htet wayDecember 27, 20111min05
ကျွှန်တော် မြို့ကို (26.12.2011)တနင်္လာနေ့က ပြန်လာခဲ့ရပါတယ်။လူတယောက်မှာ အသက်တရာမနေရ အမူတစ်ရာပွေရတယ်ဆိုတဲ့ ဆိုရိုးအတိုင်း ကျွှန်တော် တရားရုံးကိစ ္စကြောင့်ပြန်ရတာပါ။ဖြစ်ပုံက အများပိုင် ပစ္စည်းတွေ ခိုးမူတခုပေါ်ပါက်ရာမှာ တရားလိုက ဘာသာရေးအသင်းအဖွဲ့ လူကြီးတွေကို မတိုင်ခင်လာခေါ်၊တိုင်ပင်နဲ့ ကျွှန်တော် သက်သေဖြစ် ခဲ့ရပါတယ်။ ကျွှန်တာ် အပြင် တခြားခေါင်းဆောင်တွေကိုလည်းစစ်ဆေးပြီးခဲ့ပါပြီ။ ရုံးချိန်းနှစ်ကြိမ်ပျက်ကွက်တော့ဒီတကြိမ်ပျက်ရင် နောက်တကြိမ်ဆို အချုပ်နဲ့ ခေါ်တာခံရမှာမို့ ဆက်ဆက် လာခဲ့ရတာပါခင်ဗျား။လမ်းတလမ်းမှာ ရာအိမ်မှူးတယောက်ရှိတယ်ဆိုရင် အဲ့ဒီလမ်းမှာ သူခိုးခိုးခံရရင် ပထမဆုံးက ဒီ ရာအိမ်မှူးကို ပြောမယ် တိုင်မယ် နောက်သခိုးမိပြီးရုံးတင်တော့ရာအိမ်မှူးက တရားလိုသက်သေဖြစ်ရော။ကျွှန်တော် အဖြစ်ကလည်းဒီလိုပါပဲခင်ဗျား။ ကျွှန်တော်ပြောချင်တာက ဒီအကြောင်းမဟုတ်ပါ။တရားရုံး အကြောင်းသာဖြစ်ပါသည်ခင်ဗျာ။ကျွှန်တော်ကိုဆင့်စာမှာ တရားရုံးရှေ့ကို နံနက် (၁၀)နာရီ အရောက်လာရမယ်လို့ပါ ပါတယ် ။ဒါနဲ့စောစောပဲ၁ဝနာရီတိတိရောက်ခဲ့ပါတယ်။ တကယ်တန်းရုံးကခေါ်တော့ ၁၂နာရီ မိနစ်၂ဝပါ။ကျွှန်တော်ပထမဆုံးခေါ်ခံရပါတယ်။ဒါပေမယ့်မစစ်ဖြစ်ပါဘူး တရားခံရှေ့နေကခွင့် တင်ထားလို့ပါတဲ့။ကျွှန်တော်ပြန်လာရတာ ရန်ကုန်ကအိမ်မဲ […]


ဦးတေဇ ပိုင်ဆိုင်သောအဓိကလုပ်ငန်းများ ၁။ အဲပုဂံ (Air Bagan) မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိက လေကြောင်းလိုင်း ဖြစ်ပြီး ATR42-320, ATR72-500 နှင့် FOKKER-100 လေယာဉ်များ အပါအဝင် လေယာဉ် (၁၂) စင်းပါဝင်သည်။ ပြန်လည်ရောင်း ချမည်ဆိုပါက အမေရိကန် ဒေါ်လာ (၂၅) သန်းမှ သန်း (၃၀) အကြားတွင် ရရှိ နိုင်သည်ဟု ခန့်မှန်းရသည်။ ရန်ကုန်မြို့ရှိ အေးရှားဂရီးန် ဘဏ်ခွဲတခု ၂။ အေးရှားဂရီးန် ဖွံ့ဖြိုးရေးဘဏ် (Asia Green Development Bank) နေပြည်တော် ဇဗ္ဗူသီရိမြို့သစ်ရှိ နေပြည်တော်ဘဏ်ရပ်ဝန်း၌ (၂၀၁၀) ဩဂုတ်လ ၆ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့သည်။ Aureum Palace ဟိုတယ်တခု ၃။ […]


– ၄။ …. “ဟိုလူ့လက်ညှိုးထိုး၊ သည်လူ့လက်ညှိုးထိုး အကျင့်ပါနေသော ………”   ဟုတ်ပါတယ်ခင်ဗျ…။ အဲဒါ ကျွန်တော်ပါခင်ဗျာ…။ စကားပုံအရှိသားမဟုတ်လား – “လူမတန် ကံ ချ”  တဲ့… ရှိပြီးသားစကားပုံလေး မသုံးလိုက်ရရင် နှမြောစရာကြီး။ ကိုယ်အဆင်မပြေမှု့တွေ   တွေ့ကြုံ   ကြားသိ ရလေတိုင်း – ကိုယ့်လိုအင်ဆန္ဒတွေမပြည့်လာလေတိုင်း- ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာတွေ မဖြစ်လာလေတိုင်း- လူတွေမှ စည်းကမ်းမရှိတာ…. အုပ်ချုပ်သူတွေက ဘာဖြစ်တာ…. ရာသီဥတုကဘယ်လို… ရေခံမြေခံတွေကဘယ်လို… တရုတ်တွေကဘာလုပ်လို့   ကုလားတွေကဘာလုပ်လို့ အဲသလို  အဲသလို သူများလွှဲချရတာ တော်တော်အဆင်ပြေပါတယ်။ ဒါပေမယ့် ဒါပေမယ့် – ကြာလာတော့လေ- ကိုယ်ပေးတဲ့ဆင်ခြေတွေ ပတ်လည်ဝိုင်းလာပြီး ကိုယ့်ကိုယ်ကို ပိတ်လှောင်မိလျှက်သား ဖြစ်နေတော့တယ်။ ကိုယ့်ကိုယ်ကို ဖုံးကာထားမိလျှက်သားဖြစ်နေတော့တယ်။ ပြီးတော့ ကိုယ့်တိုးတက်မှု့တွေလုပ်ဆောင်ဘို့လမ်းကြောင်းမှာ- ကိုယ့်ကိုယ်ကို […]


(ကိုသစ်မင်းရဲ့ ဂေဇက်ဆီမီနာ(၂)  ကိုဖတ်ပြီး ဝင်ပါချင်စိတ်တွေဖြစ်လာတယ်။ တကယ်တော့ ဆရာသစ်ရဲ့အောက်လိုင်းအတိုင်း တန်တန်ရာရာ ဝင်ဖြည့်ဆွေးနွေးနိုင်စွမ်းတော့ မရှိပါဘူး။ ဒါကြောင့် ပိုစ့်မူရင်းထဲမှာ ဆွမ်းဆန်ထဲ ဝင်မရောရဲတာနဲ့ အစလေးတွေ ဆွဲထုတ်ပြီး ပြောချင်တာတွေ လျှှောက်ပြောပါတော့မယ်။)   ၂။…..“ကျ”ဆင်းနေသော ကိုယ့်ကိုယ်ကိုယုံကြည်မှုများ   ကျွန်တော်တို့ အများစုမှာ မရှိတာတွေထဲက လိုအပ်တာတွေထဲက တခုက အဲဒါ…. “ ကိုယ့်ကိုယ်ကို ယုံကြည်မှု ” ဆင်ခြေတွေပေးပါ့မယ်- ဘဝရေခံမြေခံကဘယ်သို့၊ အုပ်ချုပ်တဲ့စံနစ်ကဘာဖြစ်လို့၊ လူမျိုးရဲ့စရိုက်က ဘယ့်နှယ်နေလို့၊ တိုင်းပြည်က ဘယ်လိုဖြစ်နေလို့ … … လို့ … လို့ … လို့ … အကြောင်းတွေကိုတော့ မငြင်းတော့ပါဘူး… အဲဒီတော့ အကျိုးကို လက်ခံသလား ?? ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိဘူးဆိုတဲ့ […]


etoneDecember 23, 20111min019
မြင်မြင်သမျှ ရေးချပြရမယ်ဆိုလျှင် ကုန်နိုင်မယ်မထင်ဘူး ။ ကိုယ်ကပဲ ကြုံတတ်လေသလား ၊ တိုက်ဆိုင်တာများလားမသိ တွေ့လိုက်ရလျှင် တကယ့်ကို စလန်ပေးချင်လောက်တဲ့အခြေနေမျိုးနဲ့ချည်းပါပဲ ။ စိတ်ထဲ ကြိတ်တွေး ၊ တအုံ့နွေးနွေးဖြစ်နေတာထက်စာလျှင် ပြောပြလိုက်တာက တခြားလူတွေအတွက်ပါ ဆင်ခြင်လို့ရမယ်ထင်လို့ ရေးမိပြန်တယ်လေ ။ ဒီနေ့လည်း အထက်လူကြီးရဲ့ ကောင်းမှု အကြောင်းပြုပြီး တောက်တိုမယ်ရ လုပ်ရပြန်တယ်လေ … လေယဉ်ပျံကြီးဆီးပြီး ခြေကြွလာတဲ့ဧည့်သည်အတွက် ငါးသိန်း GSM တလုံး သွားဝယ်ခိုင်းပါတယ် ။ ကျွန်မလည်း ရုံးနဲ့ အနီးဆုံး ဘုရင့်နောင်က ဖုန်းဆိုင်တွေဘက် ထွက်ခဲ့ပါတယ် ။ လူကြီးမင်း နဲ့ Elite နှစ်ဆိုင်မှာ ပိုက်ဆံချက်ချင်းရှင်း၊  ချက်ချင်းဝယ်လို့ရနေတာကြောင့် တစ်ဆိုင်ဆိုင်မှာ ဝယ်မယ်ဆိုတဲ့အတွေးနဲ့ပေါ့ … ။ လူကြီးမင်းဆိုင်မှာတော့ တစ်ခါက ဟမ်းဆက်ဝယ်ဖူးလို့ […]


စဆရ ႀကီးDecember 23, 20111min027
တစ်ရက်တာအတွက် အလုပ်သိမ်းချိန်သို့တိုင်လေပြီ။ ကိုရင်ရှူံးသည်ကား ခမောက်ကို ချွတ်ပြီးနောက် လည်ပင်းတွင်ပါတ်ထားသော မျက်နှာသုတ်ပဝါစဖြင့် ချွေးပြန်နေသော မျက်နှာအားအားပါးတရ သုတ်လိုက်မိတော့သည်။ အချိန်သည်ကား ၆း၃ဝ ရန် ၁၅ မိနစ်မျှသာလိုတော့ကြောင်းပြနေပြီဖြစ်သည်။ ဘေးတွင်ချထားသော ရေဗူးမှရေအား တစ်ကျိုက်ခန့်မော့လိုက်ပြီးသည့်နောက် အတန်ငယ် လန်းဆန်းသလိုတော့ဖြစ်သွားသည်။ ပြန်ချိန်ရောက်နေပြီကတစ်ကြောင်း၊ တစ်ရက်တာ ကုန်ဆုံးသွားပြီကဖြစ်သည့်အတွက်ကြောင့်တစ်ကြောင်း စိတ်လက်ပေါ့ပါးနေတော့သည်။ အပြာရောင် ကုမ္ပဏီဝတ်စုံသည်ကား ချွေးများနှင့် ဆေးမှုန်များ၊ ဖုန်မှုန့်များရောနှောနေသည့်အတွက် အနက်ရောင်သို့ပင် ပြောင်းလုပြောင်းခင်ဖြစ်တော့သည်။ မပြန်ခင် ပစ္စည်းများကို ဆာလာအိတ်အတွင်းထည့်ပြီးနောက် သေတ္တာတွင်းသို့ သွားထားရင်းနှင့် ကုန်းပါတ်ပေါ်သို့ တက်လာခဲ့မိသည်။ သင်္ဘောတစ်စီးလုံးကား တစ်နေကုန် ဆူညံသံများစွာဖြင့် သက်ဝင်လှုပ်ရှားခဲ့သည်မှာ သူမဟုတ်လေသည့်အလား တိတ်ဆိတ်ငြိမ်သက်ခြင်းက ကြီးစိုးနေသည်။ ကုန်းပါတ်ပေါ်တွင်မတော့ Tank အတွင်းနှင့်မတူ ညနေခင်းလေပြည်အေးသည်ကား ရေပြင်ကို ဖြတ်တိုက်လာခြင်းကြောင့် အေးမြနေလေသည်။ ယခုမှပင် လေကိုဝဝ ရှူရတော့သည်။ […]


KyaemonDecember 22, 20112min04
စာရေးသူတဦးက "အမေရိကန်နဲ့ စစ်တိုက်ခဲ့တဲ့ ဗီယက်နမ်တောင် တရုတ်ကြီးနဲ့ ရန်ဖြစ်ပြီး အမေရိကန်နဲ့ ပြန်ပေါင်းလိုက်တာ စီးပွားရေး တဟုတ်ထိုး တိုးတက်နေပါတယ်။" ဆိုပြီး ရေးခဲ့ပါတယ်၊ မှန်မမှန် ကိုကြည့်ကြရအောင် ထုံးစံအတိုင်း အားကိုးရတဲ့ ဆရာဝီးကီး ကိုပြေး ကပ်ရတယ်၊ Web Site ဝိက်ဆိုက်ကနေ အလွယ်တကူ ရနိုင်တဲ့ စီအိုင်အေမှတ်တမ်း ကိုလှန်လှော်ပြီး တ "ဝ" ကြီး ဆည်းပူးလို့ရတယ် Economy of Vietnam http://en.wikipedia.org/wiki/Economy_of_Vietnam External Exports $72.03 billion (2010 est.) Export goods clothes, shoes, marine products, crude oil, electronics, wooden products, rice, machinery Main […]


Ma MaDecember 22, 20111min039
ဓာတ်ပုံရိုက်တယ်လို့ ရိုးရိုးလေး ဆိုကြပေမယ့် ရည်ရွယ်ချက်တွေကတော့ အမျိုးမျိုး ဖြစ်ကြပါလိမ့်မည်။ အခုတလော ရွာထဲမှာ တင်နေတဲ့ ကိုပေါက် ရဲ့ လက်ဆော့ထားတာတွေကို ရိုက်ပြထားတာကိုတော့ သတင်းဓာတ်ပုံလို့ ပြောရမယ်ထင်တယ်။ (ကိုပေါက်ရဲ့ စိတ်ရှည်ဇွဲသန် သည်းညည်းခံပြီး ဓာတ်ပုံတွေ တင်နိုင်စွမ်းကတော့ အံ့မခန်းပါပဲ။) ကိုဘလက်တို့၊ နွယ်ပင်တို့ရဲ့ အချိန်နဲ့ တပြေးညီ တင်ပေးတဲ့ ကားတိုက်မှုသတင်းတွေဆိုရင် ခေတ်မှီအောင် ရွာထဲဝင်ရမည်လို့ ဆိုလိုက်သလိုပါပဲ။ ရွာမှာ အနေကြာပြီဖြစ်တဲ့ ဆရာမဝေဝေရဲ့ တရုတ်ပြည်သွား ဓာတ်ပုံတွေနဲ့ ခရီးသွားဆောင်းပါတွေက တရုတ်ပြည်တနံတလျှားကို ငွေမကုန် လူမပန်းပဲ သွားလိုက်ရတာပေ့ါ။ အန်ကယ်ကြီးရဲ့ ဩဒုက္ခ ဆိုတဲ့ ပိုစ့်က ဓာတ်ပုံဆိုရင်လည်း လူသားတွေရဲ့ ကိုယ်ချင်းစာတရားကို နှိုးဆော်ပေးဖို့ အင်မတန် အထောက်အကူပြုသွားတာစေတယ်လေ။ ယဉ်ငြိမ်းနွေးရဲ့ ရှမ်းစာလုပ်နည်းတွေကို ဓာတ်ပုံနဲ့တကွ တင်ပေး သင်ပေးတာကတော့ […]


thit minDecember 22, 20117min031
 တကယ်ကြီးကိုစိတ်အေးလက်အေးနဲ့ဖတ်ပါ။ ဝင်ရောက်ဆွေးနွေးပေးပါ။ ဘယ်သူကိုမှအပြစ်တင်ခြင်းမဟုတ်ပါဘူး။အားလုံးနိုင်ငံချစ်သူတွေမို့ ပြောပြချင်လို့ပါ။ ရလာဒ်များမှအဖြေရှာ ကိုကြောင်လတ် ——————(ဝန်ထမ်းအားလုံးဟာလာဘ်စားရတာကို ပျော်ရွှင်ကျေနပ်နေတယ်လို့မထင်စေချင်ပါဘူး။ အရင်ဆုံးစပြင်ရမှာကစီးပွားရေးသမားလုပ်ငန်းရှင်တွေပါတဲ့) (^^) သူများတံတွေးကွက်ပက်လက်မျောပြီးသူများ မသထာရေစာကို ဘယ်သူမှမစားချင်ကြပါဘူး။ ကိုယ့်ဟာကိုဂုဏ်သရေရှိရှိနဲ့ သူများလေးစားခြင်းခံယူပြီးရပ်တည်ချင်တဲ့ဝန်ထမ်းတွေ အများကြီးရှိနေတယ်ဆိုတာကိုနားလည်ထားစေချင်ပါတယ်။ အရင်ဆုံးစပြင်ရမှာကစီးပွားရေးသမားလုပ်ငန်းရှင်တွေပါ။ သူတို့အကျိုးအတွက်မမှန်တဲ့လမ်းကြောင်းကနေ အခွင့်အရေးရဖို့ လုပ်ပိုင်ခွင့်ရှိသူတွေကို အတင်းလာဘ်ထိုးနေကြတာကျနော်ကိုယ်တွေ့ပေါ့။ ကိုယ်မလုပ်လဲသူများလုပ်စားသွားမှာပဲဆိုပြီးဈေးပြိုင်စံနစ်နဲ့အတင်းသွားလာဘ်ထိုးနေကြတော့ မခက်ဘူးလား၊အဲဒါကိုလုံးဝရပ်ပစ်ဖို့လိုပါပြီ။ ဒုတိယကအမှန်အကန်အလုပ်အတွက် အရစ်ခံနေရတဲ့ပြည်သူတွေ၊ မှန်နေမှန်းသိရင်ရဲရဲတင်းတင်းပြောသင့်ပါတယ်၊ ခင်ဗျားလုပ်ပေးရမယ့်တာဝန်ရှိတယ်၊ ငွေပေးမှလုပ်ပေးမယ်ဆိုတာထက်ခင်ဗျားတာဝန်ကို ထမ်းဆောင်လိုက်ပါ။ ပြီးရင် ခင်ဗျားကိုကျေးဇူးတင်တဲ့အနေနဲ့ ကျနော်တုန့်ပြန်တာကိုလက်ခံတာက ခင်ဗျားအတွက် ပိုဂုဏ်ရှိတယ်၊လုပ်မပေးရင် ခင်ဗျားကိုပြဿနာရှာမယ်ဆိုတာမျိုးပြောပြီး၊ လုပ်ပေးပြီးရင်လည်း တပ်နိုင်သလောက် တကယ်လည်းကျေးဇူးတုန့်ပြန်တာမျိုးက စရင် ဖြစ်နိုင်မလား။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ကိုကြောင်ကြီး ———————(လမ်းကြောင်းမှန်ဖို့အရေးကြီးတယ်၊ကိုယ့်သားသမီးကိုယ် ငယ်စဉ်ကထဲက စည်းကမ်း၊ စိတ်ဓာတ်၊ ပညာ အခြေခံကောင်းအောင်လုပ်ထားမှ သူတို့ကြီးလာတဲ့အခါ စိတ်ချရမယ်။) (^^) နိုင်ငံအလိုက်သင်ကြားခဲ့ရတဲ့ အဆင့်၊ အတွေးအမြင်များ ကွာခြားနိုင်ပေမဲ့ […]


mg wineDecember 20, 20111min06
ဟုတ်လေလားမဟုတ်လေလားမသိ၊ မောင်ဝိုင်းငတိကိုအီးမေးတစ်စောင်ပို့လာပါတယ်။ဆောင်းပါးထုတ်ချင်ပါတယ်တဲ့ စာမူခတော့မပေးနိုင်ပါ စာအုပ်လက်ဆောင်ရမယ်လို့ပြောပါတယ်။ဂေဇက်ကဆေးဆောင်းပါးတွေနဲ့ တခြားဆိုက်မှာရေးတဲ့ ဆောင်းပါးတွေကိုထုတ်ချင်ပါတယ် ကိုယ်တစ်ယောက်ထဲတော့မဟုတ်ဘူးတဲ့ စုပေါင်းပါ။ မောင်ဝိုင်းက အခု ပုသိမ်က အထည်ကိုတောဆင်းရောင်း၊ပင်လယ်ထွက်ကုန်တွေကို ယူ ပုသိမ်မှာရောင်းလုပ်စားနေပါတယ်။ဒီလိုလူအတွက် စာတဆောင်ပေတဖွဲ့ဖြစ်လာမယ်ဆိုရင် ဝမ်းသာတာပေါ့ ကို….ခင်ဗျာထုတ်ပါထုတ်ပါ စာအုပ်ထုတ်ပါ။ဆေးဆိုတော့ ဆရာထက်ပြောပြတာတွေ ကိုရေးထားတာမို့ လိုရမယ်ရ သူကိုပြောပြလိုက်ပါတယ် တကယ်တော့ လေးစားချင်ယောင်ဆောင်ပြီးနောင် ဆေးအကြောင်းတွေပြောအောင်ပါ။ ဆိုက်တွေမှာတကယ်တော်တဲ့ လူတွေအများကြီးရှိပါတယ် စာစောင်တွေမှာမရေးကြပေမယ့် စာရေးကောင်းကြပါတယ်။ဂေဇက်ကလူတွေ အကုန်လုံးနီးပါးကောင်းကြတော်ကြပါပေတယ်။သူတို့ရေးတဲ့ စာတွေ က အဆင့်မြင့်ကြပါတယ်။တကယ် စာကောင်းပေကောင်းတွေကို စုပေါင်း ထုတ်ပေးမယ်ဆိုရင် အင်မတန်မှ ကောင်းပါပေတယ်။အိပ်မက်ပေးသလိုတော့ မလုပ်ပါနဲ့ ဗျာနော်။ တကယ်ထုတ်မလား ညာထုတ်မလား လို့ပဲမေးလိုက်ချင်ပါတယ်။လူကို မလှည့်စားနဲ့….. ကို..ရေ။


kaiDecember 19, 20112min06
ဘိုဘိုကျော်ငြိမ်း – မဇ္ဈိမ လတ်တလော အရေးပါလာတဲ့ ကမ္ဘာ့ပြဿနာတွေအထဲမှာ ရှေ့တန်းရောက်လာတာက ဥရောပ ငွေကြေးပြဿနာဖြစ်တယ်။ အချို့ကလည်း ယူရိုပြဿနာလို့ ခေါ်ကြတယ်။ တချို့ကလည်း နိုင်ငံ့အကြွေး ပြဿနာ (Sovereign Debt)လို့ အမည်တပ်ကြပြန်တယ်။ မည်သို့ပင် တပ်တပ် ဒီပြဿနာ ကိုမဖြေရှင်းနိုင်ရင် တကမ္ဘာလုံး စီးပွားရေးနှေးကွေးမှု (Global Slowdown) ဖြစ်မယ် ဒီကမှတဆင့် ကမ္ဘာ့စီးပွားရေးကပ် (Global Recession / Depression) အထိ ကျဆင်းနိုင်တယ် ဆိုပြီး စိုးရိမ်သူတွေ ရှိကြတယ်။ ဒါကြောင့် ဒီပြဿနာကို မရရအောင် ရှင်းရမယ်ဆိုပြီး ဥရောပခေါင်းဆောင်တွေက ဆုံးဖြတ်ထားပုံရတယ်။ အပေါ်ယံကြောကြည့်ရင် ဒီဥရောပ ငွေကြေးပြဿနာဟာ စီးပွားရေးပြဿနာ သက်သက်လို့ မြင်နိုင်ပေမယ့် အဓိက အခြေခံ အချက်တွေမှာ နိုင်ငံရေးပါရုံမက နိုင်ငံရေး […]


khunmyomyatDecember 19, 20111min03
မင်္ဂလာပါ စာဖတ်ပရိတ်သတ်ကြီးခင်ဗျာ… ကျနော် ခဏခဏတင်နေတာဟာ ပွိုင့်လိုချင်လို့လည်း မဟုတ်ပါဘူး။ ဒီပို့စ်တွေကို ဖတ်စေချင်လို့ပါ။ အက်ဒမင်များအဖွဲ့က ဒီပို့စ်တွေတင်တိုင်း ပွိုင့်မပေးလည်း ကျနော် ကျေနပ်ပါတယ်။ အရေးကြီးတာက တင်ခွင့်ရဖို့ပါပဲ။ 🙂 အခုလည်း အကွက်သစ်လေးတွေ နှစ်ခုတွေ့လို့ ထပ်တင်လိုက်ပါတယ်။ ပေ ၈ဝ × ၆၀ ( ပြင်ဦးလွင်အမျိုးသားကန်တော်ကြီးသွားရာလမ်းမဘေး VIP ရပ်ကွက် ) အုတ်တံတိုင်းခက် ၊ ခြံတံခါး တပ်ပြီး သိန်း ၁၈၀ဝိ ( ညှိုနှိုင်းဈေး ) ဘေးဘယ်ညာ ကားလမ်းရှိသည်။ ပတ်ဝန်းကျင်ဆိတ်ငြိမ်ပြီး သန့်ရှင်းသပ်ရပ်သည့် ရပ်ကွက်ဖြစ်ပါသည်။ ကန်တော်ကြီးနှင့် နီးကပ်စွာ တည်ရှိပြီး ၊ ကျန်းမာရေးအတွက် လမ်းလျှောက်ထွက်ရန်လည်း အလွန်ကောင်းသည်။ ပေ ၈ဝ × ၁၂၀ ( […]