Pye Kun ZawJuly 10, 20121min017
မနာလိုဝန်တိုခြင်းတဲ့.. မနာလိုတာကတော့ကိုယ့်ထက်သာတဲ့သူအပေါ်မှာဖြစ်တာပါ.. ဝန်တိုတာကတော့ ကိုယ်ထက်နိုမ့်ကျတဲ့သူကို ကိုယ့်ဆီကပစ္စည်းဥစ္စာ ရာထူးနေရာလုပ်ပိုင်ခွင့် ခွဲမပေးလိုခြင်း တချိန်ကျကိုယ့်ထက်သာမှာကိုစိုးရိမ်တဲ့သဘောပါ။ က္ကသာ(မနာလိုခြင်း) မစ္ဆရိယ(ဝန်တိုကပ်စေးနည်းခြင်း) ဆိုပြီးတော့ ပါဠိအခေါ်ကို အရပ်ထဲမှာလည်းသုံးကြပါတယ်။ အဘိဓမ္မာသင်ပေးခဲ့တဲ့ဆရာက က္ကသာ မစ္ဆရိယအကြောင်းသင်တဲ့အချိန်မှာ အဲ့ဒီမကောင်းတဲ့စိတ်တွေဟာ မိမိနှင့်နီးစပ်တဲ့သူတွေမှာ အဖြစ်များကြောင်း ကန်စွန်းရွက်ရောင်းတဲ့သူက ကန်စွန်းရွက်သည်အချင်းချင်းမှာဘဲ ဒီစိတ်အဖြစ်များကြောင်း.. ကိုယ်နှင့်နီးကပ်တဲ့သူအမျိုးအဆွေ သူငယ်ချင်းမိတ်ဆွေတွေအပေါ်မှာဘဲ အဖြစ်များကြောင်း ကန်စွန်းရွက်သည်က ကုမ္ပဏီပိုင်ရှင်သူဌေးအပေါ်ဖြစ်ဖို့နည်းသလို သူစိမ်းတရံစာ တွေအပေါ်မှာလည်း မိတ်ဆွေအရင်းအချာနှင့်ယှဉ်ရင်ဖြစ်ဖို့နည်းပါတယ်။  တစ်ဦးနှင့်တစ်ဦး အမှီအခိုကျေးဇူးရှိကြသူအချင်းချင်း အဖြစ်များတာကြောင့်မဖြစ်သင့်မရှိသင့်တဲ့ မကောင်းသောစိတ်ဖြစ်ပါတယ်။ က္ကသာရဲ့ဆန့်ကျင်ဘက်ကောင်းတဲ့စိတ်ကတော့ မုဒိတာ(ကိုယ့်ထက်သာတဲ့သူအပေါ်ဝမ်းမြောက်စိတ်) ဖြစ်ပြီး.. မစ္ဆရိယရဲ့ဆန့်ကျင်ဘက်စိတ်ကောင်းကတော့ ဂရုဏာ(နိုမ့်ကျသူအပေါ်သနားညာတာစိတ်) ဖြစ်ပါတယ်။   ဒီနေရာမှာစာရေးဆရာမကြီး မိုးမိုး(အင်းလျား)ရဲ့ အိမ်နီးချင်းဆိုတဲ့ဝတ္တုတိုလေးတစ်ပုဒ်ကိုပြန်စဉ်းစာမိပါတယ်.. ချမ်းသာတဲ့မိသားစုတစ်စုနှင့် သာမန်မိသားစုတစ်စုအိမ်ချင်းကပ်ရပ်နေကြပါတယ်။ ချမ်းသာတဲ့မိသားစုဟာ အိမ်နီးချင်းမိသားစုအပေါ်မှာ အလွန်ဂရုဏာထားစောင့်ရှောက်ပါတယ်။ ငွေကြေးမပြေလည်ရင်ချေးငှား အိမ်မှာဟင်းကောင်းကောင်းချက်တဲ့နေ့ဆို ဟိုဘက်မိသားစုကကလေးတွေကိုခေါ်ကျွေးလုပ်ပါတယ်။ တီဗွီတွေစပေါ်စမှာ ချမ်းသာတဲ့မိသားစုဟာ ဦးဦးဖျားဖျားဝယ်ခဲ့ပါတယ်။ ဟိုဘက်မိသားစုကကလေးတွေဟာ အထူးအဆန်းတီဗွီကိုကြည့်ချင်တာကြောင့် သူတို့အိမ်မှာညနေဆိုအမြဲလာနေ မိုးချုပ်မှပြန်ကြပါတယ်။ ကလေးတွေအပေါ်မှာငြိုငြင်မှုမရှိဘဲ […]


hnin saiJuly 10, 20121min029
အနက်ရောင်နယ်မြေ(တောင်ကုတ်)ကထုံးစံအတိုင်းနေခင်းကြောင်တောင်လူ(၁၀)ယောက်သတ်မှု အလောင်းဖျက်ဆီးမှု၊ပစ္စည်းလှုယက်ယူမှုတို့အား သက်သေလုံးဝမပေါ်အောင်ဖုံးထားနိုင်ခဲ့သည် ဟုသိရှိရပါသည်။ မေလ ၂၈ ရက်ကိစ္စအားဘာသာရေး၊လူမျိုးရေးသုံးသပ်ချက်များနဲ့စတင်ပြီးတောင်ကုတ်မြို့တွင်စ တင်ဝေငှပါသည်။တောင်ကုတ်မီဒီယာသမားတွေစဖွပါတယ်။တောင်ကုတ်မြို့ခံတွေအားလုံးပါသိပါတယ်၊မြို့ထဲမှာစာရွက် တောင်ကုတ်မြိုှုသားများမပါဆိုသည်မှမဟုတ်ပါ၊သူတို့မသိဘဲတောင်ကုတ်တွင်ဘာမှလုပ်မရပါ မြို့ကလေးစဇီးစေ့လောက်သာရှိပါသည်။ ကျောက်နီမော်ကိစ္စတုံးက မွတ်ဆလင်တွေကိုယ်တိုင်ဝိုင်း ဖမ်းပေးတာပါ တရားခံကို၊အခု တောင်ကုတ်သူတို့မြို့မှ ဖြစ်တာမြို့ ပျက်သွားနိုင်တာသိရဲ့နဲ့လုပ် ကိုင်ခြင်းသည် သူတို့ ကိုယ်တိုင်ပါဝင်နေသောကြောင့်သာဖြစ်သည်။ အခင်းဖြစ်နေ့နံနက်က တရားဝင်ဝေထားတာပါ။RNDP ပါတီနဲ့ သာသနနုဂ္ဂဟအဖွဲ့တို့ပါဝေနေတာပါ။ လူတိုင်းသိပါတယ်၊ ။တောင်ကုတ်မှာရှိတဲ့စားသောက်ဆိုင်တွေမှာအရက်အလကားလူတိုင်းရဲဆေးတင်တဲ့အနေနဲအလကားသောက်ခွင့်သောက်ခွင့်ပေးထားပါတယ်၊ အဲဒါအပြင်အရက်ပုလင်းတွေကိုလဲအခမဲ့လိုသလောက်ယူခွင့်ပေးထားပါတယ်။ယာဘာလဲချခွင့်ပေးတယ် လူရာနဲ့ချီတဲ့အုပ်လိုက်လှုပ်ရှာနေတာကိုအားလုံသိပေမဲ့တောင်ကုတ်ထုံးစံအတိုင်းအပြင်ကိုသတင်းမပေါက်ကြား ရဘူးတဲ့၊ရဲတွေ၊ထောက်လှမ်းရေးတွေမရှိတော့ဘူးလား၊မသိတော့ဘူးလား၊ မြို့ခံထဲမရောသတင်းပေးနိုင်တဲ့လူတစ်ယောက်မှကိုမရှိ၊အင်တာနက်မှာ ဓါတ်ပုံတစ်ပုံတောင်မတက်လာတာမြို့လူမိုက်တွေဘယ်လောက်ညီတယ်ဆို တာပြတာပါ။နောက်ဆုံးကတော့လူမိုက်ကညီတော့သတင်းပေါက်တဲ့လူပြန်လမ်းမရှိတဲ့၊ (၁)ကားကိုအချိန်မှီသံတွဲကမလာအောင်တားနိုင်ဖို့အချိန်ရတယ်ဖုန်းတွေအများကြီးရှိတယ် ဘာမှမပြောဘူး၊တမင်ဝင်လာအောင်တောင်ပြောသေးတယ်။ (၂)ကားဝင်လာရင်တောင်ကုတ်ကခရီးသည်တင်ရမှာတောင်ကုတ်ခရီးသည်လုံးဝမတင်ဘူး၊ (၃)တောင်ကုတ်တစ်မြို့လုံအပ်ကျတာကအစတောင်ကုတ်သိတဲ့ဂိုဏ်ချုပ်လူကြီးတွေရှိပေမဲ့သံတွဲခရိုင်အာဏာပိုင်တွေကို အသိမပေးခဲ့ဘူး (၄)လမ်းတစ်လမ်းထဲရှိပြီးဖြောင့်တန်းနေတဲ့လမ်းပေါ်မှာလူအုပ်နဲ့ချီပြီး နတ်ပင်ကြီးဆို့တဲနေရာမှာပိတ်ဆို့ဖျက်ဆီးဖို့နဲ့မြို့လယ်လမ်း ဆုံပြန်မောင်းခိုင်းတာရဲတွေတောင်ပါတယ်တဲ့၊ပြီးမှရှောင်ထွက်သွားတာတဲ့ (၅)ကားပေါ်ကနေဆွဲချပြီးနိုင်ငံသားလူ(၁၀)ယောက်လုံးကို ရက်ရက်စက်လုပ်နေတာသေနတ်သံ၊ဟန့်တားထိမ်းတဲ့အသံတစ်ခွန်းမှ မတွက်လာဘဲမြှောက်ပေးတဲ့အသံတွေဘဲထွက်လာတယ်။ (၆)လူကြီးတွေကမြို့ကလူတစ်ယောက်မှမပါဆိုတာအံဩ စရာလံကြုတ်ကြီးပါ၊ကလေးတွေကအစအကုန်သိတယ် (၇)သူတို့မပါပါဘူးအခြားနယ်တွေကလူတွေလာလုပ်တယ်ဆိုရင်လူ ၄၀၀၊ ၅၀ဝရာ ဘာတွေနဲဘယ်အချိန်ကဘဲရောက်လာလဲ ဇီးစေ့လောက်ရှိတဲ့မြို့မှာဘယ်မှာနေကြလဲ မြို့ခံတွေမသိတော့ဘူးလား ကို်ယ်မြို့ထဲမှာလူများကလာလုပ်ချင်တိုင်လုပ်လို့ရလားယုတ္တိမရှိတာတွေ အသံကောင်းလာဟစ်နေတယ်။ မြိုု့ထဲလူစိမ်းဝင်လာရင်တောင်လု့မလို့ရိုက်မလိုု့လုပ်တဲ့တောင်ကုတ်မြို့ကလူမိုက်တွေ ဒါကိုမသိဆိုတာချီးစားပြီးပြောတောင်ယုံမှာမဟုတ်ပါဘူး။ […]


snow whiteJuly 10, 20121min07
ထားဝယ်လူကြီးနဲ့လည်းသဘောမတူတော့  လက်မထက်ဖြစ်လိုက်ဘူးလေ ထားဝယ်လူကြီးကသူဆင်ထားတဲ့  လက်ဝက်ရတနာ တွေ အကုန်ပေးခဲ့တယ် ထားဝယ်လူကြီးနဲ့အဲ့ထဲ ကအဆက်သွယ် ပျက်ခဲ့တယ်  အလတ်မနာမည်က မမွန်မွန်ဝေဆိုတော့  စနိုးမမွန်လို့ရေးမယ်နော်  ဒီနေရာမှ တင်မမွန်အကြောင်းခဏရပ်မယ် အငယ်မလေး မိုးမိုးဝေအကြောင်းပြောပြမယ်  မမိုးကကျတော့ တကယ့်ဒိတ်ဒိတ်ကျဲ အသိုင်းဝိုင်းနဲ့ကြိုက်မိတာ (မန္တလေးသားတွေ မန္တလေးသူတွေသိရင် လည်းမပြောနဲ့နော်  စနိုးမေတ္တာ ရပ်ခံတာပါ)မမိုးကိုကြိုက်တဲ့ကိုကြီးက   မန္တလေးသားမိဘနှစ်ပါးလုံးမရှိတော့ဘူး မောင်နှမလေး၂ယောက်ထဲ     သူတို့ကမန္တလေးမှာတော့ပိုက်ဆံတော်တော်လေးချမ်းသာတယ်လို့မမိုးပြောတာဘဲနော်  မုန့်တိုက်လည်း ဖွင့်ထားတယ် အထည်ချုပ်လည်းပိုင်တယ်တဲ့ စိန်ပွဲစားလည်းလုပ်တယ် အဲ့အကိုကြီးအစ်မက တော်တော်လေးလည်းပိုက်ဆံတော့ရှိတယ် ကိုကြီးကတော်တော်လေးလည်းဝတယ်  ကိုကြီးက မမမိုးကိုတော့အသေချစ်တယ် အသေကြိုက်တယ်   ယူတော့ယူမယ် ဒါပေမယ့် တရားဝင်လက်မထပ်ဘူး တိတ်တိ်တ်လေးပေါင်းမယ် ဘာကြောင့်လည်းဆိုတော့သူ့အစ်မက လုံးဝသဘောမတူလို့ဘဲလေ  သူ့အစ်မ ကလုံးဝသဘောမတူဘူး လေအဆိုတော်မဆိုတဲ့တစ်ချက်ထဲနဲ့သူတို့အသိုင်းဝိုင်းထဲ အမျိုးမတော်နိုင်ဘူးတဲ့လေ   ကိုကြီးကိုလည်းအမွေဖြတ်မယ်ဆိုလို့မမိုးက တစ်ခါထဲအဲ့ သူအစ်မပြောတဲ့စကားတွေကိုကိုကြီးကအကုန်ပြန်ပြောပြတော့ မမိုးက  ကဲပါ နင်လည်းငါကိုထားခဲ့လိုက် နင်လည်းအမွေဖြတ်မခံရအောင်  အေးပေါ့ […]


ムラカミJuly 10, 20122min021
သူ့နာမည်က ကင်ဒေါ့ကွမ် တရုတ်လူမျိုးတော့မဟုတ်… ဂျာမန်….       နာမည်ရင်းက Kim Schmitz ပါတဲ့ ..အဲ့ဒါ ကိုယ့်ဟာကိုယ် လက်ဆော့ပီး ကင်ဒေါ့ကွမ် Kim Dotcom အဖြစ် ပြောင်းထားပါသတဲ့ဗျာ …။ Kimble လို့လည်း လူသိများပီး နောက်ထပ်နာမည်ကတော့ .. ကင် တင် ဂျင် ဗက်စတာ Kim Tim Jim Vestor ပါတဲ့ သူ့ရဲ့ လူသိများတဲ့ အချက်ကတော့ Megaupload ဆိုတဲ့ ဝက်ဘ်ဆိုက် ကို ထူထောင်မှုပါပဲ … Megaupload ဘာလဲ ကိုယ့်ဆြာ တို့ သိပါတယ်.. ညင်းညင်း …..   အဲ … သူ့အကြောင်း အသေးစိတ် […]


snow whiteJuly 9, 20121min020
ဘယ်သူတွေဘယ်လိုကြောင့် ဒီဘဝရောက်တယ် ဆိုတာတော့ စနိုးမသိဘူးနော ်နီးစပ်ရာအဖြစ်ပျက် သူတို့ဘဝကိုသနားမိတယ်။    စနိုးတို့တိုက်ခန်း ဘေး ကို  မိသားစု တစ်စု ပြောင်းလာတယ် ပြောင်းလာတဲ့မိသားစု က  တကယ့်ကိုစိတ်ညစ်စရာ ပါဘဲ ဘာကြောင့်လည်းဆိုတော့ အဆိုတော် မတွေပါလာလို့ဘဲ။ စနိုးအမေဆို စနိုးဖေကို  ကို…. ရေင့ါတို့ဘေးခန်းကိုပြောင်းလာမယ့်သူတွေ က အဆိုတော်တွေတော့  ညပိုင်းအရက်ဆိုင်တွေမှာလိုက်ဆိုတဲ့အဆိုတော်တွေ နော် အထင်မကြီးနဲ့အုံး ။ စနိုးတို့ကသူတို့ပြောင်းလာထဲကအရမ်းစိတ်ညစ်တယ် ။ ညဘက်ကျရင် လှေခါးမှာ တွေ့ရတာတောင်သူတို့ကိုကြောက်တယ် ။ ရှောင်ပေးလိုက်တယ် ။ နောက်ပိုင်း တစ်လကနေ နှစ်လလောက်ကြာလာတော့  မနက်ပိုင်းဈေးသွားဘာသွားနဲ့ အမေနဲ့ သူတို့ စကားပြောသံကိုစနိုးကြားလိုက်မိတယ် ။   အမေကိုပြောတာပေါ့ အမေဘဲ သူတို့တွေ ပြောင်းလာတုန်းက ဘာဖြစ်တယ်လေးညာလေးနဲ့။ ခုကျတော့ အမေဘာလို့စကားပြောနေတာလည်းလို့စနိုးကလည်းမေးတာပေါ့ ။အမေက င့ါကိုသူတို့ကရယ်ပြပြုံးပြနေတာကို  ငါ့က ဘာမှ ပြန်မပြောပြုံးမပြဘဲရန်သူလို  ဆက်ဆံနေရမှာလည်းတဲ့။ […]


silver heroJuly 9, 20121min09
ကြောင်တောင်တော်x x x ကို“ရွှေရောင်” ရယ်အလုပ်မရှိသူအားတယ် x x x ဗိုလ်မထားပါတဲ့ စာပေအရာ     x x x ကညာပွေစရာx x x ဇရာထွေလာတဲ့ သူအသက်ရယ်ကြောင့် x x x မျှော်မြင်ကာလိုင်းပြောင်းပါတဲ့ x x x “မီဒီယာ” x x x ဇမ္ဗူတခွင်မှာ x x x တူညီယှဉ်ပြိုင်စရာတွေ x x x မရှိစေချင်တာကြောင့် x x x ပေးလိုက်ပါတဲ့အဓိပဓိ မောင် x x x အောင်မြင်ရာ x x x အောင်မြင်ရာထက်ကောင်းကင်နဲ့ဝေးခဲ့တာကြောင့် x x x မောင်“ဗေထိ” […]


silver heroJuly 9, 20121min02
နယ်မြို့လေးတစ်မြို့တွင် အသက်အရွယ်အားဖြင့် ၂ဝ ဝန်းကျင်သာရှိသော လူငယ်လေးတစ်ဦးသည်ထိုုမြို့၏ နာမည်ကြီး လ္ဘက်ရည်ဆိုင်၏ရှေ့တွင် မတ်တပ်ရပ်၍ လ္ဘက်ရည်ဆိုင်သို့ကြည့်၍ အကဲခတ်နေသည်။ ပတ်ဝန်းကျင်တွင်လည်း လူအများသွားလာလှုပ်ရှားလျက်ရှိသည်။ လ္ဘက်ရည်ဆိုင်အတွင်းခင်းကျင်းထားသော စားပွဲ ဝိုင်းမှာ ၁ဝ ဝိုင်းလောက်ရှိသည်။ အပြင်ဘက်ဆိုင်မျက်နှာစာ ဘေးနှစ်ဖက်တွင်လည်း စားပွဲဝိုင်း ၁၅ဝိုင်းစာ ခင်းကျင်း ထားသည်။ အရောင်းအဝယ်ပါးသောအချိန်၊ လူရှင်းသောအချိန်ဖြစ်သဖြင့် စားပွဲထိုးလေးများမှာ တစ်ယောက်နှင့် တစ်ယောက်နောက်ပြောင်ကျီစယ်နေကြသလို ထိုင်တဲ့သူကထိုင်နေသည်။ ငွေရှင်းကောင်တာမှ ဆိုင်ရှင်ဟုထင်ရ သူမှလည်းသူလုပ်စရာရှိတာကို အေးအေးဆေးဆေးထိုင်လုပ်နေသည်။ ဆိုင်အတွင်း စားပွဲတွင်စားသုံးသူ၂ဦးတည်း သာ လက်ဖက်ရည်ထိုင်သောက်နေသည်။ ဆိုင်အပြင်ဝိုင်းတွင်လည်း ၃ဝိုင်းသာ လက်ဖက်ရည်ထိုင်သောက်သူရှိလေ သည်။ လူငယ်လေးသည် လက်ဖက်ရည်ဝင်သောက်ရန် ဆုံးဖြတ်လိုက်ပြီး ဆိုင်အတွင်းသို့ဝင်ခဲ့လေသည်။ ဆိုင်၏အ လယ်ကျသော စားပွဲဝိုင်းတွင် ထိုင်၍လက်ဖက်ရည်မှာလိုက်လေသည်။ လူငယ်လေး လက်ဖက်ရည်သောက်နေစဉ်  ဆိုင်အတွင်းသို့ အသက်(၅၀)အရွယ်လူ(၃)ဦးစကားပြောဆိုရင်းဖြင့်ဝင်လာ၍ လူငယ်လေး၏ အနောက်တွင်ရှိသော […]


ဘဲဥJuly 9, 20121min018
ဝန်ထမ်းသန့်ရှင်းရေး လုပ်ဖို့တော့ လိုနေဘီ။ ဟုတ်တယ် ဌာနဆိုင်ရာဝန်ထမ်း အောက်ခြေ စာရေး အဆင့်ကနေ ဦးစီးမှုးအဆင့်ထိ အကျင့်ပျက်ခြစားမှုတွေများနေတယ်။ အခုမှ မဟုတ်ပါဘူး ဟိုးးးးးး စစ်အစိုးရလက်ထက်ကတည်းက ပျက်လာခဲ့တဲ့ သောက်ကျင့်တွေ အခုထိကို မပြင်နိုင်သေးဘူး။ ဘာလို့ အကျင့်ပျက်ခြစားတာလဲမေးရင် ရတဲ့လစာနဲ့ မလောက်ငလို့ ။ ဒင်းတို့ဖြေတာနော်။ အဲ့ဒါဆိုဘာလို့ အဲ့ဒီအလုပ်ဝင်လုပ်နေတာလဲလို့ ကျုပ်ကမေးပါရစေဗျာ။ အစထဲက လစာနှုန်းထားတွေ ကြေငြာပီးမှ အလုပ်ခေါ်တာပဲ ။ မသိလို့ဝင်လုပ်နေတာပါ လို့တော့ ဖင်ပိတ်မငြင်းနဲ့ ။ ဒင်းတို့ စရိုက် ဒင်းတို့ စိတ်ဓါတ်တွေနဲ့ အပြင်ကုမ္ပဏီတွေမှာ လာလုပ်ကြည့်ပါ့လား နေ့မကူးပဲ တန်းပြုတ်သွားနိုင်တယ်။ ကျနော်ဘာလို့ဒီလိုပြောတာလဲဆိုရင် အထောက်အထားတွေရှိတယ် ၊ခံလိုက်ရတာတွေရှိတယ်။ သူတို့နဲ့ လုပ်ရတာတွေ ငွေလမ်းမခင်းရင် ဘယ်တော့မှ အဆင်မပြေဘူး (ကိုယ့်ဘက်က အားလုံးပြည့်စုံနေတာနော်) ၊ […]


padonmarJuly 9, 20121min074
ပြီးခဲ့တဲ့ နွေရာသီ ဧပြီလ ၁ ရက်နေ့မှာ ကျွန်မရဲ့ဇာတိမြို့ကို ပြန်ခဲ့ပါတယ်။ မြို့ကလေးရဲ့ တစ်ဖက်ကမ်းမှာ လူနေရပ်ကွက်လေးတွေ ရှိပါတယ်။ ပေ ၁၀ဝ ကျော်ကျယ်တဲ့ မြစ်ကိုဖြတ်ပြီး အဲဒီ တစ်ဖက်ကမ်းက ရပ်ကွက်သူရပ်ကွက်သား တွေဟာ မြို့ဖက်ကမ်းမှာ ကျောင်းတက် ၊ ရုံးတက် ၊ ဈေးသွား ဈေးရောင်းလုပ်ကြရပါတယ်။ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း ကူးဖို့ကိုတော့ ကူးတို့ဆိပ်ကနေ စက်တပ်ထားတဲ့ ပဲ့တောင်တစ်စီး (လူ၂ဝ ခန့် ဆန့်)က ခေါက်တုံ့ခေါက်ပြန် မောင်းပေးပါတယ်။ တစ်ခါတစ်လေ လူနည်းနေရင် တွက်ခြေမကိုက်တော့ အနည်းဆုံး ၁ဝ ယောက်လောက်တော့ စုမိအောင် စောင့်ကြရပါတယ်။ဘတ်စကားလိုပေါ့။ နောက်တစ်မျိုးက လက်နဲ့ခပ်တဲ့ သမ္ဗာန်လေးတွေပါ။ ကျွန်မတို့အရပ်က ကူးတို့ယားလို့ ခေါ်ပါတယ်။ ကူးတို့ဆိပ်တံတားက ငှားခွင့်မရှိပဲ ကြုံရာအတက်အဆင်းမကောင်းတဲ့ တံတားတွေက […]


Swal Taw YwetJuly 7, 20121min012
စွယ်တော်ရွက် လျှပ်စစ် လက်တွေ့သင်တန်းလေး ဖွင့်တော့မယ်လို့ ရွာထဲကို ဗျိုးဟစ်လိုက်တဲ့အခါ ဝမ်းသာအားရ လက်ခုပ်တီးအားပေးမှုကို ရရှိလိုက်တာနဲ့တင် ရွာသားဖြစ်ရကျိုး နပ်သွားပါပြီဗျာ။ ကိုယ်ဝါသနာပါတဲ့ ၊ အထပ်ထပ်အခါခါ ကျင့်သားရနေခဲ့တဲ့ ကျောင်းဆရာအလုပ်ကို စွန့်လွှတ်ခဲ့ရတဲ့ ၊ လွန်ခဲ့သော (၈) နှစ်ကျော်ကတည်းက မက်ခဲ့ရတဲ့ အိပ်မက်လေးတစ်ခုမို့ပါ။ အခု ကိုယ်ပိုင် သင်တန်းကျောင်းလေး ဖွင့်မယ်ဆိုတော့ Dream become true ပေါ့လေ။ လွယ်လွယ်ကူကူ လျှောက်လှမ်းရမယ့် ခရီးမဟုတ်မှန်း တော့ သိနေပါတယ်။ အခန်းငှားခ တစ်ခုတည်းမှာတင် (၆) လစာအတွက် လျာထားတာက ၆၀၀၀၀၀/- ၊ တကယ်ကုန်သွားတာက ၈၄၀၀၀၀/- လေ။ ဒါပေမယ့် တစ်လှမ်းချင်း လှမ်းရမယ့်အတိုင်း ဆက်လှမ်းသွားပါ့မယ်။ ညံ့လို့မရတော့တဲ့ MG ရွာသားတစ်ယောက်ဖြစ်နေပြီမဟုတ်လား? ရွာသူ၊ ရွာသားတွေရဲ့ […]


snow whiteJuly 6, 20121min023
မန်းဂေဇက်မှာဆရာဝန် တွေများတယ်လို့သိထားပါတယ်   သွေးတိုးရောဂါကဘယ်လိုလက္ခဏတွေ စပြပါသလဲ ဆိုတာလည်းသိချင်တယ်   စနိုးကသွေးပေါင်ကျတာ ဖြစ်ဖြစ်နေတယ်   ဆရာဝန်နဲ့သွားပြတော့ ပြောတာကတော့ သွေးဖြူဥများတယ်လို့ပြောပါတယ်   ဒါကြောင့်စနိုးအိမ်ကစိုးရိမ်ရလားလို့ ဆရာဝန်ကိုမေးတော့ ဆရာဝန်က စိုးရိမ်စရာမရှိပါဘူးတဲ့    မိန်းကလေးတချို့တဝက်က ဒီရောဂါ ခံစားရပါတယ်တဲ့လေ  ဘာကြောင့် သွေးပေါင်ကျ ကျနေတာလည်းဆိုတာလည်းသိချင်ပါတယ်  သွေးလှူလို့လည်းမရဘူးစနိုးတို့လိုလူတွေ   တီဗီထဲမှာတော့ကြည့်ဖြစ်ပါတယ် သွေးလှူချင်ရင်ဘယ်လိုစားသောက်ရတယ် ဆိုတာသိသင့်သလောက်တော့သိတယ်   ဒါပေမယ့် သွေးပေါင်ကဘယ်ချိန်ချိန်ချိန်   ကျနေတာကများတယ် အစားသောက်လည်းစားပါတယ် ထမင်းတော့စားနည်းတယ်    လှူချင်ပါတယ် သွေးလှူချင်တယ်ပေါ့နော် သွေးပေါင်ကျတာ ကရောဂါမဟုတ်ဘူးလို့လည်းဆရာဝန်ကပြောပါတယ်  ဒီသွေးပေါင်ကျကျနေတာကလေ  နောက်ပိုင်းကျရင် ဘယ်လိုတွေ ဖြစ်လာနိုင်မလဲဆိုတာလည်းမန်းဂေဇက် ဆရာဝန်ကိုကိုမမများ ပြောပြပေးနော် သိသူများလည်းပြောပြနော်        နောက်ပြီးတော့ လေ စနိုးတို့နားကအသက်   ၄၈နှစ် ဦးလေးကြီးတစ်ယောက် အဖြစ်လေးပြောပြမယ်နော်   သူကလမ်းလူကြီးလည်းဖြစ်တယ်   သူမှာသွေးတိုးရောဂါ  ရှိတယ်      သူကတစ်နေ့လမ်းကိစ္စ လုပ်ရင်းနဲ့ နေကလည်းပြင်းတယ် လေ အုန်းနို့ခေါက်ဆွဲလည်းစားတယ်တဲ့လေ […]


black chawJuly 5, 20121min097
ဘလက်ချော မြွေဖမ်းမလို့ဗျ..။ ကိုယ့်ဟာကိုယ် အေးအေးဆေးဆေး ဟိုလျှောက်ဖတ်ဒီလျှောက်ဖတ် ဟိုလျှောက်ရေး ဒီလျှောက်ရေး အဆင်လေးပြေနေတာကို မနေတတ် မထိုင်တတ် နဲ့ အစတစ်ခုဆွဲထုတ်ဦးမလို့ ပါဗျာ။ ကဲ မပြောမပြီး မတီးမမြည်တဲ့။ ပြောမှပြီးမှာ မို့ ပြောခွင့်ပြုတော့ ကျောင်းအစ်မရယ်။ ဒီလိုရှိပါတယ် လူကြီးမင်းများခင်ဗျာ…။ ပြီးခဲ့တဲ့ ဇွန်လအတွင်း ပို့စ်တင်ခဲ့သူတွေထဲက PERSON Of THE MONTH အဖြစ် ဖက်တီးကက် ကို ကျွန်တော် ရွေးခဲ့တာ အားလုံး အသိပါ။ ကျွန်တော်တစ်ယောက်တည်း ရွေးနေလို့တော့ ရွာသူရွာသားတွေအနေနဲ့ ရော အရွေးခြယ်ခံ ပို့စ်တင်သူအနေနဲ့ရော ဖီလင်လာလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူးခင်ဗျာ…။ အဲဒီအတွက် ကျွန်တော်တို့ အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့ပါမယ်။ အဖွဲ့ဝင်တွေအားလုံး တက်လာသမျှ ပို့စ်တွေကို ဖတ်ကြပါမယ်။ လကုန်ရက် ရောက်လာတဲ့အခါ အဖွဲ့ဝင် […]