“ကဲ………. ဟေ့ကောင်တွေ ၊….. အားလုံး တန်းစီကြ” မနက်လင်းလို့ ထမင်းလှော်နဲ့ကော်ဖီလွေးပြီး ကွင်းမဆင်းခင် ယောင်တောင်ပေါင်တောင်လုပ်နေတဲ့ မောင်ကျောက်တို့တစ်အုပ်ကို ဆရာဝင်း ဓမ္မာရုံအဝကနေ လှမ်းအော်လိုက်ပါတယ် ။ မောင်ကျောက်တို့လည်း အပျင်းကြောဆွဲ ၊ ဇက်ချိုး ခါးချိုး ၊ လေးလေးပင်ပင်နဲ့ ဘုန်းကြီးကျောင်းဘေးကကွက်လပ်မှာ တဝါးဝါးသမ်းရင်း တန်းစီရတာပေါ့ဗျာ ၊ ဘယ်တတ်နိုင်ပါ့…… ပင်ပန်းမယ့်ဇာတာပါလာတာကိုး ။   “ဒီနေ့ဈေးနေ့၊ ညနေ အသားဟင်းကျွေးမယ် ၊ ဝက်သားစားမယ့်သူစာရင်း ၊ အမဲသားစားမယ့်သူစာရင်းပေး ။ ပြီးတော့ ဘိုကစ်(ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဓာတ်ခွဲခန်းလုပ်သား ဦးကစ္စနား) နဲ့ ဈေးလိုက်သွားပြီး ထမင်း ၊ ဟင်း ကူချက်မယ့်ကောင် ရှေ့ထွက် ။ ဟိုနားက….. ဒို့မြန်မာမူဆလင်ငါးယောက်….. ၊ မင်းတို့အထဲကရော….. ဘယ်ကောင် ချက်မှာလဲ” […]


ကျွန်မ နယ်ကို တစ်ခါပြန်ရင် ပြောစရာတစ်ခု ရလာတတ်ပါတယ်။ သုံးလေးလနေမှ တစ်ခါ၊ တစ်ခါတစ်လေများ တစ်နှစ်နေမှ တစ်ခါလောက်ပြန်ဖြစ်တဲ့အတွက်ရယ်၊ နယ်က သူငယ်ချင်းတွေနဲ့ကလည်း အမြဲတမ်း မဆက်သွယ်ဖြစ်တာရယ်၊ အိမ်နဲ့ဖုန်းပြောရင်လည်း မိသားစုကိစ္စလောက်ပဲ ပြောဖြစ်တာရယ်ကြောင့် နယ်မြို့လေးရဲ့ သတင်းတွေနဲ့ အဆက်ပြတ်နေတတ်ပါတယ်။ ဒီတစ်ခေါက်ပြန်တော့ ကြားရတဲ့သတင်းတွေကတော့ စိတ်မသက်သာစရာတွေပါပဲ။ ပြောရင်လည်း ကိုယ်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်မှာဆိုပေမယ့် ရန်ကုန်မြို့နဲ့ (၄၆) မိုင်သာဝေးတဲ့ နယ်မြို့လေးမှာ ဘာတွေဖြစ်နေလဲဆိုတာ ပြောပြချင်လို့ပါ။ ကျွန်မ အိမ်ပြန်တိုင်း ကျွန်မရဲ့ ငယ်ဆရာမဆီကို အရင်ဆုံးသွားလေ့ရှိပါတယ်။ ပညာရေးကို စိတ်ဝင်စားတဲ့ ကျွန်မနဲ့ ဆရာမတို့ နှစ်ယောက်သား ပညာရေးအကြောင်း၊ ဆရာတွေအကြောင်း၊ ကျောင်းသားတွေအကြောင်း၊ ကျောင်းအကြောင်း စသဖြင့် အကြောင်းအရာပေါင်းစုံ စကားလက်ဆုံကျဖြစ်ပါတယ်။ ဒီတစ်ခါတော့ နည်းပညာတိုးတက်မှုနဲ့ အချိန်မတိုင်သေးတဲ့ သင်ကြားမှုနောက်ကွယ်က ကျောင်းသားတွေအကြောင်းကို သိခဲ့ရပါတယ်။ […]


:gee: စိတ်နဲ့ကိုယ် သဘောထားခြင်း မတိုက်ဆိုင်ခဲ့ပါသော်လည်း :buu: လူတိုင်းလူတိုင်း ဘဝမှာ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် သဘောထားခြင်းမတိုက်ဆိုင်ပါပဲ တနည်းဆိုသော် စိတ်ထဲကမပါပဲ ပြုမူလိုက်ရတဲ့အပြုအမူ အပြောအဆိုတွေ များစွာရှိနိုင်ပါတယ်။ အထူးသဖြင့် လူယဉ်ကျေးတွေလို့ ခေါ်ဝေါ်သတ်မှတ်ထားတဲ့ အသိုင်းအဝိုင်းအစုအဝေးတွေမှာဆိုရင် ပိုလို့တောင် ဖြစ်နိုင်ပါသေးတယ်။ စိတ်ထဲကမပါလင့်ကစား မိမိအကျိုးအတွက်သော်လည်းကောင်း၊တခြားတစ်စုံတစ်ရာအတွက်သော်လည်း ကောင်းပြုမူပြောဆိုဆောင်ရွက်ခြင်းကြောင့် မိမိစိတ်မှာ ဘယ်လောက်မှအမှတ်ထင်ထင်မရှိသွားလောက် တာမျိုးတွေရှိသလို၊စိတ်ထဲကမပါပဲ ကိုယ်နှုတ်အမူအယာကပြုမူလိုက်ရမှုအပေါ် စိတ်ခံစားချက်စွဲမြဲစွာဖြင့် တမ်းတသသ အလိုမကျဖြစ်နေဆဲ ရှိနေတတ်သူများလည်းရှိနိုင်ပါတယ်။ ကျွန်မရဲ့ စိတ်နဲ့ကိုယ်အလိုမတူပါပဲ ပြုမူလိုက်ရတဲ့အမှုလေးတစ်ခုအကြောင်းပြောပြချင်ပါတယ်။ အထက်ကနှစ်ချက်မှာ ဒုတိယအချက်ဖြစ်တဲ့ ကျွန်မပြုမူလိုက်ရမှုအပေါ် စိတ်ခံစားချက်အလိုမကျဖြစ်နေတဲ့ သူတစ်ယောက်အဖြစ်လည်း ရှိနေဆဲပါပဲ။ လူထဲကလူဖြစ်တဲ့ကျွန်မမှာ စိတ်နဲ့ကိုယ်အလိုအတူပဲ ပြုမူပြောဆိုဆက်ဆံနေထိုင်မှုများစွာ ရှိခဲ့ပါတယ်။ ထိုများစွာတွေထဲမှာမှ ကျွန်မစိတ်ကို မှတ်မှတ်ထင်ထင် အလိုမကျဖြစ်နေဆဲဖြစ်အောင် ပြုမူခဲ့မိတဲ့ကိစ္စလေး ကတော့ ကျွန်မကိုးကွယ်ဆည်းကပ်ယုံကြည်ခြင်းမရှိတဲ့ အသက်၅၀ဝန်းကျင် လူကြီးတစ်ယောက်ကို မိမိကိုးကွယ်၊လေးစားသမှုပြုတဲ့ လူတစ်ဦးပမာ […]


“ဘွပုတ်…………..ရေ”       အေးမြတဲ့ တောင်ပေါ်မြို့လေးရဲ့အရှေ့မြောက်ဘက် မြို့အစွန်က လူသူမရှိသလောက်နည်းပါးတဲ့တောင်ကုန်းလေးပေါ်မှာရှိနေတဲ့ လူဘဝရဲ့နောက်ဆုံးခရီးအတွက် ယာယီနားခိုရာနေရာလေးတစ်ခုကို ကျနော်တို့ မရောက်ချင်ပေမယ့်ရောက်လာခဲ့ရပါတယ်။ ကွင်းပြင်ကျယ်ကိုဖြတ်လာတဲ့ဆောင်းမြောက်ပြန်လေက အရိုးထဲထိစိမ့်ဝင်လို့နေပါတယ်။ ဆောင်းနေ့လည်ခင်းပေမယ့် တောင်ရိပ်တောရိပ်တွေကြောင့် ထင်ပါရဲ့ အနွေးထည်အထပ်ထပ်ဝတ်ထားတောင်မှတစ်ကိုယ်လုံးအေးစက်နေသလို စိတ်တွေက လည်း အလိုလို ထိုင်းမှိုင်းလေလံ။ ပါတ်ဝန်းကျင်တောင်ကုန်းတစ်ခုလုံးအပြည့် နီးပါးလောက် တောထနေတဲ့ နေကြာရိုင်း ပန်းဝါဝါတွေကတော့ လူသားတွေရဲ့အပူတွေနဲ့သူတို့ ပါတ်သက်ဆက်နွယ်ခြင်းမရှိသလိုအေးဆေးငြိမ်သက်။ အစကတော့ ငိုပွက်ဆူညံနေတဲ့ နေရာလေးက “ဂျိန်း”ဆိုတဲ့အသံကြီးရဲ့အဆုံးမှာ ခဏလေး တိတ်ဆိတ်သွားပေမယ့် တအိအိ ရှိုက်ငိုသံလေးတွေကတော့ သဲ့သဲ့ကလေး ထွက်ပေါ်နေဆဲ။ သိပ်မကြာခင်အချိန်လေးမှာ လူတစ်ယောက်လောကထဲက ထွက်ခွာပြီဆိုတာကို  အတည်ပြုပေးနေတဲ့ မီးခိုးမျှင်လေး တွေ မီးသင်္ဂြိုဟ်စက်ခေါင်းတိုင်က စတင်ထွက်ပေါ်လို့လာပါတယ်။ “သွားပေတော့ ဘွပုတ် ရေ”လို့ စိတ်ထဲက တီးတိုးရေရွှတ်နေဆဲမှာဘဲ ကိုကြီးရေ”ဘွပုတ်”တော့သွားပြီနော် လို့ နုတ်ဆက်တာကို […]


alinsettDecember 29, 20122min016
သာမန် အားဖြင့်…………. တစ်ကိုယ်တည်း… အေးအေးလူလူ တွေးငေး နေလေ့ ရှိသော ကျွန်တော်…။ လူသူ ထူထပ်သော ပွဲ လမ်း သဘင် နေရာများကို.. သွားလေ့ မရှိသလောက် နီးပါး… ရှောင်ရှားခဲ့ သော ကျွန်တော်….. ဒီဇင်ဘာ 27 / 28 ညချမ်းများ မှာတော့….လူတော တစ်ခု တိုးဝင်ခဲ့မိသည့် အတွက်…နောင်တ မရမိပါ ။ ဂုဏ်ယူ ကျေနပ်စရာ ည တစ်ည အဖြစ်… ပင်..ကျွန်တော့် ဘဝ စာမျက်နှာများထက်မှာ… မှတ်သား ထား၊ရမည့် ညတစ်ည ဖြစ်ခဲ့သောကြောင့် ကျွန်တော်..ကျေနပ်ပါသည် ။ +++++++++++++++++++++++++++++++++++++++++++++++++++++++ ပွဲတော်သည်………….. ဂီတ ပွဲတော် တစ်ခု မျှသာဖြစ်သော်လည်း….. သာမန် ဂီတ ပွဲများထက် ထူးခြား […]


(၁)             သည်လောက် မျက်စိရှင်ရှင်ထားပြီး ကြည့်နေရဲ့သားနှင့် ခိုးဖြစ်အောင် ခိုးသွားသည့် သည်အဒေါ်ကြီးကို အံ့ဩလို့မဆုံး ဖြစ်နေရသည်။ ကိုယ့်ကောင်တာမှာဖြစ်တာဆိုတော့လည်း အဓိက တာဝန်ရှိသူက သူမမှလွဲ၍ ဘယ်သူ့အပေါ်မှ အပြစ်တင်လို့မဖြစ်သေး။ ဆိုင်ရှင်လင်မယားကတော့ ခိုးသူအဒေါ်ကြီးကို စစ်မေးနေသည်။ ပြောလေ အဒေါ်ကြီး ခိုးတုန်းက ခိုးပြီး ခုမှရှက်မနေနဲ့ အဒေါ်ကြီးကတော့ ခေါင်းပင်မော့မလာပါ။ ဆိုင်ပတ်ဝန်းကျင်မှာ စပ်စပ်စုစုနိုင်လှသည့် ဈေးသည်တွေက ဟိုကြည့် သည်ကြည့်။ အဒေါ်ကြီးရှေ့မှာတော့ ကြာဆံထုတ်တွေ၊ ဆပ်ပြာမုန့်ထုတ်တွေရယ်၊ ချိုချဉ်ထုတ်တွေ ကို စုပုံထားသည်။ ခေါင်းမမော့ပါပဲ တချုံ့ချုံ့ငိုနေသော အဒေါ်ကြီးကို မဆီမဆိုင် သူမ သနားနေမိသေးသည်။ အသက်အရွယ်က အရွယ်ကောင်းကောင်း။ ခြေလက်အင်္ဂါ စုံစုံလင်လင်ရှိရဲ့သားနှင့် သည်လိုလုပ်သည်ကိုတော့ သူမ အနည်းငယ်အံ့ဩမိပါသည်။ အဒေါ်ကြီး မဖြေရင်တော့ ရဲလက်အပ်ရမှာပဲ           မလုပ်ပါနဲ့ကွယ် […]


ကျနော်တို့ အားလုံး အတူတကွ ဖြတ်သန်းခဲ့ ကြတဲ့ ဒီ ၂၀၁၂ ဆိုတဲ့ ခုနှစ် သက္ကရာဇ်ကြီးကို အားလုံးနှုတ်ဆက်ကြရတော့မယ်။ အားလုံးအတူတူ လိုက်ပါဖြတ်သန်းခဲ့ ကြပြီး ဒီခုနှစ်ကြီးပေါ်မှာ လက်ရေးမျိုးစုံနဲ့ အကြောင်းအရာ ပေါင်းစုံ ၊ ဇာတ်လမ်း အဖုံဖုံ ကို မရိုးအောင် ရေးခြစ်ခဲ့ ကြတယ်။ ကောင်းသလား၊ ဆိုးသလားဆိုတာ ရေးတဲ့ သူတွေ နဲ့ဘဲ ဆိုင်မယ်၊ ဒါပေမယ့် ဒီ ၂၀၁၂ ဆိုတာကြီးကတော့ ကျေကျေနပ်နပ် နဲ့ လက်ခံခဲ့တယ်။ ဒီ၂၀၁၂ ပေါ်မှာ ကောင်းတာတွေဘဲ ရေးရမယ်၊ လက်ရေးလှလှ လေးတွေဘဲ ရေးရမယ် ၊ ညံ့တာတွေ အကျိုးမရှိတာတွေ မရေးရဘူး ဆိုပြီး သတ်မှတ်ထားတာ မရှိပါဘူး။ လူတိုင်း လွတ်လွတ်လပ်လပ် ရေးခွင့်ရတယ်။ […]


(၁) “ငါ ကံကောင်းပါတယ်”ဟုပြောလာသူက သူဇာအေး။ “ကိုမောင်က ငါ့ဆို သိပ်ဂရုစိုက်တာ အမှန်အတိုင်းပြောရရင် ငါအခု စိတ်ချမ်းသာတယ်” အဲဒီလို စကားပြောနိုင်ဖို့ သူမ အချိန်ယူရဦးမည်ဆိုတာတော့ သိလိုက်သည်။ သူဇာအေးတို့ အတွဲကိုကြည့်ပြီး ဝမ်းသာပီတိဖြစ်ရသည်မှာ အမြဲ။ အမြဲပြုံးရွှင်နေပြီး စိတ်ဆိုး စိတ်ကောက်ခြင်း အလျှဉ်းမရှိသော သူဇာအေးတို့အတွဲကို သူမ အားကျသည်။ သူမက ကံဆိုးခဲ့သည်လားဆို ခေါင်းငြိမ့် ခေါင်းခါ ရေရေရာရာ ပြောလို့မရသေး။ သော်မင်းဦးက သူမကို တကယ်မချစ်ဟု အများကပြောကြသည်။ သံသယနွ.ယ်ပင်သည် သူမနှလုံးသားကို ရစ်ပတ်တွယ်ပြီးနောက် သူမသည်လည်း အများနည်းတူ ထင်မြင်ခဲ့မိသည်မှာ မဆန်း။ လတ်သလော အချိန်တွင် သူမသည် သူဇာအေးတို့အတွဲကိုကြည့်ပြီး သူမနှင့် သော်မင်းဦး၏ အခြေအနေများကို ပြန်လည် သုံးသပ်နေရသည်။ သူဇာအေးနှင့် သူမက မနှစ်ကမှ […]


    ပြီးခဲ့သော တနင်္ဂနွေကတည်းက ကျွန်တော့် စာအုပ် အဟောင်းများကို ရှင်းရန် ကြိုးစားခဲ့သော်လည်း မရခဲ့။ အမှန်တော့ ယခုတစ်လလုံးသည် ကျွန်တော့်အတွက် မအားခဲ့ပါ။ တနင်္ဂနွေတစ်ရက်သာ ပိတ်သော ကျွန်တော့်အတွက် လုပ်စရာတွေကို ထိုရက်တွေမှ လုပ်ဖြစ်နိုင်သည်။ သို့သော်ကား တနင်္ဂနွေတိုင်းလိုလို ယခုလတွင် အပိုချိန်ဆင်းနေရသောကြောင့် ပြီးခဲ့သော တနင်္ဂနွေတွင် အားပြီဖြစ်၍ စာအုပ်များရှင်းရန် စိတ်ထဲ သတ်မှတ်ထားခြင်း ဖြစ်လေသည်။ ဖြစ်ချင်တော့ ထိုတနင်္ဂနွေတွင်လည်း သူငယ်ချင်းတစ်ဦး၏ ဆိုင်ဖွင့်ပွဲ ဖိတ်စာ ဒီဇိုင်းဆွဲရန် ကူညီနေရသဖြင့် ဒီတစ်ပတ်မှ ကျွန်တော့် စာအုပ်ဟောင်းများကို ရှင်းလင်းရေး လုပ်နိုင်တော့သည်။ ရှင်းမယ်ဆိုတော့လည်း စာအုပ်ဟောင်းများက ဖုံတစ်လုံးလုံးဖြင့် ခပ်နွမ်းနွမ်း ကျွန်တော့်ကို ကြိုဆိုနေကြပါသည်။ အချို့စာအုပ်များသည် ဝတ္ထုစာအုပ်ဟောင်းများဖြစ်၍ အချို့မှာ သိပ္ပံဆိုင်ရာ စာအုပ်များနှင့် ကွန်ပျူတာ […]


          နေပူကျဲတဲအောက်တွင်တချိန်လုံး လမ်းလျှောက်နေရရင်းမှ ရုတ်တရက် နေရိပ်အောက်ထဲ ဝင်လိုက်သဖြင့် မျက်စိတို့ပြာဝေသွားရသည်။ “ အောင်မလေး သေပါပြီတော့် “ သူ သည်လောက်အော်နေတာတောင် မည်သူမျှ လာရောက်ဖေးမထူခြင်းမရှိ။ ရှက်ကိုးရှက်ကန်းနှင့် လူးလဲထရင်း ခပ်လှမ်းလှမ်းကမြောင်းထဲသို့ကျသွားသော ဗန်းကို ပြေးကောက်ရသည်။ နီရဲစွာ ကျဲပြန့်နေသော ဖရဲသီးစိတ်များကတော့ ရစရာမရှိတော့။ သူ့ရင်ဘတ် အိတ်ထောင်ထဲတွင် ငွေနှစ်ရားငါးဆယ်ထဲရှိသေးသည်။ သည်နေ့အဖို့ အရင်းရဖို့မပြောနှင့် အမြတ်ပင် စုန်းစုန်းမြုပ်နေပြီဆိုသာ သူသိလိုက်ပါသည်။ ဖရဲသီးစိတ်များကို နှမြောတသစိတ်ဖြင့် ကြည့်နေရင်းက ပတ်ဝန်းကျင်ကို မျက်စိက ကစားဖြစ်သည်။ သူ့အား ရယ်ကျဲကျဲဖြစ်ကြည့်နေသော ကောင်လေးတွေ၊ ကောင်မလေးတွေကိုတွေ့ရသည်။ ရယ်ရက်လိုက်လေခြင်း။ သူ သိမ်ငယ်စွာခံစားလိုက်ရသည်။ (၁)           “မနေ့က နင် ဖရဲသီးဗန်းမောက်ကျလို့ဆို“ အမေးနှင့်အတူ ဗြန်းခနဲထိုင်ချလိုက်သော ခင့်ကို သူမုန်းပါသည်။ နုတ်သွက်အာသွက်နှင့် […]


johnnydeerDecember 20, 20121min015
မျှော်လင့်ချက်ဆိုတာ…အနာဂတ်နဲ့ပဲ တွဲစပ်လို့ရတာပါ…ကိုယ့်ရဲ့ မျှော်လင့်ချက် မင်းရဲ့အနာဂတ် ဒီနှစ်ခုတွဲစပ် ဖြစ်ပေါ်လာမဲ့ ကြည်နူးမှု ကိုယ်ရူးတောင်ရူးသွားမလားမသိဘူး… …………………………………… …………………………………. ……………………………………….. …………………………………. …………………………………… ……………………………………… …………………………………….. ………………………………… ………………………………. …………………………………………     မနူးမနပ် ဆယ်ကျော်သက် အရွယ်တုန်းက ရေးထားတဲ့  ရူးကြောင်မူးကြောင် ရည်းစားစာလေး အခုဗီရိုရှင်းရင်း ပြန်ဖတ်ကြည့်မိတာ…ဟား ဟား ဟား…ရူးလဲရူးခဲ့ပါပေ့ကွာ…


(၁၃) လမ်း၊ တန်ဆောင်တိုင်ညနှင့် မရယ်ရသော ကာတွန်း – သူရဿဝါ – (၁) “ရယ်စရာ မောစရာ ဆိုတဲ့ အတွက် ရယ်စရာ ပြီးသွားရင် မောစရာ ပါလာတယ်” “တခါတလေမှာ ဟာသ ဆိုတာ တွေ့မြင်ရသူ အဖို့ ရယ်စရာ ကောင်းပေမယ့် အရယ်မော ခံရသူ အဖို့တော့ နာကျင်ဒုက္ခ ဖြစ်နေတတ်တယ်” (၂) ကာတွန်း တွေကို ငယ်ငယ်တုန်းကတော့ ကျွန်တော် တို့ရဲ့ ရယ်မော ပျော်ရွှင် လိုစိတ် တစ်ခု အတွက် အသုံးပြု ခဲ့ကြတယ်။ ကလေး ဘဝက ဖတ်ခဲ့ရတဲ့ တွတ်ပီ၊ မောင်မောင်ဇာ၊ ဘဲဥ၊ အရိုင်း အစရှိတဲ့ ကာတွန်း စာအုပ် တွေနဲ့ အဲဒီ အထဲက […]