တကယ်ဆို မလာတော့ဘူး လုပ်ထားတာ (ကျွန်တော် လှိုင်သာယာ သွားတော့မလို့ အလုပ်ရှိလို့) အောင်မိုးသူက လှမ်းခေါ်လို့ .. ဝါဝါလည်း ရှိနေတယ် ဆိုတော့ .. သူနဲ့ လည်း ပြောစရာလေး ရှိတာရောပေါ့ … ရွာမှာ စာသာ ရေးတယ် .. အဖတ်နည်း အပြောကျဲလို့ နည်းနည်း စိမ်းနေတယ်။ ရွာသားတွေရဲ့ ပွဲမှာ ကျွန်တော်နဲ့အဆင်မှ ပြေပါ့မလားလို့ တွေးမိသေးတယ်။ မထင်မှတ်ဘဲ ရောက်လာပြီး .. အေးအေးဆေးဆေးလေးနဲ့ နွေးထွေးစရာ ကောင်းတဲ့ ပွဲ တစ်ပွဲ ဖြစ်ခဲ့တာရယ် တစ်ချို့ များများက လူကြီးပိုင်း ရောက်နေလို့ ကျွန်တော့်လို လူငယ်တစ်ချို့ရဲ့ ခေတ်ပြိုင် ခေတ်လွန် (ဘာမှန်းမသိ) စာတွေကို ဖတ်ပေးခဲ့ကြလို့လည်း ကျေးဇူးတင်ရပါတယ်။ ဆုရဖို့ တော်တော်နီးစပ်နေတယ်လို့ အားပေးတဲ့ […]
