“မထူးခြားတဲ့ ညနေခင်း” မွန်းကြပ်တဲ့တစ်ရက်   ပြေးထွက်စရာ   နေရာရှာ။   ဟိုဘက်မှာ ကြည့်   မရှိ။   ဒီဘက်မှာ ကြည့် မရှိ။ စဉ်းစားမရတဲ့အဆုံး အပေါ်ပြေးတက် ခေါင်မိုးထက်မှာ လွတ်လပ်သော ကျယ်ပြန့်သော ကောင်းကင် မြင်တွေ့ ခဏ စိတ်တွေပေါ့ပါး အနားရလို့မှမဆုံးသေးခင် တစတစနဲ့ အမှောင်ဖုံး နောက်ဆုံးတော့ အရင်လို ပါဘဲလေ။ ကိုပေါက်လက်ဆောင်အတွေးစဉ် 16-8-2015


naywoon niAugust 17, 20151min01
ကမ္ဘာ​မြေကြီးနဲ့ ကြယ်​​တွေအ​ကြောင်​း ​ကောင်​းကင်​​ပေါ်ကကြယ်​​တွေကို ကမ္ဘာ​မြေကြီးက ထမ်​းပိုးမထားရ​တော့ ဝန်​ , မ​လေးရှာပါဘူး ။ ​မြေပြင်​​ပေါ်က ကြယ်​​တွေက​တော့ ကမ္ဘာ​မြေကြီးကို ခွစီး​လေ​တော့ သူတို့အတွက်​နဲ့သာ ကမ္ဘာ​မြေကြီးခမြာ စိတ်​မသက်​မသာဖြစ်​​နေရရှာတာ ။ အဲ့ဒိ​တော့ ……. ​ကောင်​းကင်​​ပေါ်က ကြယ်​​တွေ​ကြွေတာကို (တစ်​ခါတစ်​​လေ) ကမ္ဘာ​မြေကြီးက သတိမထားမိလိုက်​ပါဘူး ( တဲ့ ) ။ ​မြေပြင်​​ပေါ်က ကြယ်​​တွေ​ကြွေရင်​​တော့ သူထမ်​းပိုးထားရတဲ့ ဝန်​ ​ပေါ့သွားလို့ ကမ္ဘ​မြေကြီးခမြာ ​ပေါ့ပါးသွက်​လက်​ ( တစ်​ခါတစ်​​လေ ) သူ့ဝန်​ရိုးကို​တောင်​သူ မထိမ်​းသိမ်​းနိုင်​ရှာ​အောင်​ကို ​ပေါ့ပါးသွား​လေ​တော့ …………………………………………….. …………………………………………….. …………………………………………….. ……………………… ။ ​နေဝန်​းနီ 10:02 PM 2015 Aug 16


SawAungAugust 17, 20155min012
အရင်က လူကြီးတွေဟာ ဓာတ်ပုံရိုက်ရမှာကြောက်တယ်တဲ့။ ကြားဖူးနားဝရှိခဲ့တာလေးပါ။ အရင်က ဓာတ်ပုံရိုက်ဖို့ဆိုတာလည်း ကင်မရာဆိုတာ ခပ်ရှားရှားမဟုတ်လား။ အခုတော့ ဖုန်းတွေမှာပါ တော်တော်ကောင်းတဲ့ ကင်မရာပါလာပြီလေ။ တကယ်တော့ ကင်မရာတွေပေါများလာခြင်းဟာ ကောင်းသောဖက်ကကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ အမှတ်တရပုံရိပ်တွေကို ပြန်ကြည့်ရင် ကြည်နူးလို့ရတာပါပဲ။ 2008 ကနေ 2015 ထိ ပုံလေးတွေကြည့်ရင် ဇရာဆိုတာကိုတောင် တွေးကြောက်လာမိတယ်။ စိတ်ထဲကလည်း ရေရွတ်မိပါရဲ့  ဖြည်းဖြည်းလာပါ အို “ဇရာ”…….ရယ်လို့။  


SawAungAugust 17, 20151min05
ဒီရာသီက ဇော်မုတ်ဆိတ်သစ်ခွတွေ ပွင့်ဆဲဆိုတော့ ဟိုနားဒီနားက ယူထားတဲ့ ဇော်မုတ်ဆိတ်သစ်ခွ အကြောင်းလေးပြောချင်ပါတယ်။ Paphiopedilum parishii ဆိုတဲ့နာမည်ကတော့ မော်လမြိုင်မှာသာသနာပြုခဲ့တဲ့ ခရစ်ယာန်ဘုန်းတော်ကြီး Charles Parish ကို ဂုဏ်ပြုတဲ့အနေနဲ့ (parishii) လို့ ပေးခဲ့တာပါတဲ့။ သူက ဒီသစ်ခွကို ၁၈၅၉ခုနှစ်မှာ တွေ့ရှိခဲ့ပြီး သူ့ဇနီး ရေးဆွဲထားတဲ့ အဲ့သည်သစ်ခွပုံ ရေဆေးပန်းချီမူရင်းကို ယခုတိုင် Royal Botanic Garden, Kew မှာ ထိန်းသိမ်းထားပါတယ်။ ဘုန်းတော်ကြီးရဲ့ ရှာဖွေမှုတော်တော်များများကို ဖော်ပြမိတ်ဆက်သူ H.G. Reichenbach ကပဲ ဒီသစ်ခွကို Cypripedium parishii အဖြစ် ၁၈၆၉ခု ဂျာမနီဂျာနယ် Flora မှာ ဖော်ပြခဲ့ပါတယ်။ ထူထဲပြီး အဖျားဝိုင်းတဲ့ အစိမ်းရောင်အရွက်တွေဟာ 45cm အထိရှည်နိုင်ပြီး 4cm […]


naywoon niAugust 16, 20151min06
ငါ့ဘဝ စည်​းကမ်​းကမရှိ နည်​းလမ်​းလည်​းမသိ ​လျှောက်​လှမ်​းရတဲ့လမ်​းမှာ​တော့ ဆူး​တွေနဲ့ချည်​့ ။ ​နေဝန်​းနီ 9:52AM 2015 Aug 16


alinsettAugust 16, 20151min014
ဖြစ်စဉ်   ——– ဆိုးလိုက်တာ. … ကိုယ့်ရဲ့ ဘယ်ဘက်မျက်လုံးက ကိုယ့်ရဲ့ညာဘက်မျက်လုံးကို လှမ်းကြည့်တာတောင်… မမြင်ရရှာဘူး၊၊ ——– မောင်သူရ ဩဂုတ် ၁၆၊၊ ၂၀၁၅၊၊


naywoon niAugust 16, 20151min06
လက်​ရှိအ​ခြေအ​နေ ============== ​ဟောရတာများလွန်​းလို့ နှုတ်​​တွေလည်​း သစ်​​ခေါင်​းဖြစ်​​တော့မယ်​ ။ နာ ရတာအကြိမ်​အ​ရေတွက်​နိုင်​ခဲ့ နား​တွေလည်​း သစ်​​ခေါင်​းဖြစ်​လုခမန်​း အ​ရေးဟယ်​ အ​ကြောင်​းရယ်​​ပေါ်လာ​တော့ ​ဟောတဲ့သူမှာ​ကော နာတဲ့သူမှာပါ တရားဆိုတဲ့ အရာ ရှာလို့မ​တွေ့ဘူးတဲ့ ။ ​နေဝန်​းနီ 11:55 PM 2015 Aug 5


ကာရံAugust 16, 20151min01
အသက်ဆက်နေမယ့်သူ အားမငယ်ပါနဲ့ နွေးထွေးတဲ့လက်တစ်စုံက မင်းဘဝအတွက် အေးမြစေမယ်လေ သောကတွေဘယ်လောက်ကြမ်းကြမ်း ဒေါသစိတ်နဲ့မဖြေရှင်းလိုက်ပါနဲ့ အနားမှာ ထာဝရရပ်တည်ပေးမည့်သူ အမုန်းတံတားခင်းချင်ခင်းပါစေ ရဲရဲသာနင်းလျှောက်လိုက်ပါ လောကကြီးက မင်းအတွက်မပြောင်းလဲရင်တောင် ငါ့နှလုံးသားက ဟောင်းသွားမှာမဟုတ်ဘူး သိပ်ချစ်တာယုံပါနော် မအေးမြသေးတဲ့မင်းဘဝထဲ ငါအလည်လာခဲ့တာမဟုတ်ဘူးမေ မငြိမ်းချမ်းသေးတဲ့ အနာဂတ် ငါအရောင်ဆိုးဖို့မဟုတ်ပါဘူး သံသရာအဆုံး တွဲလက်မြဲဖို့ ငါမင်းအတွက် အသက်ဆက်နေမယ့်သူ ကာရံ ၁၆ ့၈ ့၂၀၁၅


မြစပဲရိုးAugust 16, 20151min018
ပြီးခဲ့တဲ့ ၃ပါတ်လောက် က အလုပ် ထဲမှာ ရခဲ့တဲ့ အီးမေး  အကြောင်းလေးပါ။ လက်ရှိအလုပ်က ချာရတီ အဖွဲ့အစည်း တစ်ခု ရဲ့ Bookkeeper ခေါ်ခေါ်၊ စာရင်းကိုင် ခေါ်ခေါ် ဆိုပါတော့။ တာဝန်ယူရတာ တွေထဲ မှာ ဘော့စ် ကို Supplier  ကို Payment လုပ်ဖို့အတွက် စာရင်း ပြင်ပေးရတာလဲ ပါပါတယ်။ Supplier တွေထဲ က တစ်ယောက် ကို ဟိုးအရင်လ တုန်းက ပိုက်ဆံ နှစ်ခါ ထပ်ပေးမိခဲ့တယ်။ အဲဒီအကြောင်း ကို အဲဒီ Supplier ဆီ email ပို့ ခဲ့တယ်။  Refund လုပ်ပေးဖို့။ ဒါကို သူက စာရင်းမှတ်ထားမယ်ပြောပြီး Refund မလုပ်ပေးဘူး။ […]


Ma MaAugust 16, 20153min05
မူလတန်းဖတ်စာမှာပါတဲ့ မပုကြွယ်နဲ့ ခရုငယ်မှာ…. ခရုငယ်လေးကို အတုယူပြီး ကြိုးစားအားထုတ်ခဲ့တဲ့ မပုကြွယ်လေးကို မှတ်မိကြမယ်ထင်ပါတယ်။   ပင်ကိုယ်အသိစိတ်ဓာတ်နဲ့ အတုယူကြိုးစားတာမျိုး မဟုတ်ပဲ ဘေးလူက တွန်းထိုးပင့်တင်မှပဲ နိုးထတတ်ကြတဲ့သူတွေလည်း ရှိတတ်တယ် မဟုတ်လား။ :k:   ဒီတစ်ပတ်တစ်နေ့ပြီးတစ်နေ့ အပိုင်း (၁၈) ကတော့ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၁ဝ ရက်နေ့အထိဖြစ်ပါတယ်။ ဒါကတော့ စက်တင်ဘာတစ်လလုံးအတွက် အမြည်းပေးတာ ဖြစ်ပါတယ်။ 🙂 ******************************************************************************************   လုပ်ငန်းသစ်ကို ပိုကောင်းမယ်ထင်ပြီး လုပ်ငန်းဟောင်းကို ခြေစုံကန်ပြီးတော့မှ မျောက်သစ်ကိုင်းလွတ်သလို ဒုက္ခရောက်တာတွေ မြင်ဖူးတွေ့ဖူးလို့ ဒီအတွေးအခေါ်ကို သဘောတူထောက်ခံပါတယ်။   ဘဝတစ်လျှောက်လုံးအတွက် အရေးကြီးတဲ့ အဖိုးတန်တဲ့ သတိပေးချက်တစ်ခုပါပဲ။   ******************************************************************************************* ဒီကာတွန်းကတော့ စဉ်းစားတွေးခေါ်ကြံဆနေတဲ့အဆင့်ကို ကျော်ပြီး အလုပ်ဖြစ်ချင်တဲ့ […]


Ma MaAugust 15, 20151min017
ပဒုမ္မာရဲ့ ဆွေမျိုးတော်ခွင့် ရရပါလို၏ဆိုတဲ့ပိုစ့်ကို ဖတ်ပြီး အတွေးပေါ်လာလို့။ ပဏ္ဍိတာရာမဆရာတော်ကြီးက သူ့ကျောင်းကို ရောက်လာတဲ့ ဘယ်သူကိုမဆို တရားအားထုတ်ဖို့ အမြဲတမ်း တိုက်တွန်းနှိုးဆော်လေ့ရှိပါတယ်။ အလှူဒါနနဲ့တင် အားရကျေနပ်မနေပဲ သံသရာက လွတ်မြောက်ရေးအတွက် လူ့ဘဝကိုရတုန်း၊ သာသာနာနဲ့တွေ့တုန်း ရခဲလှတဲ့ အခြေအနေတွေကို တန်ဖိုးထားတတ်အောင် ပြောဆိုဆုံးမလေ့ရှိပြီး သွေးသားဆွေမျိုးထက် ဓမ္မဆွေမျိုးတော်ချင်တယ်လို့ ပြောကြားလေ့ရှိပါတယ်။   ဆရာတော်က ဒကာ ဒကာမတွေကို လောကုတ္တရာအကျိုးရစေချင်တဲ့ ဆန္ဒအလွန်ကြီးမားပါတယ်။ အဲဒီရည်ရွယ်ချက်နဲ့ပဲ တရားအားထုတ်ပြီး ဓမ္မဆွေမျိုးတော်ချင်တယ်ဆိုတာကို ပြောခြင်းဖြစ်ပါတယ်။   ဓမ္မဆွေမျိုးတော်တာနဲ့ ပတ်သက်ပြီး သဂျီးက   လယ်ဗယ်တူအလွှာထဲက…သူကိုအလိုလိုသိနားလည်သွားတယ်…. လို့ထင်မိတယ်..။ လို့ ဆိုပါတယ်။ အဲဒါကို မလတ်က ……….. ဘယ်လို အယူအဆ ဘယ်လို အမူအကျင့် ဖြစ်စေ ကိုယ်နဲ့ ပေါင်းသင်း ဆက်ဆံ […]


ဇီဇီAugust 15, 20151min016
ရေးချင်တာတော့ အေအိုင် အကြောင်းရိုက်ထားတဲ့ ရုပ်ရှင်ကားတွေ စု ညွှန်းတဲ့ ပို့(စ) အကြီး တစ်ပုဒ် ရေးချင်တာ။ စာပြန်ဖတ်ရမှာရော၊ ရုပ်ရှင်တွေက စုံအောင် မကြည့်ရသေးလို့ရော မစနိုင်သေးဘူးး :mrgreenn: :mrgreenn: ေအေအိုင် မလာခင်ကို ဖဘ ကြီး ရဲ့ အော်တို အလုပ်လုပ်ပုံတွေကို ကြည့်ပြီး ကိုယ့်မှာလန့်နေတုန်း ဒီ ရုပ်ရှင်ကို ကြည့်မိပြီး ပိုကြောက်သွားသလိုပဲ။ :mrgreenn: :mrgreenn:   Unfriended (2014) Rating 5.4/10 IMDb   သရဲကားမို့ ယုတိ ရှိမရှိ က နောက်မှပေါ့နော့။ ဝက်ဆိုက်တွေရဲ့ ဆက်စပ် အလုပ်လုပ်ပုံတွေ အကြောင်း ခပ်ပါးပါးသတိထားမိရင် အွန်လိုင်းမှာလည်း အနေအထိုင်ဆင်ခြင်သင့်တယ် ဆိုတာလေး သတိချပ်မိရတာပေါ့။ 😕 ဇာတ်လမ်းက […]


ဇီဇီAugust 14, 20152min028
၁) ကောက်ညှင်းပေါင်းးး (ဝယ်မစားနိုင်တဲ့ နေရာတွေ အတွက်၊ ကိုယ့်အိမ်မှာ ပေါင်းချင်တဲ့ သူတွေ အတွက် ပြောတာနော်)   ကောက်ညှင်းဆန်        – နို့ဆီဘူး ၄ လုံး ပဲလွန်းစေ့/ကုလားပဲ      – နို့ဆီဘူး ၁ ဘူး နှမ်းလှော်                   – နို့ဆီဘူး တစ်စိတ်   မပေါင်းခင် ညကို ကောက်ညှင်းတွေကို ရေစိမ်ထားပါ။ (ဒီက ဆန်က အဲလို စိမ်ရတယ်) မနက်ကျ ပဲလွန်းစေ့တွေကို နူးအောင်ပြုတ်ထားပါ။ စိမ်ထားတဲ့ ကောက်ညှင်းဆန်ကို ပဲစေ့တွေနဲ့ ရောပြီး ပေါင်းအိုးးး (သို့) ရိုက်(စ) ကွတ်ကာရဲ့ ပေါင်းချောင်ထဲကို ထည့်ပါ။ ပေါင်းအိုးထဲကိုတော့ ရေတစ်ဝက်လောက် ထည့်ထားပါ။ အဲဒီ ပေါင်းချောင် […]