black chawSeptember 22, 20111min05
Marketing အလိုရှိသည် ဆိုတဲ့ကြော်ငြာတွေကို မြင်ဘူးကြမှာပါ။ Marketing လို့ပြောလိုက်ရင် ဈေးကွက်ရှာဖွေတဲ့လူတွေလို့ အလွယ်တကူနားလည် လိုက်ကြတာပါပဲ။ အခုကျွန်တော်နားလည်ထားတဲ့ Marketing ဆိုတဲ့ ကိစ္စကို တင်ပြချင်တာပါ။ ကျွန်တော်ဒီလိုထင်ပါတယ်။ လိုချင်တာတစ်ခုကို၊ ဖြစ်ချင်တာတစ်ခုကို၊ ရအောင်လုပ်တာ၊ ဖြစ်အောင်လုပ်တာ ကို Marketing လို့ ထင်ပါတယ်။ ဆိုပါစို့ ကျွန်တော်ဒီပို့စ်ကိုရေးနေတယ်။ ဒီပို့စ်ကိုဖတ်မယ့် ရွာသူရွာသားတွေ ကျွန်တော့် အယူအဆကို လက်ခံလာအောင်၊ လက်မခံတောင်မှ သောက်တလွဲတွေပါကွာလို့ အပြောမခံရအောင် အားထုတ်ရပါတယ်။ အဲဒါဟာ Marketing ပါပဲ။ ဒီပို့စ်ကိုဖတ်ပြီး လျှောက်ရေးထားတာပါကွာ၊ တလွဲတွေပါကွာ လို့ စာဖတ်သူကထင်သွားရင် ကျွန်တော့် Marketing ညံ့လို့ပါပဲ။ လူတွေဟာ မနက်မိုးလင်းကတည်းက Marketing စလုပ်ရပါတယ်။ မိသားစု ၆ ယောက်ရှိတဲ့ အိမ်တစ်ခုမှာ အိမ်သာတစ်လုံးပဲရှိတယ်ဆိုပါစို့။ (ဆရာကြီးလေသံပေါက်နေရင်ခွင့်လွှတ်ပါ)။ ခင်ဗျားတို့ အိမ်မှာ အိမ်သာလုတက် ဖူးပါသလား။ အိမ်သာထဲမှာ တစ်ယောက်ရှိနေတယ်။ အပြင်မှာ အိမ်သာတက်ဖို့ စောင့်နေတာက သုံးယောက်ဖြစ်နေတယ်။ အရင်ဆုံးအိမ်သာတက်ဖို့ တစ်ယောက်တစ်မျိုးငြင်းခုန်နေကြမယ်။ တစ်ယောက်က […]


ဆူးSeptember 21, 20111min013
တနေ့က အသိတယောက် ဧရာဝတီတိုင်းဘက်က မိတ်ဆွေတယောက်ဆီက ကြားတဲ့ သတင်းကတော့ ၂လုံး ၃လုံး အသေအကြေ လိုက်ဖမ်းတော့ ဘင်ဂို ခေတ်ဖြစ်ကုန်ကြပြီ။ ညည ကစားရုံမှာ မအိပ်တန်းကို ကစားကြတာ တပွဲကို ၁၀၀ဝ နဲ့.. တညလုံး တချို့ဆို ၂သောင်း ၃သောင်း တညတည်းပြုတ်သွားကြတာပါပဲ။ ညည ကစားရုံတွေမှာ လူ ၅ဝလောက် ဆိုရင် တယောက် ၁၀၀ဝ နှုန်းနဲ့ ဆိုတော့ ၅သောင်း ကို နိုင်တဲ့ လူက ၄သောင်း၉ထောင် နဲ့ နံပါတ်ခေါ်တဲ့လူက ၁၀၀ဝ ယူပါတယ်။ တညလုံး အိပ်ရေးပျက်ခံ ကစားပြီး တပွဲမှ မနိုင်ရင်တော့ မရှိတဲ့ အထဲက မွဲနေကြအုန်းမှာပါပဲ။ လူတွေလည်း တမျိုးမဟုတ်တမျိုး ရှာကြံစွဲလန်းနေကြတာပဲ။


Good IdeaSeptember 21, 20111min07
Legal Aid Project  ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း အသက်(၁၈)နှစ်ေအောက်ရှိ ပြစ်မှုကျူးလွန်စော်ကားခံရသော ကလေးသူငယ်များ၊ လူငယ်များနှင့် သက်သေများ၊ ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသော ကလေးသူငယ်များနှင့် လူငယ်များ၊ အသက်(၁၈)နှစ်ကျော်သော်လည်း အမျိုးသမီး ဖြစ်သည့် အတွက် ပြစ်မှုကျူးလွန်စော်ကားခံရသော () အမျိုးသမီးများအတွက် အမှုလိုက်ပါဆောင်ရွက်ခ (ရှေ့နေခ) တစ်စုံတစ်ရာ မယူဘဲ ဥပဒေအကြောင်းအရ အခမဲ့ ကူညီပေးသည့် စီမံချက် ဖြစ်ပါသည်။ ရည်ရွယ်ချက် မသိနားမလည်၍ သော်လည်းကောင်း၊ တရားရုံးစရိတ် မတတ်နိုင်၍သော်လည်းကောင်း၊ ရှေ့နေငှားရမ်းခ မတတ်နိုင်၍သော်လည်းကောင်း၊ မိမိနစ်နာသောအမှုကို တိုင်းတန်းရန် (သို့) စွပ်စွဲခံရသောအမှုကို ရင်ဆိုင်ဖြေရှင်းရန် အခက်အခဲ ရှိသူများအတွက် … ဥပဒေအကြောင်းအရ အခမဲ့ လိုက်ပါဆောင်ရွက်ပေးရန် ပြစ်မှုကျူးလွန်စော်ကားခံရသူ (နစ်နာသူ) အသက် (၁၈)နှစ်အောက် ကလေးသူငယ်၊ အသက် (၁၈)နှစ် […]


studentSeptember 21, 20111min01
လားရိုးမြို.asia world company မှ green luck နာမည်စက်သုးံများရောင်းချလျက်ရှိပါတယ်။အဲဒီစက်ဆီများသည်အမှန်တကယ်သုးံသူလက်ထဲမရောက်ဘဲဆီရောင်းစား သူများ company နင်.ပတ်သက်ဆွေမျိုးများ သတ်မှတ်ထားဆီဂါလံထက်ပိုထုတ်ပြီးရောင်းစားနေပါသည်။ နီးစပ်ရာများတိုင်ကြားပေးပါ။ ဆွေမျိုးနှင်.ရောင်းစားသူများကိုအသင်းလုပ်ထားသောဆီစာအုပ်ပါလဲထုတ်ပေးပါသည်။ နီးစပ်ရာများတိုင်ကြားပေးပါ။


kyawkyaw11September 20, 20111min0
ကျွန်တော်ကိစတစ်ခုနှင့်စစ်တွေကိုသွားတော့ ကျောင်းတုံးကသူငယ်ချင်းတစ်ယောက်အိမ်မှာတည်း ပါတယ် ဒါနဲ့ ပြန်တော့သူငယ်ချင်းကိုကျွန်တော်အလည်အတင်းခေါ်ပါတယ် ဒါနဲ့ဘဲ သူလိုက်ဘို့ဖြစ် လာတော့ လေယာဉ်လက်မှတ်သွားဝယ်တော့ (2)ယောက်စာ ဒီမှာတင်ကျွန်တော့ကိုတော့ရောင်းပြီး ကျွန်တော့သူငယ်ချင်းကိုမရောင်းပါဘူး ဒါနဲ့မေးကြည့်တော့ သူ့မှတ်ပုံတင်မှာ ကမန်အစလာမ် ဖြစ်နေပါတယ် ဒါနဲ့သူငယ်ချင်းကိုမေးကြည့်တော့ ကမန်ကရခိုင်တိုင်းရင်းသားပါလို့ပြောပါတယ် နိုင်ငံတော်ကလဲ လွတ်လပ်စွာသွားလာခွင့်ပြုထားပါပြီလို့ပြောပါတယ် ဒါနဲ့လေယာဉ်ရုံးကိုမေးကြည့်တော့ စစ်တွေမြို့က ဦးအောင်လှထွန်း ၏ထောက်ခံချက်ပါမှရောင်းရမယ် ထွယ်ဆိုပြီးပါပြီးသားပါ ဒီဟာနဲ့မလုံလောက်ပဲ ဦးအောင်လှထွန်းလက်မှတ်ပါရင်ရပြီ ဖြစ်နေပါတယ် ရင်လေးမိတယ်ဝန်ကြီးရေ တစ်ဘက်ကကူးလာသူတွကို ဦးအောင်လှထွန်းလက်မှတ်နဲ့ မှတ်ပုံတင်တွေ ထုပ်ပေးမိနေရင်တော့—— ငွေဆိုတာကလည်း လူတိုင်းကြိုက်တဲ့နှင်းဆီ ခိုင်မဟုတ်လား —–ကြည့်လုပ်ကြပါအုံး ဝန်ကြီးများတို့ရေ———— ဂျိတ်တောသားငထွား အဖွဲ့သားများအားလုံးကျမ်းမာကြပါစေ—- လှပ သန့်ရှင်းတဲ့နိုင်ငံလေးဖြစ်လာဖို့ ဝိုင်းဝန်းကြိုးစားကြပါစို့–


nigimi77September 20, 20111min025
ကံ “လူမစွမ်း နတ်မ” ဆိုသည့် စကားသည် မည်သည့် အချိန်ကာလမှ စတင် ပြီး မြန်မာနိုင်ငံ၏  လူနေမှု စနစ် အတွင်းသို ့ ရသေ့စိ်တ်ဖြေ ဝင်ရောက်လာသည်ကို ကျွန်တော် မသိပါ။  သိရှိရန်လည်း မလိုအပ်ပါ။   လူဆိုသည်မှာ  ကမ္ဘာပေါ်တွင် သဘာဝတရားက အကောင်းဆုံး တည်ဆောက်ထားသော သက်ရှိမျိုးနွယ် ဖြစ်ပါသည်။  လူမစွမ်းသည့် အရာသည် မရှိသလောက် နည်းပါးပါသည်။  ကျွန်တော်တို ့နေ ့စဉ် စားသုံးနေကြသော အစား အသောက်မှ စပြီး  အဝတ် အထည် ၊ လူသုံးကုန် ပစ္စည်းများ၊  အဆောက်အဦများ၊  ရွှေ  ့လျား သွားလာနိုင်သော အရာဝထ္ထု မှန်သမျှ အားလုံးသည်  လူတို ့ပြုလုပ်ထားခြင်း ဖြစ်ပါသည်။  လူတို ့၏ […]


nigimi77September 20, 20111min06
ကျွန်တော် မျက်ရည် အကြိမ်ကြိမ် ကျခဲ့ဖူးပါသည်။  ရှေ  ့လျှောက်လဲ ကျနေဦးမည် ထင်ပါသည်။ မည်သူ တစ်ဦး တစ်ယောက် အတွက်မှ မဟုတ်ပါ။ ကျွန်တော့် အတွက် ဖြစ်ပါသည်။  မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်သော ကျွန်တော်သည် တစ်ဦးတစ်ယောက်ထဲ နိုင်ငံသား ဘဝနှင့် မရပ်တည် နိုင်ပါ။ တစ်ဦးတစ်ယောက်၏ အရည်အချင်းနှင့် လည်း Civil Soceity ကို မတည်ဆောက်နိုင်ပါ။ မည်သည့်နိုင်ငံဆိုသည့် အမည် အပိုင်းအခြား နောက်ကွယ်တွင် ကျွန်တော်တို ့ အားလုံးသည် “လူတွေ အားလုံးဟာ အတူတူပါပဲ။ လူသားချင်း ချစ်ခင်တတ်ဖို ့ စာနာတတ်ဖို ့ သနားတတ်ဖို ့ ကူညီရိုင်းပင်းဖို ့လိုအပ်ပါတယ်” ဆိုတဲ့ အယူအဆများအား လက်ခံချင်ပါသော်လည်း မိမိ၏ နေထိုင်ရပ်တည်မှု၊ […]


phone_kyawSeptember 19, 20111min01
၁။ ၂ဝ၁၁-ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ ့ နေပြည်တော်တွင် မြစ်ဆုံဆည်စီမံကိန်းနှင့် ပက်သက်၍ စာတမ်းဖတ်ပွဲ ပြုလုပ်ခဲ့သည်။ ယင်းစာတမ်းဖတ်ပွဲအား ဝန်ကြီးဌာနအသီးအသီးမှ ဝန်ကြီးများ ၊ သက်ဆိုင်ရာပညာရှင်များနှင့် သတင်းထောက်များတက်ရောက်ကြကြောင်း သိရသည်။ ၂။ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းပြောကြားချက်အရ လက်ရှိအစိုးရလက်ထက်တွင် သဘာဝပတ်ဝန်းကျင်းဆိုင်ရာဝန်ကြီးဌာနတစ်ခု ဖွဲ ့စည်းပြီးကြောင်းသိရှိရသည်။ ထို ့အပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေ (The Enviromental Law or The Enviromental Protection Act -2011 ) လည်းရေဆွဲနေကြောင်းနှင့် မကြာမှီ ပေါ်ပေါက်လာမည်ဖြစ်ကြောင်းသိရှိရသည်။ ဒါ့ကြောင့် သဘာဝဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောဌာန ဝန်ကြီး ဦးဝင်းထွန်းကို အထူးချီးကျူးပါတယ်။ ဒီဌာနကိုဖွဲ ့သင့်တာကြာပါပြီ။ အရင်တုန်းက အစိုးရအဆက်ဆက်တွေ မလုပ်ဘူးသေးတဲ့အလုပ်ကို လုပ်တဲ့အတွက် လက်ရှိပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ […]


phone_kyawSeptember 19, 20111min033
သူများတွေ ဘယ်နေရာကိုလှူကြသလဲ ဩစတျေးလျနိုင်ငံက ဘီလျံနာသူဌေးကြီး အန်ဒရူးဖောရက်စ်လည်း လှူတာဝါသနာပါပါတယ်။ သူက မြန်မာတွေလို ဘုန်းကြီးကိုလည်းမလှူပါဘူး။ ဘုရားတည်ကျောင်းဆောက်တာလည်း မလုပ်ပါဘူး။ ရော့…မင်းကိုတစ်သိန်းပေးတယ် ဆိုပြီးလည်း မလုပ်ပါဘူး။ သူက မိဘမဲ့ခလေးဂေဟာကိုလှူတယ်။ နို ့ ့ကင်ဆာကာကွယ်ရေးနှင့်သုတေသန အတွက်လှူဒါန်းတယ်။ ဌာနေတိုင်းရင်းသားတွေရဲ ့ပညာရေးအတွက် စကောလားရှစ်တွေပေးတယ်။ အိမ်ခြေမဲ့ အလုပ်လက်မဲ့တွေအတွက် အလုပ်အကိုင်နဲ ့အိမ်ယာ ရရှိရေးအတွက်လှူဒါန်းတယ်။ဒီလိုလှူဒါန်းတဲ့နေရာမှာ ရော့…ယူ ဆိုပြီး မလုပ်ဘူး။ လှူဒါန်းငွေကနေ အမြတ်ရအောင် လုပ်တယ်။ ဒီအမြတ်ငွေနဲ ့ရေရှည် ရပ်တည်နိုင်အောင်လုပ်ပေးထားတယ်။ ဥပမာ ဘဏ်တိုးနဲ ့အမြတ်ရှယ်ယာတွေကနေ ရေရှည်လည်ပတ်လို ့ရအောင်လုပ်ပေးတယ်။ တချို ့သူဌေးကြီးတွေက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်မြှင့်တင်ရေးအတွက် သုတေသနလုပ်ငန်းနဲ ့ပညာသင်ကြားရေးကိစ္စတွေမှာ လှူဒါန်းတယ်။ တချို ့တွေက သူတို ့မြို ့တွေမှာ အပန်းဖြေစရာ […]


TTNUSeptember 19, 20111min012
Best Teacher (1)  Best Teacher ဆိုတဲ့ ခေါင်းစဉ်အောက်မှာရေးချင်စရာတွေများလှပါတယ်။ဆရာမ ဖြစ်ခါစက ၊ ဖေါင်ကြီးသင်တန်းကလဲ ဆင်းကာစ၊ တစ်တိုင်းပြည်လုံး ငါ့တာဝန်လိုလို၊ ငါမကယ် သေဖွယ်ရာ လိုလို။ ပထမဆုံး အလုပ်ဝင်တဲ့ကျောင်းက မန​ ္တလေးမှာ ရှေးမင်းညီမင်းသားများ တက်ခဲ့တဲ့ ကျောင်း ၊ မင်္ဂလာပါ ဆိုတာကို လက်အုပ်လေးချီပြီး နှုတ်ဆက်တဲ့ ကလေးတွေ ရှိတဲ့ကျောင်းဗျာ။ အလုပ် လုပ်လို့ ကောင်းချက်တော့ မကျန်ပါဘူး ။ ကိုယ့် စိတ်ထဲ မှာ ငါ ခိုကပ် ပျင်းရိတဲ့ ဆရာမ မဖြစ်စေရဘူး လို့ ခိုင်ခိုင်မာမာ ကြီးကို ဆုံးဖြတ်ခဲ့ တာ။ Best Teacher (2) ဆရာမ  ပေါက်စဘဝ နဲ့ စေတနာရယ် […]


ပေါတာဘင်September 18, 20111min0
3.9.2011 နေ့တွင် ပြုလုပ်သော အစည်းအဝေး တွင် (တပ် နှင့် ရဲတပ်ဖွဲ့  မပါ ) ဦးစီးဋ္ဌာန အားလုံး အား တစ်ဋ္ဌာန လျှင် ငွေ သုံးသိန်း စီ ပေးဆောင် ကြပါရန် အမိန့်ချမှတ် လိုက်ပါသဖြင့် ဦးစီးဋ္ဌာန ဦးစီးများ အကျပ်ရိုက်လျှက်ရှိကြောင့် သိရှိခဲ့ရပါသည်။  တောင်းခံယူသည့်ခေါင်းစဉ်မှာ  ဂေါက်ကွင်း ရံပုံငွေ နှင့် ဆို က ရေး တီး ရံပုံငွေ အတွက်ဟု ပြောကြားခဲ့ကြောင်း ကြားသိရပါသည်။ ယ္ခု အခါတွင် သံတွဲမြို့ ရှိ ဋ္ဌာနဆိုင်ရာ အသီးသီး မှာ လာဒ်ပေးလပ်ယူမှု လွန်စွာနည်းပါး နေခြင်းကြောင့် များစွာ အခက်တွေ့လျှက်ရှိကြောင်းသိရှိ ရပါသည်။ ယင်းသို့ အတင်း အဓမ္မ အာဏာသုံး၍ […]