Swal Taw YwetJanuary 29, 20121min020
27 ရက်နေ့မနက် မန္တလေးဂေဇတ် ကိုဖွင့်လိုက်တာနဲ့ အင်္ဂလိပ်လို Post ကြီး ၂ ခုက အထင်းသား၊ တင်သူက သူကြီး၊ ထိကြည့်ဖို့ မရဲသေးလို့ တခြားပို့စ်တွေကိုပဲ လိုက်ဖတ်နေဖြစ် လိုက်တယ်။ ဒါပေမယ့် များများဖတ်စရာလဲ ထပ်မရှိတော့အဲဒီ့ အင်္ဂလိပ်လို Post တွေကိုပဲ အဘိဓါန် အားကိုးနဲ့ ထိကြည့်မိလိုက်တယ်။ အိုဘားမားက သူ့နိုင်ငံပညာရေးကို ထောက်ပြစိန်ခေါ်ခိုင်းလိုက်တဲ့ စာပိုဒ်လေးတစ်ပိုဒ်ကို သတိပြုလိုက်မိတယ်.. ဘာတဲ့…. “ Teachers matter: So instead of bashing them, or defending the status quo, let’s offer schools a deal . Give them the resources […]


etoneJanuary 24, 20121min018
ကျွန်မဒီဓါတ်ပုံလေးကို ရိုက်ထားခဲ့တာ ကြာပြီ … လပိုင်းလောက်တောင်ရှိတော့မယ် …. ဒါပေမယ့်ပို့စ်အနေနဲ့ တင်သင့်မတင်သင့် ဒွိဟစိတ်ဖြစ်နေသေးတာကြောင့် … အချိန်တစ်ခုကြာမှပဲ တင်ဖြစ်ခဲ့ပါတယ် … ။ မနက်တိုင်း ဖယ်ရီစောင့်စီးဖို့ …. အောက်ကြည့်မြင်တိုင်လမ်းပေါ်ကနေ … လှည်းတန်းဘက်ကို လိုင်းကား စီးရပါတယ် … ။ ၃ကားအဖြူ ၊ ၉ရ ဒိုင်နာကားတွေရှိပေမယ့် …. ကျယ်ကျယ်ဝန်းဝန်း အသက်ရှုချောင်ချောင်စီးရတဲ့ အဓိပတိ အဝါကားကို ရွှေးစီးဖြစ်တာ များတယ် … ။ ရိုးရိုးကားနဲ့ အထူးကား  ၊ ကားခ ထက်ဝက်ကွာပေမယ့် …. မနက်ပိုင်းကြည်ကြည်လင်လင်သွားချင်တဲ့ စိတ်နဲ့ စောင့်စီးဖြစ်ခဲ့တာပါ … ။အဓိပတိ အဝါကားက ဒဂုံတက္ကသိုလ်ထဲထိရောက်တာကြောင့် … ကျောင်းသူ၊ကျောင်းသားလေးတွေပါ စောင့်ပြီး စီးကြရှာတယ် … […]


ムラカミJanuary 24, 20121min03
သူသည် ဂျူဂျစ်ဆု ဟုခေါ်သော တိုက်ခိုက်ရေး ပညာ ကို မသိပါ … ထို့အတူ ဒုံးကျည်ကာကွယ်နိုင်သော မော်တော်ယာဉ်ကိုလည်း မသိပါ…။ သို့ရာတွင် သူသည် လူ၆သန်းခန့်၏ အသက်ကိုမူ ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ခြင်းအားဖြင့် ကယ်တင်ပေးခဲ့ပြီးဖြစ်လေ၏။ Bill Gates သည် Steve Jobs မဟုတ်ပါ၊ လက်ရှိအချိန်တွင် ဩဇာတက္ကိမ ပြည့်ဝသော ဦးဆောင်လုပ်ငန်းရှင်တယောက်လည်း မဟုတ်သလို၊ ဆန်းကျယ်ရှုပ်ထွေးလှစွာသော အဆင့်မြင့် နည်းပညာရှင် အနုပညာရှင် တယောက်လည်း မဟုတ်ပါ။ သူသည် ထိုအရာများထက်ပိုသာသော သူ ဖြစ်ပါသည်။(ငြင်းနိုင်ပါသည်) သူသည် လုပ်ရပ်များအရ သူရဲကောင်း ဟု ဆိုနိုင်ပါသည်။ ရုပ်ပြစာအုပ်များထဲမှ superhero များသာ စွမ်းဆောင်နိုင်လောက်ဖွယ်ရှိသော လူ၆သန်းဝန်ကျင်ကို အသက်ချမ်းသာရာ ရစေခဲ့သူဖြစ်ပါသည်။ သည်အကြောင်းတေကhttp://frugaldad.com/ မှ […]


Wai PhyoeJanuary 24, 20121min026
  ပာိုတစ်နေ့က Blog တစ်ခုကိုကြည့်ရင်းနဲ့မထင်ပဲတွေ့လိုက်ရတာပါ။ ဒီတိုင်းကြည့်ရင်ဘာမှမပာုတ်သလိုပါပဲ။သေချာကြည့်မိမှဘုရားတမိပါတယ်။ ကိုကိုးကွယ်တဲ့ဘာသာက ဒီလိုတွေဖြစ်နေတာမြင်မကောင်းတော့ပါဘူး။ဒီပုံကိုတင်ရင်ကောင်းမလား ကောင်းလားအခါခါစဉ်းစားပါသေးတယ် မနေနိင်တော့လို့ ဂေဇက်ကနေ အော်လိုက်ရတာပါ။ အရင်တုန်းက တော့ ဘုန်းဘုန်းတွေ နောက်ကွယ်ကနေ ချဲဒိုင်ကိုင်ပါတယ်။ ကျောင်းမှာ အချစ်သီချင်းတွေဖွင့်ပါတယ်။ ခုကတော့ ပေါ်တင်ကြီးဗျာ လူကြားကြီးထဲ မှာ မင်းသမီးတွေ ဆီမှာ အခွေဝယ်ပြီး  အော်တိုထိုးခိုင်းနေတယ်။အမှန်တကယ် ဘုန်းဘုန်းတွေကို အဲ့လိုနေရာမျိုးမှာကို မတွေ့သင့်တာပါ။ခုတော့ဗျာ……………………………………………………….


ムラカミJanuary 24, 20124min031
တပါးသူ၏ အတွေးအမြင်များကို လက်ခံပါ…. လူတွေ သင့်ကို လက်သင့်ခံစေချင်တယ် ဆိုရင် သင်ကိုယ်တိုင်လည်း တပါးသူကို လက်ခံဖို့လိုအပ်ပါတယ်..။ ဒါနဲ့ပတ်သတ်ပြီး ဆွေးနွေးပြောဆိုစရာ ၄ခု ရှိပါတယ်..။   ၁. လူတွေဟာ binary များ မဟုတ်ပါ…။ လူတွေဟာ ကွန်ပျူတာ အခြေခံဘာသာစကားလို ၁နှင့် ဝ ကိုသာ သိသူတွေမဟုတ်ကြပါ။ ထိုနည်းတူစွာ တော်သူ ညံ့သူ ဒါမှမဟုတ် တန်ဖိုးရှိသူ တန်ဖိုးမဲ့သူ။ သည်လို အစွန်း၂ဖက်တည်း မှာ စုပြုံရပ်တည်သူတွေမဟုတ် ကြပါဘူး ။ လူတယောက်ချင်းစီတိုင်းမှာ အားနည်းချက် အားသာချက် နှင့်တကွ ..အပြုသဘောဆောင်တာ အနှုတ်သဘောဆောင်တာတွေ နဲ့ …ပြည့်ဝချက် နှင့် ချို့ယွင်းချက်တွေ သူ့အချိုးနဲ့သူ ပေါင်းစပ်ပါဝင်နေကြပါတယ်..။   ၂. လူတိုင်းဟာ တစုံတခုမှာ […]


padonmarJanuary 23, 20121min058
သီချင်းလေးတစ်ပုဒ်ကို ကြားဖူးကြပါလိမ့်မယ်။ မိန်းကလေးလက်ရေးသီရင် ခွင့်လွှတ်စေချင်တဲ့။ သူ့ချစ်သူကို ပေးတဲ့ မေတ္တာစာလေးမှာ သူ့ရဲ့ လက်ရေး ကသီကရီလေးကို အပြစ်မမြင်စေချင်ပါဘူးလို့ တောင်းပန်ထားတဲ့ သီချင်းကလေးပါ။ လက်ရေးကနေ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို အကဲခတ်လို့ရတယ်ဆိုတဲ့ ပညာရှင်တွေလည်းရှိပါရဲ့။ ကျွန်မပြောချင်တဲ့ လက်ရေးကတော့ အဲဒီလို ချစ်ခြင်းမေတ္တာနဲ့ စိတ်နေစိတ်ထားအကြောင်းတွေ မဟုတ်ရပါဘူး။ ကိုယ်ရေးလိုက်တဲ့ စာဟာ လှတာမလှတာထက် ဖတ်ရှုသူရဲ့ သဘောပေါက် နားလည်မှုရရှိဖို့ အဓိကလို့ပြောချင်ပါတယ်။ လက်ရေးမလှလို့ စာမေးပွဲ တစ်ခုမှာ ကျွန်မဆုမရခဲ့တဲ့ အဖြစ်လည်းကြုံခဲ့ဖူးပါတယ်။ ဒီနေရာမှာ ကာတွန်းတွေနဲ့တောင် လှောင်ပြောင်ခံရတဲ့ “ဆရာဝန်လက်ရေးပီသဖို့ သူများ ဖတ်မရအောင်ကျင့်ရေးနေတယ်” ဆိုတာလေးနဲ့ ပတ်သက်ပြီးပြောချင်ပါတယ်။ ဆေးကျောင်းသားတွေ လက်ရေးဆိုးရတာ အကြောင်းရှိပါတယ်၊ ကျောင်းသားတွေ ဆယ်တန်း(ကျွန်မတို့ကတော့ Regional college ) အထိ ဖတ်စာအုပ်တွေ အဆင်သင့်နဲ့ […]


ムラカミJanuary 23, 20123min017
ဘာလို့ ပန်းသီးထုတ်ကုန်တွေဟာ ကာလီဖိုးညား မှာ ဒီဇိုင်းဆွဲပြီး ချိုင်းနား မှာထုတ်လုပ်သလဲ? စရိတ်သက်သာလို့ပေါ့ လို့ လွယ်လွယ်လေးပြောမယ်ဆိုရင်လည်း မှန်တဲ့အဖြေပါ… ဒါပေမယ့် what lies beneath ကို သည်မှာ သည်လိုလေး ဆွဲထုတ်ထားလို့ ဘာသာပြန်ပြီး တင်လိုက်ရပါကြောင်း …။       သင့်ရဲ့ iPhone, iPad, Mac ရဲ့ ကျောဘက် ဒါမှမဟုတ်နောက်ဘက် ကိုကြည့်လိုက်ပါ ဒါမျိုးရေးထားတာ တွေ့ရပါလိမ့်မယ်…။ “Designed by Apple in California. Assembled in China.”     သမ္မတကြီး အပါအဝင် အမေရိကန် အတော်များများ ဟာ ဘာလို့ Outsourced လုပ်ချထားသလဲ ဆိုတာသိချင်ပါလိမ့်မယ်…။ မနှစ်က […]


thit minJanuary 22, 20121min013
ဤနေရာတွင် ပါဝါဆိုသည်ကိုပြောရလျှင် အခွင့်အာဏာအင်အားကိုဆိုလိုပါသည်။ အာဏာပါဝါဆိုသောစကားကို ကြားဘူးကြပါလိမ့်မည်။ ငယ်စဉ်ကလေး ဘဝ ကတည်းက လူသည် အမိန့်ပေးခံခဲ့ရသည်။ ဟိုဟာမလုပ်နဲ့၊ ဟိုမသွားနဲ့၊ ဟိုဟာမစားနဲ့၊ ဒီဟာကိုလုပ်၊ဒီကိုသွား၊ ဒီဟာကိုလုပ်ဟု မိဘအုပ်ထိန်း သူများမှ အစပြု၍ ဆရာဆရာမ အလယ် အချင်းချင်း အဆုံး ပြောကြဆိုကြ အမိန့်ပေးတတ်ကြသည်။ ဤနေရာတွင် ပြောသည့်အတိုင်း လုပ်ခြင်း မလုပ်ခြင်းပေါ်တွင် တုံ့ပြန်မှုအမျိုးမျိုးရှိသည်။ တချို့က ဘာတုံ့ပြန်မှုမရှိ၊ မလုပ်လဲရသည်။ တချို့ကြ မလုပ်ရင်၊ အပြစ်ပေးခံရသည်။ အနဲဆုံးစိတ်ဆိုးတာခံရမည်။ အနောက်တိုင်းစကားအရတော့ မုံလာဥနီ နှင့် တုတ် ဟု ဆိုသည်။ တိရိစာ္ဆန် လေ့ကျင့်သော နေရာမှ လာပုံရသည်။  မျောက်တကောင်ကို ဂျွမ်းထိုးခိုင်းမည်။ ခိုင်းသည့်အတိုင်းလုပ်ပါက မုံလာဥနီ ကျွေးမည်။ ခိုင်းသည်ကိုမလုပ်ပါက တုတ် နဲ့ ရိုက်မည်။ […]


Wai PhyoeJanuary 22, 20121min04
အရင်ဆုံး Part-2တင်ဖို့နောက်ကျသွားတဲ့အတွက်တောင်းပန်ပါရစေ။ဒါလေးတွေကတော့ကျွန်တော်သိသမျှလေး Shareလုပ်ပေးတာပါ။ G talk ကို အကောင့် ၃ ၄ခုတက်လို့ရပါကြောင်း။ 1.အရင်ဆုံး Google Talk ကို Desktop မှာထားပါ။ ပြီးရင် Google Talk ကို ထောက်ပြီး right click လုပ်ပါ။ ပြီးရင် properties ကို နှိပ်ပါ။ ပြီးရင်  Shortcut အောက် Target ဘား ထဲက start menu ဆိုတဲ့စာလုံးကို nomutex ပြောင်း ရေးလိုက်ပါ။ ဆက်လက်ပြီး Apply နှိပ်လိုက်ပါ။  OK ဆက်နှိပ်ပါ။ ပြီးပါပြီ။ တက်ကြည့်လိုရပါပြီ။ ကံကောင်းပါစေ။ (နံပါတ်နှစ်အချက်မှာ ကျွန်တော့်ဗပာုသုတမပာုတ်ကြောင်းဝန်ခံပါရစေ kngymn ရဲ့ရေးသားချက်ကိုအများအကျိုးရှိပါစေကြောင်း ဖော်ပြလိုက်ချင်းဖြစ်ပါသည်။စမ်း သပ်ပြီးမှန်ကန်ကြောင်း အာမခံပါသည်။) ၂.ကျွန်တော်အခုပြောပြမဲ့အကြောင်းအရာကတော့ […]


nyeinchanJanuary 21, 20121min010
၁။ဆရာအော်ပီကျယ်………………..ရဲရဲတောက်ဝေဖန်သံတွေနဲ.စာပေဟောပြောပွဲတွေမှာအမှန်တရားရဲ.ဘက်တော်သားလို. ပရိတ်သတ်တွေကြား အရမ်းထင်ရှားနေသူ၊   အခု ကြံ့ဖွတ်စာပေဟောပြောပွဲတောင်ငူမှာ ဘယ်လိုရည်ရွယ်ချက်နဲ.လာပြီး ဘာတွေများပြောဦးမှာလဲ ။ သိပြီးလာမှာလား၊ မသိဘဲလာမှာလား ။ ဘယ်လိုတန်ဖိုးမျိုးပေးရမယ်ဆိုတာတော့ ဟောပြောပွဲပြီးမှ သိချေမယ်တကား……. ၂။ ဆရာဖေမြင့်……………………ရဲရဲတောက်အမှန်သတင်းတွေ၊ သမာသမတ်ကျတဲ့ ဆောင်းပါးတွေ၊ အယ်ဒီတာ့အမှာတွေကို ပြည်သူအကြိုက် အန်တီစုအကြောင်းသတင်းတွေ ၊ မောင်းဆက်ရဲ.NLD အောင်နိုင်ရေးဆောင်းပါးတွေ ၊ အနှစ်သာရရှိတဲ့ ပြည်သူ.အတွတ် ” ပြည်သူ.ခေတ် ” ဂျာနယ်မှာ  လက်သံ ပြောင်ပြောင်ရေးသားသူ  အခု ကြံ့ဖွတ်စာပေဟောပြောပွဲတောင်ငူမှာ ဘယ်လိုရည်ရွယ်ချက်နဲ.လာပြီး ဘာတွေများပြောဦးမှာလဲ ။ သိပြီးလာမှာလား၊ မသိဘဲလာမှာလား ။ ဘယ်လိုတန်ဖိုးမျိုးပေးရမယ်ဆိုတာတော့ ဟောပြောပွဲပြီးမှ သိချေမယ်တကား……. ၃။ ဆရာမသန်းမြင့်အောင်………………………အခုထိ အဖိနှိပ်ခံ နေရဆဲ လူမှုရေးကူညီမှုအသင်းကြီးရဲ. ခေါင်ဆောင်မှု၊ လှုပ်ရှားမှုမှာ ဦးကျော်သူနှင့် သွေးသောက်လိုလက်ချင်းတွဲပြီး ကြုံဆုံလာသမျှ တစ်ဖက်အဖွဲ.အစည်းရဲ. […]


Wai PhyoeJanuary 20, 20121min015
ကျွန်တော်ကအရင်တုန်းကတော့ အဓိပတိပရိတ်သတ်တစ်ယောက်ပါ။နောက်ပိုင်း ကားအသစ်(တရုတ်မ)တွေ ပြောင်းပြီးကတည်းကလုံးဝမစီးတော့ပါဘူး။အဓိက ကတော့စီးချင်စိတ်ကိုမရှိတော့လို့ပါ၊ခုခေတ်က အားလုံးက အချိန်လုပြီးလုပ်နေရတဲ့ခေတ်ပါ။ အထူးကားဆိုပြီး ၂၀ဝပေးစီးရတယ်။မှတ်တိုင် တိုင်း ထိုင်တယ်ဗျာ တရားလား ကားကလဲမောင်းတာနှေးသေးတယ်။ကြားထဲထိုင်ခုံတွေကလဲလုံးဝအဆင်မပြေပါဘူး။ပြောချင်တာကတော့ “ကြာ” တာကိုပါ။ ဘယ်သွားသွားမရောက်နိင်တော့ပါဘူး။အထူးကားရဲ့စံနှူန်းထဲကတစ်ခုကိုပြော၇ရင် မြန်ဘို့မလို ပါဘူး။ဒါပေမယ့် အထူးကားလို့ခေါင်းစဉ်တပ်ပြီး မှတ်တိုင်တိုင်း ထိုင်တာတော့လွန်တယ်ဗျာ။ရိုးရိုး ၅ဝ တန်ကား တွေကကျော်တက်ကုန်တယ်။နောက်ပြီးသူတို့ကားကြီးတွေနဲ့ အိစိအိစိ သွားပြီး လမ်းပေါ်မှာလည်းကို့ရိုးကား ယားနဲ့ တကယ်ကိုအဆင်မပြေပါဘူးဗျ။ ဒါတွေကတော့ထားလိုက်ပါ။ရိုးနေကျပါပြီ ကျွန်တော်ပြောချင်တာက ကားသမားတွေမိုက်ရိုင်းတာကိုပါ။ပာိုတစ် နေ့က မဖြစ်မနေ အဲ့ဒီ တရုတ်မ ကိုစီးဘို့အခြေနေဖန်လာပါတယ်။ကယ်…..ဒီတစ်ခါတော့မထူးဘူးစီးရတော့မယ် ဆိုပြီး တက်စီးလိုက်မိပါတယ် ရူးရောဗျာ။ အထူးကားတဲ့ စုတ်ပြတ်သတ်နေတာပါပဲ။ဘယ်လောက်စုတ်လဲဆို ကားကထိုင်ခုံတွေမပါပါဘူး။ ကားအောက်မှာ စပါယ်ယာညအိပ်ထားတဲ့ ခြင်ဆေးခွေပြာတွေက လဲနေရာအနှံ့ပါ ပဲ။ပိုဆိုးတာက မရှိမဲ့ရှိမဲ့ကားခုံ က အရည်တောင်ထွက်နေပါပြီ။မှန်တွေကလည်းဖုန်တွေကြီးပါ။ ကားခုံမှာကပ်နေ တဲ့ဂျီးတွေကလည်းကလော်ထုတ်လို့တောင်ရပါတယ်။စပါယ်ယာတွေကလည်းစုတ်ပြတ်သပ်နေတာပါပဲ။ကြားထဲ ကွမ်းယာစားပြီး တပျစ်ပျစ်နဲ့ဗျာ။ကားအမိုးပေါ်ကစာဖတ်ကြည့်တော့ […]


နောက်ပိုင်းလည်း မေးလ်ထဲ ရောက်ရောက်လာတတ်တဲ့ အလုပ်ခေါ်တာလေးတွေ ပြန်တင်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီလိုတင်တာ အဆင်ပြေရဲ့လားတော့မသိပါဘူး။ PARAMI ENERGY GROUP OF COMPANIES is currently looking for qualified and motivated candidates to fill the following position. We offer competitive packages and respectful working environment for high caliber people. Applicants should possess the high sense of professionalism, ethical values, trustworthiness and willingness to make a long […]