၁၆။ ရုပ်ခန္ဒာကိုယ်ကို အသား၊ အရိုး၊ သွေးတွေနဲ့ဖွဲ့စည်းထားတယ်။ အသားတိုးပွားပြီးလှပလာဖို့အတွက် သန့်ရှင်းလတ်ဆတ်သော အသားများကို စားသုံးရမယ်။ သေနေပြီးသော အသေကောင်များကို မစားရ။ အသားမစားသူများအနေနဲ့ ပဲကို များများစားရမယ်။ အသားလည်းမစားသူ၊ ပဲလည်းမစားသူများဟာ ချိနဲ့ပြီး လူစဉ်မမီသူများဖြစ်လာတယ်။ ၁၇။ လူသားတွေမှာ ရှိသင့်ရှိထိုက်တဲ့ ကြံ့ခိုင်မှုနဲ့ မြင့်မားသောအရပ်အမောင်းများရှိဖို့ဆိုရင် အရိုးများ သန်မာကြီးထွားဖို့လိုတယ်။ အရိုးများသံမာကြီးထွားဖို့အတွက် နွားနို့နဲ့ နို့ထွက်ပစ္စည်းများကို များများ စားသုံးရမယ်။ ဒိန်ချဉ် ကို အမြဲသောက်ရမယ်။ အသက်ကြီးသူတွေအတွက် အဆီထုတ်ထားတဲ့ နွားနို့ကိုသောက်နိုင်တယ်။ ကလေးသူငယ်ကအစ နွားနို့နဲ့ ဒိန်ချဉ်ကို များများတိုက်ရမယ်။ ၁၈။ လူသားတွေမှာလိုအပ်တဲ့ အမြှင်ဓါတ်၊ ဗီတာမင်ဓါတ်များနဲ့ သတ္တုဓါတ်များရနိုင်ဖို့အတွက် အသီးအရွက်များကို များများစားပေးရမယ်။ အသီးအရွက်များစားသုံးရာမှာ ရေစင်စင်ဆေးပြီးမှာသာစားသုံးရမယ်။ ကစီဓါတ်ရဖို့အတွက် ဂျုံ၊ ဆန်၊ပြောင်း၊လူး၊ဆပ်အစရှိသည်တို့ကိုစားသုံးရမယ်။ စားအုန်းဆီစားသုုံးခြင်းမှရှောင်ကျဉ်ရမယ်။ ဆီကိုနဲနဲပဲစားရမယ်။ […]
