sorrowSeptember 19, 20131min013
ဟုတ်လား… ငိုနေတဲ့ကလေးကို..ဆဲမလို့လား..မလုပ်ပါနဲ့ကွာ …ငါပေးပါ့မယ်…. အဲ့လောက်တော့ရှိပါတယ်….. မင်းဝတ်ထားတဲ့အကျီလောက်တော့ ..မသားနားပေမယ့်….ငါ့ဟာလဲ ..အရောင်ရှိပါသေးတယ်… တွဲမသွားရဲဘူးမလား …. တဆိတ်..ဟိုဘက်လှည့်ပြီးပြောပေးပါလား… မင်းပါးစပ်က ငွေနံ့နံတယ်…. ဒေါ်လာအကြွေပဲသုံးပါရစေ….စိတ်မသန့်လို့ပါ…. ကျူးဘားကမှမဟုတ်ပါဘူး….ငါ့လက်ထဲက ဆေးပေါ့လိပ်လဲ ..အရသာရှိပါတယ်… အစစ်ပါ..ဈေးကပေါတော့..ဘယ်သူမှလိုက်မတုဘူးလေ… လမ်းပေါ်မှာဖြန့်ခင်းထားတဲ့ ….ချရောင်းတဲ့ ..အရာတွေလို .. .ကိုယ့်တန်ဖိုး ကိုသတ်မှတ်တာပါ… မီးတတို့လား….ဟင့်အင်း..ရေတမှုတ်ပဲယူပါ… မင်းကလောင်မြိုက်နေပြီးသားပဲ… ကျင်လည်တဲ့အသိုင်းအဝိုင်းက …. အတုကြားမှာ..မင်းမမောသေးဘူးလား….ချွေးတွေတောင်စို့လို့ ….


DEPARKO DEPARKOSeptember 19, 20131min012
ပြောင်ပြောင်လျှောက်တဲ့လမ်းမှာ ငရဲပန်းကိုနတ်ပန်းထင် ခေါင်းပေါ်ဆင်ယင်နေသူတွေက ပြောင့်ရင်ထဲကစကား သူတို့နားမှာခါး ငရဲသားတွေမို့ ခွင့်လွှတ်လှည့်စမ်းပါ။ ပြောင်ပြောင်လျှောက်တဲ့ခရီးမှာ အနီးကလဲမလိုက် လူ့ဗာလ လူမိုက်တွေက အချီးနှီးသောစကား မုဒိတာမပွါးနိုင်သမို့ ဂရုဏာထား သနားလိုက်စမ်းပါ။ ပြောင်ပြောင်ဖေါက်တဲ့လမ်း ကြမ်းတမ်းဆဲဘဲမို့ လမ်းလျှောက်ရင်းခရီးတစ်ထောက် အမောဖေါက်တဲ့အခါ ဂရုဓမ္မကိုပွါးလို့ လူသားတွေအပေါ်မေတ္တာထား ပစ်မထားပါနဲ့နော်။ မလိုသူတွေတီးတိုးစကား နိုင်ငံတကာမှာကြားရပြီး ကြိုဆိုမည့်သူနထ္ထိ အသိစိတ်မရှိသူတွေ အရာရာကိုအဆိုးမြင် စိတ်ကြီးဝင်နေသူတွေက ဘပြောင်ကိုပုတ်ခတ် စိတ်မပျက်လိုက်ပါနဲ့နော်။ တစ်ချို့သူတွေစကား ကြားရတဲ့သူခံစား မျက်ရည်များတောင်ကျရသတဲ့။ တစ်ချို့သူတွေရဲ့ ဂရုဏာတရား ဆုတံဆိပ်တွေပွါးသထက်ပွါးလို့ မေတ္တာရှင်ဂရုဏာတရား သိပ်ကိုများသတဲ့။ တစ်ချို့သူတွေလျှောက်တဲ့လမ်း လက်ခုပ်သံလွှမ်းလို့ စင်္ကြာဝဋာရဲ့အပြင်ဘက် ပေါက်ထွက်မတတ်ဘဲ။ တစ်ချို့သူတွေခင်းတဲ့လမ်း ကတ္တီပါလွှမ်းလို့ ပန်းတွေလည်းခင်းနောက်လိုက်နောက်ပါတသင်းနဲ့။ တစ်ချို့သူတွေရဲ့အပြုံး လူသားတွေရဲ့နှလုံးသားကိုယူငင် သီချင်းရှင်တောင်ဆိုမရတော့ဘူးဆိုဘဲ။ ဘပြောင်ရေ ဘပြောင်လျှောက်တဲ့လမ်း လက်ခုပ်သံတွေမလွှမ်းလဲ ဘပြောင်နှလုံးသား လဲပြိုမသွားစေဘို့ ဘပြောင်ရဲ့အနောက် ကျွန်တော်တို့ရှိနေမယ်။ […]


sorrowSeptember 18, 20131min018
သိပ်မချုပ်ချယ်ပါနဲ့..အရိပ်ကိုတောင်သော့ခတ်တယ်.. သံခြေကျင်းနဲ့…တခါက လွတ်လပ်ခြင်း… ငါ့ဘဝက နေဆယ်စင်းရဲ့ အကျဉ်းသား… ငါမင်းနဲ့ ဘဝတောင်ခြားချင်တယ်… အိပ်မက်ကိုတောင်..ဆင်ဆာဖြတ်တယ်… ညတိုင်းတော့..မင်းကိုပဲ..ဘယ်မက်မလဲ … ဦးနှောက်နဲ့ဆက်နေတဲ့ နှလုံးသား… တစ်ညတစ်လေတော့…ငါနားပါရစေ… ငါ့ဦးနှောက်ကို ဓါးထောက်တယ်… အတွေးတိုင်းကိုမင်းစိုးမိုး… အိပ်လိုက်လို့…မနက်ဖြန်…မနိုးတော့ရင်ကောင်းမယ်… လွတ်လပ်ခြင်းဆိုတာ…မင်းနဲ့တွေ့မှ.. ပျောက်ကွယ်မျိုးသုဉ်းသွားတဲ့ ငါ့အဘိဓါန်ထဲက ရှားပါးမျိုးစိတ် စကားလုံး.. ငါ့မျက်လုံးထဲက..ငါတပ်မက်တဲ့…မင်းရုပ်ပုံတက်တူး… ငါပဲရူးနေသလား…… အရင်လို..ဘောင်ခတ်မထားတွေအတွေးတွေ… မရှိတော့ဘူး… ငါ့အတွေးတိုင်းကို လိုက်ကန့်သတ်တယ်…. ငါ့ဘဝက ဟိန်းဟောက်ယုံတတ်သာ တတ်နိုင်တော့တဲ့… လှောင်အိမ်ထဲက ခြင်္သေ့… ကျယ်ပြန့်တဲ့လွင်ပြင်နဲ့… ရွှေထီးဆောင်းခဲ့တဲ့နေ့ရက်တွေကိုတောင်မေ့လို့… မင်းရှေ့မှာ…ထူးခတ်…ဘဝပျက်တဲ့ ဆင်တစ်ကောင်… အခုလိုမှောင်မိုက်တဲ့နေ့ရက်…ငါတပ်မက်နေတုန်းပဲ… ဖြူသွယ်သွယ် လက်သည်းရှည်တွေနဲ့….လက်ညိုးကလေးစေရာ…. ရင်ကွဲမတတ်ခုန်ပေါက်…. မင်းပျော်ရွှင်ဖို့အတွက်.. ငါက မင်းအတွက်..မျောက်…. မင်းနှုတ်ခမ်းက အမိန့်သံပါတဲ့တောင်းဆိုချက်… ငါ့ဘဝကိုပါဖျက်နိုင်တယ်… မင်းစိတ်နဲ့အသက်ဆက်… ငါအိပ်ပျက်လွန်းတယ်.. နေရယ်…. တတ်နိုင်ရင်.မနက်ဖြန်မထွက်ပါနဲ့


alinsettSeptember 18, 20133min033
  အော်………….. ဘာလိုလိုနဲ ့ အသက်လည်း တစ်နှစ် ထပ် ကြီးပြန်ပြီပေါ့ ။ နှစ်ဆယ့်ခြောက်နှစ် ပြည့်ပြီပေါ့….။ သေ ဖို ့…..နေ ့ ဆီကို တစ်နှစ် ထပ်နီးလာတယ် …ဆိုလည်း….. ရပါရဲ ့ ။ မွေးနေ ့ ဆိုတော့…  ….. တစ်နှစ်လုံးမှာ   အဲဒီ တစ်ရက် ရောက်ဖို ့…… အတော်စောင့် ရတာနဲ ့တင်….. တစ်ခုခု ထူးထူးခြားခြား…. ဖြစ်ကိုဖြစ်လိုက်ရမှ… လုပ်ကို လုပ်လိုက်ရမှ.. တန် မှာပေါ့…….နော ့။   ဘုရားသွားကျောင်းတက်လည်း.. မလုပ်ဖြစ်မယ့် အတူတူ…….. အကျိုးရှိမှာလေးတစ်ခုခုတော့.. လုပ်ဦးမယ်…ဆိုပြီး………………. ဘာလုပ်ရမလဲ..တွေးတော့….. ……………………………….   ============================================== အခုတလော.. ကိုယ်ပိုင် […]


sorrowSeptember 16, 20131min012
”ဘယ်ကပြန်လာတာလဲ ” ”ချစ်ခြင်းရဲ့မြစ်တစင်းကပါ ” ”ဘာတွေ့ခဲ့လဲ” ”သေလောက်အောင်ကြည်တောက်နေတဲ့ မျက်ဝန်းရဲ့ ကျိန်စာ ” ”မင်းလက်ထဲက နတ်သမီးထောင်ချောက်လား ” ”ဟင့်အင်း….ကိုယ့်ကိုကိုယ် ပြန်ခတ်မိတဲ့ ..သံခြေကျင်းတစ်ခုပါ ” ”မင်းရှေ့မှာကြွေတဲ့..ကြယ်စင်တွေရော ” ”ကျွန်တော်လိုချင်တာ…လမင်းပါ ” ”နိုင်ငံခြားက ပြန်လာတဲ့ ..ကြယ်တံခွန်ရော ..” ”အင်း…သူကကြယ်သေပါ …” ”ဘယ်သွားအုံးမလဲ ” ” နက်ရှိုင်းလျို့ဝှက်တဲ့ …ပင်လယ်ဆီကိုပါ ” ” ဘာလုပ်မလို့လဲ ” ” တိတ်ဆိတ်ခြင်းကိုသွားသင်မလို့ ” ” မင်းဘေးက စေ့စပ်ညှိနှိုင်းသူလား..” ” ဟင့်အင်း…သေမင်းတမန်ပါ ” ” ဒါဆို…မင်းက ” ” သေပြီလေ …”


Kyi LwinSeptember 16, 20131min014
ဝါတွင်းချိန်။   ငှက်ကလေးတွေ စိုးစီ စိုးစီ ဝင်းပေါက်မှာ မြည် ချိ်န်တန်ပြီ ညီမထွေးရဲ့ ဆွမ်းချက်စို့လေး။   ဦးပေါင်းကို ဆွမ်းတော်တင် သုံးချောင်းထောက်ပြင် သံလွင်လွင် ကြေးစည်တီးလို့ ထွန်း တဲ့ ဆီမီး။   အမျှတဲ့ သုံးကြိမ် ဝေ သွန်းတဲ့ ညောင်ရေ မာပါစေ ကမ္ဘာသား အောက်ထက် နံလျား။   ရွာဦးက ကြေးစည်သံ ကျောင်းဝေဠုဝန် ဆွမ်းတော်ခံ ကိုရင်ကြွလိမ့် ဆွမ်းအုပ်ပြင်ပါ့။   ကိုရင်ကြီး ပျိုတို့မောင် ညှိုးနွဲ့ယောင်ယောင် ပျိုတို့မောင် မာပါစ မေးလိုက်ပါကြ။   မာပါရဲ့ အထွေးရယ် ပြောလိုက်ပါကွယ် ရွာလယ်မှာ ကိုရင်ပန်းလို့ ညှိုးလျ ရိနွမ်း။   ကပိယ အဖိုးအို  ( […]


marblecommetSeptember 11, 20131min013
ကိုယ်က အမှောင်ကမ္ဘာထဲမှာ ငြိမ်ဝပ်နေတယ် သူမက အလင်းရဲ့ ရက်စက်ကြမ်းကြုတ်မှုအောက်မှာ တည်တည်ငြိမ်ငြိမ် ကိုင်ထင်ပြလို့ အချစ်ရဲ့ မျိုးရိုးဗီဇဟာ အဲဒီနေရာမှာ စတင်ပေါက်ကွဲမှု ဖြစ်သွားတယ် ……။ ……. ……. ဒီတော့မှ ကမ္ဘာကြီးကလည်း ကိုယ်တို့ရဲ့ ခေါင်းမာမှုကို ရှက်ကိုးရှက်ကန်းလေး ရယ်သွမ်းသွေးလို့ လောကဓံနဲ့ ချီးမွမ်း(၇)ရက်၊ ကဲ့ရဲ့ (၇) မိုးလေဝသကလည်း ၎င်းတို့ကို ဂရုမစိုက်တဲ့ အချစ်ရဲ့ ရိုင်းပျလင်းပွင့်မှုကို သဝန်တို ဝန်တို ဖြစ်လို့ ……။ ……. ……. ကံတရားရဲ့ အလိုက်အကန်းဆိုး မသိပုံများ ပြောပါတယ် သူစော်ကားသမျှ သူ့ကို ပြန်အမှုပတ်လို့ …… သစ္စာရှိသူတို့ရဲ့လမ်းဟာ အဲဒီလို တန်ခိုးရှင်မျိုးကိုတောင်မှ အဲဒီလို ရမ်းလို့ ရဲလို့ ရတယ်ဆိုတာ ဥပမာတစ်ခုလိုလို တူနှစ်ကိုယ်ဘဝတစ်ခုလိုလို….။ 10 […]


ခင္ခSeptember 9, 20131min06
“မျက်လှည့်ဆရာ´´   ဈေးထောင့်နားက တစ်နေရာ လူစုကာ အုံလို့ခဲ လက်ခုပ်သံ သောသောညံစဲ ရှေ့ရောက်အောင် တိုးဝှေ့ကာလှမ်း “ဟဲကလေး အရမ်းတိုးရလား´´ ဆူလိုက်တာ ဂရုမစိုက်ဘဲ ကြည့်ချင်လို့ ရှေ့ကိုတိုးမြဲ ရှေ့ရောက်လို ထိုင်ကာအကြည့် မျက်နှာနဲ့ တည့်ကာတိုးသည့် ပါးပျင်းထောင် မြွှေဟောက်တစ်ကောင်မို့ လန့်ကာသာ အော်ငိုမိပါတယ် လကွင်းသံတောင် လွမ်းကာတာမို့ “ကလေးမငိုနဲ့ သူညှို့ထားတယ်တဲ့´´ ဪ့ ပေါက်မည့်မြွှေကို ပြန်ကာညှို့နိုင်သူရယ် စွမ်းချက်ကို အထင်ကြီးလို့ အားကျမိတာ ကလေးဘဝကပါ။     ခင်ခ။ ( ငယ်ငယ်တုန်းကပေါ့ဗျာ )


ခင္ခSeptember 9, 20131min012
“ချစ်ရင်ထားပါ ပဓာဏမို့´´   တူနှစ်ကိုယ်တဲအိုပျက်မှာ နေရနေရ ရွှေဘုံပေါ်မှာ စံရစံရ ချစ်သာချစ်သာ ပဓာဏလို့ ဆိုချင်ပါတယ်မောင်ရယ်……….။   ကြားခဲ့ဖူးတယ် သီချင်းကွယ် တကယ်တွေးကြည့် ရှေးကဖြစ်နိုင်၏ အဲဒီခေတ်အခါ တစ်ယောက်လုပ်စာ ထိုင်ကာစားပြီး ပိုလျှံစုလို့ အလှုလည်းပေး၊ တန်ဖိုးရှိသလေ မြန်မာပိုက်ဆံတွေ ငွေတစ်ကျပ်နဲ့ တစ်ဒေါ်လာ ဇတူလဲလို့ ရတယ်ဗျာ မောင်ကောင်းစံလင်း ငွေမှာအတိအလင်း။   အခုများတော့ ပြောင်းလဲခဲ့တယ် မြန်မာရယ်၊ တစ်ဒေါ်လာကို လဲရကျပ်မှာ တစ်ထောင်နီးပါးမို့ အိမ်ရှိလူကုန် အလုပ်လုပ်ရသကိုး ဒါတောင်စုဖို့ခပ်ဝေးဝေး အလှုဆိုရင် ကန်တော့ဆွမ်းပါမနှေး ပြောရချည်သေး။   ဒီလိုခေတ်အခါ ပြောရမည်မှာ တူနှစ်ကိုယ် ကွန်ဒိုလေးမှာနေရနေရ အိမ်ခြံကြီးမှာ စံရစံရ ချစ်ရင်ထားပါ ပဓာဏမို့ ဆိုချင်ပါတယ် မောင်ရယ်…………….။     ခင်ခ။


  ဧရာမြစ်ကမ်း ငြိမ်းချမ်းဆိတ်ငြိမ်   အိမ်ကလေးတွေနဲ့ လွမ်းရခဲ့တာ ကျနော့်ရွာ   အဲဒီနေရာမှာ အင်တာနက်ဆိုတာမရှိ အွန်လိုင်းဆိုတာဝေး   ဖုန်းကလေးများကလိုင်းမမိ ဧရိယာ၏အပြင်ဘက်   စကိုင်းနက်ဆိုတာလည်းမသိ   ဒါပေမယ့်ရှိနေတာ ရိုးသားမှုများစွာနဲ့အတူ   လူတိုင်းကဖော်ရွေ ဆွေမျိုးတွေလိုနေခဲ့ကြ   ဘဝတိုင်းကိုလည်း မဆန်းပြားပဲဖြတ်သန်း   ဆိပ်ကမ်းမှာသင်္ဘောမကပ် ပဲ့ထောင်သာရပ်ပေမယ့်   ခက်သဟဲ့လို့ဘယ်သူမှမတွေး   ငါးကလေးတွေရှာသူရှာ တောင်ယာလုပ်သူကလုပ်   ဗရုတ်သုတ်ခမရှိ ပီဘိအေးချမ်း အဲဒီကမ်းကို   ပြန်ရောက်လိုလှပေမယ့် ရှုပ်ထွေးတဲ့မြို့ပြကမခွာနိူင်   ချုပ်ကိုင်မှုများစွာကြား အမေ့သားရယ်ဖြင့်လွမ်းလှပြီ ၊  


တစ်ခါတစ်လေတော့လည်း ခါးသီးမိပါရဲ့ သူစိမ်းတွေတိုက်တဲ့ ခါးသီးစိမ်းသက် လေစိမ်းထဲမှာ ငါကတော့ လေလွှင့်ငှက်တစ်ကောင်လို မျှောပါလို့ နောက်ကွယ်က အသင့်ပြင်ထားတဲ့ ဓါးတွေကို ငါမမှုသလို ရှေ့လမ်းက ခရီးကြမ်းကိုလည်း ငါမကြောက်ခဲ့တာ ငါအသိ ကိုယ်ပိုင်ခြေထောက်တစ်စုံပေါ်ရဲရဲရပ်တည်ခဲ့ ဖြစ်တည်ရာဘဝတစ်ခုအတွက် ငါ့ကိုယ်ငါ စတေးရလောက်အောင် သတ္တိမရှိခဲ့သလို ငါ့ဦးနှောက်ကလည်း လက်သင့်မခံခဲ့ဘူး အေးစက်နေတဲ့လက်တစ်စုံအတွက် ငါမတောင့်တခဲ့ပေမယ့် ငါနေပျော်တဲ့လမ်းကို ငါရွေးခဲ့တာပဲ သက္ကရာဇ်တွေ နှစ်စား .. ဆယ်စုနှစ်တစ်ခု ကြာခဲသော်လည်း လမ်းအသစ်အသစ်တွေဖောက် နေရောင်အောက်မှာ ငါတစ်ကိုယ်ရည် လှမ်းလျှောက်ဆဲပဲ ကမ်းလင့်မယ့် လက်အစုံကို မမျှော်လင့်သလို ငါ သွားရာ ချည်နှောင်မယ့် ကြိုးတွေကို ငါမုန်းမိလို့ လက်ဗလာနဲ့ တစ်ကိုယ်တော် ရဲဝင့်စွာနဲ့ ငါ လမ်းဖောက်ဆဲပဲ …


ရုပ်ချောရင် အသောက်အစားမက် ရည်းစားပွေ ရည်းစား မပွေတော့လဲ အသုံးအဖြုန်းကြီး အသုံးမဖြုန်းမကြီးတော့လည်း ဂဂျီဂဂျောင်နိုင် ဂဂျီဂဂျောင်မနိုင်တော့လည်း ညစ်ပါတ် မညစ်ပါတ်တော့လည်း ပိုက်ဆံမရှာနိုင် ပိုက်ဆံရှာနိုင်တော့လည်း အတ္တကြီး အတ္တမကြီးတော့လည်း နုံနုံနဲ့နဲ့ မနုံနဲ့ပြန်တော့လည်း မကြင်နာတတ် ကြင်နာတတ်တော့လည်း ရုပ်က မချော ရုပ်ချောပြန်တော့လည်း… ဒီလိုနဲ့ပဲ သံသရာလည်နေတော့တာပါပဲဂျာ။ တစ်ခုကျန်သွားတယ်… ရုပ်လည်းချော၊ ရည်းစားလည်းမပွေ၊ အသုံးအဖြုန်းလည်းမကြီး၊ ဂဂျီဂဂျောင်လည်းမနိုင်၊ မညစ်ပါတ်၊ ပိုက်ဆံရှာနိုင်၊ အတ္တမကြီး၊ မနုံနဲ့၊ ကြင်နာတတ်သူကျတော့လည်း ဇာတ်တူချင်းမှတဲ့ .. ဟိဟိဟိ (ဟိဟိ .. မြို့မေတ္တာခံယူမယ့်သူပါ .. )


ムラカミSeptember 5, 20131min020
နော်ရှီး… မိုးလင်းတိုင်း နှဖူးမှာ ဖွဖွ နမ်းလို့ ဝမယ် မထင်ဘူးရယ် သူ့နှုတ်ခမ်း နှင်းဆီဖူးတွေ ရူးလောက်အောင် ခူးရင်း ကျန်သေးတဲ့ဘဝဒီတသက်ပေါ့ (ညအိပ်ရာဝင်တိုင်း …) ပုခုံးမီနွဲ့ အုံးစက်တော့ မေ