ဒီမှာက အလကား ရသလို တောင်းတာမျိုးမရှိဘူးဗျ။ တစ်ချို့ က သီချင်း ဆိုပြတယ်။ တစ်ချို့က တစ်ရှူးလေးလိုက်ရောင်းတယ်။ တစ်ချို့ကတော့ လက်ကမ်းစာစောင် ဝေပေးတဲ့ အလုပ်နဲ့ အခကြေးငွေယူတယ် စသည်ဖြင့်ပေါ့။ ခါတလေတော့ ချယ်ရတီ အတွက် ကျောင်းသားကျောင်းသူလေးတွေ စုဘူးလိုလေးတွေ ကိုင်ပြီး အလှူလိုက်ခံပါတယ်။ ပိုက်ဆံထည့်တဲ့ အချိန် ကိုယ့် ကို သူတို့ စတစ်ကာလေးတွေ ကပ်ပေးလိုက်တာပါပဲ။ တစ်ချို့ကကျလည်း ရေခဲမုန့်တွေ လိုက်ရောင်းပါတယ်။ တစ်ချို့ကကျ ကျောင်းက စာရွက်နဲ့ တွဲပြီး အိတ်လေးတွေ လာပေးတယ်။ ကိုယ့် အိမ်က အသုံးမဝင်တာကို ထည့်ပြီး အိမ်ရှေ့မှာ ထားပေးထားရတာပါပဲ။ အဲဒီ ရက်ကျရင် လာယူသွားတယ်။ ………………….. ဆိုတော့ တောင်းရမ်းချင်ချင်၊ အလှူပဲ ခံချင်ချင် ဒီတိုင်း ပရမ်းပတာ […]