူးတူး သားချော့သံ တို့ အသံခပ်ဖျော့ဖျော့ပေါ်လာလိုက် ပျောက်လိုက် ဖြစ်နေရုံ မှ အပ ရွာသာယာသပြေတန်းသည် လူသံတွေ တိတ်နေသည်ဟု ဆိုရမည်။ ထိုအချိန်တွင်ပင် “ ရက် စက်လိုက်တာ ရွှေနီရယ် ဟီး..ဟီး အင့် ၊ သင်း ရက်စက်တယ်” အရက်သံလေးလေးကြီးဖြင့် ကြက်ငတင် ၏ငိုပြောသံ တနည်းဆိုသော် အရက်ငိုသံ “မီဒီယာ ခင်မောင် ဒီကောင် စားသွားတာ တောက်..၊” တိတ်ဆိတ်နေမူကို ကြက်ငတင်က ဖြိုခွင်းလိုက်သည်။ သူ့အသံကြောင့် […]


alinsettJuly 8, 20121min024
March ..လ . 7 ရက်… ကားပေါ်မှ ဖုတ်ခနဲ..ခုန် ဆင်းလိုက်သည်နှင့် တပြိုင်နက်… ကျွန်တော့် ခန္ဒာကိုယ်ထဲကို ခွန်အား တစ်ခုခု စီး ဝင်လာသည် ။ မနက်ဖြန်ဆိုလျှင် ဖေဖေရှိသော ကျွန်းကလေးဆီ ရောက် ပြီ..။ တောင်ကုတ်မြို ့သည် ကျွန်တော် နှင့် သိပ်..စိမ်း မနေပါ ။ ပြီးတော့…. အေးချမ်း ငြိမ် သက်သော…ဤမြို ့ကလေးကို..ကျွန်တော် သဘောကျသည် ။ တောင်တန်းကြီးတွေ…၊ မြစ်..၊ ချောင်း..၊ ပင်လယ် တွေ…ကြားမှ ဤမြိုူ ့ကလေးသည်…ကျွန်တော် ချစ်သော ဖေဖေ ရှိရာ.ကျွန်းကလေးဆီ သွားဖို ့…. ကြားခံ နယ်မြေ ပင် ဖြစ်သည် ။ ကျွန်တော် ငယ်စဉ်က ဤ […]


Paulo Coelho ရဲ့ Like the Flowing River စာအုပ်ထဲက How to climb the mountains ဆိုတဲ့ စာကို ဘာသာပြန်ထားပါတယ်။ အားလုံးပေါင်း ၁၁ ချက်ရှိပါတယ်။ အခုတော့ ၅ ချက်ကို အရင် တင်ထားပါတယ်။ တစ်ချို့အီဒီယမ်တွေက ဘာသာပြန်ရတာ အခက်အခဲရှိတဲ့အတွက် မှားတာတွေ့ရင် ပြင်ပေးစေလိုပါတယ်။ How to climb the mountains တောင်တက်နည်း   Choose the mountain you want to climb မင်းတက်ချင်တဲ့တောင်ကို ရွေးချယ်ပါ။   Don’t be influenced by what other people say: ‘that […]


“ခမ်းဟွမ်………………… ……..” (အသစ်တစ်ဖန်………………………….)   သင်္ကြန်တွင်းအလုပ်တွေပိတ်တော့ ကျနော့် မန်းလေးကို ပြန်လာခဲ့ပါတယ်။ ဒီပိတ်ရက်ကရှည်တော့အဝေးရောက်သားသမီးများအိမ်ပြန်ချိန်လို့ဆိုရင်လဲရနိုင်ပါတယ်။ မတွေ့တာကြာတဲ့သူငယ်ချင်းတွေအကုန်ပြန်ဆုံပါတယ်။ ရွှေလီဖက်ရောက်နေတယ်ဆိုတဲ့“ငြိမ်းမ”တစ်ယောက်ကလွဲလို့ပေါ့။ သင်္ကြန်ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးလည်လိုက်ပတ်လိုက်။ လက်ဖက်ရည်ဆိုင်ထိုင်လိုက် နဲ့ပေါ့။ သူတို့နဲ့မသွားဘဲအိမ်မှာတစ်ယောက်ထဲရှိနေတဲ့အချိန်အခါမျိုးမှာဖြစ်ဖြစ် သူနဲ့သွားခဲ့လာခဲ့ဘူးတဲ့နေရာကိုရောက်ရင်ဘဲဖြစ်ဖြစ် ဘေဘေးကို သတိရမိပါတယ်။ အထူးသဖြင့် မနက် မနက် ကန်တော်ကြီးမှာ  လမ်းလျောက်တဲ့အခါမှာပေါ့။   သူငယ်ချင်းတွေပြန်ဆုံပေမယ့်လဲ ဘေဘေး သတင်းကတော့ အစအနကိုမရပါဘူး။ သူဘယ်ရောက်သွားတယ်ဆိုတာ တိတိကျကျသိသူမရှိ။ သူအိမ်ထောင်မကျဘူးဆိုတာကတော့ သေချာသလောက်။ ဘယ်သူ့ဆီကို မှ ဘေဘေးရဲ့ မင်္ဂလာဆောင်ဖိတ်စာမရောက်လို့ပါ။ ကိုယ်စိတ်ကိုယ်ဒီလိုဘဲဖြေသိမ့်ရတာပေါ့နော်။ ကျနော်သူတို့အိမ်ဘက်ပါတ်ကြည့်တော့လဲအရိပ်အယောင်တောင်မမြင်ရ၊။ မိပန်ကတော့ “နင်တောင်ကြီးရောက်ပြီးတစ်လ နှစ်လ လဲနေရော ခမ်း ကိုလဲ ငါတို့မတွေ့တော့ဘူး” လို့ပြောပါတယ်။။   ဒီလိုနဲ့ဘဲပိတ်ရက်ကုန်တော့ တောင်ကြီးကိုပြန်ခဲ့ရပါတယ်။ တောင်ကြီးရောက်ပြီးလို့ သိပ်မကြာခင်မှာဘဲ ကျယ်ဂေါင်မှာရှိတဲ့ ရုံးကိုသွားဘို့ဖြစ်လာပြန်ပါတယ်။ တစ်ခါမှမရောက်ဘူးတဲ့အရပ်မို့လို […]


“ဒါးဝိဇ္ဇာ……..ပြဒါးဝိဇ္ဇာ……..အင်းဝိဇ္ဇာ……..သံဝိဇ္ဇာ……..ဆေးဝိဇ္ဇာ….အရက်ဝိဇ္ဇာ……..ဖဲဝိဇ္ဇာ……. ဝိဇ္ဇာကိုးသောင်း(နှစ်မျိုးတိုးသွားလို့ တစ်သောင်းတိုးသွားတာ) ဆရာပေါင်းတို့ ရဲ့ ဒဂိုးအိတ်တိပတ်တွေ ငါ့ကို်ယ်ပေါ်ကိုရောက် ……….ဟိတ်တ်တ်တ်းးးးးးးးးးးးးးးးးးး…….. ဟောဒီ အောက်ကမြွေဟာ ဘယ်လိုဖြစ်သွားမလဲ…….ကြည့်လိုက်…….ဟိတ်တ်တ်တ်းးးးးးးးးးး  ဘုန်း” နောက်တော့ဆရာကျားဟာသေတ္တာထဲကမြွေတွေကို တစ်ကောင်ပြီးတစ်ကောင်ထုတ်ပြနေပါတယ်။ မြွေအမျိုးအစားလည်းစုံပါတယ်။ စပါးကြီး စပါးအုံး၊ လိုအကောင်ကြီးကြီးမြွေအပြင် မြက်လျှောလို၊မြွေစိမ်းမီးခြောက်လိုအကောင်သေးလေးတွေလည်းပါ ပါတယ်။ မြွေတစ်ကောင်ချင်းရဲ့အမည်တွေနဲ့ ဘယ်ကဖမ်းခဲ့တယ်ဆိုတာကိုလည်းဖြီးဖျန်းပြီးပြောပါသေးတယ်။ သူ့ရဲ့ အသံပြဲကြီး  အဲလေ…အောင်မြင်ခန့်ညားတဲ့အသံကြောင့် လူတွေဟာလည်းများသထက် များလာပါတယ်။ “ဟော ဒါကတော့ခလောက်မြွေပါ….သူ့အမြီးကို ခါလိုက်ရင် ခလောက်လိုအသံမြည်ပါတယ်။ သူ့ရဲ့အစာကို အသံနဲ့ မျှားခေါ်ပြီး အနားရောက်လာမှ အသာလေး ဖမ်းစားတတ်တဲ့အကောင်ပါ..”(အထင်) “ဒါကတော့ရေထဲမှာ အနေများတဲ့အကောင် ပါ။ ဂျပ်လုံးလို့ခေါ်ပါတယ်……..ဒီကောင်ကိုက်ရင် အရမ်း အိပ်ချင်လာပါတယ်…….ကိုက်ကိုက်ခြင်းမအိပ်မိအောင်သတိထားရပါတယ်………အိပ်လိုက်ရင်လည်း ပြန်မနိုးတော့ပါဘူး……”(သူများပြောတာကြားဖူးတာသေချာတော့မသိ) “ဂျပ်မြွေမှာ နှစ်မျိုးရှိပါတယ် ….ဂျပ်လုံးရှိသလို ဂျပ်ပြားလည်းရှိပါတယ်….ကျနော့မှာတော့ ပြစရာပါမလာပါဘူး……..”(အလုံးတောင်ရှိတယ်ဆိုတော့အပြားလဲ ရှိနိုင်တာပေါ့) ဆရာကျားလည်းမြွေတွေကိုပြပြီးတဆက်တည်းမှာပဲ “ကဲကဲ ပရိတ်သတ်ကြီးကို ကျနော် ခုနက […]


ကြောင်လေးတစ်ယောက် ရှေ့အလားအလာဘာဖြစ်လာမယ်ကိုတာကိုတွေးရင်း အတော်လေး ခေါင်းစားနေပါတယ်။ ဘယ်အလုပ်ကို ဘယ်လိုလုပ်ရပါ့ဆိုတာကို အမြဲတွေးနေရတာပေါ့။ ညအိပ်ယာဝင်ရင်ခေါင်းထဲမှာ အစီအစဉ်တွေချ စဉ်းစားရင်းအိပ်ပျော်သွားတဲ့ကြောင်လေး အိပ်မက် မက်ပါတော့တယ်။ “ဒုံး… ချွမ်း…” “ဒုံး……  ချွမ်း…..” “တွီ…တွီ…..” “တီတီ…” “ဒုံး… ချွမ်း…”   မြို့လယ် ဈေးအနီးက လမ်းဘေးမြေကွက်လပ်ခပ်ကျယ်ကျယ်တစ်နေရာမှာကျနော်ဟာ လက်တစ်ဖက်က ဘင်ကြီးကို တဒုံးဒုံး ထုရင်း တဖက်က ယကွင်းကို တချွမ်းချွမ်း တီးကာ ဆရာကျားကို လှမ်းကြည့်လိုက်ပါတယ်။ ဆရာကျားဟာ ပလိုင်းထဲကမြွေတစ်ကောင် ဆွဲထုတ်လိုက် ပြီး ဗူးသီးခြောက်ပုလွေကို တတွီတွီမှုတ်လိုက် မြွေကို ပါးပြင်းထောင်အောင် ပုလွေနဲ့ ကလော်လိုက်ပါတယ်။ “ဒုံး… ချွမ်း…” “ဒုံး……  ချွမ်း…..” ကျနော်လည်းကိုယ်အလုပ်ကိုဆက်လုပ်ရင်းရှေ့ကိုကြည့်လိုက်တော့ လူ လေးငါးခြောက်ယောက် လောက် ရောက်လာနေပါပြီ။ “တွီ…တွီ…..တီတီ…” ဆရာကျားကတော့ […]


စာရေးဆရာ Paulo Coelho (Author of the alchemist) ရဲ့ Like the Flowing River စာအုပ်ထဲက The Story of the Pencil ဆိုတဲ့ စာလေးကို သဘောကျလို့ ဘာသာပြန်လိုက်ပါတယ်။   စာလေးကတော့ အရမ်းလွယ်ပါတယ်။ စာလုံးတွေတော်တော်များများကိုလည်း သိပါတယ်။ ဒါပေမယ့် တကယ်တမ်း မြန်မာလို စာချောအောင် ဘာသာပြန်ဖို့ကတော့ ကျွန်မအတွက် တော်တော်လေး ခက်ခဲပါတယ်။ အခု ဒီစာကို ကြိုးစားပြီးတော့ ဘာသာပြန်ထားပါတယ်။ ဆရာမ TTNU နဲ့ ရွာသူရွာသားတွေက ဖတ်ကြည့်ပေးပြီး မှားတာရှိရင် ပြောပြပေးစေချင်ပါတယ်။   ခဲတံပုံပြင်   ကောင်လေးတစ်ယောက်က သူ့အဖွားစာရေးသည်ကို ကြည့်နေခဲ့ပါသည်။ တစ်နေရာတစ်ယောက်တွင် သူက မေးလိုက်သည်။ […]


black chawJuly 5, 20121min023
ဂဇက်ကုန်းရွာကြီးမှာ ကလေးက စပြီး သက်ကြီးရွယ်အို ယောက်ျားကြီးများအထိ ဆံပင်ညှပ်ခြင်း အမှုကိုပြုကြရန် ဆံပင်ညှပ်သမားကြီး ၂ ယောက် ရှိသောဟူ၏။ ၎င်းတို့မှာ ၁။ ဦးကြီးမိုက် (အသက် ၅ဝ စွန်းစွန်း၊ အမှတ်တမဲ့ ကြည့်လျှင် ရုပ်ရှင်မင်းသားကြီးကျော်ဟိန်း နှင့် ခပ်ဆင်ဆင်၊ စစ်ပြန်စစ်မှုထမ်းဟောင်းကြီး၊ ညနေခင်းများတွင် ချောင်ယွန်မတ်၏ အမိန့်ရ ဘီအီးဆိုင်တွင် တစ်ခွက်တစ်ဖလား မော့တတ်သောအကျင့်ရှိ၊ ဓါးကိုင် အင်မတန်ကျွမ်းကျင်၊ သူဆံပင်ညှပ်ရင် ဓါးရှတယ်ဆိုတာ ဘယ်တုန်းက မှ ရာဇဝင်မရှိခဲ့) ၂။ မောင်အာဂ ( အသက် ၃ဝ ခန့်၊ အမှတ်တမဲ့ကြည့်လျှင် စိုင်းစိုင်းခမ်းလှိုင် နှင့် ခပ်ဆင်ဆင်၊ အလုပ်မရှိသဖြင့် ရွာထဲမှ အခြောက်မ အလှဖန်တီးရှင် ခင်စန်းဖြိုးကို ရင်းနှီးအောင် ပေါင်းသင်း၍ ဆံပင်ညှပ်အတတ်ကို တစ်ပတ်နှင့် […]


“ခမ်းဟွမ် -အပိုင်းနှစ်” (ဝေးလွင့် ဝေသီ…………………..)   “ကိုးကိုး နက်ဖြန် မန်းလေးတောင်ကိုသွားရအောင် မရောက်တာကြာပြီလေ” “ညနေပိုင်းမှသွားမယ်လေ မနက်ပိုင်းသွားရင်အပြန်ဆိုအရမ်းပူမှာ” “ ကိုးကိုး ဘယ်သူမှ မခေါ်ခဲ့နဲ့နော် ငေါတိုင်ပင်စရာရှိတယ်” “အေးပါ ဒါဆို ညနေခြောက်နာရီလောက်လာခေါ်မယ်လေ”   ညနေခြောက်နာရီလောက်ရောက်တော့ သူ့ကိုဝင်ခေါ်ပြီးတော့ မန်းလေးတောင်ကို ဆိုင်ကယ်နဲ့တက်လာခဲ့ကြပါတယ်။ နွေအခါဆိုတော့ ညနေခြောက်နာရီကျော်တာတောင်မှ အပူရှိန်သိပ်မကျ အလင်းရောင်လဲမပျောက်သေး။ တောင်တက်လမ်းမှာလဲကျန်းမာရေးအတွက် ခြေလျင်တောင်တက်နေသူတွေကလဲ တစ်လမ်းလုံးမပြတ်ပါဘူး။ မတ်စောက်တဲ့တောင်တက်လမ်းဖြစ်တော့ ဆိုင်ကယ်ကို ဂရုတစိုက်မောင်းလို့လာခဲ့ပါတယ်။ ခါတိုင်းဆိုရင် ပေါက်ပေါက်ဖောက်သလို တစ်လမ်းလုံး စကားပြောတတ်တဲ့ “ဘေဘေး”က ထူးထူးခြားခြား စကားတစ်ခွန်းမှမပြောဘဲ ငြိမ်ကုတ်လို့လိုက်လာပါတယ်။ ဒါနဲ့ဘဲတောင်ထိပ်ရောက်တော့ ဓါတ်လှေကားအခြေနားမှာ ဆိုင်ကယ်အပ်။ ပြီးတော့မှ ကျနော်တို့ထိုင်နေကျ တောင်မကြီးရဲ့ အရှေ့ဘက်အခြမ်းက စေတီအသစ်လေးဆီကို ဆင်းလာခဲ့ပါတယ်။ ဒီစေတီလေးအသစ်လေးရဲ့ ပုရဝုဏ်က  ကျယ်ဝန်းတဲ့အပြင် လူလဲရှင်းပါတယ်။ […]


“ခမ်းဟွမ်…………………………..” (ကြည်နူးရိပ်စွန်းသောနေ့ရက်များ…………….)(အပိုင်းတစ်)   ဒီနေ့မနက်ကျနော်အိပ်ယာနိုးတော့ မုးိတွေရွာနေပါတယ်။ အရမ်း သဲတယ်လဲမဆိုနိုင်ပေမယ့်အပြင်ဘက်မှာ လူအသွားအလာမရှိသလောက်။ လမ်းမပေါ်မှာတော့ မိုးရေစက်တွေက ဟိုတစ်ကွက်ဒီတစ်ကွက် အိုင်ထွန်းလို့နေပါတယ်။ တံစက်မြိတ်က ကျလာတဲ့မိုးစက်တွေက တဖြောက်ဖြောက်။ ကိုယ်နဲ့မသက်ဆိုင်တဲ့သူများမြို့ရွာကနေ ကိုယ့်အိမ်ကိုယ့်ယာပြန်ရမယ်ဆိုတော့စိတ်ထဲမှာပျော်သလိုလို၊ နွေးထွေးလာသလိုလို။ နောက်ဒီနေ့မှာ “ခမ်းဟွမ် “ဆီကနေ ပြတ်သားတဲ့အဖြေတစ်ခုရမယ့်နေ့။ ကျနော်ကိုလာကြိုမယ့်ကားက အလည်ပေါက်လို့ခေါ်တဲ့နန်းတော်ဂိတ်မှာလာစောင့်မှာပါ။ ကျနော်တည်းတဲ့ “စန်းဟွမ်” ဟိုတယ်ကနေလမ်းလျောက်သွားမယ်ဆို မန်းလေးအခေါ် သုံးပြလောက်ဘဲဝေးပါတယ်။ လာကြိုမယ့်အချိန်က မြန်မာလို(၇)နာရီ။ ဒီမြို့လေးကိုရောက်လာတော့ ပထမဆုံးတွေ့ရတဲ့အခက်အခဲ က အချိန်နာရီကွာခြားမူ့ပါဘဲ။ မြန်မာပြည်ပိုင်တဲ့”မူဆယ်”နဲ့ လမ်းလေးတစ်လမ်းသာခြားနားတဲ့တရုပ်ပြည်ပိုင်နက်က ”ကျယ်ဂေါင် “(jie gao) ဟိုဘက်နဲ့ဒီဘက်လမ်းကလေးသာခြားပေမယ့် အသုံးပြုတဲ့နာရီကတော့ တစ်နာရီခွဲတိတိကွာခြားပါတယ်။ သူတို့ကစောတာပါ။ အတိအကျပြောမယ်ဆိုရင်တော့ မူဆယ် -ကျယ်ဂေါင်-ရွှေလီက ကပ်နေတဲ့မြို့ပါ.။ လမ်းလေးတစ်လမ်းဘဲခြားပေမယ့် အချိန်နာရီကွာခြားတာကတော့ သူတို့က ပေ့ကျင်း(ခ)ပီကင်းစံတော်ချိန်ကို သုံးပြီးကျနော်တော်တို့ကရန်ကုန်ကိုအခြေပြုတဲ့မြန်မာစံတော်ချိန်ကိုသုံးတာကိုး။ ဒါပေမယ့် စိတ်တွေစောနေတဲ့ […]


black chawJuly 3, 20121min044
မခင်အုပ် စိတ်ပူစပြုသည်။ သူမယောက်ျား ရွှေတိုက်ကို သူကြီးခေါ်ခိုင်းသည်ဟု ဆိုကာ သူကြီးတပည့်ချာတူး လာခေါ်သွားသည်မှာ နေ့လယ်ခင်း ကတည်းက ဖြစ်သည်။ အခု ညနေ ၅ နာရီထိုးခန့် ရှိနေပြီဖြစ်သည့်တိုင် ရွှေတိုက် တစ်ယောက်ပေါ်မလာသေး။ ဘယ်လို ပြသနာအရေးများ ဖြစ်နေကြသလဲ တွေးပြီး မခင်အုပ် စိတ်ပူနေပါပြီ။ ထိုစဉ် အိမ်ရှေ့ဆီမှ ရွှေတိုက် သူငယ်ချင်း ဗိုက်ဗိုက်စိန် အသံကိုကြားလိုက်ရသည်။ “ရွှေတိုက်ရေ၊ သွားကြစို့ဟေ့၊ နောက်ကျနေပြီ” ဒီလို ညနေချိန်ဆို ရွှေတိုက်နှင့် ဗိုက်ဗိုက်စိန်တို့ သူငယ်ချင်းတစ်သိုက် ရွာလယ်ရှိ ချောင်ယွန်မတ်၏ အမိန့်ရ ဘီအီးဆိုင် လေးမှာ တစ်ခွက်တစ်ဖလား သောက်နေကြ။ ရွာထဲမှ အပျိုများအကြောင်းအရက်ကလေးတမြမြ နှင့် ဆွေးနွေးငြင်းခုန်နေကြ။ ဆိုင်ပိုင်ရှင် တရုတ်ကြီး ချောင်ယွန်မတ်မှာလည်း ဂေါ်မစွံလူပျိုကြီးဆိုတော့ ရွှေတိုက်တို့ ပြောသမျှ […]


AKKOJuly 2, 20122min048
နေ့စဉ်နဲ့ အမျှလမ်းမကြီးတွေပေါ်          ဖြတ်သန်းသွားလာရင်း စဉ်းစားမိလာတာက လမ်းမကြီးတွေခဏခဏ ပျက်ဆီးခြင်း ၊ ပေါက်ပြဲခြင်း အကြောင်းပါပဲ ။ လမ်းမကြီးတွေကိုကြည့်ရင်း ကျွန်တော်တို့ စိတ်ဓါတ်တွေနဲ့ ဥပမာပေး ခိုင်းနှိုင်းကြည့်မိတယ် ။ လောကဓံနဲ့ကြုံလာလျှင် ကျွန်တော်တို့ စိတ်ဓါတ်တွေက ကြံ့ကြံ့ခံနိုင်စွမ်းရှိသလို၊ မကြံ့ခံနိုင်လို့ အရှုံးပေးခဲ့ရတာတွေလည်း ရှိတယ် ။မကြံ့ခိုင်တဲ့ စိတ်ဓါတ်တွေကို ကြံ့ခိုင်အောင် ၊ ကြံ့ခိုင်နေတဲ့ စိတ်ဓါတ်တွေကို တည်မြဲအောင် ၊တည်မြဲနေပြီးသား စိတ်ဓါတ်တွေကို မလျော့ပါးအောင် ကြိုးစားရမှာ ကျွန်တော်တို့ လူသားတွေရဲ့ တာဝန်ပါပဲလေ။ ရန်ကုန်မြို့ထဲက လမ်းတွေလည်း ဒီအတိုင်းပါပဲ ရာသီဥတုဒဏ်ခံနိုင် ၊ အကြမ်းခံနိုင်တဲ့ လမ်းတွေရှိသလို ၊ ဒဏ်မခံနိုင်၊ပျက်ဆီးယိုယွင်းလွယ်တဲ့ လမ်းတွေလည်း ဒုနဲ့ဒေးပါပဲ။ မိုးတွင်းရောက်လို ့မိုးလေးရက်ဆက်ရွာလာတော့ လမ်းတွေလည်း ဒဏ်ခံနိုင်တဲ့လမ်းကနည်းနည်း၊ ဒဏ်မခံနိုင်လို့ပေါက်ပြဲကုန်တဲ့လမ်းတွေကတော့ ချိုင့်ခွက်တွေ ဗရပွနဲ့ပေါ့ […]