ဒီနေ့တော့ စတုတ္ထမြောက် ရန်သူဖြစ်တဲ့ “ခိုးသူ” နဲ့ မိတ်ဆက်ချင်ပါတယ် ။ လူ့ဘဝကြီးမှာက အပူမျိုးစုံ ပတ်လည်ဝိုင်းနေတယ်နော် ။ မရှိတော့လည်း မရှိလို့ ပူရတယ် ။ ရှိပြန်တော့လည်း ရှိလို့ပူရပြန်တယ် ။ တစ်နေ့ တစ်နေ့ ဥစ္စာ ပစ္စည်း တွေအတွက် မရှိတာ ကို ရှိဖို့ကြိုးစားရတယ် ။ ရှိပြန်တော့လည်း အေးအေးမနေရဘူး ။ ရှိစုမဲ့စုလေးများ တစ်စုံတစ်ယောက် ခိုးယူသွားခဲ့ သည်ရှိသော် ဘယ်နှယ့်လုပ်ပါ့ မလဲရယ်လို့ တွေးပြီး မအိပ်နိုင် တွေဖြစ်ရပြန်တယ် ။ ဒါကြောင့်မို့ပဲ ဒီသူခိုးသည်ပင် ရန်သူ တစ်ပါးအနေနဲ့ ကြောက်ရမယ့်ထဲ ပါနေပါတယ်နော် ။ ခုပြောချင်တဲ့ “ခိုးသူ” ကိုတော့ ကြောက်ရကောင်းမှန်း သိချင်မှ သိကြမယ်နော် ။ ပြောသာပြောရတယ်။ […]
