phone_kyawSeptember 19, 20111min033
သူများတွေ ဘယ်နေရာကိုလှူကြသလဲ ဩစတျေးလျနိုင်ငံက ဘီလျံနာသူဌေးကြီး အန်ဒရူးဖောရက်စ်လည်း လှူတာဝါသနာပါပါတယ်။ သူက မြန်မာတွေလို ဘုန်းကြီးကိုလည်းမလှူပါဘူး။ ဘုရားတည်ကျောင်းဆောက်တာလည်း မလုပ်ပါဘူး။ ရော့…မင်းကိုတစ်သိန်းပေးတယ် ဆိုပြီးလည်း မလုပ်ပါဘူး။ သူက မိဘမဲ့ခလေးဂေဟာကိုလှူတယ်။ နို ့ ့ကင်ဆာကာကွယ်ရေးနှင့်သုတေသန အတွက်လှူဒါန်းတယ်။ ဌာနေတိုင်းရင်းသားတွေရဲ ့ပညာရေးအတွက် စကောလားရှစ်တွေပေးတယ်။ အိမ်ခြေမဲ့ အလုပ်လက်မဲ့တွေအတွက် အလုပ်အကိုင်နဲ ့အိမ်ယာ ရရှိရေးအတွက်လှူဒါန်းတယ်။ဒီလိုလှူဒါန်းတဲ့နေရာမှာ ရော့…ယူ ဆိုပြီး မလုပ်ဘူး။ လှူဒါန်းငွေကနေ အမြတ်ရအောင် လုပ်တယ်။ ဒီအမြတ်ငွေနဲ ့ရေရှည် ရပ်တည်နိုင်အောင်လုပ်ပေးထားတယ်။ ဥပမာ ဘဏ်တိုးနဲ ့အမြတ်ရှယ်ယာတွေကနေ ရေရှည်လည်ပတ်လို ့ရအောင်လုပ်ပေးတယ်။ တချို ့သူဌေးကြီးတွေက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်မြှင့်တင်ရေးအတွက် သုတေသနလုပ်ငန်းနဲ ့ပညာသင်ကြားရေးကိစ္စတွေမှာ လှူဒါန်းတယ်။ တချို ့တွေက သူတို ့မြို ့တွေမှာ အပန်းဖြေစရာ […]


naywoon niSeptember 18, 20111min012
ခေါင်းစဉ်ကြည့်ပြီး ခေါင်းရှုပ်သွားပြီလား..။ ဒီအတွေးတွေ နေဝန်းနီကို နှိပ်စက်နေတာ တစ်ပတ်လောက်ရှိသွားပြီ….။ ရည်းစားစကား ပြောခံနီး ခံစားရသလို ဖြစ်ဖြစ်နေလို့ ဒီပို့စ်ကို မတင်ပဲ ပြန်သွားရတာ …။ ပြောလိုက်ရင်ကောင်းမလား သူများစိတ်ဆိုးသွားလေမလား …. သူသိနေမှာပါ နဲ့ ပြောဖို့ မဝံ့မရဲဖြစ်နေတာ …။ ဒီကနေ့ တော့ ပြောမှဖြစ်တော့မယ်….။ နို့မို့ မြင်တာကို မြင်ရက် သိနေတာကို သိနေရက်နဲ့ မပြောပဲ ရေငုံနေလိုက်ရင် နိုင်ငံကြီးသားမပီသရာ ကျနေမယ်..။ တစ်ခြားအကြောင်းတော့ မဟုတ်ပါဘူး…။ လက်ရှိ ပစ္စက္ခ အခြေအနေလေးပါ…။ လူတိုင်းလည်း သိနေပြီးသားပဲ..။ ဒါပေမဲ့ မတွေးမိကြတာလား ? အတွေးမရောက်ဖြစ်ကြတာလား ? မသိချင်ယောင်ပဲ ဆောင်နေကြသလား တော့မသိဘူး…။ အလိုက်ကမ်းဆိုးမသိ စိတ်ထဲရှိတာပြောထည့်လိုက်တော့မယ်…။ အဲဒိနေ့က မိုးနဲနဲရွားလို့ လ္ဘက်ရည်ဆိုင်ထဲ ဝင်လိုက်တော့ […]


kaiSeptember 17, 20111min04
မြန်မာနိုင်ငံရေးအခင်းအကျင်းနဲ့ ရှေ့အလားအလာ ၂၀၀၈ နာဂစ်အခြေခံဥပဒေနှင့် ၂၀၁ဝ တွင် တက်လာသော ဦးသိန်းစိန်အစိုးရသည် ဒီမိုကရေစီနည်းကျ တက်လာပါသည်ဟု ကြွေးကြော်ရင်း ဆင်းရဲမှု တိုက်ဖျက်ရေး အစည်းအဝေးကို နေပြည်တော်တွင် စက်တင်ဘာလက ပြုလုပ်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဖိတ်ခေါ်၍ တက်ရောက်စေခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာနိုင်ငံသည် ပြောင်းလဲနိုင်သော အခြေအနေသို့ ရောက်နေပြီဟု ယုံကြည်ကြောင်းကမ္ဘာ့ဒီမိုကရေစီေန့တွင်ထုတ်ဖေါ်ပြောကြားလိုက်ပြန်ပါသည်။ မြန်မာနိုင်ငံသည်ငြိမ်းချမ်းစွာဒီမိုကရေစီစံနစ်ဆီသို့စစ်အာဏာရှင်ချပေးသောလမ်းကြောင်းဖြင့်တရွေ့ရွေ့ဖင်ဒ ရွတ်ဆွဲသွားနေမည်လော?ဧရာဝတီပေါက်ကွဲမှုကြီးဖြင့်လူမှုတော်လှန်ရေးဖြစ်မည်လော?။ စောင့်ကြည့်ရမည့်အချိန်သည်မဝေးေတာ့ဟုထင် သည်။ ဒေါ်အောင်ဆန်းစုကြည်က အခြေအနေ အချိန်အခါလိုက်ပြီး သင့်တော်လျှေက်ပတ်တဲ့ ပုံစံကို ပြောင်းလဲနိင်ဘို့လိုကြောင်း တချို့ကလည်း ပုံစံမပြောင်းနိုင်ဘဲ ဒီအခြေအနေပဲ ဒီပုံစံ၊ ဟိုအခြေအနေလဲ ဒီပုံစံဘဲ ဖြစ်နေခြင်းသည် ဆင်ခြင်သုံးသပ်နိုင်တဲ့ အရည်အချင်း အားနဲသည်ဟု ပြောရမှာဖြစ်ကြောင်း ပြောကြားခဲ့ခြင်းသည် အတိုက်အခံများဘက်မှ နိုင်ငံရေးအခင်းအကျင်း ပြောင်းလျှင်ပြောင်းသလို ရွှေ့နိုင်ပြောင်းနိုင်ရမည် (Flexible) တိုးလွယ် ဆုတ်လွယ်ကစားနိုင်ရမည်ဟု […]


kaiSeptember 9, 20111min012
နေ့သစ် – စီးပွားရေးနှီးနှောဖလှယ်ပွဲမှာ ငွေလဲနှုန်းကိစ္စဆွေးနွေးကြတယ်။ ဦးမြင့်ရဲ စာတမ်း Myanmar Kyat Exchange Rate Issue by U Myint မှာ ငွေလဲနှုန်းပြင်ဖို့ကို တောက်လျောက်ဆွေးနွေးထားတာ တွေ့ရတယ်။ အိုင်အမ်အက်ဖ်ကလဲ ငွေလဲနှုန်းပြင်ဆင်ဖို့ အကြံပေးမယ်ဆိုတဲ့ ဆွေးနွေးချက်တွေ ထွက်ပေါ်လာနေပါတယ်။ ဘာဖြစ်လို့ ၆ ကျပ်ခွဲ လုပ်ထားတာ လဲ။ ဘာကြောင့်လဲ။ မိုးသီးဇွန် – ငွေလဲနှုန်းကတော့ ပြင်သင့်တာပေါ့။ သိက္ခာရှိတဲ့ငွေလဲနှုန်း ဖြစ်သင့်တာပေါ့။ မဆလခေတ်ကတည်းက သတ် မှတ်ထားတဲ့ တဒေါ်လာ ၆ ကျပ်ခွဲဆိုတဲ့ ငွေလဲနှုန်းက အေးဓပြတိုက်ထားတဲ့ ငွေလဲနှုန်းလို ဖြစ်နေတယ်။ ငွေလဲနှုန်းကိုလဲ အမျိုးသားရေးလိုလို ဘာလိုလို လုပ်ထားတာပေါ့ဗျာ။ မင်းတို့ တဒေါ်လာကို ငါတို့ဗမာကျပ် ၆ ကျပ်ခွဲပဲပေးမယ်။ လဲချင်လဲ […]


ကျွန်တော့်မိတ်ဆွေတစ်ယောက်မှာ အငှားကားလေး တစ်စီးရှိပါတယ် နေ့စဉ်ဝင်ငွေလေး ရနေတော့ ဘေးကကြည့်ပြီး သဘောလဲကျ အားလဲကျပေါ့ ကိုယ့်လဲ ဒါမျိုးလေးတစ်စီး ရှိရင် ကောင်းမှာလို့ တွေးမိတယ် ဒါပေမဲ့ သူရှင်းပြလို့ ယာဉ်မောင်းကို ထိန်းရတဲ့ကိစ္စ၊ပြင်ဆင်ရေးကိစ္စ၊ဟိုကိစ္စ ၊ဒီကိစ္စတွေ အကြောင်း ကြားရတော့လဲ အငှားကားပိုင်ချင်တဲ့ စိတ်လေး ပျောက်သွားရတယ် မိတ်ဆွေက အခု ကြုံနေရတဲ့ အခက်အခဲလေး ထပ်ပြောပြတာက…. သူက ဝန်ထမ်းပါ ရှိတဲ့ငွေလေးရယ်၊ လိုတာကို အတိုးနဲ့ချေးပြီး အငှားကားလေး ဝယ်လိုက်ပါတယ် အကြွေးမြန်မြန်ဆပ်ချင်တော့ နေ့စဉ်ရတဲ့ အုံနာခကို ရဲရဲတောင် မစားရဲပဲ စုနေရတဲ့ဘဝပါ သူကားလေးဝယ်ပြီး သိပ်မကြာဘူး အငှားကားတွေ မီတာတပ်  .. မတပ်ရင် ဖမ်းမယ်၊ဆီးမယ်၊နုတ်နုတ်လှီးမယ်ဆိုတော့ ကြောက်အားလန့်အားနဲ့ ခါတော်မီပေါ်လာတဲ့ ကုမ္မဏီတွေထဲက တစ်ခုမှာ မီတာ ပြေးတပ်လိုက်ရတယ် အဲဒီတုန်းက […]


kaiSeptember 7, 20112min00
နိဒါန်း အာဖရိကနိုင်ငံတနိုင်ငံဖြစ်တဲ့ နိုက်ဂျီးရီးယားနိုင်ငံမှာ THISDAY Newspaper Group ဆိုတဲ့ စာနယ်ဇင်းအဖွဲ့တဖွဲ့ ရှိပါတယ်။ ဒီအဖွဲ့ဟာ နိုက်ဂျီးရီးယား စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ခဲ့စဉ်မှာကတည်းက တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်ကျဆုံးပြီး နှောင်းပိုင်းကာလတွေမှာလဲ ဒီမိုကရေစီစနစ်ရဲ့ အသက် သွေးကြောဖြစ်တဲ့ စတုတ္ထမဏ္ဍိုင် (သတင်း၊ စာနယ်ဇင်း၊ မီဒီယာကဏ္ဍ) မှာ အင်အားတရပ်အဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီလိုပါဝင်ရင်း (၂၀၀၁) ခုနှစ်မှာ Economic Intelligence Group ကို ထပ်မံဖွဲ့စည်းခဲ့ပါတယ်။ ဒီအုပ်စုမှာ ပါဝင်တဲ့ စီးပွားရေးပညာရှင်တွေဟာ နိုင်ငံတော်က ချမှတ်ထားတဲ့ စီးပွားရေးမူဝါဒများကို စောင့်ကြည့်လေ့လာခြင်း၊ ထိရောက်မှုများကို တိုင်းတာသတ်မှတ်ခြင်း၊ အားနည်းချက်ရှိနေသော ကဏ္ဍများကို ဖော်ထုတ်ခြင်း၊ နိုင်ငံတော်မှ ဖော်ဆောင်နေသော မူဝါဒများနှင့် ပတ်သက်၍ ပြည်သူလူထု၏ အမြင်သဘောထားများကို လေ့လာတင်ပြခြင်း၊ ကမ္ဘာအရပ်ရပ်တွင် […]


weiweiSeptember 4, 20111min033
အခုရက်ပိုင်း အလုပ်နဲနဲပါးနေတုန်း ရွာထဲကို အချိန်ပြည့်လည်နေမိတယ်။ ဦးစံရှားနဲ့ပတ်သက်တဲ့ ဉာဏ်စမ်းပဟေဌိတွေကိုမြင်တော့ ချက်ခြင်းဖတ် ချက်ခြင်းစဉ်းစား ချက်ခြင်းဖြေနဲ့ အဖြေမမှန်တာတွေကို ခပ်လောလောဖြေမိလိုက်ပါတယ်။ အဲဒီတော့ ကျွန်မတစ်ယောက်ထဲ ကြိတ်ရယ်နေမိရင်း ငယ်ငယ်တုန်းက အကြွားသန်ခဲ့ပုံလေးတွေကို ပြန်မြင်ယောင်လာပါတော့တယ် … ကျွန်မငယ်ငယ်က တော်တော်ဆိုးခဲ့တာ … အလယ်တန်းလောက်ကထဲက ဆရာ ဆရာမတွေရဲ့ အမြင်ကတ်ခြင်းကို ခံခဲ့ရတယ်။ အခု လူကြီးစိတ်နဲ့ပြန်တွေးလိုက်တော့မှ သူတို့အမြင်ကတ်လဲ ကတ်ချင်စရာပါပဲ။ ကျွန်မရဲ့ကလေးဘဝ ဉာဏ်ရည်ဉာဏ်သွေးက တော်တော်မြင့်ခဲ့ပါတယ် (ကြုံတုန်းကြွားတာ)။ ဘာကျူရှင်မှလဲ မတတ်ပဲနဲ့ စာတွေကို အလိုလိုရနေပါတယ်။ အရင်ဘဝကထဲကများ သင်ခဲ့ဖူးလားတောင်ထင်ရတယ်။ ပြသနာက စာတွေရနေတာကို ငြိမ်ငြိမ်မနေတဲ့ကိစ္စ။ ဆရာမက စာတိုင်ပေးပြီး ပြန်ဆိုခိုင်းလိုက်တာနဲ့ ကျွန်မက အလွတ်ရနေပြီ။ စာအုပ်ကိုပိတ်လိုက်ပြီး ခပ်ကြွားကြွားလေး အလွတ်ရွတ်ပြလိုက်တော့ ဆရာမအမြင်ကတ်ပြီ။ ဆရာမလဲ စဉ်းစားပြီလေ။ ဒီကလေးမ […]


CharTooLanSeptember 1, 20111min025
“ကျော်ကြီး သားမှာပိုက်ဆံဘယ်လောက်ရှိသေးလဲ” အလုပ်မှအပြန်နားမည်လုပ်နေစဉ် အမေအခန်းထဲသို့ ဝင်လာပြီးမေးခြင်းဖြစ်သည်။ “မရှိတော့ဘူးလေ လစာထုတ်ပြီး အမေ့ကိုအကုန်ပေးလိုက်တာ သားမှာနှစ်ထောင်လောက်ပဲကျန်တော့တယ်” (၃၁)ရက်နေ့ရတဲ့လစာ အိမ်ရောက်တာနဲ့အမေ့လက်ထဲအပ်လိုက်တာ အခုလကုန်ပြီး (၁)ရက်နေ့ ပိုက်ဆံလိုနေပြန်ပြီဆိုတော့ သုံးလုံးထီ(ချဲ)အကြွေး အရေးတကြီးပေးရတော့မယ်ဟု တွေးထင်လိုက်မိသည်။ ကြာကြာမတွေးလိုက်ရပါ ချဲလုပ်ငန်းရှင်အဒေါ်ကြီး အိမ်ရှေ့သို့ဝုန်းခနဲကျလာတော့သည်။ “ဒေါ်ကြည်ဒီနေ့ ရှင်းပေးအုံးနော် အရင် ၂လုံးဖိုးလဲကျန်သေးတယ် ဒီနေ့သုံးလုံးမှာ ဦးမြက ၃၀၀၀ဝကျော် ပြန်တင်တယ်ဆိုတော့ ၅၀၀၀ဝကျော်ရှိပြီ ကျမလဲလျှော်စရာတွေရှိနေလို့ ညကျရင်တင်ပေးပါအုံးနော်” ဒီလိုအသံတွေကို အချိန်မရွေးကြားရတတ်သည်မှာ ကျနော့်အတွက်သည်းမခံနိုင်ဆုံး ပြဿနာပင်ဖြစ်သည်။ “အမေတို့ကလဲဗျာ….. ရှက်ဖို့ကောင်းလိုက်တာ မလုပ်ပါနဲ့ပြောလဲမရဘူး” ပြောမယ့်သာ ပြောလိုက်ရတာ အဲ့ဒီစကားက ပထဆုံးအကြိမ် မဟုတ်တော့ပါဘူး။ “အောင်မယ် ဘာရှက်စရာရှိလဲ နင်တိုဒါနဲ့ပဲစားသောက်နေတာ ကြီးကြီးကျယ်ကျယ်တွေလာမပြောနဲ့” ဒါကတော့ အမေပြန်ပြောနေကျ စကားများထဲမှ ခံရအခက်ဆုံးစကားပင်ဖြစ်သည်။ ကျနော်တိုမောင်နှမသုံးယောက်ရှိသည်။ ကျနော်ကစပြီး အငယ်ဆုံးညီမလေးအထိ အလုပ်လုပ်ပီး […]


moegyothwarSeptember 1, 20111min019
ကျွန်တော်သိတဲ့ မလောက်လေးမလောက်စား အတွေ့အကြုံလေးနဲ့ ဒီနေ့ ကားထုတ်လုပ်မှု အပေါ် နဲနဲလေး သုံးသပ်ကြည့်ချင်ပါတယ်။ အခုတလော ကားလောကမှာ ဖြစ်နေတာတွေ မြင်ရ၊ ကြားရ နားဝမှာ မချမ်းသာတာရယ်၊ ကျွန်တော်ကြုံခဲ့တဲ့ အတွေ့အကြုံပိစိလေးကို ကျွန်တော့်ထက်ပိုနားလည်တဲ့ ညီအစ်ကိုတွေ၊ ညီအမတွေ ပြန်လည်ဝေဖန်ဆွေးနွေးပေးကြနိုင်အောင်ပါ။ ကျွန်တော် သိရသလောက် MG ကို နိုင်ငံတော် က တာဝန်ရှိသူတွေ လာပြီးဖတ်တာတွေ့ဖူး၊ သိဖူးတာကြောင့် ဒီဆွေးနွေးမှု့လေးတွေကနေ တခုခု သိသွားမယ်ဆိုရင် နိုင်ငံအတွက် တစိတ်တဒေသ အထောက်အကူပြုနိုင်အောင်ရည်ရွယ်ပါတယ်…   မော်တော်ကားထုတ်တယ်ဆိုတာ အပြောလွယ်သလောက်၊ အလုပ်ခက်တဲ့ လုပ်ငန်းပါ။ မတည်ရင်းနှီးငွေ များသလို၊ အသိပညာ အတတ်ပညာ တီထွင်ဖန်တီးနိုင်မှု အများကြီး လိုတဲ့လုပ်ငန်းပါ။ အဲဒီတော့ ငါတို့ ကားမထုတ်ရတော့ဘူးလား ဆိုရင်….. ထုတ်ပါ.. ထုတ်သင့်ပါတယ်.. ထုတ်လဲထုတ်ရပါမယ်.. […]


weiweiAugust 29, 20111min026
၃၈ ဖြာ မင်္ဂလာတရားတော်တွေထဲမှ နံပါတ် ၂၃ မြောက် မင်္ဂလာတရားတစ်ခုဖြစ်ပါတယ်။ ကျွန်မလက်ရှိ ကျင်လည်နေရတဲ့ လူ့အသိုင်းအဝိုင်းမှာ မာန်မာနထောင်လွှားတက်ကြွသူတွေ၊ ရာထူးမာန်၊ ဥစာမာန်၊ ပညာမာန်၊ သားသမီးမာန် စသဖြင့် မာန်မာနအမျိုးမျိုးရှိသူတွေကို မြင်နေတွေ့နေရတာများနေပါတယ်။ ယုတ်စွအဆုံး ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ အွန်လိုင်းလိုနေရာမှာတောင်မှ မာန်မာနတွေတလူလူတက်နေကြတာကို မြင်မိတော့ ဘေးကနေ သံဝေဂယူမိတဲ့အချိန်တိုလေးမှာပဲ ဒီပို့စ်ကို အမြန်ရေးလိုက်ပါတယ်။ ဘယ်လိုလူမျိုးတွေက မာန်မာနထောင်လွှားလေ့ရှိပြီး ဘယ်လိုလူမျိုးတွေက နှိမ့်ချစိတ်ရှိသလဲဆိုတာ လေ့လာကြည့်မိတယ်။ မပြည့်တဲ့အိုး ဘောင်ဘင်ခတ် ဆိုတဲ့ စကားပုံလေးက သိပ်မှန်ပါလားလို့ တွေ့လိုက်ရပါတယ်။ ကျွန်မသူငယ်ချင်းရဲ့အစ်ကိုတစ်ယောက်က အလွန်ချမ်းသာသော သူဌေးတစ်ဦးဖြစ်ပါတယ်။ သူ့ကို အပြင်မှာ ဒီအတိုင်းတွေ့ရင် ချမ်းသာတယ်လို့ ထင်စရာအကြောင်းမရှိလောက်အောင် ရိုးရိုးသားသားနဲ့ နှိမ့်ချလေ့ရှိသူတစ်ဦးဖြစ်ပါတယ်။ လမ်းဘေးမှာ ဈေးရောင်းရတဲ့ဘဝကနေ သူဌေးကြီးတစ်ယောက်ဖြစ်လာအောင် လုပ်နိုင်ခဲ့တဲ့ သူ့အရည်အချင်းတစ်ခုထဲမှာ ရိုးသားကြိုးစားမှုနှင့် နှိမ့်ချဆက်ဆံတတ်ခြင်းက […]


ဆူးAugust 24, 20111min025
အားလုံးတိတိကျကျမှန်မမှန်မသိေ ပမယ့် 75%လောက်က တော့ တိုက်ဆိုင်မှု ့ရှိတယ်လို ့ဆိုပါတယ်…ကဲ စလိုက်ကြရအောင်နော်…(1) တကယ်လို ့သင်ဟာတောနက်ကြီးတစ်ခုကို ဖြတ်သန်းပြီးသွားရတော့မယ်ဆိုပါစို ့…အဲဒီတောကြီးကသားရဲတိရစာ္ဆန်တွေပေါပြီး အင်မ တန်မှလည်း အန ္တရာယ်လည်းပေါများလွန်းပါတယ်..အဲဒီအခါမှာ သင်ဟာ i. တစ်ယောက်တည်းသွားမလား? ii. အဖော်တစ်ယောက်ခေါ်သွားမလား? iii. အန ္တရာယ်တွေကို ရှင်းပေးနိုင်လောက်တဲ့ ဒုတ်(သို ့)ဓါး တစ်ခုခုယူသွားမလား? (2 ) ဒီတောအုပ်ကြီးကိုဆက်လက်ဖြတ်သန်းလာတဲ့အခါမှာ သင့်ရဲ့ခေါင်းပေါ်မှာငှက်တွေပျံသန်းနေတာတွေ ့ရပါလိမ့်မယ်..အဲဒီငှက်ဟာ i. သိမ်းငှက် ii. စာကလေး iii. ခို iv.ကျီးကန်း (3 ) အရှ့ကိုဆက်ပြီးလျှောက်လာတဲ့အခါမှာ သင့်ရဲ့ရှေ့ကနေ အကောင်တစ်ကောင်ကောင် ဖြတ်ပြေးသွားတာသင်တွေ ့ရပါလိမ့်မယ်… အဲဒီအကောင်ဟာ i. မြွေ ii. ကျား iii. ကြောင် iv.ယုန် […]


ဘယ်လို နိုင်ငံလဲဗျာ… ဒီလို နိုင် တာလား.. ဒီလို နိ ုင် တာလား     ညထဲက ဖွ မလို ့ပဲ.. အချိန်တန်ရင် ဂလုဖို ့လာလာခေါ်ကြတဲ့ အရက်သမား တစ်စုကြောင့်. ၎င်းတို ့ခေါ်ရာ..လိုက်သွားပြီး ၎င်းတို ့တိုက်ရာ သောက်လိုက်တော့..တော်တော်မှန်သွားပြီး မတင်ဖြစ်လိုက်ဘူး။ တစ်ချိန်လုံး လွဲခဲ့တာတွေ..ပထမတန်း ခလေး ကြောင့် သိခဲ့ရပါတယ်. ကျေးဇူးတင်ပါတယ်..တစ်တန်း ခလေးလေးရဲ့.. ကဲ.. ကျုပ်တို ့လဲ အသက်ကြီးပြီး..ပထမတန်း ခလေး  လောက်တောင် အချိန်မစီးဘူး..ဗျာ…. ခလေးပြောလို ့သိတာတဲ့..အဲလင့်မှာသွားကြည့်ပေရော့……………………………….။ ။………………………………………….ပြီးပါဘီ…………………………………………။   ခောတ်အဆက်ဆက်မြန်မာနိုင်ငံ၏ပိုက်ဆံများ   တစ်လက်စထည်း ရှေးခေတ်က ပိုက်ဆံတွေပါ Edit လုပ်ပြီး ဖြည့်ထားလိုက်ပါတယ်ခင်ဗျား။ အောက်မှာရှုလော့..။   ခောတ်အဆက်ဆက်မြန်မာနိုင်ငံ၏ပိုက်ဆံများ […]


kaiAugust 24, 20112min09
ဖက်ဒရယ်စနစ် ဘိုဘိုကျော်ငြိမ်း | အင်္ဂါနေ့၊ ဩဂုတ်လ ၁၆ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ဝ၂ မိနစ် ကျနော်တို့မြန်မာပြည်မှာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းတာကို အကြောင်းပြဖို့ကြိုးစားရင်း စစ်အစိုးရ အဆက်ဆက်ရဲ့  ဦးနှောက် ရိုက်စားမှုကြောင့် ဖက်ဒရယ် စံနစ်ဆိုလိုက်တာနဲ့ အားလုံး လိုလိုက လက်တွန့် ကုန်တယ်။ ဖက်ဒရယ်စံနစ် ဆိုလိုက်တာနဲ့ တိုင်းပြည်ပြိုကွဲတော့မယ့် သယောင်ယောင် ထင်ယောင်ထင်မှား ဖြစ်လာကြတယ်။ ဒါကြောင့် မြန်မာတွေဟာ ဖက်ဒရယ်စံနစ်နဲ့ ပတ်သက်လာရင် လေ့လာမှုနည်းတယ်လို့ မြင်မိတယ်။ ဖက်ဒရယ်စံနစ် ဆိုလိုက်တာနဲ့ တိုင်းရင်းသားတွေရဲ့ပိုင်နက်၊ ငါတို့နဲ့ မဆိုင်သလို (ရှောင်) နေကြတယ်။ ငြိမ်းချမ်းမှုမရှိဘဲနဲ့ တိုင်းပြည် ပြန်လည်မထူထောင်နိုင်။ တိကျခိုင်မာ မျှတတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေရှိမှ […]