maung khinminJuly 15, 20121min04
အမေ့ နှုတ်ခမ်း နှစ်လွှာ…..မဲ့နေလိုက် ပုံက ကျွန်တော့်…အနာဂတ် ကို အားအင် တွေသစ်စေခဲ့…. အမေ့ အရေပြားတွေ…တွန် ့ထပ်နေလိုက် ပုံက ကျွန်တော့်….သံဝေဂဉာဏ် ကို ရင့်သန်စေခဲ့… အမေ့ နှလုံးခုန်နှုန်းတွေ….မြန်လွန်းလာတဲ့အခါ ကျွန်တော့်…စိုးရိမ်ရေမှတ်ကို ဒီရေတတ်စေခဲ့… အမေ့ ဘုရားဝတ်ပြုသံ….ငြိမ်းချမ်းနေလိုက်ပုံက ကျွန်တော့်…မိုက်မဲမှု ကို အရေခွံ…ကွာကျစေခဲ့တယ်…အမေ အမေ…ရယ် ကျွန်တော်…ရယ် အမေ့ …ခြံဝိုင်း လေးရယ်လေ.. ဘယ်တုန်းကမှ… သူစိမ်းတွေ….မဟုတ်ခဲ့ကြပါဘူး…အမေရယ်..။။။


maung khinminJuly 15, 20121min0
လိပ်တစ်ကောင်က ကိုယ့်ရေယက် ကိုယ်ယက်ပြီး ပင်လယ်ထဲ… ထိုးဆင်းသွားတယ်….. ငှက်တစ်ကောင်လည်း ကိုယ့်အတောင် ကိုယ်ခတ်လို ့ အာကာထက်… ပျံတတ်သွားတယ်….. ချစ်သူက ကိုယ့်အတ္တ ကိုယ်ဖက်ပြီး ကျွန်တော့် ရင်ဘတ်ထဲက… ခွဲထွက်သွားတယ်….. ထို ့နောက်… ကျွန်တော်လည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး မနက်ဖြန်အကြောင်း… တွေးနေလိုက် မိတော့တယ်..။။။


Mr. MarGaJuly 15, 201212min0
. . . . . .. . . . . . . . ကဗျာပြခန်း အမှတ်ငါး မှ ကြိုဆိုပါ၏။ ပထမဆုံး အရင်ပြခန်းက ဆောင်းပါး အဆက်ကို ခံစားကြပါဦးစို့လား…….. ……………………………………… (၂) ခေတ်ပေါ်ကဗျာသည် မိဘမဲ့မဟုတ်။ ရှေးခေတ်ဟောင်းမှ မွေးဖွားလာသူ၊ သို့သော် အတိဇာတ သားသမီး၊ ဝမ်းဗိုက်ဖောက်၍ မွေးရသည်၊ ဘာကြောင့်လဲ။ ပြည်သူများမှ ခေတ်အဆက်ဆက် ဖိနှိပ်ခံခဲ့ရသဖြင့် နာကျည်းနေကြသည်၊ လွတ်လပ်ချင်ကြသည်။ ပြည်သူတို့သည် သက်သာချောင်ချိသော စီးပွားရေးစနစ်ကို လိုချင်နေကြသည်။ လေးယောက်စီး မှန်ကားနှင့် မသွားရချင်နေပါစေ၊ အချင်းချင်း ထိ၍ပင် ဖြစ်စေ၊ ဈေးပေါပေါ စီးရသော ဘတ်(စ်)ကား နှင့် လမ်းတိုင်း ပေါက်ချင်သည်။ […]


naywoon niJuly 13, 20121min014
တစ်ကယ်လည်း မဟုတ်ပါပဲနဲ့ လွမ်းပြလိုက်ကြ….။ ချစ်ပြလိုက်ကြ …… လမ်းခွဲကြနဲ့ သဏ္ဍာန်လုပ်ပြနေကြတာ ကို တစ်ကယ်မဟုတ်မှန်းသိတဲ့ ငါတို့က သူကလွမ်းရင်လိုက်လွမ်း သူတို့ချစ်တော့ကြည်နှူး သူတို့လမ်းခွဲတော့ …… အံမာ…. မျက်ရည်များတောင်ကျလို့……….. ဒီလိုနဲ့ပဲ ကျော်ကြားသူတို့ရဲ့ မျက်လှည့်ဝိုင်းထဲက ရုန်းမထွက်နိုင်ခဲ့ကြ…..။ (တစ်ချို့ကလည်းတစ်မင်တိုးဝင်နေကြ….) ဒါနဲ့များ…… လက်တွေ့မှတ်တမ်းတင်ထားတဲ့ ဗွိဒီယိုဖိုင်လေးကျမှ ဟိုလိုပြော ဒီလိုပြော နဲ့ အ-မနာပတွေ ပြောတတ်လိုက်ကြတာ…. အဲဒါ ညာနေတာမဟုတ်ဘူး (တစ်ကယ်တဲ့ဟဲ့) အဲဒါ သရုပ်ဆောင်နေတာမဟုတ်ဘူး အဲဒါ…………. အဲဒါ…………. ဒါမှ တစ်ကယ့်လက်တွေ့ဘဝ ဘာဖြစ်သလဲ ………. ဒီနွံ ထဲက ဘယ်သူရုန်းထွက်နိုင်သေးလို့လဲ….. ကြည့်ပေါ့ ….. ဇာတ်ညွှန်းနဲ့ ညာနေတာတွေထက် ဟန်ဆောင်ပန်ဆောင် ညာနေတာတွေ ကင်မရာ ထရိတ်ဒ်နဲ့ ဖြီးနေတာတွေတောင် ညာနေမှန်းသိရဲ့နဲ့ ဟန်ဆောင်နေမှန်းသိသိကြီးနဲ့ ကြည့်နေကြရသေးတာ…..။ […]


snow whiteJuly 13, 20121min011
မိုးရွာလည်း   လွမ်းတယ် နေပူလည်း    လွမ်းတယ် သစ်ရွက် လှုပ်တာ တောင်   လွမ်းတယ် အလွမ်းတွေ  ရင်မှာပြည့် နင့်ကို ငါ အရမ်းလွမ်းနေတယ် ချစ်သူ မတွေ့တာကြာပေမယ့် နင်မျက်နှာကိုငါသေသည်ထိ  မှတ်မိနေတယ် ချစ်သူ နင့်အသံ မကြားရပေမယ့်လည်း င့ါနားထဲမှာ နင်ဆုံးမသံ  အမြဲကြားနေတယ်  ချစ်သူ ငါ့တို့ အချစ်ရပ်ဆဲ  သွားပေမယ့်လည်း နင့်ရဲ့မျက်နှာ  နင့်ရဲ့အသံ နင်နဲ့ ပတ်သက်ခဲ့သမျှ အရာအားလုံး   မှတ်မိနေတယ်  ချစ်သူ။။ မသိစိတ်က    ချစ်မိသွားတာ ငါ့ရင်ထဲမှာ    နင်ဆိုတဲ့နာမည်တောင် မကြားချင်လောက်အောင်မုန်းတယ် နင်ကိုချစ်မိတာ      ငါ့ကိုငါမှားတယ်လို့ထင်မိတယ်   ချစ်သူ လွမ်းဖို့နေနေသာသာ    ငါအလုပ်နဲ့ငါတောင် မအားဘူး နင့်မျက်နှာမှတ်မိဖို့နေနေသာသာ     နောက်ကောင်မလေး မျက်နှာတောင်မနည်းမှတ်မိအောင်လုပ်နေရတယ်    ချစ်သူ နင်ရဲ့အသံဆို မကြားချင်လို့     နင်နားတောင်လာလို့လားချစ်သူ နင်နဲ့ပတ်သက်သမျှ တစ်ခုတစ်လေ တောင်မကျန်အောင် […]


amatminJuly 13, 20121min022
မနေ့ကအိမ်မှာပျင်းနေတာနဲ့ စာအုပ်အဟောင်းပုံထဲ ပြန်လိုက်ရှာရင်း အတွေးအမြင်စာစဉ်အဟောင်းလေးတွေ ပြန်ဖတ်မိသပေါ့ဗျာ..။ ဖတ်နေရင်း.ဒသ၁န ကဗျာလေးတပုဒ်တွေတော့ ရွာထဲမှာ ပြန်မျှချင်လာတယ်.. ကျနော်ကိုယ်တိုင်တော့ တလောလေးက ပြောခဲ့သလို စိတ်နေမကောင်းများဖြစ်နေလို့လားမသိ.. ကဗျာလေးကို အလွန့်ကို နှစ်ခြိုက်မိပါ၏.။ ဖတ်ကြည့်မိတဲ့ရွာသူားတွေလည်း ကဗျာကပေးတဲ့ ငြိမ်းချမ်းမှုအတွေး နဲ့ မျှော်လင့်ခြင်းရသ ကိုခံစားမိမယ်လို့ထင်မိပါကြောင်း..။ ရန်များတဲ့.အရပ်ကိုရှောင်ဖယ်မသွားဘဲ ထိပ်တိုက်တွေ့ပီးဖြေရှင်းချင်တဲ့စိတ်.. ငြိမ်းချမ်းမှုကို ကြီးငယ်မဟူ မျှဝေခံစားစေလိုတဲ့စိတ်… အမှောင်ဆိုတဲ့.သောကဒုက္ခတွေနောက်မှာ. မျှော်လင့်ချက်တွေနဲ့တောက်ပနေတဲ့ နေ့သစ်အလင်းရောင်တွေကိုမြင်နေတတ်တဲ့ စိတ်.. ဆိုတော့ ကျနော်တို့ စိတ်တွေကို တစိတ်တပိုင်းထိန်းကျောင်းပေးနိုင်တဲ့ ကဗျာကောင်းလေးမို့. ကိုယ်တိုင်ဖတ်ရင်း အတွေးပွားကြည့်ကြပါလို့..။ မှောင်ရည်ပျောက်လျှင် နေ့သစ်ရောက်မည်.. “လုံခြုံသောအရပ်မှာ မနေလိုပါ..။ ရန်တွေဝေလျှံနေရာ လောကနယ်မှာ.. ခိုင်မာရဲရင့်စွာ စွန့်စားကြဖို့သွားလာ.. ရန်ကိုပြေငြိမ်းဖို့ အို ခိုင်းတော်မူပါ..။။။။” “ရန်များပြေငြိမ်း အေးသောနေ့တာ.. ဤနေ့မှာ ပေါ်ထွန်းတောက်လာ.. သိုးငယ်များ ခြင်္သေ့သားရဲကြားမှာ.. […]

download-1.jpg

ငါ့အမုန်းမှာ အပြုံးမရှိဘူး။   သုံးစားမရတဲ့ ဦးနှောက်က နှလုံးသားရဲ့ ခြေနင်းဖက်။ ခပ်လွယ်လွယ်ပြောလိုက်ရင် သီချင်းထဲက စံပယ်ပေါ့။   “ငြင်းစရာမရှိလို့ပါ” တဲ့… ခပ်တင်းတင်းပြောထွက်တဲ့ ပါးစပ် ရွှေတောင် ကပ်ပေးလိုက်ချင်တယ်။   “ခင်ဖို့အတွက် ရင်းရတာမာန” ဟား..ကြားသမျှမှာ အဆန်းဆုံးပဲ။   နားတွေလည်း ခါးလှပါပြီ။ အရှုံးတွေလည်း များလှပါပြီ။   ဒီတော့… အပြုံးမရှိတဲ့ ငါ့အမုန်းအောက်မှာ တစ်သက်လုံးပဲ နေလိုက်ပါတော့…။  ။  

knife-in-back.jpg

ကျောဘက်ကဓား အသွားထက်လိုက်တာ အသည်းက ဟက်တက်ကွဲပေါ့။ ပက်စက်တဲ့အကြံ နင်မို့လို့ နှံရက်တယ်။ ပြန်ပြောခွင့်လည်း မဆိုင် ငါကမှ မပိုင်ခဲ့တာ။ ယိုင်ခဲ့တဲ့ သူ့စိတ်တွေလည်း အထိတ်တလန့် အံ့ဩမိရဲ့။ ထိလွယ်တဲ့ ငါ့နှလုံသား နင်သိသိကြီးနဲ့ဟာ..။ မတရားမရှိပါဘူး ကျေနပ်လို့ချစ်မိကြတာ။ အပြစ်ဆိုလောက်အောင်လည်း ဦးနှောက်က အလတ်ကြီးပဲ။ တကယ့်ကို ကြောက်မိပါတယ် မထောက်ထားခဲ့တဲ့ နင့်စိတ်ဓာတ် အကြီးအကျယ် သွေးပျက်မိပေါ့။ အေးဆေးပါ… ဘဝပျက်မသွားပါဘူး။ တစ်ခုတော့ သတိထား… အစွန်းဆုံးထိ အမုန်းတွေနဲ့ နင်တို့ကို စောင့်ကြည့်နေတယ်။   ။


maung khinminJuly 10, 20124min06
ကိုယ့်စိတ် ကိုယ် စစ် ဘာဖြစ် သင့်လဲ… ဖြစ်နေ တာကော သဘော ပေါက် သလား… ကမ္ဘာ ကရော…လေးစားရဲ့လား ဗမာ ကိုရော… အသိအမှတ် ပြု သလားးးးး ဘာသာ ကိုရော….. လေးစား ဘူးရဲ့ လားးးး လားးးးလားးးးးလားးးးလားးးး လားပေါင်း များစွာ…. အမှား ပေါင်းများစွာ ရှင်သန် ခြင်း ဟာ… ဘယ်လို ပါလိမ့်….၊   စင်္ကြာဝဠာ ဆီ…မောင်းနှင် နေကြပြီ ခေါင်းမော့ ပါးစပ် မှင်သက် … နေလိုက် ကြယုံ ပါ့ ပါစက အရေးနဲ ့…နပမ်းသတ် ခေတ်ကို နောက်ပြန်ဆွဲ.. တစ်ယောက် လည်ပင်း တစ်ယောက်ညှစ် ရင်း… အရိုးတွေ ဘဲ…ရင့်လာခဲ့ ကြတယ်….၊ […]


super manJuly 9, 20121min011
အပြာရောင်နောက်ခံပန်းချီကားပေါ်မှာ အဖြူရောင်ဆေးချက်တွေနဲ့ ရွှေရောင်စက်ဝိုင်းတစ်ခုရှိနေတယ် အညိုရောင်နောက်ခံပေါ်မှာ အစိမ်းရောင်ပြည့်ှနှက်နေပြီး ငွေရောင်အစက်အပြောက်တွေ ပျံ့နှံ့နေပြီ။ ၁ဝး၅၈နာရီ sunday 24.6.12


သူရႆဝါJuly 9, 20121min014
ဒေါ့ခယူမန်ထရီ (Documentary) – သူရှဿဝါ – စပျစ်သီးပဲ ချဉ်ရင်ချဉ်မယ် ချိုရင်ချိုမယ် အနှောင်အဖွဲ့မရှိပါဘူးလို့ အိမ်ခေါင်မိုးပေါ်မှာ ချည်နှောင်ခံထားရတဲ့ လွပ်လပ်သောငှက်များ ကြိုးတွေဟာ တစ်စပြီးတစ်စ ရစ်လိုက် ပတ်လိုက် အဲဒီ မနက်တုန်းကလည်း အခုလို မိုးတွေ စွေနေခဲ့မှာပဲ ရုပ်ပျက်ဆင်းပျက် ချိုချဉ်ဖန်ခါး အရသာက ထုံတယ် ကျဉ်တယ် လျှာဖျားတွေပေါ် တွားတက်လာတယ် ရဲရဲစွေးစွေး ပွင့်ပစ်လိုက်ဖို့ အဖြူရောင်သစ္စာပန်းတွေ စောင့်နေ အတိအကျ လမ်းပေါ်မှာ မိုးတွေစွေနေ ရက်ရက်စက်စက်ထောင့်ချိုးနဲ့ သူရဲကောင်းချပ်ဝတ်တန်ဆာ လွတ်လပ်ငှက်များ အမှန်တရားမိုးသားပေါ် စီးနင်းလိုက်ပါဖို့ အတောင်မကျိုးဖို့ မုန်တိုင်းအတုနဲ့မတိုးဖို့ စပျစ်သီး အရှိအတိုင်း ချဉ်ဖို့ ချိုဖို့ အမှောင်ထဲလမ်းမမှားဖို့ လူမှုရေး စီးပွါးရေး နိုင်ငံရေး လူပြိန်း ဗာလာန လူ့အန္ဓများ ။           ။ […]


maung khinminJuly 9, 20123min019
မျှော်လင့် ခြင်းတွေ….တစ်စင်းခြင်း ပျက်ကျ နေတဲ့   ကောင်းကင်ရေ.. သံသရာတစ်ခွင်လုံး…ငြှိုးချက် က ဘဝစာမျက်နှာ ထက်… ပက်ပက် စက်စက်….ဒဏ်ချက်တွေနဲ ့… အရှိုး ရာထပ် စေခဲ့ ပေါ့…..၊   မြင်ရက်စရာ မရှိတဲ့…. ကံကြမ္မာ ကြိုးကို…ပြန်ပြင်ထုံးထား ချင်ရဲ့… အဆုံး မစမရှိတဲ့….ဝင်္က ါ ခရီးထဲ…ကြီးပြင်းရင်း အစီအစဉ်တကျ  ရောက်ရောက်လာတတ်တဲ့.. ရှုံးနိမ့်ခြင်း ကိုထိုင်စောင့် ရတာလောက် ငြီးငွေ ့စရာ  ကောင်းတာမရှိ…   အကိုင်း အခက်ကို ….ပိုင်းဖြတ်ခံရ အညွန် ့အဖူး တွေ…ခြွေခူး ခံရ တစေ ္ဆခြောက်ခံရတဲ့…. အိုနာ ကျိုးကန်း အိပ်မက်တွေထဲ…ငါ့ ရေသောက်မြစ် လေး…သေမသွားတာပဲ.. ကျေးဇူး တင်နေရ……၊   မပြိုင်ဘဲ  အနိုင်စွဲခဲ့ဘူးတဲ့….ယိုင်လဲမှု မတောင်းဘဲ….စွန် […]


htet wayJuly 7, 20121min06
မှန်ကန်မူ သစ္စာတရားနဲ့ ကိုယ်ကျိုး စွန့် အနစ်နာခံသူတွေ မြို့တစ်မြို့လုံး ဖုံးလွှမ်းသွားအောင် ဥဩသံတွေ မည်ဟီးလိုက်စမ်းပါ ဟိုမှာ တိုင်တစ်ဝက်လွှင့်တင်ထားတဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် အလံတော် ငါတို့ရဲ့ အမြတ်တနိုး သော့ခတ်ထားတဲ့ နေ့ရက် ဇူလှိုင် ၁၉ ငါတို့ရဲ့ ကယ်တင်ခြင်း တေးသွားရဲ့ချိုမြိန်မူ ဇူလှိုင် ၁၉ ငါတို့ရဲ့ ရနံ့အမွှေးဆုံး ပန်းတွေ ကြွေတဲ့ ဇူလှိုင် ၁၉ ဟော့ဒီမှာ ငါတို့ရဲ့ မွတ်သိပ်တဲ့ အလွမ်းတွေ ဟော့ဒီမှာ ငါတို့ရဲ့ ဝမ်းနည်းခြင်း မျက်ရည်တွေ ဟော့ဒီမှာ ငါတို့ရဲ့ သံပြိုင်သီဆိုလိုက်တဲ့ ကွဲကြေနေတဲ့ အသံ ဇူလှိုင် ၁၉ အနစ်နာခံခြင်းရဲ့ အခြား အမည်…..အာဇာနည်တဲ့ အရိုင်းအစိုင်းတွေရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ ကျေးဇူးရှင်တွေ ကျွနပ်တို့ ရှိုက်သံဂီတ […]