“သေသောသူသည် သုဿာန်သို့ သက်သက်သာသာ သွားသေသည်” ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ဦးကျော်သူတို့ နာရေးကူညီမှုအသင်းရဲ့ စာရွက်မှာတော့ “သေသောသူသည် သုဿာန်သို့ သက်သက်သာသာ သွားသင့်သည်” လို့ ရေးထားပါတယ်။ တစ်ကြောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း (သို့မဟုတ်) တစ်လုံး တစ်ပုဒ်၊ တစ်ပုဒ် တစ်လုံးတည်း လို့ပြောရမယ့် ရှားရှားပါးပါးစာပိုဒ် လေးတွေကို စုဆောင်းမိသလောက် တင်ပြလိုက်ပါတယ်။ မှတ်ချက် ။ ။ အသံထွက်ရွတ်ဖတ်လျှင် ပိုပြီးစိတ်ဝင်စားဖို့ကောင်းမှာ ဖြစ်ပြီး ထိုသို့မဖတ်ခင် ကျေးဇူးပြုပြီး သင့်ငယ်ထိပ်၊ မျက်စိ၊ လျှာ စသည်တို့ကို ပရုတ်ဆီပွတ်ထားပါရန် အကြံပြုလိုပါသည်။ ============================== ========= သေသောသူသည် သုဿာန်သို့ သက်သက်သာသာ သွားသေသင့်သည်။ ကုက္ကိုင်းက ကျော်ကျော်က ကြိုးကြိုးကုပ်ကုပ် ကျိုးကျိုးကျွန်ကျွန်ကွ၊ ကိုင်းကုန်ကို […]

