♫♥✿* လှတဲ့ ပန်းတိုင်း မွှေးစေချင် ♫♥✿* ကျွန်မတို ့ ပတ်ဝန်းကျင်မှာ အရောင်အသွေးစုံပြီး လှပတဲ့ ပန်းကလေးများစွာ ရှိတဲ့အထဲမှာ သင်ဘယ်ပန်းကိုအကြိုက်ဆုံးလဲ..ကျွန်မကတော့ မာနဆူးတွေ လွှမ်းခြုံထားတဲ့ နှင်းဆီပန်းကိုကြိုက်တယ် ပန်းကလေးတိုင်းမှာ နှစ်သက်စရာ အဆင်းရနံ ့လေးတွေ တစ်မျိုးစီရှိကြပေမယ့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ အရေအချင်းတော့ ပန်းကလေးတိုင်းမှာ မရှိပါဘူး..မရှိတဲ့အတွက် လေအဝှေ ့မှာ ကြွေချင်ကြွေ သွားတတ်သလို တန်ဖိုးမထားတတ်သူတွေ ချွေချင်သလိုချွေပြီး နင်းခြေသွားတဲ့ပန်းလေးတစ်ပွင့်ရဲ ့နာကျင်ကြေကွဲစရာ ရာဇဝင်ကိုလည်း စာမဖွဲ ့ခဲ့ကြပါဘူး..သူ ့မှာလည်း သဘာဝကပေးတဲ့ အလှတော့ ရှိခဲ့တာပါဘဲ…လူတွေကသာ သူ ့ကိုတန်ဖိုး မထားကြတာပါ..တစ်ကယ်တော့ တန်ဖိုးဆိုတာ ပန်းကလေးရဲ ့ကိုယ်ပိုင်အရေအသွေးနဲ ့ပန်းလေးကို ပိုင်ဆိုင်ခွင့်ရတဲ့ သူတစ်ယောက်ရဲ ့အလေးအနက်ထားမှုပါဘဲ.. ဒီပိုစ့်လေးက ကိုယ့်ကိုယ်ကိုယ် လှတယ် လို […]
