အမုန်း မီးတောက်များ..ငြိမ်းစေဖို ့..လိုအပ်ချက်ကလေးတစ်ခု ။

alinsettJune 14, 20121min06

မေလ 28 ရက်နေ့တွင် ဖြစ်ပျက် ခဲ့သော အဖြစ်ဆိုးတစ်ခုအကြောင်းကြားသိရသောအခါ…

ကျွန်တော် အံ့ဩရုံမျှမက.. တုန်လှုပ် ချောက်ချားခဲ့ရသည် ။

ရခိုင်ပြည်နယ် ၊ ကျောက်နီမော် ကျေးရွာ အုပ်စု ၊ သပြေချောင်းကျေးရွာမှ ရခိုင် အမျိုးသမီးငယ်. (မသီတာထွေး .)

ကြုံခဲ့ရသော အဖြစ်သည် သွေးပျက်ဖွယ်ရာပင်..ဖြစ် ၏။

မသီတာထွေး..၏ အလောင်းကို ပြန်တွေ ့ရချိန်တွင်..အဝတ်အစားများ စုတ်ပြဲလျက်..၊

မုဒ်ိမ်းအကျင့် ခံထားရပါသည် ။ လည်ပင်းနှင့် နားရွက် နှစ်ဖက်ကို လှီးဖြတ်ခံထားရသည် ့ အပြင်…

ညာဘက် ပုခုံးမှာ ဓါးဒဏ်ရာ…တစ်ချက်..၊

ရင်အုံ တစ်ဖက် တစ်ချက်စီ မှာ ဓါးဒဏ်ရာ တစ်ချက်စီ…၊

အဲဒါ အပြင်… ခါးအနောက်ဘက်မှာ ဓါးဒဏ်ရာ..တစ်ချက်….၊

ဘယ်လောက်များ..နာကျင် လိုက်လေမလဲ..၊

ရက်ရက် စက်စက် သတ်ဖြတ်မှုကြီး ၏ အကြောင်းရင်းခံဟာ..ဘာလဲ..လို ့ကျွန်တော် ..တွေးနေမိသည် ။

မုဒိမ်း ကျင့်ပြီး..လူသတ်သွားသည် ့အပြင်…အမျိုးသမီးငယ် ၏ ရွှေထည်..ပစ္စည်းများကိုပါ.. လုယူသွားခဲ့သေးသည်..တဲ ့။

တရားခံများကို…ဘဂါင်္ င်္လီလူမျိုး ၊ အစ္စလာမ် ဘာသာဝင် တစ်ဦးက…ဦးဆောင်သည်ဟု ဖတ်ရပါသည် ။

ဒဏ်ရာ ဒဏ်ချက်ပေါင်းများစွာ..ဖြင့် မရှုမလှ သေကြေအောင်..ရက်စက်ခဲ့သောကြောင့်..အကြောင်းရင်းခံများထဲတွင်..

လုူမျိုးရေး မုန်းတီးမှုလည်း..ပါဝင်မည် ထင်ပါသည် ။ ထို ့အပြင် လောဘစိတ် ပါမည် ။ ဒေါသစိတ် ပါမည် ..။

မောဟ စိတ်လည်း..ပါဦးမည်..။ အဲဒါတွေ အပြင်..သွေးဆာနေသော.. သားရဲများလို…ပူလောင် ဆူပွက်သော..ရမ္မက်များလည်း..ပါဝင်ပါလိမ့်မည် ။

အဲသည်လို ရက်ရက်စက်စက်….ကျူးလွန်မှုများ ဖြစ်မလာဖို ့…မလိုအပ် ဘူးလား…။

လူမျိုးတစ်မျိုးရဲ ့ဂုဏ်သိက္ခာ….ကို..မြင့်မြတ်ကြောင်း ပြသနိုင်ဖို ့…အဲသည်လို ရက်စက်မှုများ..ကင်းစင်နေဖို ့ လိုအပ်ပါမည်..။

မကြားဝံ့ မနာသာ..သော…ထို ဖြစ်ရပ်ဆိုးမျိုး..ကင်းစင်ဖို ့ဆိုလျှင်….

အရေးကြီးသော..အချက်တစ်ချက်..လိုပါသည် ။

ထိုအချက်မှာ…

” လူသားချင်းစာနာထောက်ထားမှု….” ဖြစ်ပါသည် ။
______________________________________________________

လူသာချင်း စာနာထောက်ထားခြင်း. ( သို့ မဟုတ်.)

လူသားချင်းချစ်ခင်ကြာင်နာခြင်း…..ရှိမှ…

တစ်ယောက်ကို တစ်ယောက်…ညှာတာထောက်ထားပြီး.အမြင် ကြည်မည် …။

အမြင်များ..ကြည်လင်နေမှ…. တစ်ဖက်ကို တစ်ဖက်က ငဲ့ညှာသော အတွေးများ တွေးပေးနိုင်ပါလိမ့်မည် .။

လွန်ခဲ့သော.တစ်ပါတ်လောက်က ဒေါ်အောင်ဆန်းစုကြည်ပြောသွားသော စကားလို…

လူများစုက လူနည်းစုကို ညှာတာ.ရပါမည် ။

ညှာတာနိုင်ဖို ့….လူသားချင်း..စာနာထောက်ထားခြင်း.ဆိုသော..မူ..ကို လက်ခံကျင့်သုံးရမည် ထင်သည် ။

အမုန်းမီးတောက်များ…တောက်လောင်စေခဲ့သော…ရက်စက်မှုများ..မဖြစ်စေဖို ့…

လူသားချင်းစာနာထောက်ထားမှုကို….

တစ်ဦးချင်းစီမှ စ၍…. လက်ခံ ကျင့်သုံးရန်…………. လိုအပ်မည် ထင်ပါသည် ။

_____________________________________

နိုင်ငံတစ်ခု..၊ လူ ့အဖွဲ ့အစည်းတစ်ခု…ထဲတွင်…မတူကွဲပြားသော လူမျိုးပေါင်းစုံ..၊

ဘာသာပေါင်းစုံ..၊ အတွေးအခေါ်..အယူဝါဒ ပေါင်းစုံ…အတူ ယှဉ်တွဲ နေထိုင်ကြရပါသည် ။

တစ်နေရာတည်းမှာ…

အတူ ရပ်တည် နေကြရချိန်မှာ…

မတူကွဲပြား..ခြားနားခြင်းကြောင့်….

တစ်ဖက် ကို တစ်ဖက်က မုန်းတီးနေကြရင်ဖြင့်…..

အဲသည် ..နေရာဟာ..ဖရိုဖရဲ….ပြိဲုကွဲ သွားပါလိ်မ့်မည်..။

လူမျိုးရေး…မုန်းတီးမှုများနှင့်…

အငြှိုးတကြီး…လက်စားချေ ..ရက်စက်မှုကြီးများကြောင့်တော့….

ဘယ်သူ ့အတွက်မျှ..ကောင်း မလာနိုင်ပါ ……။

ကိုယ် ့လူမျိုး ၏ ဂုဏ်သိက္ခာ ကို ကိုယ် ့ကြောင့်…မြှင့်တင် မပေးနိုင်လျှင်တောင်….

ကိုယ် ့လူမျိုး၏ ဂုဏ်သိက္ခာ…ကိုယ့်ကြောင့် ကျဆင်း..ညှိုးနွမ်းမသွားအောင်…

ထိန်းသိမ်းနိုင်ရပါမည်.။

____________________________________

မေလ 28 ရက်နေ ့မှာ စတင်လိုက်သော….ရက်စက်မှု တစ်ခုသည်….

အားလုံးကို..မငြိမ်းချမ်းအောင်…ရှို ့ပေးလိုက်သော….. မီးတောက်တစ်ခု..ဖြစ်သွားမည်.ဆိုလျှင်……

______________________________________

အာဃာတ နှင့်မုန်းတီးမှုများ ကြားမှ….

ရုန်း မထွက်နိုင်လျှင်….

အဆုံးသတ်သည်….

ကြီးမားသော..ပျက်စီး.ဆုံးရှုံးမှုကြီးများ..ဖြစ်လာတော့မည်…။

________________________________________

မေလ 28 ရက်မှာ ဖြစ်ခဲ့သော..

ပြစ်မှုကြီး၏ တရားခံမှာ…သူ ့အဆုံးသတ်ကို.သူကိုယ်တိုင် ရွေးချယ် သွားခဲ့သည် .။

သူ ဝတ်ထားသော ပုဆိုးကို အသုံးပြုကာ…

ကြိုးဆွဲ ..ချ၍ မိမိကိုယ် မိမိ သေကြောင်း ကြံစည် သွားခဲ့သည်။

အဲဒါ…..သူ..နိုုင် လိုက်တာ လား…။

ရှုုံးသွားတာလား..။

မသီတာထွေး တစ်ယောက်…ပိုးစိုးပက်စက် ရှုံးနိမ့်ခဲ့တာတော့..သေချာပါသည် ။

ပြိုင်ပွဲ တစ်ခု ဟု…အသေအချာ မပြော နိုင်သော်လည်း………….

မသီတာထွေးရင်နာစရာကောင်းလောက်အောင်..ရှုံးနိမ် ့ခဲ့ရပါသည် ။

_______________________________________

ပြန်မတွေးချင်လောက်အောင်….

ရက်စက်သော…ဖြစ်ရပ်များ…မုန်းတီးမှုများ မီးစ များလို….. ပွားများ…မလာအောင်….အားလုံးက ဝိုင်းဝန်း၍…

ငြှိမ်းသတ်ကြရအောင်….. ။

မီးလောင်ခြင်းကို လောင်စာများဖြင့် ပစ်သွင်း၍ ..မလောင်အောင် တားလျှင်.လောင်စာကြောင့် ပိုလောင်လာ နိုင်ပါသည် ။

ထိုေ့ကြာင့်…………………….

ရေစင်ရေအေးများ..သယ်ဆောင် လာပေးပါရစေ….။

________________________________________

လူသားချင်းစာနာထောက်ထားမှု…..၊ ကိုယ်ချငု်းစာနာ ညျာတာ မှု ဆိုသော….

ရေစင်အေးဖြင့်…..

အမုန်းမီးတောက်များကို….

ငြှိမ်းသတ်ပေးကြပါ..လို ့….။

__________________________________________

ကမ္ဘာကြီးကို ငြိမ်းချမ်းစေချင်သော…..

လေးစားစွာ…ဖြင့်…

အလင်းဆက်

ဝန်ခံချက် ။ ။ပြစ်မှုဆိုင်ရာ သတင်းကို…

7 Day news / journal / Vol . 11 , no .14 . June , 14 .2012

မှ…ကိုးကားပါသည်။

မည်သူ ့ကိုမှ စော်ကား.အပြစ်တင်လိုစိတ်မရှိပါ ။

လူသားအားလုံး၏ နေရာ…. ငြိမ်းချမ်းသာယာ.စေချင်သော…

စိတ်ဆန္ဒ တစ်ခု ကို.အကြောင်းပြု၍ ရေးသော..စာတစ်ပုဒ်ဖြစ်ပါသည်။

တစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာစေသော..စာသားများ ပါဝင်နေလျှင်…

ကျွန်တော့် အရေးအသား ညံ့ဖျင်းမှုနှင့်..

မသိနားမလည်မှု ကို ခွင့်လွတ်နားလည်ပေးကြပါရန်….

တောင်းပန် အပ်ပါသည် ။

လေးစားစွာဖြင့် ………………

6 comments

  • သားဦး၊မြေးဦး

    June 14, 2012 at 9:41 pm

    ကိုအလင်းဆက်ရေ —–အဲ့ဒီပြစ်မှုရဲ ့နောက်ဆက်တွဲဖြစ်ရပ်တွေ ဟာ လုံးဝကို
    ထင်မှတ်မထားတဲ့ အကွက်ကျကျ ဖြစ်ရပ်များလော သံသယနှင့်သာ—

    Reply

  • unclegyi1974

    June 14, 2012 at 10:09 pm

    ပါကစ္စတန် အပါအဝင်အရှေ့အလယ်ပိုင်းနိုင်ငံတွေအကုန်လောက်ဟိုးယခင်ကဗုဒ္ဓဘာသာ
    နိုင်ငံတွေဖြစ်ခဲ့ဖူးတယ်လို့မှတ်သားဖူးပါကြောင်း
    အဲဒီနိုင်ငံတွေအခုဘယ်ဘာသာကိုးကွယ်နေကြတယ်ဆိုတာအားလုံးသိမယ်ထင်ပါတယ်
    ဘယ်လိုကြောင့်အခုလိုဖြစ်သွားတယ်ဆိုတာပြန်လေ့လာကြည့်ရင်အဖြေတခုရမယ်ထင်ပါတယ်
    မီးတောက်ကနိုင်နေတာလား
    ရေအေးကနိုင်နေတာလား

    Reply

  • Lwin Aung

    June 15, 2012 at 12:02 am

    Civil war must be stop organized with Federal states in Myanmar. All of Myanmar should try to develope to our country individually. After that it should be welcome to any problem solved by anyway.

    Reply

  • အလင်းဆက်

    June 15, 2012 at 7:08 pm

    မနေနိုင်တော့လို ့ရေးလိုက်တဲ ့ပိုစ့်ပါ..။

    အားလုံးကို ခင်မင်လေးစားလျက်ပါ ။

    Reply

  • padonmar

    June 15, 2012 at 7:42 pm

    ထောက်ခံပါတယ် အလင်းဆက်
    sympathy ခေါ်တဲ့ ကိုယ်ချင်းစာမှု ရှိရင် အရာရာ လှပသွားမှာပါ။

    Reply

  • အလင်းဆက်

    June 17, 2012 at 6:23 pm

    padonmar..ရေ. သဘောထားချင်း တူညီတယ်.ဆိုလို ့ဝမ်းသာပါတယ်။

    သားဦး.နဲု ့ အန်ကယ်ကြီးကိုလည်းကျေးဇူးတင်ပါတယ်။

    Civil war must be stop organized with Federal states in Myanmar. All of Myanmar should try to develope to our country individually. After that it should be welcome to any problem solved by anyway.
    တိုင်းပြည်ရဲ့ အုပ်ချုပ်ခွင့်ရ ပြည်နယ်တွေဟာ အချင်းချင်းစုစည်းပြီး
    ပြည်တွင်းစစ်ကို ရပ်တန့်ရပါမယ်တဲ့။ မြန်မာတိုင်းဟာ
    (လူတစ်ဦးချင်းစီကိုဆိုလိုတာ) ကိုယ့်တိုင်းပြည်ဖွံ့ဖြိုးဖို့
    ကိုယ်စီကိုယ်င ကြိုးစားကြရပါမယ်တဲ့။ ဒါဆိုရင် ပြဿနာတွေ ပြေလည်မယ်ပေါ့။

    င်္ဒီလို ဘာသာပြန်ရင် ရမယ် မဟုတ်လား…ကိုလွင်အောင်…
    သဘောထားတစ်ခုကို တင်ပြသွားလို ့ ကျေးဇူးပါ။

    ကျွန်တော်လည်း..ဒီလို ဖြစ်ရပ်တွေ ကို မဖြစ်စေချင်တာ ကြောင့်..
    အဲဒီ ဖြစ်ရပ်တွေ.ကို ဖတ်ရကြားနေရတော့ မနေနိုင် မထိုင်နိုင်နဲ ့ရေးမိတယ် ။

    ကျွန်တော်တို့ တိုုင်းပြည်မှာက……လိုအပ်ချက်တွေများနေတာ.။
    လိုနေတာတွေက ရမလာပဲ. မလိုအပ်တာတွေချည်း..ဖြစ် ဖြစ်လာတာလေ.။

    Reply

Leave a Reply

Your email address will not be published.