ဟိုတလောက သတင်းတွေမှာ Taxi သမားက FDA ဝန်ထမ်းကောင်မလေးကိုသတ်လိုက်တယ်ဆိုပြီး ဟိုးလေးတကျော်ညံသွား လေရဲ ့။ ကိုယ်နဲ့လည်းမဆိုင်ပါဘူး။ဒါပေမဲ့ အားနွဲ ့သူမိန်းမသားတွေကို ရိုးရိုးသတ်ရုံအားမရဘဲ မုဒိမ်းကျင့်ပြီးမှသတ်တာကတော့ တရားလွန်နေပြီလို့ထင်မိပါတယ်။ ကောင်မလေးကလည်းက နယ်မှာနေနေတဲ့သူဆိုတော့ ရန်ကုန်မှာ Taxi သမားတွေနဲ့ မှုခင်းကိစ္စတွေကို သိပ်မသိရှာဘူးထင်ပါ တယ်။ တခါတလေအသက်ကို ဉာဏ်စောင့်တယ်ဆိုတာလေးတော့ရှိသင့်တယ်ထင်ပါတယ်။ ခုလိုတဖြည်းဖြည်းတိုးတက်လာနေ တဲ့ခေတ်မှာ Grab တို့ Uber တိုု့စီးလို့ဘာဖြစ်သွားမှာမို့လို့လဲ။ နေ့ခင်းဘက် မိန်းကလေးတစ်ယောက်ထဲ Taxi စီးတာ ဘာမှမဖြစ် နို်င်ဘူးဆိုပေမယ့် ညနေတို့ညဘက်ဆို Taxi စီးတာကိုတော့ မိန်းကလေးတိုင်း သတိထားသင့်တယ်လို့ထင်ပါတယ်။ မဖြစ်မနေစီး ရမယ်ဆို ခုနက ပြောတဲ့ Grab တို့ Uber တို့နဲ့စီးသင့်ပါတယ်။ သူက ကားသမားရဲ ့နာမည်၊မှတ်ပုံတင်၊သန်းခေါင်စာရင်းကအစ အကုန်မှတ်တမ်းတင်ထားရပါတယ်လို့ပြောပါတယ်။ ဈေးစကားလည်းပြောစရာမလိုသလို၊ငြင်းစရာမလို၊ […]
