gigihanJuly 25, 20111min014
ကလေးတွေ စာမေးပွဲကို ၂ရ ရက်လို့ သတ်မှတ်တယ်ဆိုပြီး သောကြာနေ့မှာ မြန်မာစာကို ၂၂ ပုဒ်ပေးတယ်။ တနလ်ာနေ့မှာ ထပ်ပေးသေးတယ်။ ပြီးတော့ စာတွေကို လုံးဝ ပြန်ပြီးစစ်ဆေးပြီး အမှတ်မခြစ်ပေးဘူး။ ကလေးတွေကို ဝါကျ ကိုယ့်ဘာသာဖွဲ့ဆိုပြီး အိမ်စာပေးတယ်။ ပြန်စစ်မပေးလို့ အမှားတွေ သာ ကလေးတွေက ကျက်ဖြစ်ရင် စာမေးပွဲမှာ မှားတယ်ဆိုပြီး အမှတ်လျော့အုံးမယ်။ အခု ဆရာဗဟိုပြု သင်ကြားရေးလား၊ ကျောင်းသား ဗဟိုပြု သင်ကြားရေးလား မသိပါဘူး။ စာမေးပွဲမှာ ၏ ၊ သည် က အစ ၏ ရေးရမယ့်နေရာ သည် မရေးရင် အမှတ်လျော့တယ်။ ပါ မပါရင်လည်း အမှတ်လျော့တယ်။ မြန်မာစာ တွေက အဲ့လောက် လိုလားဟင်။ မသိလို့မေးပါရစေ။ ၏ […]


kaiJuly 25, 20111min08
မြန်မာနိုင်ငံဟာ အာရှအင်အားကြီးနိုင်ငံကြီးတွေ ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြားမှာ တည်ရှိနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား စစ်အင်အားအသုံးပြု (The use of force) ရတဲ့ ပဋ္ဋိပက္ခတွေ ဖြစ်လာခဲ့ရင် အိန္ဒိယသမုဒ္ဒရာ စစ်မျက်နှာမှာ မဟာဗျူဟာတန်ဖိုး (strategic value) အမြင့်ဆုံးနိုင်ငံတနိုင်ငံအနေနဲ့ သတ်မှတ်ထားခြင်းခံရတဲ့ နိုင်ငံတ နိုင်ငံလဲ ဖြစ်ပါတယ်။ မြန်မာ့အရေးကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ တိုင်း ရင်းသား စည်းလုံးညီညွတ်ရေး စတဲ့ အချက်တွေပေါ်မှာပဲ မူတည်ပြီး တွက်ချက်စဉ်းစားမှု လုပ်လို့ မရနိုင်ပါ။ ပထဝီဝင် နိုင်ငံရေး (Geopolitical factors) နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလဲ ဆက်စပ်စဉ်းစားမှု လုပ်ဖို့ လိုအပ်ပါတယ်။ သို့မှသာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် […]


kaiJuly 20, 20111min010
နှောင်းနောင်တ (၆၄) နှစ်မြောက် အာဇာနည်နေ့။ အာဇာနည်ခေါင်းဆောင်ကြီးများကို စိတ်ထဲက ရည်စူးအလေးပြုပြီးချိန်မှာ အင်တာနက်ဝပ်ဘ်ဆိုက်တွေမှာ တင်ထားတဲ့ “အာဇာနည်နေ့၊ ဒို့မမေ့” ဆိုတဲ့ သီချင်းလေးကို ပြန်နားထောင်လိုက်မိပါတယ်။ ဒီလိုနဲ့ သီချင်း နားထောင်နေရင်း စိတ်ထဲမှာ အရင်တုန်းကတည်းက မတင်မကျ ဖြစ်ခဲ့ဖူးတဲ့ အတွေးလေး တခုက ပြန်ပေါ်လာပါတယ်။ ဗိုလ်ချုပ်တို့ ကျဆုံးပြီးချိန်မှာ ဗိုလ်ချုပ်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ရဲဘော်ရဲဘက်တွေက “ဒီလို လုပ်ကြံမှုကြီးရဲ့ ခြေလှမ်းတွေကို ငါတို့တတွေ သတိမထားမိလေခြင်း၊ ဗိုလ်ချုပ်တို့လို ခေါင်းဆောင် ကြီးတွေကို မကာကွယ် လိုက်နိုင်လေခြင်း” လို့ ယူကြုံးမရ ဖြစ်ခဲ့ကြမှာ အသေအချာပါပဲ။ သမိုင်းအချက်အလက်တွေကို ပြန်ဆန်းစစ်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှုကြီး မဖြစ်ပွားခင်မှာ လုံခြုံရေးရှုထောင့်အရ ထည့်သွင်းစဉ်းစားစရာတွေဖြစ်တဲ့ pre- incident indicators တွေ ရှိနေခဲ့ပါတယ်။ […]


***ရန်သူငါးပါးထဲ မှာအင်မတန်ဆိုးဝါးလှတာသူခိုးဓမြထက်ဆိုးတဲ ့ရန်သူဟာ…*** ရုတ်တရက်ထွက်ပေါ်လာတဲ ့ဖုန်းသံကြောင့်စိတ်ကောလူပါ..သတိပေးဖုန်းမြည်သံမလို ကျမက သတိအနေ အထားနြ ့ရပ်မိသလိုတောင်ဖြစ်သွားပါတယ်..။ ခေတ်ပဲပြောရမလား ခေတ်ရေစိးကြောင်းတိုးတက်မှုမှာ လူငယ်ပီပီ ကျမလည်းဖုန်းမြည်သံလေးတွေမျိုးစုံထဲ ့ထားပါတယ်..။ ချစ်သူဆီကဖုန်းသံက..ဟန်နေ…နေ ့တိုင်းတွေ ့ချင်တာမင်းရဲ ့မျက်နှာလေး…။ သူငယ်ချင်းတွေဆို….ကိုင်ဇာရဲ ့လာကြဟေ6နာရီတောင်ထိုးပြိးဘာညာပေါ့…။ ဆွေးမျိုးဆို…တော်ပါပြီစိတ်ကုန်တယ်..**ဘာညာပေါ့နော်..မြည်သံတခု..စသဖြင့်ခွဲ ခြားပြိးထဲ ြကြတာတစ်မျိုးကောင်းလှပါတယ်..။ ခုဏကဖုန်းမြည်သံကတော့..ကိုယ်မနှစ်သက်တဲ ့သူဆီ ကဆိုတာအချက်ပေးသံကြောင့်သိရပြိ..။ ဒိလိုနဲ ့ကျမလုပ်လက်စအလုပ်လေးဘေးချပြိး စိတ်မပါစွာဖုန်းကိုကောက်ကိုင်လိုက်ရပါတော့တယ်…။ နံပါတ်ကြည့်လိုက်တော့.. အော်..ပြည်ကဥိးကြီးဘဲ..ကျမအဖေရဲ ့သူငယ်ချင်းဗိုလ်မှူးဟောင်းတစ်ယောက်ပါ။ အင်မတန်အနောက်တိုင်းဆန်(ဘိုဆန်)ပြီး၊ စစ်တပ်ဆန်စွာကျမတို ့တွေ ကိုအမိန် ့ ပေးခိုင်းတတ်ပြီး မေတÇာတုန် ့ပြန်ပြီးသူ ကိုယ့်သူအန်ကယ်နာမ်စားသုံးတဲ ့အခါကျမက အနောက်တိုင်းဆန်ဆန် မခေါ်တတ်မပြောတတ်ပုံစံ လုပ်ပြီး ဥိးကြီးလို ့ပဲနှုတ်ကျိုးစွာခေါ်ပစ်ခဲ ့ပါတယ်.။ .(ကျမလည်းလူ ့ကန် ့လန် ့တစ်ယောက်ပါပဲလေ…..ငယ်ငယ်ကပါ..).။။ ကျမလည်းမျက်နှာတချက်စူပြီး.. “ဟုတ်ကဲ ့..အမိန် […]


၁ ။ နွားနာက်တွင် တရစာ္တန်မျိုးစုံ၏ အင်္ဂါများပါရှိသည် ။ (မှား /မှန်) ၂ ။ လူတွေတင် မျက်နှာများတာ မဟုတ်ဘဲ ငှက်ထဲမှာလဲ မျက်နှာများတဲ့ ငှက်တစ်ကောင်ရှိပါတယ်တဲ့ အဲငှက်ကတော့ နှံပြည်စုတ်ငှက်ပါတဲ့ ။(မှား /မှန်) ၃ ။ စာမရီငှက်သည် ငှက်မကို နောက်ပိုးပိုးသည့်အခါ တစ်ခြားငှက်များနဲ့ မတူပဲ အိန္ဒြေရရ ပိုးပန်းသည့် ငှက်တစ်ကောင်ဖြစ်သည် ။ (မှား /မှန်) ၄ ။ အင်းဆက်ပိုးကောင်များတွင်မျက်လုံးမပါရှိပါ ။ (မှား /မှန်) ၅။ နှံကောင်တွင် နားရွက်ပါရှိသည် ။ (မှား /မှန်)


weiweiJuly 12, 20111min040
ဒီအတွေးလေးကို တရားစခန်းမှာ တရားအားထုတ်ဖို့သွားရင်းကနေ ရလာတာဖြစ်ပါတယ်။ လူတွေ လူတွေ အများကြီးပဲ ရိပ်သာတွေကို တရားလာအားထုတ်ကြတယ်။ သူတို့တွေ တရားအားထုတ်ရတာ ဝါသနာပါကြတယ်။ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ နံမည်ကြီးတဲ့ရိပ်သာတိုင်းကို သွားကြပေမယ့် ဝေတေဝါးတားဖြစ်နေသူတွေကို တွေ့ရတော့ ဘာကြောင့်လဲလို့ စဉ်းစားမိပါတယ်။ သေချာလေ့လာကြည့်လိုက်တော့မှ သူတို့တွေက ရိပ်သာထဲကိုလာကထဲက ခွက်ဗလာနဲ့ မလာကြလို့ပါပဲ။ သူတို့တွေခွက်ထဲမှာ တခြားဟာတွေကို ထည့်ထားပါတယ်။ အဲဒီတော့ ဘာပဲထပ်ထည့်ထပ်ထည့် လျှံကုန်ပြီး ခံလို့မရပါဘူး။ ရေရှိတဲ့ခွက်ထဲကို အချိုရည်ထည့်ကြည့်ရင် အကုန်မရပဲ လျှံထွက်ကုန်ပါတယ်။ ပေးသားပေး၏ မရ ဆိုသလိုဖြစ်နေပါတယ်။ ဆရာတော်ခိုင်းတဲ့အတိုင်း တသွေမတိမ်းလိုက်နာဖို့ ခက်ခဲနေကြပါတယ်။ ဟိုမှာက ဒီလိုမဟုတ်ဘူး။ ဟိုလိုလုပ်တာပိုကောင်းမှာ စသဖြင့် မာန်တစ်ခုခံနေတတ်ကြပါတယ်။ ကျွန်မက ရိပ်သာမှာနေရင်းရလိုက်တဲ့အတွေးမို့ ရိပ်သာနဲ့ဆက်စပ်ရေးလိုက်ပေမယ့် အပြင်လောကမှာ ပညာရှာရာမှာလဲ အဲဒီအတိုင်းပါပဲ။ ပညာတစ်ခုကို ဆရာတစ်ယောက်ဆီမှာ […]


kaiJuly 10, 20111min017
အောက်ကစာတွေကို ..ရာဟူး မေးလ်ဂရုကနေ တိုက်ရိုက်ကူးယူပါတယ်.။ စာရေးသူထံခွင့်မတောင်းထားပါဘူး.။ တောင်းလည်း ပေးမှာပဲ ယုံကြည်ပါတယ်..။ ဒီမှာတင်ပေးရတဲ့အကြောင်းက.. ရွာသားတွေကို ဖတ်စေချင်လို့ပါပဲ..၊ လောလောလတ်လတ်.. ထိုင်းရဲ့အမျိုးသမီးဝန်ကြီးချုပ်နဲ့ အဆက်အစပ်ကလေးတွေ သိစေချင်လို့ပါ.။ စာရေးသူရဲ့ အယူအဆတွေထည့်ထားတာတွေ့ရပါလိမ့်မယ်.။ မှန်မမှန်.. ကောင်းမကောင်း.. စာဖတ်သူတွေက ဆုံးဖြတ်ပါ.။ အချက်အလက်တွေကိုးကားရေးထားတာလည်း တွေ့ရပါမယ်..။ အချက်အလက်တွေကတော့ မှန်တယ်ထင်ပါကြောင်း..။ ======================================== ထိုင်းနိုင်ငံမှ သင်္ခန်းစာ   ဂျူလိုင်လ ၅ ရက် ၂၀၁၁   ဂျူလိုင် ၃ ရက် ကပြီးခဲ့တဲ့ ထိုင်းရွေးကောက်ပွဲ ဟာ ဗမာနိုင်ငံ အတိုက်ခံတွေရော အစိုးရ နဲ့ စစ်တပ်အတွက် ပါ သင်္ခန်းစာယူစရာတွေရှိပါတယ်။ ထိုင်းစစ်တပ်ဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်လောက် အောင် အာဏါ သိမ်းပွဲတွေ အကြိမ်ကြိမ် ဆင်နွှဲခဲ့တယ် (၁၈ […]


Yin Nyine NwayJuly 7, 20111min015
မူလတန်းကျောင်းသားများ ကျောင်းလခ ကင်းလွတ်ခွင့်တဲ့ ဒုတိယ သမ္မတကိုပဲ ကြိုးနဲ့တုတ်ပြီး ကျောင်းမှာ ချည်ထားရမလိုလို သူပြန်သွားတာနဲ့ ကောက်လိုက်တဲ့ ပိုက်ဆံတွေ ပြီးကို  မပြီးနိုင်တော့ဘူး …… ကျောင်းအပ်အပ်ချင်းပဲ 1600 ပဲကုန်တယ်ဆိုပြီး တူမလေး နဲ့ အဒေါ်တို့ ဝမ်းသာလုံးဆို့နေသလောက် နောက်ပိုင်း နေ့တိုင်းကောက်ခံနေလို့ တူမလေးခမျာမှာ သနားစရာ နေ့တိုင်း သူ့ကိုပဲ အိမ်ကလူတွေဝိုင်းဆူနေကြတယ်လေ နင့်ဆရာမက နင့်ဆရာမကနဲ့ ဒလက အသိအမကြီးတယောက်ပြောပြတာကတော့ သူများတွေ 1600 နေတာတောင် သူတို့နေရာမှာ 1ယောက်ကို 10000 လောက်နီးပါးကုန်သွားပါတယ်တဲ့ အလကားပေးတာပါလို့ ပြောနေတဲ့ ဖတ်စာအုပ်တွေကို အတင်းဝယ်ခိုင်းလို့ ပြောပါတယ် ဒီထက်ပိုဆိုးတာက ….ကျောင်းဖွင့်ပြီး နောက်ရက်မှာပဲ စာအုပ် 3ဒါစင် အလကားပေးသလိုလို ယူလာရတာကိုပါ ကလေးတွေခမျာ လေးလေးနဲ့ သယ်လာရတယ် နောက်တရက်မကောက်သေးဘူး […]


meengelayJuly 5, 20111min09
“ဘာကွ… မြန်မာငွေ ပါမလာဘူး။ ဟုတ်လား။ မင်းတို့ဆီက စင်ကာပူဒေါ်လာက ဒီမှာသုံးလို့ ရမယ်ထင်လို့လားကွ။” လူဝင်မှု အရာရှိ၏ ဟိန်းဟောက်မှုကြောင့် အဆိုပါ စင်ကာပူသား ခေါင်းလေးပုဝင်သွားသည်။ ထို့နောက် မြန်မာစကား မပီကလာ ပီကလာဖြင့် “ကျနော် ရှာဝယ်ပါသေးတယ်။ မရလို့ အမေရိကန် ဒေါ်လာနဲ့ ထိုင်းဘတ်ပဲ ဝယ်လာခဲ့တာပါ။ မြန်မာ အကြွေတွေတော့ နည်းနည်း ပါပါတယ်။” ဟုဆိုကာ တဆယ်ကျပ်တန် နှင့် ငါးဆယ်တန် တရွက်စီ ထုတ်ပြသည်။ ဒါနဲ့ မင်းက ဒီပိုက်ဆံလောက်နဲ့ ဘယ်မှာနေမှာတုန်း။ မှန်းစမ်း ဗီဇာလျှောက်တုန်းက ထောက်ခံသူမှာ ကြည့်လိုက်ဦးမယ်။ အော်… မင်းကဘုန်းကြီးကျောင်းက ထောက်ခံချက်နဲ့ ဘုန်းကြီးကျောင်းမှာနေမှာပေါ့။ အခု မင်းလာတာ အလည်ဗီဇာနဲ့နော်။ အလုပ်လုပ်လို့ မရဘူး။ နားလည်တယ်နော်။ မင်းတို့ စလုံးက […]


ဆူးJuly 3, 20111min026
မတရားပါဘူး ဗျို့….. Violence, Non-Violence and Terrorism – ခင်မမမျိုး – kai |38- Hits| Posted by kai on Jul 2, 2011 in Contributor, Columnist, Opinions & Discussion, Think Tank လူစာရင်း – kai |61- Hits| Posted by kai on Jul 2, 2011 in Myanma News, Opinions & Discussion, Press Announcements | Burmese Community Center Fundraiser Event – July […]


kaiJuly 2, 20114min08
တခါတုန်းက မိုးကုတ်က သူငယ်ချင်းဆီ အလည်သွားဖြစ်ခဲ့ပါတယ်။ သူငယ်ချင်းတို့ ရပ်ကွက်မှာက လီဆူး လူမျိုးတွေ အများအပြား နေထိုင်ပါတယ်။ ဒါနဲ့ သူငယ်ချင်းက သူ့သူငယ်ချင်းတွေနဲ့ ထပ်မိတ်ဆက်ပေးရင်း အိမ်တအိမ်က ကျွန်မကို ထမင်းစားဖိတ်ပါတယ်။ ထမင်းဝိုင်းမှာ ပျော်ပျော်ပါးပါး စားသောက်ကြရင်း ပြန်ခါနီးတော့ အိမ်ရှင်ကောင်မလေးက ကျွန်မသူငယ်ချင်းကို လှမ်းမေးပါတယ်။ နက်ဖြန် ထာပွဲသွားမလား ဆိုပြီးတော့ပါ။ အဲဒီအချိန်မှာ ကျွန်မက ထာပွဲဆိုတာကို ပွဲတော်တခုခုလို့ ထင်သွားပါတယ်။ ဒါနဲ့ ပွဲရှိတာလား။ ကျွန်မလဲ လိုက်ချင်တယ်လို့ မနေနိုင်၊ မထိုင်နိုင် ဝင်ပြောမိပါတယ်။ အဲဒီကောင်မလေးက ပြုံးစိစိ ဖြစ်သွားပြီး၊ သူငယ်ချင်းကို လှမ်းကြည့်ပါတယ်။ နောက်မှ သိရတာက ထာပွဲဆိုတာ မိုးကုတ်မှာ ရှေးတုန်းက ကျောက်တွေပြရင် ထာလို့ ခေါ်တဲ့ ကြေးလင်ဗန်းကြီးတွေနဲ့ ထည့်ပြလေ့ရှိတာကြောင့် ကျောက်မျက်ရတနာတွေ […]


panpanJune 28, 20111min0
အောက်ဆုံးကစာသားကို ကြိုက်လို့ အနက်ရောင်ထူထူလေးလုပ်လိုက်တယ်။ ဗိုလ်ချုပ်ပြောခဲ့တာတွေဟာ တိုတိုနဲ့ ထိရောက်လှတဲ့အပြင် အက%


အာဂJune 27, 20111min09
ဖတ်လိုက်ရတာလေးထဲ က သဘောကျတာလေးတစ်ခု တွေ့မိရလို့ သူငယ်ချင်းတွေကို မျှဝေပေးချင်မိပါတယ်။ ဒီစာကလေး ဖတ်မိတော့ ကိုယ့်မှ ရှိတဲ့ သောကတွေ ထဲက အချို့ တစ်ဝက်လျော့ကျသွားတယ်လို့လည်း ခံစားရမိလို့ပါပဲ…။ တကယ်လို့သာ ကမ္ဘာလူဦးရေကို လူတစ်ရာပဲ အတိအကျရှိနေတဲ့ ရွာကလေးတရွာအဖြစ် လျှော့ချလိုက်မယ်ဆိုရင် အခုလက်ရှိအနေအထား မှာရှိတဲ့ လူအချိုးအစားက သည်လိုဖြစ်မယ်တဲ့။ လူတစ်ရာမှာ အာရှတိုက်သားက (၅၇) ယောက်၊ ဥရောပ တိုက်သားက (၂၁)ယောက်၊ အနောက်တိုင်းသားက (၁၄)ယောက်နဲ့ အာဖရိကတိုက်သားက (၈) ယောက်ရှိနေပါလိမ့်မယ်။ အဲဒီ့ လူတစ်ရာမှာ အမျိုးသမီးက (၅၂)ယောက်နဲ့ အမျိုးသားက (၄၈)ယောက် အချိုးရှိ နေပြန်သတဲ့။ လူဖြူက ၃ဝ ပဲရှိပြီး လူဖြူမဟုတ်တဲ့ လူမည်းတွေ၊ ကျွန်တော်တို့ အာရှတိုက် သားတွေလို အညိုတွေ၊အဝါ တွေက […]