ကထူးဆန္းJuly 17, 20121min026
ဗန်းမော်မြို့ မှ ဖရဲသီးသည် အောက်ပြည်အောက်ရွာမှ ဖရဲနှင့် မတူ ။ ထိုခေတ်ထိုအခါ က လမ်းပန်းဆက်သွယ်ရေး က ခက်ခဲသည်မို့ တစ်နေရာ နှင့် တစ်နေရာ ကုန်စည်စီးဆင်းမှု့ ယခုခေတ်လိုမရှိ ။ ထို့ကြောင့် ဗန်းမော်မြို့ မှ ဖရဲသီး မျိုး ဆရာလေးကတုံး မမြင်ဘူး ။ ဖရဲသီး အခွံမှာ အစိမ်းရင့်ရောင် လွှမ်းခြုံနေပြီး အလုံးကြီးကာ အတွင်းသား မှာလည်း နီရဲ စိုပြေနေလှသည် ။ အရသာ မှာ လည်း ဆိုဖွယ်မရှိ ။ အလွန်ချို လေသည် ။ ကျောင်းသားများအတွက် ဆိုကာ စေတနာ ဗလပွ နှင့် ရပ်ကွက်မှ လာပေးထားသည်မှာလည်း တပုံတပင် ။ တစ်ခုဘဲ ရှိသည် […]


ကထူးဆန္းJuly 16, 20121min014
ဆရာလေးကတုံး ဆေးရုံတင်လိုက်ရလို့ဆိုသော သတင်းသည် ဗန်းမော်မြို့ ၏ ရပ်ကွက်တစ်ခုလုံးသို့ တောမီးပမား ပြန့်နှံ့ သွားသည် ။ ယခု ခောတ်လို အင်တာနက်ခောတ်ဖြစ်ပါက အင်တာနက် သတင်းလို တစြ်မို့လုံး ပြန့်သွားသည်ဟု ဆိုရမလားမသိ။ မပြန့်လျှင်လည်း ခံနိုင်ရိုးလား ။ ထိုခောတ် ထိုအခါ အညိုရောင်နယ်မြေဖြစ်သော ဗန်းမော်မြို့သည် ညမထွက်ရ အမိန့်ထုတ်ပြန်ထားသောကြောင့် ည ၆ နာရီကျော်လျှင် လမ်းများတွင် လူခြေတိတ်ပေပြီ ။ ထို လူခြေတိတ်ချိန် ဆရာလေးကတုံးကို တည်းခိုရာ အမကကျောင်းမှ ဆေးရုံ အရေးပေါ် ပို့ရန် အတွက် မီးသတ်ကား စီစဉ်ပြီး ပို့လိုက်ရခြင်းကြောင့်ပင် ။ ရပ်ကွက်တွင်း မီးသတ်ကားကြီး ဝင်လာတော့ ဘာဖြစ်တာလဲဟု အလန့်တကြား ထုံးစံအတိုင်း စပ်စုကြသူများ လမ်းပေါ်မတက်ရ၍ လာ […]


htet wayJuly 15, 20121min010
မဟုတ်ဘူး ဦးလေး ခင်မောင်နဲ့ ငတင် တိုင်ပင်ထားသလို မတ်တပ်ရပ်လိုက်ပြီး သံပြိုင် အော်လိုက်တယ် ပြီးတော့ ဓါတ်ဗူး ကို ရှောင်ဖို့ နောက်ဆုတ်လိုက်ကြတယ် ။ပြီးတော့ ကျွန်တော်တို့ ကြက်ကိုရှာနေတာပါ ဘာပြောတယ် ဦးသာဒွန်းက ဓါတ်ဗူးနဲ့ ပေါက်ဖို့ ချိန်လို်က်ပြန်တယ် ။ ခင်မောင့်ကို ချိန်လိုက် ငတင်ကို ချိန်လိုက်နဲ့ ဘယ်သူ့ ပေါက်ရမယ်မှန်း ဝေခွဲနေပုံပဲ။အသံတွေကျယ်ကျယ်လောင်လောင်မို့ အိမ်ထဲက သီရိနဲ့ သူမအမေ ဒေါ်မြတို့ လည်း ပြေးထွက်လာကြတယ်။ သူတို့ လည်း ဘာဖြစ်တာလဲပေါ့ စူးစမ်းသလို ကြည့်နေကြတယ်။ ဒီမှာ ပဲ ငတင်က ` ဒီလိုပါ ဦးလေး သာဒွန်း ကျွန်တော်ကတော့ ဦးလေး အစုကြီးက ကြွေးသိမ်း လာတဲ့ ကြက်ကို ရှာနေတာပါ´ ငတင် […]


tunkhannJuly 15, 20121min01
ကိုယ်တိုင်ပြုသောအကြောင်းတရားကြောင့်အကျိုးတရားများသာ ရင်ဝယ်ပိုက်ခါးစည်းခံစားရသောအဖြစ်တွေသာ နှောင်းသံသရာဝယ် ဖြစ်ပျက်မျိုးစုံ အဖုံဖုံသာ ထပ်ခါထပ်ခါပြန်လာသော် ဒီဘဝအခါဝယ် တွေ့ကြုံသမျှ မသိပါဘူးဆိုသောစကားတစ်ခွန်းနှင့်သာ ရင်ဆိုင်ခြင်းသာ နေသာသောအချိန်မို့ ငါသည်သာ ငါ့ကိုဒုက္ခပေးသောသူသာ ဖြစ်ခဲ့ပါသည်ဟု တွေးထင်စေသော် မှန်သောအခါမျိုးသာလူဖြစ်ချင်သော စိတ်တစ်ခုသာ ကျနော်တောင်းတနေမိပါသည် ဘယ်လိုဘဝမျိုးကိုပဲရောက်နေစေကာမူ ထပ်ခါထပ်ခါပြန်လည်ရရှိနိုင်သောအရာသည် တောင်းတခြင်းသာဖြစ်နေပါသော်ကျနော်၏ ဆုံးရှုံးခြင်းများကို ပြန်လည်လိုလားမည်မဟုတ်ပါ ဘဝပေးအခြေနေမကောင်းခဲ့ပါသော်(ထိုထိုသောအခါမျိုးတွင်ပိန်ကာလိမ်ကာနဲ့) ထွန်းခဏ်း ထွန်းခဏ်းဟု ခဏတိုင်းခေါ်နေကြသောအသံတွေမည်မျှကြာသည်မသိ ကျနော်ပြန်ထူးနေမိပါသော်လည်း ခေါ်လို့သာနေကြသည် ဂရုမစိုက်ချင်ကြ တရွေ့ရွေ့သွားနေသည် နိမ့်လိုက်မြင့်လိုက် ဖြောင့်သွားလိုက်ကွေ့ဝိုက်သွားလိုက်နှင့် လူတွေဘာကိုကြည့်နေကြတာလဲ ကျနော်သူတို့ကိုဂရုမစိုက်ချင် သူတိုပြောနေကြသောစကားများကိုတော့ ကြားနေရသည် ဘယ်လိုမျိုးတွေလဲ ဒါဘဝပဲလေလို့ပြောသူကပြော အချိန်တန်လို့ပေါ့ပြောသူကပြော ကျနော်သူတို့နဲ့စကားပြောချင်ပါတယ် ကြည့်လေခုပဲ ကျနော်ရောက်နေတဲ့နေရာက သုသာန်ထဲမှာ မျက်ရည်စတွေနဲ့လူတွေကလဲ ဖြစ်ရလေဆိုတဲ့သက်ပြင်းတွေချရင်းနဲ့ အသက်ရွယ်ကြီးရင့်လို့ဆိုရင် သူဟာလူ့ဘဝမှာနေပျော်ပါတယ်လို့လူတွေကပြောကြတယ် ငယ်ရွယ်သူဆိုရင်တော့သနားဖို့ကောင်းလိုက်တာ သူဘာမှကောင်းကောင်းသိမသွားရရှာဘူး ဖြစ်ချင်တာတွေဖြစ်အောင်မလုပ် ရသေးဘူးခဏလေးပဲရှိသေးတယ်လေ မျက်ရည်များသည် ကျနော့်ကိုနှစ်သိမ့်မပေးနိုင်ပါဘူး ဝမ်းနည်းလွန်းမက […]


San Hla GyiJuly 14, 20121min059
လူတိုင်းလိုလို မိဘမဲ့ကလေးများကို မြင်ဘူးကြားဘူး ကြမည်ဖြစ်ပါသည်။ ကြားလိုက်သည်နှင့် ဖြစ်ပေါ်တတ်သည့် ခံစားမှုက သနားခြင်း ဖြစ်ပါသည်။ မိဘမဲ့ ဖြစ်ရာတွင် အကြောင်းအမျိုးမျိုး ရှိပါသည်။ မိဘများ သေဆုံးသွား၍ မိဘများက စွန့်ပစ်သွား၍ မိဘများနှင့် ကွဲကွာသွား၍ စသည်ဖြင့်ပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် အလွန်ငယ်သည့် အရွယ်မှာ မိဘမဲ့ ဖြစ်ပြီဆိုလျှင်တော့ ကောက်ယူမွေးစားသူ မရှိပါက သေဖို့သာရှိပါသည်။ ကိုယ့်ကိုကိုယ် မစောင့်ရှောက်နိုင်သည့် အရွယ်ပေကိုး။ ဟုတ်ပါသည်။ ကျနော်လည်း တခါက မိဘမဲ့ကလေး တဦးကို ကောက်ယူမွေးစားခဲ့ဖူးပါသည်။ မမွေးစားလို့လည်း မရပါ။ ထိုမိဘမဲ့ကလေးက ကျနော့်ခြံထဲသို့ မိဘများနှင့် ကွဲကာဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ခြင်း ကြောင့်ဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် ကုသိုလ်ရသဖြင့် ကျေနပ်မိပါသည်။ ထိုသို့ဆိုလျှင် ကျနော်ထိုစဉ်က နေသောအိမ်ကို အကျဉ်းမျှ ပြောပြရန် လိုပါသည်။ ထိုစဉ်ကဟု […]


htet wayJuly 13, 20121min06
ကျေးရွာရဲ့ သဘာဝအရ ပျော်ပါးလွတ်လပ်ကြတယ်။ တော်ရုံ ပြဿနာမရှိဘူး ။ ကြက်ငတင်ကလည်း ကြက်တိုက် ၊ လောင်းကြေးနိုင်တဲ့ အခါ နိုင် ရှုံးတဲ့ အခါရှုံးနဲ့ ထူးခြားတာက ကြက်ငတင် က ကြက်ဆို အငမ်း မရ ဝါသနာကြီးတာ ညဆို သူကြက် ခြင်ကိုက်မှာ စိုးလို့ ဆိုပြီး ဂရု စိုက်ရတာအမော။နွေဆို ကြက်ကို အိမ်ပေါ်မှာ သိပ်တာပါ အိုက်မှာ စိုးလို့ ယပ်ခတ်ပေးတယ်။ သီရိ အဖေဦး သာဒွန်းက လည်း ငယ်ငယ်က ကြက်ဝါသနာပါတယ်လို့ ပြောသံကြားဖူးတယ်။ အခုလည်း ဦးသာဒွန်းတစ်ယောက် အစုကြီးရွာက အပြန်တိုက်ကြက်မျိုးကောင်တစ်ကောင်ရလာတယ်လို့ သတင်းပြန့်နေတယ်။ ဒီသတင်းကို ဖြန့်ပေးတာက မီဒီယာ ခင်မောင် ဆိုတာပြောစရာမလိုဘူး။ခင်မောင်က ရွာထိပ်ဇရပ်မှာ ဘောတစ်ချပ်နဲ့ နေ့စဉ် စာရေး […]


may flowersJuly 13, 20121min014
အဲဒီနေ့က ကျောင်းကိုသုံးနာရီထိုးခါနီး (ကျောင်းဆင်းခါနီး) အချိန်လောက်မှ မေဖလား ဝါးတို့ သူငယ်ချင်းနှစ်ယောက်ပြန်ရောက်ကြပါတယ်။ နယ်ကျောင်းတွေရဲ့ထုံးစံ အတိုင်း အပြင်ဘက် လမ်းမတန်းဘက်ကိုသာ လူမြင်ကောင်းအောင်အုတ်တံတိုင်းကာ ခြံစည်းရိုး ခတ်ထားပေမဲ့ ဘေးနှစ်ဘက်နဲ့ ကျောင်းအနောက်ဘက်က အကာအရံမရှိတာကြောင့် မေဖလားဝါးတို့ သူငယ်ချင်းနှစ်ယောက် ကျောင်းထဲကိုဘယ်သူမှမမြင်အောင် ကျောင်း အနောက်ဘက်က ပါတ်ပြီးတိုးတိုးတိတ်တိတ်ဝင်လာနိုင်ကြပါတယ်။ အဲဒီနေ့က နောက် ဆုံးအချိန်က ကာယအချိန်ဖြစ်ပြီး ကာယဆရာမကလည်းခွင့်ယူထားမှန်း မေဖလားဝါး တို့ နှစ်ယောက်သိတာကြောင့် ဒီအချိန်ကိုမှန်းပြီးပြန်ဝင်လာကြတာပါ။ ကျောင်းမှာ လွယ် အိတ်နဲ့အခြားထမင်းဘူးတို့ ထီးတို့ ကျန်ခဲ့တာကြောင့် ပြန်လာယူကြတာပါ။ ဒါနဲ့ အေး ဆေးပဲ ကိုယ့်ပစ္စည်းလေးတွေကိုယ်ယူပြီး ကျောင်းလွှတ်တော့အခြားကျောင်းသားတွေ လိုပဲ ရောနှောပြန်ကြတာပါ။ ဒါပေမဲ့ အတန်းထဲမှာမေဖလားဝါးတို့ နှစ်ယောက်နေ့လည် ကျောင်းပြန်မတက်တာကို အတန်းပိုင်ကိုဘယ်သူကချွန်လိုက်တယ်မသိပါပဲ အတန်းပိုင် ဆရာမ မှတဆင့် နောက်နေ့နံနက်မှာ မေဖလားဝါးတို့နှစ်ယောက် […]


may flowersJuly 11, 20121min09
ကျွန်မအဒေါ်ရဲ့ ကျေးဇူးနဲ့လူခြောက်ဆိုတာလေးကို လေ့လာခွင့်ကြည့်ရှုခွင်ရခဲ့ပါတယ်။ အဲဒီလူခြောက်လေးဟာ ကျွန်မတို့သွားကြည့်တဲ့အချိန်က မွေးတာနှစ်ပါတ်လောက်ရှိနေ ပြိီမို့ တော်တော်လေးခြောက်နေပါပြီ။ လူပုံသဏ္ဍန်နဲ့ လက်လေးတွေခြေထောက်လေး တွေအပြည့်အစုံပါပါတယ်။ ဒူးနေရာလေးတွေဆို ဒူခေါင်းလုံးပုံသဏ္ဍန်လေးဖုနေပါတယ်။ အရှည်ကလက်တစ်ထွာလောက်သာရှိတဲ့လူခြောက်ယောက်ျားလေးပါ။ထိုလူခြောက် လေးကို ကိုရာစနိုးဘူးတွေထဲ့တဲ့ စက္ကူဘူးဖုံးလေးပေါ်တင်ထားတာပါ။  မျက်နှာမှာလည်း မျက်နှာဖုံးလို့ ပြောတဲ့အရေပြားစအခြောက်စတစ်ခုလိုလိုကပ်နေပါသေးတယ်။ ကိုင် တော့မကြည့်ခဲ့ရပါဘူး။ ပိုင်ရှင် ၊ အိမ်ရှင်တွေက သိပ်လိုလိုလားလားမရှိလှတာကြောင့် ခဏပဲကြည့်ပြီး ပြန်လာခဲ့ရပါတယ်။ ကျွန်မအဒေါ်ပြောတာကတော့ ခုခြောက်သွားလို့ တဲ့ အရင်မွေးခါစက တကယ့်ကလေးလေးတစ်ယောက်လိုပဲ အသားတွေပြည့်ပြည့် ဖြိုးဖြိုးနဲ့ပါတဲ့။ယောက်ျားလေးအင်္ဂါတွေကအစအကုန်လုံး(လူသေးသေးလေးဖြစ်နေတာ ကလွဲလို့) နားရွက်သေးသေးလေးတွေတောင်ပါသေးတယ်တဲ့။ ဒါပေမဲ့ ကျွန်မ တို့ကြည့်ချိန်မှာတော့ သိပ်သဲသဲကွဲကွဲမရှိလှတော့ပါဘူး။ တော်တော်လေးခြောက်နေပါ ပြီ။ ဒါနဲ့ ကျွန်မတို့သူငယ်ချင်းနှစ်ယောက်ကျောင်းကိုပြန်မယ်ဆိုပြီး နာရီကိုကြည့်လိုက် တော့ ကျောင်းတက်ချိန်ကိုတောင်ကျော်နေပါပြီ။ ဒါကြောင့်အဒေါ်တွေအိမ်မှာခဏဝင် ပြီး အချိန်ဖြုန်းကြပါတယ်။ အဲဒီမှာ အဒေါ်ကပြောပြပါတယ်။ ဒီလူခြောက်လေးရဲ့အမေဟာ ရိုးရိုးကလေးသုံးယောက် […]


Pye Kun ZawJuly 10, 20121min00
ငယ်ငယ်တုန်းကဖတ်ခဲ့တဲ့ ဝတ္တုလေးတစ်ပုဒ်ကို ပြန်လည်ဆန်းသစ်တင်ပြလိုပါတယ်။ ဆောင်းရာသီရောက်ဖို့နီးလာပါပြီ။ အရင်လိုအိပ်နေကျနေရာဖြစ်တဲ့ ပန်းခြံထဲကထိုင်ခုံပေါ်မှာ ဆက်အိပ်ဖို့အအေးဓါတ်ကခွင့်မပြုတော့ပါဘူး။ သူ့အတွက်နေရာရှာတဲ့အလုပ် လုပ်ရပါတော့မယ်။ ဒါကတော့လွယ်လွယ်လေးပါဘဲ။ ရဲတွေရှေ့မှာဖြတ်လျောက်ပြီး မသင်္ကာစရာလုပ်ပြလိုက်၊ ပြီးတော့အလုပ်အကိုင်မရှိ ၁၀၉၊၁၁ဝ ပုဒ်မနှင့်အဖမ်းခံလိုက်။ ဒါဆိုဒီဆောင်းအတွက် နွေးထွေးစွာအိပ်စက်ဖို့နေရာတစ်ခု ရလာပါတော့မယ်။ ဒီလိုနှင့်သူထောင်ထဲဝင်ဖို့လုပ်ငန်းစတင်လိုက်ပါတော့တယ်။ ဒါပေမယ့်လည်းအခုကျမှ ရဲတွေကလည်းသဘောကောင်းနေလိုက်တာ။ အရင်ဆိုသူတို့ကိုရှောင်လိုက်ရတာအမောဘဲ။ ဆောင်းကလည်းနီးလာပြီ၊ မဖြစ်သေးပါဘူး အသေးစာပြစ်မှုတစ်ခုလောက်တော့ လုပ်လိုက်မှတူတယ်။ ဒီလိုနှင့်ဘဲတစ်နေ့မှာတော့ သူအဖမ်းခံဖို့အပြစ်အသေးစားကျူးလွန်ရန် မြို့ထဲထွက်လာပါတော့တယ်။ ပထမဆုံး စူပါမားကတ်ကြီးတစ်ခုက မှန်ကိုခဲနှင့်ခွဲလိုက်ပါတယ်။ ပြီးတော့အနီးမှာရှိတဲ့ ရဲသားကိုသူလုပ်တာပါလို့ပြောလိုက်ပါတယ်။ ဒါပေမယ့်ရဲသားကမယုံပါဘူး။ ဘယ်လူဆိုးက သူလုပ်ပါတယ်လို့ဝင်ခံမှာလည်း ဆိုတဲ့အတွေးနှင့် ဘစ်စကားမမှီမှာစိုးလို့ အပြေးသွားနေတဲ့သူနောက်ကို လိုက်ဖမ်းဖို့ထွက်သွားပါတယ်။ ပထမအစီအစဉ်မအောင်မြင်ခဲ့ပါဘူး။ နောက်အစီအစဉ်တစ်ခုအနေနှင့် သူဗိုက်ဆာလာတာနှင့်အတူ စဉ်းစားမိတာကတော့ ဈေးသိပ်မကြီးတဲ့စားသောက်ဆိုင်တစ်ခုကိုဝင်ပြီး စားချင်တာတွေမှာကာ ပိုက်ဆံရှင်းတော့မှ မပါဘူးရဲတိုင်ချင်တိုင်ဆိုပြီးလုပ်လိုက်ရင် အစားလည်းစားရအစီအစဉ်လည်းအောင်မြင်မယ်ပေါ့။ ဒါပေမယ့်အခုပုံစံနှင့် အပေါစားဆိုင်ကတောင်သူ့ကိုလက်ခံမှာမဟုတ်ဘူး။ အာ.. သတိရပြီ.. မနှစ်ကတုန်းက အဘွားကြီးတစ်ယောက်က သူချမ်းရင်ဝတ်ဖို့ ကုတ်အဟောင်းတစ်ထည်လက်ဆောင်ပေးဘူးတယ်။ အဲဒါသွားယူပြီးလုပ်ငန်းစလိုက်မယ်။ ဒီလိုနှင့်သူ ဆိုင်ထဲဝင်လို့ရခဲ့ပါပြီ။ စားသောက်ဆိုင်မှာမစားတာကြာခဲ့ပြီဖြစ်လို့ […]


may flowersJuly 10, 20121min019
ကျွန်မတို့ နေထိုင်ရာဒီလောကကြီးမှာ တစ်ခါတစ်လေ အံ့ဩဖွယ်ရာ မယုံနိုင်ဖွယ်ရာ ကိစ္စတွေနဲ့ ပြည့်နေတတ်ပါတယ်။ တစ်ခါတစ်လေကိစ္စတွေဟာ ကြုံဖူးတဲ့သူတွေ၊ တွေ့ဖူး တဲ့သူတွေ၊ မြင်ဖူးတဲ့သူတွေသာ ယုံကြည့်နိုင်ကြပြီး မမြင်ဖူးမတွေ့ဖူးတဲ့ သူတွေအတွက် ပုံပြင်လာပြောနေတာပါလို့ အထင်ခံရလောက်အောင်ဆန်းကြယ်တတ်ပါတယ်။ ရွာသူ ရွာသားတွေကော လူခြောက်( လူပုံသဏ္ဍန်သေးသေးလေး) လေးတွေ ရှိတယ်ပြောရင် ယုံနိုင်ကြမယ်မထင်ပါဘူး (မမြင်ဘူးရင်ပေါ့)။ ကျွန်မလည်း တော်တော်အရွယ်ရောက်တဲ့အထိ သူများတွေလူခြောက်ကလေးမွေးတဲ့ အကြောင်းပြောတာဖြစ်ဖြစ် ၊ စာအုပ်တွေမှာလူခြောက်ကလေးတွေအကြောင်းပါတာဖြစ် ဖြစ် ကြားရရင် ဖတ်ရရင်မယုံကြည်ခဲ့တာအမှန်ပါ။ ဒါပေမဲ့  ကျွန်မရှစ်တန်းကျောင်းသူအ ရွယ် ၁၉၉၂ ခုနှစ်လောက်ကတော့ အဲဒီမယုံကြည်မှုတွေကို အပြီးတိုင်ခြေဖျက်နိုင်မဲ့ကိစ္စ လေးတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်က ကျွန်မတို့နေတဲ့မြို့လေးနဲ့ လေးမိုင်လောက် ဝေးတဲ့ ရွာလေးမှာ လူခြောက်လေးတစ်ယောက်မွေးတယ်ဆိုတဲ့ သတင်းကိုကျွန်မကြား တော့ သိပ်တော့မယုံကြည်လှပါဘူး။ ဒါပေမဲ့ အဲဒီကိစ္စကို ကျွန်မသူငယ်ချင်းနဲ့ကျောင်း မှာ […]


“ခမ်းဟွမ် ……………….အပိုင်းလေး” (ဇာတ်သိမ်းပိုင်း)     မနက်ခြောက်နာရီမထိုးခင်အိပ်ယာထလို့  ကျနော်လမ်းလျှောက်ထွက်မလို့လုပ်နေတုန်းဖုန်းဝင်လာပါတယ်။ ကြည့်လိုက်တော့ “ဘေဘေး” အောက်မှာရောက်နေပြီလက်ဖက်ရည်သောက်ဘို့လာခေါ်တာပါတဲ့။ အဲဒါနဲ့ သူ့ကိုဧည့်ခန်းမှာစောင့်ခိုင်း။ သူ့ဆိုင်ကယ်လေး ဟိုတယ်နားမှာခဏထား။ သူနဲ့ကျနော်လမ်းလျှောက်ထွက်ခဲ့ကြပါတယ်။ ရွှေလီတံတားဖက်ကိုပေါ့။ ကျနော်တည်းတဲ့ဟိုတယ်နဲ့မျက်နှာခြင်းဆိုင်က မနောကွင်းထဲမှာအားကစားလေ့ကျင့်နေကြတဲ့သူလဲအများကြီး။ မနောကွင်းဖက်ကိုလမ်းလျောက်လာနေသူလဲ အများကြီးပါဘဲ။ ကျနော်တို့သွားတဲ့လမ်းမှာ လုပ်ငန်းခွင်ကိုသွားနေကြတဲ့ကျနော်တို့ရွှေမြန်မာတွေကိုတွေ့ရပါတယ်။ အလုပ်အကိုင်အတည်တကျ မရှိသေးတော့ပွဲစားလာခေါ်မှာကိုစောင့်နေတဲ့  ဘောက်အလုပ်သမားရွှေမြန်မာများ ကလည်းသစ်ပင်အောက်မှာ တို်က်အရိ်ပ်အောက်မှာ တွေ့ခဲ့ရပါသေးတယ်။ ရွှေလီတံတားပေါ်ကတော့ တကယ်ကို သာယာပါတယ်။ အဝေးပါတ်ပါတ်လည်မှာက မူံရီနေတဲ့တောင်တန်းကြီးတွေ။ နေမထွက်သေးတော့ပါတ်ဝန်းကျင်က မှိုင်းပြပြ။ တံတားပေါ်မှာတော့ လမ်းလျောက်လာသူ အလုပ်သွားသူ နဲ့ လူမပြတ်။ ကျနော်ကသူ့လက်ကလေးကိုဆွဲလို့ စကားတပြောပြောနဲ့လမ်းလျှောက်လာတဲ့အချိန်မတော့ သူ့မျက်နှာလေးက ကြည်လင်ဝင်းပလို့ စိတ်ချမ်းသာနေတဲ့ပုံ။ မမြင်နိုင်တဲ့စိတ်အလျင်လေးတွေက ကူးစက်တတ်ပါတယ်။ သူစိတ်ချမ်းသာတော့ ကျနော့်စိတ်ထဲမှာလဲအလိုလိုပျော်တာပေါ့နော်။ တံတားဟိုဘက်အဆုံးရောက်တော့ ပြန်လာပြီးကျယ်ဂေါင်ကျောက်မျက်ဈေးနားကဖြတ်လို့ ကျောက်မျက်ရတနာတန်းမှာရှိတဲ့ ရွှေမန္တလေးမှာ သွားပြီး လက်ဖက်ရည်သောက်ကြပါတယ်။ […]


htet wayJuly 10, 20121min07
မီဒီ ယာ ခင်မောင် ကလည်း သီရီကို ချစ်တယ်။သီရီကလည်း ညနေချမ်းလေး ဆို ရွာထဲ အလှပြ လမ်းလျှောက်နေကြ ။ တခါတလေ စက်ဘီးလေးနဲ့ သွားတတ်တယ်။ တစ်နေ့ မီဒီယာ ခင်မောင်နဲ့ သီရီ ရွာ ထိပ်က ဆက်သွယ်ရေး လမ်းမကြီးမှာ ဆုံတယ်။ သီရိရေ..အခုလိုတွေ့ရတော့ ငါလေပျော်တယ် သိလား ။သေချာတွေးကြည့်တော့ လည်း ဝမ်းနည်း မိပြန်တယ်။သိစိတ်ထဲရော မသိစိတ်ထဲမှာ လွှမ်းမိုး နေတယ်လို့ ပြောလို့ ရနိုင်မလားပဲ။ သိစိတ်ဆိုတာက ဟယ်…..။ ခင်မောင် စကားတွေကြောင့် သီရိ နုတ်ခမ်းစူတယ်။မျက်မှောင်ကုတ်လိုက်တယ် ခင်မောင် ဘာတွေပြောနေမှန်း သူမသိဘူး။ ခင်မောင် ..နင် ဘာတွေပြောနေတာလဲ သီရိက ခပ်မာမာလေးပြောတော့ ခင်မောင် လန့်သွားတယ်။ ထုံးစံ အတိုင်း နုတ်ခမ်းကို […]


Respect your body မင်းရဲ့ ရုပ်ခန္ဓာကို အလေးထားပါ။   You will only manage to climb the mountain if you give your body the care it deserves. You have all the time that life gives you, so do not demand too much from your body. If you walk too quickly, you will grow tired and give up halfway. […]