ဒီနေ့တော့ အမှီသဟဲ အကြောင်းပြောချင်ပါတယ် ။ လူရယ်လို့ ဖြစ်လာရင် တစ်ကိုယ်တည်း ထီးထီးရပ်တည်လို့ မရပါဘူး ။ ဘေးမှာက မှီရာ ၊ တည်ရာ ဆိုတာ လိုအပ်ပါတယ် ။ ကနာ္တရ ခရီးကြမ်းမှာ လျှောက်လှမ်းနေရတဲ့ ခရီးသည် တစ်ယောက်အတွက်တော့ သူအလိုချင်ဆုံးဟာ သစ်ပင်ရိပ်ပဲမလား ။ အေးမြမှုကို ပေးနိုင်တဲ့ သစ်ရိပ် ဝါးရိပ် ရှိမှသာ သူ့ဘဝဟာ အမောပြေပါလိမ့် မယ် ။ ဒါကြောင့် ဒီသစ်ပင်ရိပ်ဟာ သူရဲ့ မှီစရာလို့ပြောနိုင်တယ်နော် ။ ဒီ သဘောပါပဲ သားသမီး ရဲ့ မှီရာသည် မိဘဖြစ်သလို တပည့်ရဲ့မှီရာသည် ဆရာတွေပဲ မဟုတ်ပါလား ။ ဒီလိုပါပဲ အလုပ်ထဲမှာလည်း အလုပ်အလျှောက် ကိုယ်နဲ့ ပတ်သက်ဆက်နွယ်ရတဲ့ လူတွေဟာ […]
