မနေ့က အိမ်မှာကိုယ်တိုက်ဆပ်ပြာကုန်နေ၍ ဆပ်ပြာတစ်တုံးဝယ်လာခဲ့သည်။ ထုပ်ပိုးပုံက သပ်သပ်ရပ်ရပ်နှင့် အကုန်လုံး အင်္ဂလိပ်လိုရေးထားသည်။ အစက နိုင်ငံခြားက လာတာထင်ထားတာ သေချာဖတ်ကြည့်မှ Made in Myanmar ဆိုတာတွေ့ရတော့ နည်းနည်း ဂုဏ်ယူမိသွားသည်။ တို့နိုင်ငံလည်း မခေဘူးပေါ့။ ဒါမျိုးတွေနိုင်ငံတစ်ကာနှင့် ရင်ဘောင်တန်းထုတ်နိုင်နေပြီပဲ။ ကျွန်တော်က လည်းအကျင့်တစ်ခုရှိတာက ကုန်ပစ္စည်းကြေညာလေးများတွေ့ရင် သေသေချာချာ လိုက်ဖတ်တတ်သည်။ အဲဒီ ဆပ်ပြာရဲ့ကြော်ငြာလေး ဖတ်ကြည့်ရင်းက ဘဝင်မကျတာလေးတွေ့လာသည်။ xxx promotes good health and safe hygiene. Herbal contents prevent itchiness and skin inflammation. (ဘာဆေးဖက်ဝင်အပင်တွေလဲမသိ) Naturally formulated menthol generates coolness and freshness all day long. […]
