ချစ်ခင်လေးစားရပါသော မန်းဂဇက်မှစာဖတ်သူများခင်ဗျား… Professional & Personal ဆိုတဲ့ပိုစ့်က ကျွန်တော်ကြောင်ဝတုတ်ကို အတော်လေးလူသိများလာစေတဲ့ ပိုစ့်လို့ ပြောရရင်မမှားဘူးလို့ဆိုရမယ်ထင်ပါတယ်… အခုရက်ပိုင်း ဒီ Professional နဲ့ Personal နဲ့ပတ်သက်ပြီးပြောနေကြတာ… ဆွေးနွေးနေကြတာတွေ့တော့… ကျွန်တော်ထပ်ပြီးခံစားရတာလေးတစ်ခုအကြောင်းကို ပြောချင်ပါသေးတယ်… အဲဒီအကြောင်းကတော့ Privacy & Transparency ဆိုတာပါပဲ… ရွာထဲမှာစာတွေရေးကြတဲ့လူတွေအများကြီးရှိပါတယ်… ဒါပေမယ့် အဲဒီအထဲမှာ ဘယ်သူကတော့ဖြင့် ဘာအလုပ်လုပ်ပါတယ်… ဘယ်မှာနေပါတယ်… ဘယ်လိုပုံစံပါဆိုပြီး ရွာထဲမှအတိအလင်းနေကြတဲ့မန်ဘာ တွေရှိသလို… ရွာသူားတွေနဲ့ မတွေ့ဆုံကြဘဲ၊ မျက်နှာမပြဘဲ စာရေးတယ်… စာဖတ်တယ်… ကော်မန့်လေးတွေပေးတယ်… အဲဒီလိုမန်ဘာတွေလဲရှိပါတယ်… ကောင်းပြီး… သူတို့ဘာလို့မျက်နှာမပြတာလဲ… အင်တာနက်ပေါ်မှာရေးတဲ့လူတွေအနေနဲ့ မိမိရဲ့ဘဝမှန်ကို ဖုန်းကွယ်ပိုင်ခွင့်ရှိပါတယ်… ပြောရမယ်ဆိုရင် Privacy ပေါ့… မိမိလျှို့ဝှက်ချက်ကို လူတိုင်းထိန်ချန်ပိုင်ခွင့်ရှိတာ သည်လူတိုင်းမှာရှိတဲ့ အခွင့်အရေး… တနည်းအားဖြင့် လူ့အခွင့်အရေးပါ… အဲဒီလိုပဲအဖွဲ့အစည်းတိုင်း၊ […]


KyaemonNovember 18, 201286min02
  Vieddekke နဲ့ Statkraft အဖွဲ့တွေအကြောင်းကိုရေးခဲ့ပြီးပါပြီ၊ အောက်ပါလင့်ခ တွေကိုကြည့်ပါ၊ နော်ဝေနိုင်ငံပိုင် လျှပ်စစ်စွမ်းအားထုတ် Statkraft “စတတ်ကရပ် အဖွဲ့” နဲ့ရေကာတာများ – XV | The Mandalay Gazette-Myanmar/Burma News Media Forum Network http://myanmargazette.net/139805/business-economy နော်ဝေက Vieddekke ဆိုတဲ့ရေကာတာ ဆောက်လုပ်ရေးအဖွဲ့ကြီး – XVIII | The Mandalay Gazette-Myanmar/Burma News Media Forum Network http://myanmargazette.net/140562/business-economy နော်ဝေက Vieddekke ရေကာတာ အဖွဲ့ကြီး – အဆက်- XXIII | The Mandalay Gazette-Myanmar/Burma News Media Forum Network http://myanmargazette.net/154890/business-economy […]


San Hla GyiNovember 16, 20121min044
အမှန်တော့ ဒီစာကို ကွန်မန့်ပေးဖို့ ရေးရင်းနဲ့ နည်းနည်းရှည်သွားလို့ ပို့စ်အနေနဲ့ သီးသန့်တင်လိုက်ပါတယ်။ ထုံးစံအတိုင်း ဦးနှောက်ကို မုန်တိုင်းတိုက်လိုက်တယ်ဗျာ။ ကိုရှုံးနိမ့်မှုများနဲ့လူက စည်းကမ်းချက် အမှတ် ၁၃ ကိုပြောတာ မြင်လို့ ကျနော်လဲ စိတ်ဝင်စားတာနဲ့ ဝင်ပါလိုက်တယ်ဗျာ။ အဲဒီ စည်းကမ်းချက် ၁၃ ကိုပြောချင်တာ ကြာပြီ။ ကျုပ်က ကျုပ်အမြင်ကို ပြောမယ်။ မကျေနပ်သူက ချေဖျက်နိုင်တယ်။ ကျုပ်ကလဲ ပြန်လည် ချေဖျက်ဆွေးနွေးမယ်။ ထုံးစံအတိုင်းပေါ့။ အဲဒီ စည်းကမ်းချက် ၁၃ အကြောင်းပြောချင်တာ ကျနော်ရေးတဲ့ စဉ်းစားကြစေလိုပါတယ် (၁၈) တိုင်းရင်းသားအရေးသို့ ပြန်ကြားချက်နဲ့ ကိုကြောင်ဝတုတ်ရေးတဲ့ ပရော်ဖက်ရှင်နယ်နဲ့ ပါစင်နယ်ဆိုတဲ့ ဆောင်းပါးကတည်းကပဲ။ ကျုပ်အမြင်နဲ့ တချို့လူတွေ အမြင်တူမှာ မဟုတ်ဘူး။ ကျုပ်စိတ်ထင် အဲဒီစည်းကမ်းချက်ကို တွင်တွင်ပြောနေသူတွေတောင်  ပရော်ဖက်ရှင်နယ်နဲ့ ပါစင်နယ်ကွဲပုံမရဘူး။ […]


ムラカミNovember 15, 20126min027
ပြောရရင် ပိတ်သတ်ကြီးရယ်. … စင်္ကြာဝဠာလုံးဆိုင်ရာ ဒီဇိုင်း(Universal Design) ပါတဲ့…. ထိပ်ဆုံးဗျာ ဒီဇိုင်း ဆိုတဲ့ ကိစ္စရပ်ကို အရင်ရှင်းမှ သင့်တော်မယ် ထင်ပါတယ်… ဖြစ်ပုံက ဂလို…. ကျုပ်တို့ ရွှေပြည်ကြီးမှာ ဒီဇိုင်းဟေ့ ဒီဇိုင်နာဟေ့ လို့ ပြောလိုက်ရင် စက်ချုပ်တဲ့သူတွေ …ဆိုင်းဘုတ်ရေးတဲ့ သူတွေ လောက် ပြေးပြေးမြင်တတ်တာပါပဲ။ တကယ်တော့ ဒီဇိုင်း ဆိုတာ ထုတ်ကုန် Product ရဲ့ physical ပိုင်း သွင်ပြင်လက္ခဏာ လို့ မြင်ကြည့်သင့်တာဗျ..ဆိုတော့ ..   သီအိုရီတွေ လျှောက်ပြောနေမယ့်အစား ဥပမာတွေ နည်းနည်း အစ ဆွဲထုတ်ကြည့်မယ်ဗျာ.. ၁။ ဒီဇိုင်း ဆိုသည်မှာ အပျော့ကြွက်     မသုံးတဲ့အချိန်မှာ အကွေးလေးကို ဖြောင့်ထားလိုက်ခြင်းအားဖြင့် […]


ムラカミNovember 14, 20123min020
  Mind map အကြောင်းရေးမလို့ပါဗျာ။ သွားလေသူ ဟိုဆြာလေးရဲ့ ဝတ္ထုခေါင်းစဉ် ယူသုံးလိုက်ပါရဲ့။ ကျနော်တို့ ..idea ကောင်းတယ် smart ဖြစ်တယ် တွေ ပြောကြ ဆိုကြ တယ်။ အဲ .. တကယ်တမ်း Smart ဖြစ်ဖို့ idea ကောင်းတခုရဖို့ ဘယ်ကစမလဲ လို့ မေးလာ ပြောလာရင်တော့ ဖြေရခက်သွားတတ်လေ့ ရှိပါရဲ့။   အလွယ်ဖြေလေ့ရှိတဲ့ စကားကတော့ Brainstorming လုပ်ယူပေါ့ ဆိုတဲ့အဖြေပါပဲ။ ဒါဟာ policy ဆန်လွန်းနေသေးသဗျ။ ကောင်းပြီ Brainstorming ။ ဒါကို ကျနော်တို့ ဘယ်လိုအနှစ်ချုပ်ယူမလဲ။ တခါတလေမှာ ဦးဆောင်သူကောင်း မပါတဲ့ Brainstorming တွေဟာ ပုံပြင်ပြောသလို case-study တွေချည်း ချပြောဖြစ်တာ။ရန်ပွဲဆန်တဲ့ ငြင်းခုန်မှုသက်သက် […]


ကျော်ဘသစ်November 13, 20121min02
Be Proactive ကိုယ့်လုပ် ကိုယ်စံ၊ ကိုယ့်တာဝန် လူတွေဟာ ပင်ကိုယ်သဘာဝအရ လွတ်လပ်စွာ ပြုလုပ်ဖန်တီးသူဘဝ ရထားကြပေမယ့် ပတ်ဝန်းကျင်လောကရဲ့ လူမှုရေးအတွေးအမြင်တွေ၊ ပြဌာန်းခံဝါဒတွေ လွှမ်းမိုးခံရတဲ့အခါ သဘာဝကနေ ယိမ့်ယိုင်သွေးဖယ် သွားကြပါတယ်။ အပြဌာန်းခံအမြင်ရှိတဲ့ ပတ်ဝန်းကျင်လောကနဲ့ မှန်တစ်ချပ်လို အပြန်အလှန် ရောင်ပြန်ဟပ်ကြရင်း ကိုယ်တိုင်လည်း မှန်တစ်ချပ်လို ဖြစ်သွားပြီး လွတ်လပ်မှုကနေ ထွက်ပြေးဖို့ ကြိုးစားကြပါတော့တယ်။ အဲဒီက စလို့ လူတစ်ချို့ဟာ ဖန်တီးသူအဖြစ်ကနေ တုန့်ပြန်သူအဖြစ် စုတေ၊ ထိုးစစ်ဆင်ဘဝကနေ ခံစစ်ပြင်ဘဝ ဈာန်လျှောကျ၊ လောကကြီးကို အပြစ်ပုံချ၊ ကိုယ်တာဝန်ကိုယ်ကျတော့ မယူဆိုတဲ့ အကျင့်ဆိုးတွေ နိုးထလာရတော့တာပါပဲ။ အဲဒီလိုအကျင့်ဆိုးတွေ ပူးဝင်ခံရတဲ့လူတွေဟာ အခုလိုမျိုးစကားတွေ ပြောလေ့ရှိပါတယ်။ -ကျွန်တော်မှာက ကျွန်တော့်အဘိုးရဲ့ဗီဇ ပါလာတယ်လေ၊ ကျွန်တော့် အဘိုးကလည်း လူရိုးလူအ၊ ဒါကြောင့် ကျွန်တော်အလှည့်မှာလည်း […]


kaiNovember 12, 201222min031
Time မဂ္ဂဇင်းရဲ့ ၂၀၁၂ ခုအတွင်းအကောင်းဆုံးတည်ထွင်မှု ၂၅ ခု၊   (1) Indoor Clouds That’s not Photoshop. The Dutch artist Berndnaut Smilde has developed a way to create a small, perfect white cloud in the middle of a room. It requires meticulous planning: the temperature, humidity and lighting all have to be just so. Once everything is ready, Smilde […]


ကျော်ဘသစ်November 12, 20121min01
အတွေးအမြင်နဲ့ အကျင့် ………………………….. ညနေ ရုံးဆင်း၊ ဘတ်စကားပေါ်မှာ ခရီးသည်တွေ ကြိတ်ကြိတ်တိုးနေတဲ့ချိန်။ ကျွန်တော်က ဘတ်စကားရှ့ပိုင်းဘက် အသာတိုး၊ လက်ကိုင်တန်းလေးကို တင်းတင်းစွဲပြီး ကပ်ကပ်ညပ်ညပ် လိုက်ပါလာတယ်။ ကားကြပ်လို့ မောပြီး ဟနေရတဲ့အထဲ မြင်ရတဲ့ရှုခင်းကပါ ဒေါကို သစေတယ်။ ကျွန်တော်နဲ့ မလှမ်းမကမ်း သံဃာတော်များခုံမှာ မိန့်မိန့်ကြီး ထိုင်လိုက်လာတဲ့ ခပ်ရိုင်းရိုင်းငနဲကြောင့်ပါပဲ။ သူ့ဟာသူ စောစောတက်၊ စောစောထိုင်ခုံရလို့ သူ့ဟာသူ ထိုင်တာကို ဘာမှ မပြောလိုပေမယ့် သူ့အနားကပ်ပြီး ဝါကြီးကြီးသံဃာ လာရပ်လည်း ပြုံးပဲပြပြီး ထမပေး၊ အသက်ခြောက်ဆယ်ကျော် အဘွားကြီးလာရပ်လည်း အထုပ်ကလေး ကူယူပေးတာကလွဲလို့ နေရာဖယ်ပေးဖို့ စိတ်မကူး၊ ဗိုက်ကြီးသည်တစ်ယောက် တက်လာတော့လည်း တစ်ခြားတစ်ယောက်ကသာ နေရာပေးလိုက်ရ၊ သူကတော့ ဖင်ကြွဖို့ နည်းနည်းမှ မစဉ်းစားဘူး။ ကျွန်တော့်မှာ ဘေးကနေ […]


zipper johnNovember 12, 20125min00
Although we know that magento, ecommerce takes for a successful web implementation – from choosing the right development company and getting the online web shop security. E-Commerce is no more tenacious an exhortation. It has turn into an authenticity. Ecommerce businesses are competing to survive in this competitive world and are looking forward to new […]


maungmoenyoNovember 12, 20121min04
ပြီးခဲ့တဲ့သောကြာနေ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်သူုလွှတ်တော်ကိုယ်စားလှယ်တစ်ဥိးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ခုချိန်ခြုံနွယ်တွေနဲ့ရစရာမရှိအောင်ဖုံးလွှမ်းပြီး၊ မြင်မကောင်းအောင်ဖြစ်နေတဲ့ ယခင်ရန်ကုန်ဝိဇ္ဖာနှင့်သိပ္ပံတက္ကသိုလ်ကြီးကို နိုင်ငံတကာအဆင့်အတန်းမှီဖွင့်လှစ်နိုင်ဘို့ အဆိုကိုတင်သွင်းခဲ့ပါတယ်။ ဒီအဆိုမှာ သက်ဆို်င်ရာပညာရေးဌာနသာမက၊ ပြည်တွင်းပြည်ပတတ်သိပညာရှင်များသာမက၊ နိုင်ငံတကာ အလှူရှင်တက္ကသိုလ်နှင့်အဖွဲ့အစည်းများပါဝင်တဲ့ကြိကြပ်ကွပ်ကဲရေးအဖွဲ့ကို ဖွဲ့စည်းဘို့တင်ခဲ့ပါတယ်။ ဒီကိစ္စကို ပညာရေးဝန်ကြီးဌာနက အဆိုအဖြစ်သာမှတ်တမ်းတင်ပြီး နောင်ထွက်လာမဲ့ တက္ကသိုလ်ပညာရေးဥပဒေပေါ်ပေါက်လာမှဆိုတဲ့ “နောက်မှ” ဆိုတဲ့ ရှေးလက်သုံးစကားနဲ့ချွေးသိပ်ဘို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်စုက လွှတ်တော်ရဲ့ဆန္ဒနဲ့အဆုံးအဖြတ်ကိုသာခံယူလိုကြောင်း တင်ပြတဲ့အတွက်၊ လွှတ်တော်မဲဆန္ဒရယူပြီးဒီကိစ္စကိုဆောင်ရွက်ဖို့ အဲ့ဒီနေ့မှာဘဲ အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီနေ့အစည်းအဝေးမှာဘဲ အရည်အသွေးတွေနဲ့ပြည်သူတွေရဲ့ယုံကြည်ကိုးစားမှုတွေတရိပ်ရိပ်ကျဆင်းနေတဲ့၊ သမိုင်းဝင်ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုလည်းအလားတူ အဆင့်မြှင့်ရေးကိစ္စကိုလွှတ်တော် ကသဘောတူခဲ့ပါတယ်။ ဒီနေရာမှာ အရေးကြီးတဲ့အချက်က feasibility ဆိုတဲ့ကိစ္စကအရေးတကြီးဝင်လာသလို၊ ဒါကောင်းတဲ့အကြံဘဲ၊ အများးအကျိုးအတွက် မရှိမဖြစ်လိုအပ်တဲ့ကိစ္စဘဲဆိုတဲ့ ချိန်ခွင်လျှာအားပြိုင်မှုကဝင်လာပါတယ်။ အဆင့်မြင့်တယ်ဆိုတဲ့အချက်က အလွန်ကောင်းတယ်ဆိုတာငြင်းရမဲ့ကိစ္စမဟုတ်ပါဘူး။ ကျန်းမာရေးဝန်ကြီးဌာနရဲ့လက်ရှိဘတ်ဂျက်အသုံစရိတ်ဟာသေးငယ်လွန်းလှသော်လည်းဘဲ၊ (၂၀၁၁)နှစ်မတိုင်မှီကာလထက်အဆများစွာပိုပြီး၊ ဘတ်ဂျက်တိုးခဲ့ချထားပေးကြောင်း၊ ဒုတိယအကြိမ် စုပေါင်းလွှတ်တော်မှာကျန်းမာရေးဝန်ကြီးဌာနက ကိန်းဂဏန်းများနဲ့နှီုင်းယှဉ်ချပြသွားတဲ့အချက်ရှိပါတယ်။ ဒီနေရာမှာနိုင်ငံတကာရဲ့ထောက်ပံ့ကူညီမှု၊ နိုင်ငံတကာရောက်မြန်မာဆရာဝန်နဲ့ရင်နှီးမြှုပ်နှံမှုဆိုင်ရာ (direct investment) အာသီသပြင်းပြမှုဆိုတဲ့အထောက်အကူတွေအများကြီးလိုအပ်လာပါတယ်။ […]


ကျော်ဘသစ်November 10, 20121min05
အကျင့်သံသရာ …………………………… “ကျုပ်တို့ဆိုတာ ကျုပ်တို့ အထပ်ထပ်လုပ်နေတဲ့အရာ၊ ကျုပ်တို့ အထပ်ထပ်လုပ်နေတဲ့အကျင့်”လို့ ဆိုကရေးတီးက ဆိုပါတယ်။ ဆိုကရေးတီးအဆိုနဲ့ ခင်ဆင်ဆင် အင်္ဂလိပ်ကဗျာတစ်ပုဒ်ကလည်း “ပထမ ငါတို့က အကျင့်တွေကို စလုပ်၊ နောက်ပိုင်းတော့ အကျင့်တွေက ငါတိုတို့ကို ပြန်လုပ်”လို့ ဆိုထားရဲ့။ ဗုဒ္ဓဝါဒ အယူအဆတစ်ခုမှာတော့ “မသိနိုးနားနဲ့ လွန်ကျူးမူတွေ လုပ်တယ်၊ အဲဒီ့လွန်ကျူးမူတွေက ကိုယ်နှုတ်စိတ်အင်္ဂါတွေထဲ စိမ့်ဝင်၊ အကျင့်တွေပါသွားတယ်၊ ရလာတဲ့ အရသာကို ခန္ဓာကိုယ်က ဆာလောင်တယ်၊ နောက်တစ်ခါ ထပ်လုပ်ဖို့ ကြိုးစားတယ်၊ အကျင့်တွေ ထပ်ပါ၊ ဒီလိုနဲ့ လူပေါ်မှာ အမူအကျင့်တွေ သံသရာလည်နေတယ်”လို့ ရှင်းပြပါတယ်။ အကျင့်ဟူသမျှ ကြီးကြီး ငယ်ငယ်၊ ဝင်ပူးသွားမိရင် လူနဲ့အကျင့်၊ အကျင့်နဲ့လူ ခွဲခြားမရ၊ တစ်သားတည်း ဖြစ်သွားကြတယ်လို့ ဆိုလိုချင်ပုံပါပဲ။ ဒါဆိုရင် […]


ムラカミNovember 9, 20129min018
  Typography ဆိုတာ ဘာပါလဲ ….     သူဟာ ဘာသာစကား တစ်ခုနဲ့ တူပါသတဲ့…     စာရွက်ပေါ်က စာလုံးတွေ ဆိုတာထက်လည်း ပိုသလို       စာလုံးပုံစံ ဆိုတာထက်လည်း ပိုပါသေးတယ်တဲ့     Typography ဆိုတာ အနုပညာ ဖန်တီးမှု နဲ့ နည်းစနစ်ပိုင်းတွေ ပါဝင်နေတဲ့ စာလုံးဒီဇိုင်း ဆင်မှုပါပဲ …     ၁၄၄ဝ မှာ Gutenberg ရဲ့ Movable Type နဲ့ စတင်ခဲ့ပါသတဲ့     Typography ဆိုတာ တကယ်တော့ ဆင့်ကဲဖြစ်စဉ်ပါ..     ဆက်လက်ပြီးတော့လည်း ဆင့်ကဲ […]


maungmoenyoNovember 6, 20121min020
မှတ်မိသလောက် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူတဲ့ မဟာလုပ်ငန်းကြီးကို မြန်မာနိုင်ငံတဝှမ်း လှည်းနေလှေအောင်းမကျန် နောက်ဆုံးလုပ်ခဲ့တာက (၁၉၈၃)လောက်ကလို့ထင်ပါတယ်။ သန်းခေါင်စာရင်းဌာနကြီးရဲ့ညွှန်ကြားရေးဝန်ဖြစ်တဲ့ ဗိုလ်မှူးကြီးသန်းညွန့် (အရမ်းသန်းညွန့် လို့လဲနံမယ်တွင်တဲ့ ဗိုလ်နေဝင်းရဲ့ ငယ်မွေးခြံပေါက်) ကဦးစီးလုပ်ခဲ့တာပါ။ မောင်မိုးညိုတို့ အခြေခံပညာအလယ်တန်းအဆင့် လောက်ဘဲရှိမယ်ထင်ပါတယ်။ စာရင်းကောက်လုပ်ငန်းကိုဝင်ရောက်ပြီး တပျော်တပါးလုပ်အားပေးခဲ့ ကြတာကိုအမှတ်ရမိပါတယ်။ အကိုအမ တက္ကသိုလ်ကျောင်းသားကြီးတွေက စာရင်းကောက်အဖွဲ့ခေါင်းဆောင် အဖြစ်၊ နောက်အတန်းကြီး၊ ဘွဲ့ရတက္ကသိုလ်ကျောင်းသားတွေက စာရင်းစစ်အနေနဲ့ လုပ်အားပေးခဲ့ကြပါတယ်။ ဒီကိစ္စကိုလွှတ်တော် စတင်စဉ်ကတည်းကအမတ် အချို့ကတင်ကြတာတွေ ကြားမိပါတယ်။ သန်းခေါင်စာရင်း ဆိုတဲ့အတိုင်း၊ သတ်မှတ်ထားတဲ့ရည့်ညွှန်းရက် Census date ညသန်းခေါင်ယံ(၁၂)နာရီတိတိမှာ၊ စာရင်းကောက်ယူရာအိမ်ပေါ်ရောက်ရှိနေသူအားလုံကိုစာရင်းကောက်ယူရတဲ့ထုံးစံမို့၊ အဲ့ဒီအချိန်မှာ ခရီးလွန်နေသူ၊ ဝေးရပ်တာဝန်ကျနေသူ၊ အကြောင်းတစုံတရာကြောင့် မိသားစုနဲ့ကင်းကွာနေသူ၊ လင်ကွဲမယားကွဲကအစ၊ ဒီလိုကိစ္စတွေကိုဘယ်လိုသတ်မှတ်မလဲဆိုတဲ့ ကိစ္စကအရေးကြီးလာပါတယ်။ လာမဲ့ ၂၀၁၄ သန်းခေါင်းစာရင်းကို မတ်(၂၉)သန်းခေါင်ယံ(၁၂)နာရီတိတိမှာစတင်ပြီး၊ တနိုင်ငံလုံအတိုင်းအတာ နဲ့တော့၊ ဧပြီ (၁၀)ရက်နေ့အထိ […]