မွန်မြတ်တဲ့ညတစ်ညကိုရိုက်ချိုးမိခြင်းအတွက် နောင်တ.. ………………………………………………….. ကုန်သွားခဲ့ပြီနေ့တစ်နေ့နဲ့ညတစ်ည ဘယ်အရာတွေများဒီဂရီတက်သွားတာလဲ ကုသိုလ်လား အကုသိုလ်လား နဖူးပေါ်လက်တင်ပြီးစဉ်းစားကြည့်လိုက်ပါအုံး အပေါင်းအသင်းရောင်းရင်းများနဲ့တွေ့ဆုံတုန်းခဏ ပျော်လို့မဆုံးမော်လို့မဆုံးပေါ့ လောကကြီးမှာငါတို့သာလျှင်အပျော်ဆုံးထင်ခဲ့မိတာ သောက်မလား စားမလား သွားမလား လားမလား(လမ်းသလား) လာပြီးတော့ပြောမယ်မကြံနဲ့ဂရုမစိုက်ဘူး လက်ထဲမှာကိုင်ထားတာကြည့်လိုက်ပစ်ထည့်လိုက်မယ် အော်လိုက်ဟစ်လိုက်စည်းချက်အညီဆိုင်ကယ်လီဘာတွေမြင့် သံယောင်လိုက်အမှားတွေနောက်ကောက်ကောက်ပါအောင်လိုက်ရင်း ခဏတာပျော်ရွှင်မှုတွေကိုမက်မောတွယ်တာမိတာပေါ့ ဟုတ်သလိုလိုပျော်သလိုလိုအမှားတွေကိုဖက်တွယ်မိရင်း တန်ဘိုးရှိလှတဲ့နေ့တစ်နေ့နဲ့ညတစ်ညကိုလက်လွတ်ခဲ့ရပြီ မြင့်တက်လာတဲ့ဒီဂရီတွေကအကုသိုလ်ပုံရိပ်တွေနဲ့ ဘယ်လိုများဘဝကိုအဆုံးသတ်သွားမှာလဲလို့တွေးပူရင်း အိပ်မပျော်တဲ့ညတစ်ညကိုငါရလိုက်မိတဲ့နောက် နောင်တတရားကငါ့ကိုအနိုင်ယူသွားပြီဆိုတာသိလိုက်ရပြီ….။ ။ ဇွဲမာန်(အင်းဝ) 19.10.13(11း7PM) သီတင်းကျွတ်လပြည့်ညမှာ အပျော်လိုက်စားမိသူတွေအတွက် စိတ်မကောင်းဖြစ်မိခြင်း……။
