ဘာမှ မဖြစ်နိုင်ပါဘူး………

naywoon niJuly 13, 20121min014

တစ်ကယ်လည်း မဟုတ်ပါပဲနဲ့
လွမ်းပြလိုက်ကြ….။
ချစ်ပြလိုက်ကြ ……
လမ်းခွဲကြနဲ့ သဏ္ဍာန်လုပ်ပြနေကြတာ ကို
တစ်ကယ်မဟုတ်မှန်းသိတဲ့ ငါတို့က
သူကလွမ်းရင်လိုက်လွမ်း
သူတို့ချစ်တော့ကြည်နှူး
သူတို့လမ်းခွဲတော့ ……
အံမာ…. မျက်ရည်များတောင်ကျလို့………..
ဒီလိုနဲ့ပဲ
ကျော်ကြားသူတို့ရဲ့ မျက်လှည့်ဝိုင်းထဲက
ရုန်းမထွက်နိုင်ခဲ့ကြ…..။
(တစ်ချို့ကလည်းတစ်မင်တိုးဝင်နေကြ….)
ဒါနဲ့များ……
လက်တွေ့မှတ်တမ်းတင်ထားတဲ့
ဗွိဒီယိုဖိုင်လေးကျမှ
ဟိုလိုပြော ဒီလိုပြော နဲ့
အ-မနာပတွေ ပြောတတ်လိုက်ကြတာ….
အဲဒါ ညာနေတာမဟုတ်ဘူး
(တစ်ကယ်တဲ့ဟဲ့)
အဲဒါ သရုပ်ဆောင်နေတာမဟုတ်ဘူး
အဲဒါ………….
အဲဒါ………….
ဒါမှ တစ်ကယ့်လက်တွေ့ဘဝ
ဘာဖြစ်သလဲ ……….
ဒီနွံ ထဲက ဘယ်သူရုန်းထွက်နိုင်သေးလို့လဲ…..
ကြည့်ပေါ့ ….. ဇာတ်ညွှန်းနဲ့ ညာနေတာတွေထက်
ဟန်ဆောင်ပန်ဆောင် ညာနေတာတွေ
ကင်မရာ ထရိတ်ဒ်နဲ့ ဖြီးနေတာတွေတောင်
ညာနေမှန်းသိရဲ့နဲ့ ဟန်ဆောင်နေမှန်းသိသိကြီးနဲ့
ကြည့်နေကြရသေးတာ…..။
ဘာလဲ…….
ဘာလို့ မုန်းရမှာလဲ……….
ဘာမုန်းစရာရှိလို့လဲ ……..
ဘာကိုရွံ့ရမှာလဲ ……………
မင်းကို မုန်းအောင် ရွံအောင် သူကဘာလာလုပ်လို့လဲ?
မှတ်ထားကွ…။
လူဆိုတာ ချစ်စရာရှိရင် ချစ်မှာပဲ……..
ဒါပေမဲ့ လမ်းခွဲပြီးကာမှ သက်သက်အပုတ်ချတဲ့
ဒီလို ဟာမျိုး ထုတ်လွင့် လာတဲ့ သူကိုပဲ ပြော…….
ကျန်တာတွေ ပြောစရာမရှိဘူး……
ကျန်တာတွေ ဘာမှတန်ဘိုးကျမသွားဘူး
ကျန်တာတွေ ဘာမှဖြစ်မသွားနိုင်ဘူး
ဟုတ်ပြီလား………….။

14 comments

  • အလင်းဆက်

    July 13, 2012 at 8:43 pm

    လင်းပွင့် လွတ်လပ်တဲ ့… နေဝန်းနီရဲ ့ကဗျာတွေကလည်း..ကျွန်တော် ချစ်တဲ ့ကဗျာ…တွေ..ပါပဲ ။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 13, 2012 at 9:04 pm

    သရုပ်ဆောင်တွေလို ကျင့်ပြီးမှ ပြောနေတာမဟုတ်ဘူး
    သရုပ်ဆောင်တွေလို ကျင့်ပြီးမှ လုပ်နေတာမဟုတ်ဘူး
    သရုပ်ဆောင်က တကယ်မှာ ဟန်လုပ်နေတာကို
    ဘာဖြစ်လို့ ??????????

    Reply

  • မစ္စတာ တောက်တဲ့

    July 13, 2012 at 9:11 pm

    ဦးနေရေ ..
    ကဗျာကို လာရောက် အားပေးသွားပါတယ်ဗျို့ ..
    ကျနော်တို့တွေဟာ
    ကျော်ကြားသူတွေရဲ့ မျက်လှည့်ဝိုင်းတင်မက
    လမ်းဘေးနားက မျက်လှည့်ဝိုင်းကိုပါ
    ညာတာမှန်းသိသိနဲ့ ကြည့်နေတတ်ကြပြန်ရော …
    ဒါလည်း သဘာဝပေကိုး ….

    Reply

  • ko win

    July 13, 2012 at 9:13 pm

    အားပေးဖတ်ရှုသွားပါကြောင်း။

    Reply

  • မောင်ပေ

    July 13, 2012 at 9:22 pm

    လူပျိုဂျီး
    ဟိုခလေးမလေးရဲ ့
    လူသတ်နေတဲ့အတိုင်းဘဲ
    ဆိုတဲ့ခွေ၂ခွေကြည့်ပြီး
    ဖက်တီးလ်
    ထွက်ခရီး

    Reply

    • မောင်ပေ

      July 13, 2012 at 9:37 pm

      စကားမစပ်
      နံပါတ်၃ က ပိုကြမ်းတယ်ဗျို ့
      ဟီဟိ

      Reply

  • may flowers

    July 13, 2012 at 9:36 pm

    ကဗျာလေးကို ကြိုက်တယ်…………ဘယ်လိုအကြောင်းအရာကိုပဲရည်ညွှန်း ရည်ညွှန်း ကဗျာလေးကိုတော့

    ကဗျာတစ်ပုဒ်အဖြစ် အားပေးဖတ်ရှုသွားပါတယ်နော်။

    Reply

  • ကိုနေ
    ဘာမှမလုပ်ရင် ဘာမှမဖြစ်ဘူး။
    ဟိုဟာလုပ်ပြီးဟိုဟာလုပ်လို့ ဒီလိုဖြစ်တာလေ…………………..

    Reply

  • ဆရာနေဝန်းနီရေ ဒီအပိုင်းလေး—–

    လူဆိုတာ ချစ်စရာရှိရင် ချစ်မှာပဲ……..
    ဒါပေမဲ့ လမ်းခွဲပြီးကာမှ သက်သက်အပုတ်ချတဲ့
    ဒီလို ဟာမျိုး ထုတ်လွင့် လာတဲ့ သူကိုပဲ ပြော…….
    ကျန်တာတွေ ပြောစရာမရှိဘူး……
    ကျန်တာတွေ ဘာမှတန်ဘိုးကျမသွားဘူး
    ကျန်တာတွေ ဘာမှဖြစ်မသွားနိုင်ဘူး
    ဟုတ်ပြီလား………….။

    Reply

  • ကြောင်ကြီး

    July 14, 2012 at 8:33 am

    ဘာမှမဖြစ်
    ပဓါနဟစ်
    ကြာကပစ်
    ကာမအချစ်။

    Reply

  • snow white

    July 14, 2012 at 10:07 am

    အားပေးဖတ်ရှု သွားပါတယ်ရှင့် ဆက်လျှက်လည်းရေးသားနိုင်ပါစေ ရွာသူရွာသားအပေါင်းကိုခင်မင် လျှက် စနိုးး။။။

    Reply

  • Khaing Khaing

    July 14, 2012 at 10:07 am

    အော် ….. ကိုနေ ကိုနေ ……. တိတ်တိတ်ကလေးကြေကွဲနေတာ အခုမှ သိတော့တယ် …….. ကဗျာလေးနဲ့ ဖွင့်ချလိုက်တာပေ့ါလေ …. ဒါကြောင့် ငုံးဆူနေတာကိုလူမသိလို့ ကိုနေပြောပြောတာကို …. ခစ်ခစ်ခစ်

    Reply

  • မမ အညာသူ

    July 14, 2012 at 10:16 am

    ကဗျာလေးကိုတကယ်ပဲကြိုက်ပါတယ်
    ကျေးဇူးပါတယ် ခုလိုဖတ်ခွင့်ရတဲ့အတွက်

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    July 14, 2012 at 11:49 am

    အင်း…..တကယ်တမ်းကျတော့…
    ဘာမှလည်း မဟုတ်ဘူးနော်…
    လက်တွေ့ကျကျ နက်နက်နည်းနည်း…
    စဉ်းစားကြည့်တော့ ဘာမှလည်းမဟုတ်တော့ဘူး…
    ကောင်းပါတယ် စာလေးက…
    ဖတ်ကြည့်သွားပါတယ်နော်….။။။။။။။။

    Reply

Leave a Reply

Your email address will not be published.