တစ်ရွာလုံးကိုတမာရနံ့တွေလွမ်းခြုံထားတဲ့ညနေခင်းမိုးလေးဖွဲဖွဲကျနေတဲ့အချိန်မှာ ညာရွာထဲကိုလမ်းလျောက်ထွက်လာခဲ့တယ်လေ….. ကလေးတွေကစိမ်းစိုနေတဲ့သစ်ပင်ကြီးတွေအောက်မှာ….ပြေးလွှားဆော့ကစားနေကျတာပေါ့…(သူတို့လေးတွေကိုကြည့်ရတာညာတောင်ကလေးဘဝ ကိုပြန်ရောက်သွားသလိုလို.)……..အယ်ဟိုရှေ့ကရေခတ်ဆင်းလာတဲ့လုံမပျိုလေးတွေ….သနပ်ခါင်းပါးကွတ်ကြားလေးတွေနှင့်ကျက်သရေရှိပြီမဟာဆန်လိုက်တာ….. ရွာလည်ကွင်းပြင်ကျယ်ကြီးမှာချင်းခတ်နေတဲ့ကာလသားတစ်ချို.နှင့် အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ ဆေးတန်ခဲရင်းစကားစမည်ပြောနေတဲ့လူကြီးတွေရယ်ပေါ့…… မိုးလေးနှင့်အတူသယ်ဆောင်လာတဲ့တမာရနံ့လေးသင်းသင်းလေးကစိတ်ဘဝင်ကိုကြည်နူးဖို.ကောင်းလိုက်တာ………..ညာတောင်လျှောက်လာရင်းနှင့် ဆွဲလဲသံလေးတွေခေါ်ဆောင်ရာရွာထိပ်ကရွာဦးကျောင်းတောင်ရောက်ခဲ့ပြီလေ…ရွာထိ်ပ်တမာတန်းကြီးက လမ်းသွားလမ်းလာအများသူငါကို မင်္ဂလာပါလို့ နှတ်ဆက်နေသရောင် ထင်မိပါတယ်……. ဟိတ်ညာထတော့လေဘယ်အချိန်ရှိနေပြီလဲ…. ဟင်..ဒါဆိုငါအိပ်မက်မက်နေတာပေါ့…… အဲအချိန်မှာညာတကယ်ပဲပြုံးမိလိုက်ပါတယ်……….. မှတ်ချက်-ညာသည်စာရေးဆရာမဟုတ်ပါ သီးခံပြီဖတ်ပေးပါရှင်  


Nyein NyeinJune 15, 20121min025
ကိုကိုသန့် ရေးတဲ့ အောင်စာရင်းထွက်သော်လည်း ပို့စ်ကို ဖတ်ရင်းနဲ့  ရေးချင်စိတ်ပေါက်လာလို့ပါ။ ကိုကိုသန့်ပြောသလိုပါပဲ ကျောင်းသား(၄)မျိုး ရှိပါတယ်။ ၁ စာမေးပွဲကျလို့စိတ်ပျက်နေသူ` ၂ စာမေးပွဲအောင်လို့ပျော်ရွှင်နေသူ ၃ စာမေးပွဲအောင်ပြီး ဂုဏ်ထူးပါပေမဲ့ မှန်းသေလောက်မပါလို့စိတ်ပျက်နေသူ ၄ ဂုဏ်ထူးတွေ အများကြီးနှင့်ပျော်ရွှင်နေ တဲ့သူ ဒါပေမယ့် ယေဘုယျအနေနဲ့ အောင်သူနဲ့ ကျသူလို့ပဲ ခွဲပါတော့မယ်။ ကျတဲ့သူတွေကိုတော့ အထူးမပြောတော့ပါဘူး။ ဆက်ပြီးတော့ ကြိုးစားကြရမှာပေါ့။ အောင်တဲ့ကျောင်းသားတွေကကော ဘာဆက်လုပ်ကြမလဲ။  သူတို့ကိုမေးကြည့်ပါ။ ရေရာသေချာတဲ့ အဖြေထွက်ဖို့က နည်းပါတယ်။  တက္ကသိုလ်ဆက်တက်မယ်ဆိုတယ်။ ဘယ်တက္ကသိုလ်တက်မှာလဲဆိုရင် တက်မဲ့တက္ကသိုလ်ကို ပြောကြပါလိမ့်မယ်။ ဘာလို့ အဲဒီ့ တက္ကသိုလ်ကို တက်မှာလဲလို့ မေးရင်တော့ အမှတ်မီလို့လို့  ပြောတဲ့သူကများပါတယ်။ ဝါသနာပါလို့ ဆိုပြီး ပြောသူများရှိသော်လည်း အနည်းအကျဉ်းပါပဲ။ ကိုယ့်ဝါသနာနဲ့ ကိုက်တဲ့၊ ကိုယ်တကယ်တက်ချင်တဲ့ တက္ကသိုလ်တစ်ခုခုကို […]


alinsettJune 14, 20121min06
မေလ 28 ရက်နေ့တွင် ဖြစ်ပျက် ခဲ့သော အဖြစ်ဆိုးတစ်ခုအကြောင်းကြားသိရသောအခါ… ကျွန်တော် အံ့ဩရုံမျှမက.. တုန်လှုပ် ချောက်ချားခဲ့ရသည် ။ ရခိုင်ပြည်နယ် ၊ ကျောက်နီမော် ကျေးရွာ အုပ်စု ၊ သပြေချောင်းကျေးရွာမှ ရခိုင် အမျိုးသမီးငယ်. (မသီတာထွေး .) ကြုံခဲ့ရသော အဖြစ်သည် သွေးပျက်ဖွယ်ရာပင်..ဖြစ် ၏။ မသီတာထွေး..၏ အလောင်းကို ပြန်တွေ ့ရချိန်တွင်..အဝတ်အစားများ စုတ်ပြဲလျက်..၊ မုဒ်ိမ်းအကျင့် ခံထားရပါသည် ။ လည်ပင်းနှင့် နားရွက် နှစ်ဖက်ကို လှီးဖြတ်ခံထားရသည် ့ အပြင်… ညာဘက် ပုခုံးမှာ ဓါးဒဏ်ရာ…တစ်ချက်..၊ ရင်အုံ တစ်ဖက် တစ်ချက်စီ မှာ ဓါးဒဏ်ရာ တစ်ချက်စီ…၊ အဲဒါ အပြင်… ခါးအနောက်ဘက်မှာ ဓါးဒဏ်ရာ..တစ်ချက်….၊ ဘယ်လောက်များ..နာကျင် လိုက်လေမလဲ..၊ […]


ကွန်ပျူတာ မှာ ပရိုဂရမ်တစ်ခု ရေးရင် ဖြစ်နိုင်ချေ အကြောင်းတွေ အားလုံးကို စဉ်းစားပြီး ဒါဖြစ်ရင်ဒါလုပ် ဆိုပြီး If Pattern တွေ အများကြီး နဲ့စစ်ရပါတယ်။ များများ စဉ်းစားပြီး စစ်နိုင်လေ ကိုယ့် ပရိုဂရမ် မှာ လွဲချော်မှု နဲ ပြီး စိတ်ချရ လေ ဖြစ်ပါ တယ်။ ဒါပေမဲ့ ဘယ်လောက်စစ်စစ် မမြင်ခဲ့လိုက်တဲ့ ဟာကွက်တွေ အများကြီး တွေ့ ခဲ့ဘူးပါတယ်။ အခုရက်ပိုင်း ကျွန်မ ခေါင်းထဲမှာ အကယ်၍သာ ဆို တဲ့ If တစ်ခု ရှိပါတယ်။   ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီး စပါပြီ။ အဲဒီမှာ အများစု မေးမဲ့ အသေချာဆုံး ကိစ္စကတော့ ရိုဟင်ဂျာအရေး ပါဘဲ။ […]


Wai PhyoeJune 13, 20122min08
ဘယ်Anti Virus ကိုဝယ်သူသုံးစွဲကြမလဲ၊ဘယ်Anti Virus ကကိုယ့်အတွက်အဆင်ပြေနိင်မလဲ? ကွန်ပျူတာနည်းပညာကြီးတိုးတက်လာသည်နှင့်အမျှ Computer Virus များကလည်းတသီကြီးပါလာတတ်ကြသည်။တချို့ Virus များဆိုလျှင် Hard Disk ကိုအရည်ကျိုသလိုပျက်ဆီးသွားနိင်သည် အထိကိုအဖျက်စွမ်းအားကြီးကြပါသည်။သို့နှင့်ပင်ထို Virus များကိုတိုက်ခိုက်ရန် Anti Virus များကလည်းဈေးကွက်တွင်းသို့တစ်မပာုတ်ခြင်းဝင်ရောက်လာကြသည်။Anti Virus တစ်ချို့ကလည်း Performance မြင့်ကြသည်။တချို့ကလည်းအားနည်းချက်များရှိနေကြသေးသည်။ထိုထဲမှာမိမိအတွက်အဆင်ပြေမည့် AntiVirus များကိုယခုတစ်ပတ်အတွက်တင်ပြလိုက်ပါသည်။ 1.Bitdefender Anti-Virus Bitdefender ကတော့အကောင်းဆုံးစာရင်းဝင်ဖြစ်ပြီး တော်တော်လေးကိုလုံခြုံမှူပေးစွမ်းနိင်ပါသည်။သုံးစွဲရလွယ်ကူပြီးUserFriendly လည်းဖြစ်သည့်အတွက်အတော်လေးသုံးကြပါသည်။ နောက်ထပ်အားသာချက်မှာBitdefender သုံးသူများအတွက်မိမိစက်မလေးအောင် အထူးဒီဇိုင်းဆွဲထားခြင်းဖြစ်ပါသည်။သို့သော်စက်ကိုအနည်းငယ်တော့လေးစေပါသည်။KeyLogging တွေ ကိုပါရှာဖွေနိင်သဖြင့် Hacker များရန်မှအတော်အတန်ကာကွယ်နိင်ပါသည်။ 2.Kaspersky Anti-Virus အကောင်းဆုံးစာရင်းဝင်ကာမြန်မာနိင်ငံတွင်အသုံးများဆုံးသောAnti-Virus ဖြစ်ပါသည်။Scan ဖတ်ရာတွင်လည်းမြန်ဆန်မှူတိကျမှူရှိပါသည်။Update တော့မှန်မှန်လုပ်ရန်အလွန်အရေးကြီးပါ သည်။အားသာချက်မှာစက်လုံးဝမလေးခြင်းဖြစ်ပါသည်။သို့သော် License သက်တမ်းကုန်ခါနီးပါက စက်အချို့တွင် Refresh လုပ်ရန်ပင်၁၅second အထိကြာမြင့်တတ်သည်အထိစက်လေး သည်မှာလည်း အားနည်းချက်တစ်ခုဖြစ်ပါသည်။မည်သို့ဆိုစေ Disabled […]


Wai PhyoeJune 13, 20121min015
ကျန်းမာသန်စွမ်းသော သုက်ပိုးထွက်ရှိမှုအတွက် အဓိကကျသည့် မျိုးဗီဇကို စကော့တလန်မှ ပညာရှင်များက လေ့လာတွေ့ရှိခဲ့ပြီးနောက် အမျိုးသားများ သောက်သုံးနိုင်သည့် ပဋိသန္ဓေတားဆေး ထုတ်လုပ်နိုင်ရန် မျှော်လင့်လာနိုင်ပြီ ဖြစ်သည်။ သုက်ပိုးထုတ်လုပ်ရာတွင် နောက်ဆုံးအဆင့်များအတွက် အရေးပါသော Katanal1 အမည်ရ မျိုးဗီဇကို ကြွက်များတွင် လေ့လာရာ၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ Katanal1 မျိုးဗီဇကို တားဆီးနိုင်သော ဆေးဝါး ထုတ်လုပ်နိုင်မည် ဆိုလျှင် အမျိုးသားက ယင်းဆေးကိုသောက်ရုံဖြင့် ပဋိသန္ဓေ တားနိုင်မည်ဖြစ်သည်။ ယခုအချိန်အထိ အမျိုးသားဘက်က ပဋိသန္ဓေတားရန်အတွက် ပုံမှန်အားဖြင့် ကွန်ဒုံးသုံးခြင်းနှင့် သားကြောဖြတ်ခြင်း၊ ထုံးခြင်းကိုသာ ပြုလုပ်၍ရသေးသည်။ အီဒင်ဘာ့ဂ်တက္ကသိုလ် မျိုးဆက်ပွား ကျန်းမာရေးဌာနမှ သုတေသနပညာရှင်များက အမျိုးသားများ မျိုးမအောင်မှုနှင့်ပတ်သက်ပြီး သုတေသန ပြုလုပ်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကြွက်များတွင် မျိုးဗီဇကို ကြုံရာကျပန်းပြင်ပစ်ကာ မည်သည့်မျိုး ဗီဇချို့ယွင်းလျှင် မျိုးမအောင်ဖြစ်တတ်သနည်းဆိုခြင်းကို […]


Wai PhyoeJune 13, 20122min010
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဆူပူအကြမ်းဖက်မှုများသည် လက်ရှိတွင် ရက်သတ္တပတ်နီးပါး ကြာမြင့်လာပြီဖြစ်ပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာမှုများ ပြုလုပ်ခဲ့သော်လည်း အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။ ရခိုင်တိုင်းရင်းသား နည်းပါးသော မြို့နယ်များဖြစ်သည့် မောင်တော၊ စစ်တွေ စသည့်မြို့များတွင် အကြမ်းဖက်မှုများ အဓိက ဖြစ်ပွားနေခြင်းဖြစ်ပြီး အခြားသော ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ သံတွဲ စသည့်မြို့များတွင်မူ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခြင်း မရှိကြောင်း၊ အလားတူပင် မြန်မာနိုင်ငံ မြို့ကြီးအသီးသီးတွင် လူမျိုးဘာသာပေါင်းစုံ အေးချမ်းစွာ နေထိုင်လျက်ရှိကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ်အတွင်း၌ ဇွန်လ ၄ ရက်နေ့မှစတင်ပြီး မောင်တောမြို့တွင် အကြမ်းဖက်မှုများ စတင်ဖြစ်ပွားလာကာ မောင်တောနှင့် ဘူးသီးတောင်မြို့တို့၌ ရိုက်နှက်ခြင်း၊ လုယက်ခြင်းတို့ကြောင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့သည်။ ထို့နောက် စစ်တွေမြို့တွင် […]


Wai PhyoeJune 12, 20122min02
၂၀၀ဝ ပြည့်နှစ်လောက်က ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနတွင် ဌာနတွင်း စာတမ်းဖတ်ပွဲများကို အပတ်စဉ် သောကြာနေ့တိုင်း ကျင်းပခဲ့ရာ မိမိလည်း ပတ်ဝန်းကျင်ဆိုင်ရာ စာတမ်းလေးတစ်ခု ဖတ်ဖြစ်ခဲ့သည်။ စာတမ်းတွင် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများနှင့် ၎င်းတို့ဖြစ်ပေါ်ရ ခြင်း၏ အကြောင်းရင်းများ ထိုစဉ်က မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု အခြေအနေများကို စု၊တု၊ ပြု၍ အကျဉ်းဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း နာယက ပါမောက္ခဒေါက်တာဦးသိန်း (ငြိမ်း)ပြုစုပြီး အခြေခံပညာဦးစီးဌာန အလယ်တန်း အထွေထွေသိပ္ပံဘာသာရပ်တွင် ပြဋ္ဌာန်းထားသည်။ ”မြေကမ္ဘာ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ခြင်း ”အခန်းတွင် ကမ္ဘာမြေ၏ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု အဓိက ဖြစ်ရပ်များကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။ (၁) လေထုညစ်ညမ်းမှုနှင့် ကမ္ဘာကြီးပူနွေးလာမှု (၂) အိုဇုန်းလွှာပျက်စီးမှု (၃) […]


Wai PhyoeJune 12, 20121min06
လိုအပ်ပါက စာရိုက်ရန်၊ ဖုန်းနံပါတ်နှိပ်ရန်၊ အဝေးထိန်းခလုတ်အဖြစ်သုံးရန် လိုအပ်သလို ခလုတ်များ ဖောင်းကြွထွက်လာနိုင်ပြီး အသုံးမလိုတော့ပါက ပုံမှန်အတိုင်း မျက်နှာပြင် ပြန်ပြားသွားသည့် ဖန်သားပြင်တစ်မျိုးကို စမ်းသပ် ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ အနာဂတ်တွင် ယင်းဖန်သား ပြင်စနစ်ကို စမတ်ဖုန်းနှင့်သင်ပုန်း ကွန်ပျူတာများတွင် အသုံးပြုသွားနိုင်မည်ဖြစ်သလို ဂီတတူရိယာအဖြစ်ပါ သုံးနိုင်မည်ဟု မျှော်လင့်ထားသည်။ အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်အခြေစိုက် Tactus ကုမ္ပဏီကဖန်တီးသည့် ယင်းဖန်သားပြင်မှာ ပုံမှန်ထိတွေ့ မျက်နှာပြင်များကဲ့သို့ပင် ထုထည်ထူထဲခြင်း မရှိဟုလည်း ဆိုသည်။ ယခုနည်းပညာသည် လက်ရှိသုံးစွဲနေသော ထိတွေ့မှုကို တုန်ခါမှုဖြင့် တုံ့ပြန်သည့် စနစ်ထက် များစွာ အဆင့်မြင့်ပြီး ပိုမိုအဆင်ပြေစေနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ မျက်နှာပြင်ပေါ်မှ လိုအပ်သလို ဖောင်းကြွထွက်လာမည့် ပကတိ ခလုတ်များနှင့်မခြား ထိတွေ့ ခံစားနိုင်သည့် ခလုတ်များသည် မလိုသည့် အချိန်တွင် ဖန်သားပြင်တွင်းသို့ […]


silver heroJune 11, 20121min01
လူတိုင်းတွင် ငယ်စဉ်မှစ၍ဖြတ်သန်းခဲ့ရသော ဘဝမှတ်တိုင်တွင် မေ့ပျောက်၍မရနိုင်သောအဖြစ်အပျက်နှင့် မှတ်သားစရာများစွာတို့သည် ပစ္စုပ္ပန်တိုင်အောင် အသိဉာဏ်တွင်စွဲကျန် နေတတ်သည်။ ရှေးလူကြီး များ၏ ဆုံးမစကားများနှင့် ထုံးတမ်းစဉ်လာများသည် ယနေ့မျက်မှောက်ခေတ်တွင် စကားပုံအနေဖြင့်လည်းကောင်း၊ အလေ့ အထများအဖြစ်လည်းကောင်း လိုက်နာကျင့်သုံးလျှက်ရှိသည်။ ကျွန်မငယ်စဉ်အခါ ကျေးဇူးရှင်ဖခင်ကြီးသင်ပေးခဲ့သောကဗျာ သည်ယနေ့အချိန်တိုင် မေ့ပျောက်၍မရအောင် ရှိခဲ့သည်။ ထိုကဗျာလေးနှင့် ထပ်တူကျသော နေ့ရက်များသည်လည်းကြုံဆုံ လာခဲ့ရလေသည်။           ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ကန်ကြီးဒေါင့်ကျေးရွာတွင် အဖဦးတင်လှ ၊ အမိဒေါ်တင်မြတို့မှ 1956ခုနှစ် တွင်ကျွန်မကိုမွေးဖွားခဲ့ပါသည်။ မွေးချင်း(၉)ယောက်ရှိ၍ ကျွန်မမှာသတ္တမမြောက်သမီးဖြစ်ပါသည်။ ကျွန်မ၏မိဘနှစ်ပါးမှာ တောင်သူလယ်သမားများဖြစ်ကြသည်။ ကျွန်မမွေးကင်းစတွင် ဖခင်ကြီးမှ ဒေါင်းမလေးဟု နံမည်ပေးခဲ့သည်။           ကျောင်းတက်ရမည် အရွယ်သို့ရောက်သော် မိခင်မှကျောင်းအပ်ရမည်ဟုပြောလာသည်။ ကျွန်မ၏စိတ်တွင်ကျောင်း နံမည်လှလှလေးလိုချင်စိတ်ဝင်လာခဲ့သည်။ ညနေခင်း ဖခင်ကြီးလယ်ထဲမှ ပြန်လာချိန်တွင် ဖခင်ကြီးအားလည်ပင်းမှသိုင်း ဖက်၍ ကျောင်းအပ်လျှင်နံမည်လှလှလိုချင်ကြောင်း၊ […]


manawphyulayJune 9, 20121min013
ပုံပြင်လေးတစ်ပုဒ်ကို ပြောဖို့ အကြောင်းဖန်လာပါပြီ။ ဒီပုံပြင်လေးကတော့ ခု ကိုဆာမိရဲ့ နာမည်ပြောင်းသင့် မသင့် ရေးလာတဲ့ ပိုစ့်လေးကို ဖတ်မိပြီးတော့ ဒီအကြောင်းအရာလေး ပြောချင်တာပါ။ ပုံပြင်တစ်ပုဒ်လို့ ဆိုလို့ရမှာပေါ့ရှင်။ ဟိုးရှေးရှေးတုန်းကပေါ့… ရွာလေးတစ်ရွာမှာ အရမ်းချစ်တဲ့ သူငယ်ချင်းနှစ်ယောက် ရှိပါတယ်။ သူတို့နှစ်ယောက် ဘယ်လောက်ချစ်လဲဆိုရင် ဘာလုပ်လုပ် အတူတူလုပ်ပါတယ်။ စီးပွားရေးကအစ စပ်တူလုပ်တယ်ပေါ့။ သူတို့နှစ်ယောက်ရဲ့ နာမည်တွေက တစ်ယောက်က ဆာမိလို့ ပေးထားပြီးတော့ တစ်ယောက်က မူတူးလို့ သူတို့မိဘတွေက ပေးထားကြပါတယ်။ မွေးတုန်းကလည်း တူတူမွေးပြီး ကြီးပြင်းတော့လည်း တူတူပေါ့။ တစ်နေ့တော့ သူငယ်ချင်းနှစ်ယောက်က တိုင်ပင်မိကြတယ်။ သူငယ်ချင်း ငါတို့နှစ်ယောက် စီးပွားရေးလည်း တူတူလုပ်ကြတယ်။ ဘာပဲဖြစ်ဖြစ် တူတူလုပ်ဖြစ်တယ်။ ဒါပေမယ့် ငါတို့ အတူတူ အလှူအတန်းမလုပ်ဖြစ်သေးဘူး။ ဒီတော့ ငါတို့နှစ်ယောက် အလှူစပ်တူပြုမယ်လို့ […]


ဒီခေါင်းစဉ် အတိုင်း ရွာထဲ က တစ်ယောက်ကို ရင်ခုန်အောင် လုပ်ပါ့မယ်။ အပျော်သဘော ပေါ့။ 😉 ကျွန်မ ရွာထဲ မှာ စာတစ်ပုဒ် ကို ၂၀၁၁ စက်တင်ဘာလ ထဲ မှာ စပြီး တင်ခဲ့ပါတယ်။ ကျွန်မ ရဲ့  မှာ စစချင်းမှတ်ချက် (၃) ခု ရခဲ့ပါတယ်။ ကျွန်မ ကို မှတ်ချက် ပေးသူတွေ က မမ က  ဒုတိယပေးသူ မောင်မှော် က တတိယ ပေးသူ အစ်မ အေး က နဲနဲ လေးကြာတော့ (၄) ယောက် မှတ်ချက်ပေးသူ ဖြစ်ခဲ့ပါတယ်။ သူတို့ အားလုံး နဲ့ ကျွန်မ ရင်းနှီးချစ်ခင်ခဲ့တယ်။ မမ […]