Batman ထက်သာတဲ့လူ

ムラカミJanuary 24, 20121min03

သူသည် ဂျူဂျစ်ဆု ဟုခေါ်သော တိုက်ခိုက်ရေး ပညာ ကို မသိပါ … ထို့အတူ ဒုံးကျည်ကာကွယ်နိုင်သော မော်တော်ယာဉ်ကိုလည်း မသိပါ…။

သို့ရာတွင် သူသည် လူ၆သန်းခန့်၏ အသက်ကိုမူ ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ခြင်းအားဖြင့် ကယ်တင်ပေးခဲ့ပြီးဖြစ်လေ၏။

Bill Gates သည် Steve Jobs မဟုတ်ပါ၊ လက်ရှိအချိန်တွင် ဩဇာတက္ကိမ ပြည့်ဝသော ဦးဆောင်လုပ်ငန်းရှင်တယောက်လည်း မဟုတ်သလို၊

ဆန်းကျယ်ရှုပ်ထွေးလှစွာသော အဆင့်မြင့် နည်းပညာရှင် အနုပညာရှင် တယောက်လည်း မဟုတ်ပါ။ သူသည် ထိုအရာများထက်ပိုသာသော သူ

ဖြစ်ပါသည်။(ငြင်းနိုင်ပါသည်)

သူသည် လုပ်ရပ်များအရ သူရဲကောင်း ဟု ဆိုနိုင်ပါသည်။ ရုပ်ပြစာအုပ်များထဲမှ superhero များသာ စွမ်းဆောင်နိုင်လောက်ဖွယ်ရှိသော

လူ၆သန်းဝန်ကျင်ကို အသက်ချမ်းသာရာ ရစေခဲ့သူဖြစ်ပါသည်။ သည်အကြောင်းတေကhttp://frugaldad.com/ မှ တူးဆွထားပါသည်…။

 

“Action Hero တယောက်အကြောင်း ပြန်လည်ဖွင့်ဆိုခြင်း ၊ Bill Gates သည် Batman ထက်သာ ၏ “မှာ တွေ့ရှိနိုင်ပါတယ်။

(တကယ်တော့ အဲ့သည့်တူးဆွချက်ဟာ ရုပ်ပုံတွေ နဲပ အလှဆင်ထားတဲ့ slideshows သာဖြစ်ပါတယ် information အတွက်တော့

အသုံးမဝင်ပေမယ့် … design idea ကောင်းလေးဖြစ်လို့ ကူးယူဖော်ပြလိုက်ရပါတယ်)

 

တကယ်တော့Bill Gates ဟာ သူ့လက်နှစ်ဖက်နဲ့ လူတွေရဲ့ အသက်ကို တိုက်ရိုက် ကယ်တင်ခဲ့တာ မဟုတ်ပါဘူးFrugal Dad ဆိုလိုတာဟာ

Gates’s ရဲ့ ပရဟိတ အဖွဲ့အစည်းက ဘယ်လောက် impact ရှိရှိ ကယ်ဆယ်နိုင်ခဲ့သလဲဆိုတာကို တင်စားထားတာဖြစ်ပါတယ်။

Bill နဲ့ သူ့ ဇနီးသည် Melindaတို့ ဟာ Gates Foundation ကို တည်ထောင်ခဲ့ပါတယ် ..

malaria, whooping cough နဲ့ yellow fever အပါအဝင် အခြား ရောဂါ ဝေဒနာတွေအတွက် ဖြည့်ဆည်း လှူဓါန်းပေးခဲ့တာပါ။

ရည်ညွှန်းကိုးကားထားတဲ့ အချက်အလက်တွေအရတော့ Gates’s ရဲ့ အဖွဲ့အစည်းဟာ အသက်ပေါင်း5,812,000 ခန့်ကို

ဘေးမကျ အောင် ကယ်တင် နိုင်ခဲ့ပါတယ်။

 

” အပြည်ပြည်ဆိုင်ရာ က ကလေးသူငယ်တွေအတွက် ကာကွယ်ဆေး vaccines တွေနဲ့ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေး

စောင့်ရှောက်မှု အတွက်”– ရည်စူးထားတဲ့ သည် အဖွဲ့အစည်းဟာ ၂၀၁၉ လောက်ဆို 7.6 million ရှိလာနိုင်တဲ့ “အသက် ၅နှစ်အောက်

ကလေးတိုင်းအတွက်” ပါ  သည် အနေအထားကနေ ရှုမြင်မယ်ဆိုရင် Gates ဟာ Supermanထက်သာပြီး Jesus နဲ့ Santa Claus တို့နဲ့

တတန်းထဲ ထားနိုင်ပါပြီ (မူရင်း စာရေးသူ၏ အာဘော် သာဖြစ်သည်- စကားချပ်.) Batman ဆိုတာလောက်ဟာ အသေးအဖွဲပါ။

 

Gates ဟာ အံ့ဩဖွယ်ရာ ကောင်းလောက်တဲ့ ပမာဏဖြစ်တဲ့ $28 billion ကို လှူဓါန်းပစ်ခဲ့တာပါ U.S အစိုးရရဲ့ နိုင်ငံခြား

အကူအညီပေးရေး လျာထားငွေ ဘတ်ဂျက် ထက် $2 billion ပိုများပါတယ် ။ သူ့ တသက်တာ ကြွယ်ဝမှု ရဲ့ ထက်ဝက်ကျော် ရှိတဲ့

ငွေကြေးကို ပေးလှူ နိုင်တဲ့ မွန်မြတ်စိတ်ထား ကို တွေ့ရပါတယ်…။ သူဟာ ချက်လက်မှတ်ချည်း သက်သက် ရေးထိုးလှူဒါန်းသူ မျိုး

မဟုတ်ပါဘူး …။ UNICEF, the United Nations နဲ့ the World Bank တို့လို အဖွဲ့အစည်းတွေ ပါဝင်ဖွဲ့စည်းထားတဲ့

The Gavi Alliance မှာ သူ့ရဲ့ ရင်းနှီးမတည်မှု ပါဝင်နေပါသေးတယ်…။ အဆိုပါ အဖွဲ့အစည်း ရဲ့ ရည်မှန်းချက်ကတော့

ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတွေဟာ အသက်ကယ်တင်နိုင်တဲ့ ဆေးတွေကို ဈေးနှုန်းချိုသာစွာ ထုတ်လုပ်နိုင်စေဖို့ ရပ်တည်

ထောက်ခံ ပေးပါတယ်။ ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေကလူသားတွေ (အထူးသဖြင့် ကလေးငယ်တွေ)အတွက် ဈေးပိုမိုချိုသာတဲ့

ကာကွယ်ဆေးတွေ ထုတ်လုပ်နိုင်ဖို့ အတွက်ပါ။ ဒါဟာ ဘယ်သူမှ လွယ်လွယ် မသေဆုံးကြဖို့ ဆိုတဲ့ မွန်မြတ်တဲ့ အချက် ဖြစ်ပြီး

ကျနော်တို့ အားလုံးနီးပါးမေ့လျော့နေလောက်တဲ့ ကိစ္စ ဖြစ်ပါတယ်။ သည် စုစည်းမှု alliance ဟာ Rotavirus ကာကွယ်ဆေး

ထုတ်လုပ်မှု မှာ အောင်မြင်မှု ရရှိခဲ့ပါတယ် …။အဆိုပါဆေးဝါးရဲ့ ထုတ်လုပ်မှုစားရိတ်ကို  ၉၉% အထိ အံ့ဖွယ်သူရဲ လျှော့ချနိုင်ခဲ့လို့ပါ။

ယှဉ်ထိုးမကြည့်ပါနဲ့ ..အလှူနဲ့ ပါတ်သတ်လို့ သည်လိုမှတ်တမ်းမျိုး Steve Jobs မှာ မရှိပါဘူး …Gates ရဲ့ Satan လို့ တင်စားနိုင်တဲ့ Steve ရဲ့

သက်တမ်း တလျောက် မှာ ပရဟိတ လှူဒါန်းခဲ့တာ မတွေ့ရပါဘူး ….။ သူ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှု ပုံရိပ်မှာ ဒါကြောင့်မို့လို့ …လူသားချင်း

စာနာ ထောက်ထားတဲ့…(ပိုပြီး အတိအကျပြောရရင် ကိုယ်ချင်းစာတရား) ကင်းမဲ့ နေတယ်လို့ ဆိုနိုင်ပါတယ်…။သူတို့၂ယောက် စလုံးဟာ နည်းပညာ

နယ်ပါယ်မှာတော့ အခမ်းနားဆုံး စွန့်ဦးတီထွင် သမားတွေဖြစ်ပြီး ကမာ္ဘကြီးကို ပြုပြင်ပြောင်းလဲနိုင်ခဲ့ကြသူတွေပါ ..။ သို့သော် သူတို့ ၂ယောက်ထဲက

၁ယောက်ကသာ အလုပ်ကို စွန့်ခွာသွားသည့်တိုင်အောင် ပိုကောင်းတဲ့ ကမာ္ဘ ဖြစ်အောင် ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိနေပါသေးတယ်…။ အဲ့ဒါကတော့….

 

 

စာကြွင်း၊ သည်စာကို ပန်းသီး evangelist က ရှဲလို့ ဘာသာပြန်ပြီး တင်လိုက်ပါတယ်….။

ပါဆင်နယ် အမြင်က ပြောရရင် “ငါကချမ်းသာတယ် ဇိမ်ခံမယ် …မင်းကမွဲတယ် …သေပေါ့ “ဆိုတာမျိုး မရှိခဲ့တဲ့ လူသားတယောက်….

Ego Needs ကို အတိုင်းအတာ တခုမှာ သတ်လိုက်နိုင်ပြီး Self-Esteem နဲ့ Self-Actualization ကိုသွားနေသူ တစ်ယောက်ကို

အလွန်လေးစားအားကျမိပါတယ်…

 

နောက်တချက်…

သူတို့ဆီကလူတွေ စိတ်ဓါတ်ကောင်းတာများပြောပါတယ်…။ ပန်းသီးကို ကမာ္ဘသိအောင် ဖြန့်ခဲ့သူ

ဘာသာရေးလောက်နီးနီး ကိုးကွယ်တဲ့လူက ပန်းသီးရဲ့ ပန်းသီးဖခင်ရဲ့ နံပါတ်-၁ ပြိုင်ဘက်ရဲ့ ကောင်းကြောင်းကို

(ပန်းသီးဖခင်ကို ရှုံ့ချရင်း ) ဂုဏ်တင်ထားတဲ့ စာ ကို ဂုဏ်ယူဝင့်ကြွားစွာ ရှဲရဲတဲ့ စိတ်ဓါတ်ကို အလွန်လေးစားပါကြောင်း..။

Ref:

https://plus.google.com/u/0/?tab=wX&gpcaz=532667e6#112374836634096795698/posts

http://www.fastcodesign.com/1665854/infographic-of-the-day-why-bill-gates-is-better-than-batman

http://frugaldad.com/microsoft/

3 comments

  • ဖားသက်ပြင်း

    January 24, 2012 at 3:10 pm

    ရပ်ကွက်ထဲ ၅နှစ်အောက် ကလေးတွေ အလကားလိုက်ထိုးပေးနေတဲ့ ဆေးတွေ အစက်ချ တိုက်တဲ့ ဟာတွေ …
    လူကြီးတွေ အတွက်ဆိုလည်း လက်လှမ်းမီတဲ့ ဈေးနှုန်းနဲ့ ဝယ်လို့ရတဲ့ အချို့သော သက်ကယ်ဆေးတွေ ရဲ့
    R&D ကုန်ကျစားရိတ်တွေ ကို..ထောက်ကန်ပေးထားတဲ့ ရင်းမြစ်တွေအကြောင်း …တွေးမိရင်း တွေ့မိလို့
    ရေးမိသွားပါကြောင်း….။

    ကျနော်တို့လည်း တကယ် လိုအပ်တဲ့ နေရာမှာ လှူနိုင်/ လှူတတ် ပါစေလိုကြောင်း နှိုးဆော်ရင်း ….။

    ခင်တဲ့
    ဖားသက်ပြင်း

    Reply

  • kyeemite

    January 24, 2012 at 4:17 pm

    ကိုသက်ပြင်းရေ ကျေးကျေးပါ…
    မြန်မာပြည်ကသူဋ္ဌေးကြီးများလဲအားကျပီး..မရှိဆင်းရဲသားများအတွက်..
    လှူနိုင်/ လှူတတ် ပါစေလိုကြောင်း နှိုးဆော်ရင်း ….။အားပေးသွားပါကြောင်း..

    Reply

  • Moe Z

    January 25, 2012 at 1:23 pm

    အားပေးသွားပါသည် Mr.Frog
    Bill Gates လိုလူတွေများများပေါ်လာပါစေဟုလည်း ဆန္ဒပြုပါသည်..
    ကိုယ်တိုင်တော့ငွေအားမတတ်နိုင်သေးလို့ တတ်နိုင်သလောက်တော့ လုပ်အားနဲ့ကူညီနိုင်အောင်ကြိုးစားနေပါကြောင်း ..

    Reply

Leave a Reply

Your email address will not be published.