ကြွားပါရ ဇီ( ဓါတ်ပုံပို့စ်)   မန်းလေးမှာ ဓါတ်ပုံပြပွဲလေးတစ်ခုလုပ်ပါတယ်။ မန်းလေးအခြေစိုက် ဂျာနယ်သမားတွေ သတင်းသမားတွေ ရဲ့ ရူ့ခင်းဓါတ်ပုံတွေကို ပြပွဲလုပ်တာပါ။ အဲတော့ ဂျာနယ်လစ်စာရင်းဝင် ကျနော်လဲ ဓါတ်ပုံ5ပုံတင်ခွင့်ရပါတယ်။ ကျင်းပတဲ့ နေရာကတော့ Thi Ri Art Gallery 73လမ်းမြို့သစ် အားကစားကွင်းကြီးနဲ့ မျက်နှာချင်းဆိုင်မှာရှိပါတယ်။ ကမ္ဘောဇဘဏ် နံဘေးက နေ အနောက်ဖက်ခြမ်းကို ဝင်သွားရင်ရောက်ပါတယ်။ Ocean Center ရဲ့ ကျောဘက်မှာရှိပါတယ်။ ပုံကိုရောင်းဈေး ပြောပါ ဆိုတော့ ကျပ် နှစ်သောင်းခွဲနဲ့ ရောင်းမယ်လို့ ပြောလိုက်ပါတယ် တစ်ပုံမှ မရောင်းရ ရင်တော့ အရှက်တွေကွဲမှာသေချာပါတယ်။ ပြပွဲကတော့ 4-10-2014 ကနေ 6-10-2014ထိ သုံးရက်ပြမှာပါ။ ပြပွဲမှာတင်ထားတဲ့ပုံလေးတွေကိုဖော်ပြလိုက်ပါတယ်။ ရွာသားများမြင်ဘူးကြမယ်လို့လဲထင်မိပါတယ်   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 4-10-2014


Sa Yar sanOctober 3, 20141min011
ပြော တဲ့ ခေါင်းစဉ်အတိုင်း လုပ်မယ် ဆို ခင်ဗျား တို့ လက်ခံမလား? ဘာလဲဗျာ အိမ်နီး ချင်း နိုင်ငံ စိန က ဘုရားရုပ် ထုတွေ ကို အများကြီး ထုတ်လုပ်ပြီး တခြားသော နိုင်ငံတွေကို အိမ် အသုံး ဆောင် အဖြစ်  ရောင်းချ တယ် ကိုယ် တိုင်က ကွန် မြူ နစ် ဝါဒကို သုံးနေတဲ့ လူတွေက စက္ကူ ဆိုတဲ့ လူတွေ သတ်မှတ်ထားတဲ့ ငွေကို ဘဲ ကြည့် ပြီး သူတပါး ရိုသေကိုင်းရှိူင်းတဲ့ ဘာသာ တွေကို  ဆော် ကားတာ ကို နိုင်ငံတကာက ကြည့် နေတယ် နောက် အနောက်နိုင် […]


alinsettOctober 2, 20149min017
===================================================== ===================================================== မင်္ဂလာပါ …. အရပ်ကတို့ရေ….   အခုတလော သတင်းတွေနောက် လိုက်ရင်းလိုက်ရင်းနဲ့… သတင်းတွေနဲ့ ကျုပ်နဲ့ လုံးရင်းလည်ရင်း ချာလည်ပတ်ကို ရမ်းလို့ပါဗျာ… ။ သတင်းတွေနောက်ကို မောင်သူရက လိုက် တာလည်း ပါရဲ့… မောင်သူရကြီးနောက်ကို သတင်းတွေက ပြေးလိုက်လာတာလည်း ပါရဲ့ပေါ့ဗျာ… ။ ဘာပဲဖြစ်ဖြစ်… မောင်သူရရဲ့ အိတ်ထဲမယ်.. သတင်း အစုံ ပါလာတယ်ဗျို့… ။ ဒီတစ်ပတ်လည်း… သတင်းတွေများ..တက်လာလိုက်တာ.. ။ ဖတ်လိုက်ရတာများ …ဖတ်ဖတ်ကိုမောလို့… ။ ဘယ်သတင်းက စပြောရမှန်းတောင် မဝေခွဲတတ်တော့တဲ့အထိပဲ ။ ကဲပါလေ… နိဒါန်းပျိုးတာက အရေးမကြီးပါဘူး ။ မောင်သူရ ဖတ်မိတဲ့ သတင်းတွေထဲက… ကောင်းနိုးရာရာလေးတွေ ပြန်ပြောပြပါဦးမယ်။ မှတ်တမ်း ကျန်အောင်ပေါ့ဗျာ.. ။ နောက်ဆုံးရသတင်းတခုက […]


အာဂSeptember 30, 20142min019
• ဆိုင်နာမည်လေးက သရပါ -၃ ဆိုတော့ မသိတဲ့လူတွေက ဆိုင်ကြီးကနားကြီးမှတ်ကောင်းမှတ်နေပါလိမ့်မယ်။ အမှန်တော့ သရပါဟော်တယ်ကို သရပါ ၁ လို့ အရပ်ကနာမည်ပေးထားပြီး အဲဒီအနီးပတ်ဝန်းကျင်က စားသောက်ဆိုင်တစ်ဆိုင်ကို သရပါ ၂ လို့ နာမည်ပေးပြီးတဲ့အချိန်မှာတော့ မူလလက်ဟောင်း မန်ကျည်းပင်အောက်က ထမင်းဆိုင်လေးကိုတော့ သရပါ ၃ လို့ စားသောက်သူတွေကနာမည်ပေးထားတာ ဖြစ် ပါ တယ်။ ဒီဆိုင်လေးက ကိန်းကြီးခန်းကြီးမရှိ၊ မန်ကျည်းပင်ရိပ်အောက်တွင် တာလဘက်မိုးထားပြီး ခွေးခြေခုံလေးများနှင့်သာ။ ဒါပေမဲ့ မနက် ၆း၃ဝ လောက်ကတည်းက ညနေ ၂းဝဝ လောက်အထိ လူပြတ်တယ်လို့မရှိပေ။ အဆိုပါဆိုင်လေး နာမည်ကြီးလာတာက လည်း အမျိုးမျိုးသောအကြောင်းလေးတွေ ရှိနေပါတယ်။ ပထမအချက်က အဆိုပါ ဆိုင်လေးရဲ့ လက်ရာကောင်းမှုကြောင့် လာရောက်အားပေးကြတဲ့ ဧည့်လမ်းညွှန်တွေကြောင့် ဖြစ်ပြီး အဲဒီဧည့်လမ်းညွန်တွေကြောင့် […]


                                              ၁။ ဆရာသော်ဇင် ရဲ့ ကလောင်နာမည် ကိစ္စက စ မေးပါရစေ ။ သော်ဇင်(လွိုင်ကော်)ဆိုတဲ့ ကလောင်ကို ယူဖြစ်ခဲ့တဲ့ အကြောင်းရင်းခံလေး သိချင်ပါတယ်။ သော်ဇင် ဆိုတာ ဆရာ့ရဲ့ နာမည်အရင်းပဲလား။ ? အနောက်က လွိုင်ကော်ဆိုတဲ့ အထူးပြုစကားလုံးလေး ထည့်ဖြစ်တဲ့ အကြောင်းရင်း စသည်ဖြင့်ပေါ့။ ကလောင်နာမည်ကိုယူဖြစ်ခဲ့ပုံကပြောရရင် ဒီနာမည်က အမည်ရင်းမဟုတ်ပါဘူး။ နာမည်ရင်းက နေမျိုးအောင်ပါ။ ပထမရွေးချယ်ထားခဲ့တာတော့ နေသူ(လွိုင်ကော်)ဆိုတဲ့နာမည်ပါ။ ဒါပေမဲ့ […]


“ ကိုခ နောက်ကလိုက်ခြင်း”( (အိမ်ထောင်ဖက် ရက်ရွေးမယ်))   ကိုခရဲ့ “ နေ့ချင်းထပ်မြတ်သလား” ကိုဖတ်မိတော့ အတွေးတစ်ခုရလာပါတယ်။ ဗေဒင်ကိန်းခန်းနဲ့နွယ်ပြီး နေ့ခြင်း တည့် တာ မတည့် တာက တော့ အိန္ဒိယဘက်ကနေ နွယ်လာတဲ့ အယူအဆဖြစ်မယ်ထင်ပါတယ်။ တရုပ်တွေကတော့ ကြွက်-နွား-ကျား-ယုန် -နဂါး-မြွေ-မြင်း-ဆိတ်-မျောက်-ကြက်-ခွေး ဝက် အစရှိတဲ့ အကောင်(၁၂)ကောင်ကိုသာ မူတည်ပြီး အိမ်ထောင်ဘက်ရွေးတယ်လို့ ကြားဘူးပါတယ်။ သိသလောက်တော့ အကောင်အကြီးနဲ့အသေး အိမ်ထောင်ဘက်မပေးဘူး ပေါ့၊ ကျနော်တို့ရွာထဲမှာလဲ အရွယ်စုံ အသက်စုံဆိုတော့ ဘဝတွေ စုံကြပါမယ်။ ရှေးအလိုအတိုင်း နေ့ သင့် နံ သင့် တွက်ချက်ယူသလို ဘာမှ အယုံ အကြည်မရှိ ဘဲ ကိုယ်ကြိုက်တာ ကိုယ်ယူကြသူများလဲရှိပါမယ်။. ဘဝတွေ စုံကြတော့ အိမ်ထောင်တည်မြဲသူရှိသလို အိမ်ထောင်မတည်မြဲသူတွေလဲ ရှိနိုင်ပါတယ်။ […]


alinsettSeptember 25, 20144min033
  မင်္ဂလာပါ ။ အပါတ်စဉ် စီစဉ်တင်ဆက်ပေးနေတဲ့ အလင်းခြုံတဲ့သတင်း Zone  သတင်းအစီအစဉ်ကနေ အခုတစ်ပါတ်တင်ပြပေးမယ့် သတင်းတွေကတော့… * ဓမ္မစေတီခေါင်းလောင်း ရှာဖွေရာမှာ အသုံးပြုတဲ့ သောင်တူးသင်္ဘောကို ပြန်သိမ်းလိုက်ပြီး ခေါင်းလောင်းကြီးဆယ်ယူမှု ရပ်နားလိုက်ရတဲ့သတင်း ၊ * Reuter မှာ ဖော်ပြခဲ့တဲ့ သူရ ဦးရွှေမန်းဟာ NLD ပါတီက ထောက်ခံနိုင်မှုအရှိဆုံး သမ္မတလောင်းဖြစ်ကြောင်း သတင်းဟာ မမှန်ကန်ကြောင်း NLD ပါတီမှ ငြင်းဆိုလိုက်တဲ့သတင်း ၊ *Al-Qaeda ခေါင်းဆောင်ရဲ့ ခြိမ်းခြောက်မှု ထွက်ပေါ်ခဲ့ပြီးနောက်မှာ မြန်မာနိုင်ငံဟာ အကြမ်းဖက်မှု ခံရနိုင်တဲ့အတွက် ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာ လုံခြုံရေးတွေ တိုးမြှင့်ထားတဲ့သတင်း၊ * အီဘိုလာရောဂါပြန့်ပွါးမှုကို ဟန့်တားထိန်းချုပ်မှုသာ မလုပ်နိုင်သေးရင် ဇန်နဝါရီလ အရောက်မှာ လူပေါင်း ၅ သိန်းကနေ […]


zaw winSeptember 24, 20141min03
– ရေအိုးလေးကို ရေဖြည့်တယ် ပြည့်နေတဲ့အိုးလေး လျှံကျတယ် ပိုနေတဲ့နေရ အကျိုးမဲ့ဖြစ်ပြီကွယ်၊ – မပြည့်တဲ့အိုးလေး ရှာဖြည့်တယ် တန်ဖိုးရှိတဲ့ရေ နေရာမှန်ရောက်ပြီကွယ်၊ – လောကလူ့ဘောင် လူသားအလယ် ပြည့်စုံသူကို ပိုပံ့ပိုးတယ် မပြည့်စုံသူများ ပစ်ပယ်ထား သတိတရားနဲ့ ဆင်ခြင်ဖွယ်။ မင်းသုတ 15:00 P.M 24.9.2014


alinsettSeptember 24, 20141min019
                                                                      ဇွဲကပင်တောင်ထိပ်မှာ အမှောင် မတိတ်ခင် အိပ်စက်ပါရစေ…ချစ်သော မိစံပယ်။ ဟိုဆီ အောက်ဘက်က. . .သံလွင်ကွေ ့ကောက်ကို ငုံ့ကြည့်ရင်း တစ်ခါတုန်းဆီရဲ ့. . သီချင်းလေးတွေ တိုးတိုးညည်းရင်း ….. သဘာဝတရားရဲ့ သွေးဆောင်မှုနောက် . […]


kaiSeptember 24, 20141min024
ညီမနာမည်က ပိုးအိဖြူဇင်ပါ။ အသက်ကတော့ ၂ဝ ပါ။ ပိုးအိ အနုပညာလုပ်ငန်းတွေကို ၂၀၁ဝ နှစ်ကုန်ပိုင်းမှာ စလုပ်ခဲ့ပါတယ်။ မတင်မိုးလွင်ရဲ့ Talent & Model agency မှာ Part ~ Time Model လုပ်ရင်းနဲ့ပါ ။ အခုဆို အနူပညာအလုပ်တွေ လုပ်တာ ၃ နှစ်ကျော်ပါပြီ။ ညီမရဲ့ ဝါသနာကတော့ အေင်မြင်တဲ့ သရုပ်ဆောင်တဦး ဖြစ်ချင်တာပါ။ ညီမ Modeling အလုပ်လည်း လုပ်ရင်း ပြိုင်ပွဲတွေလည်း အများကြီး ပြိုင်ခဲ့ပြီးပါပြီ။ Miss Ngwe Saung 2011 , Miss People 1st runner up 2011 , Miss Tourism 1st runner […]


poochSeptember 24, 20147min032
Hiking အတွက်ဆို ရှမ်းပြည်နယ် ကလောဖက်က တောင်တွေက လှသလို ရာသီဥတုကလည်း သာယာတယ်။ မန ္တလေးကနေ ၁၆၆ မိုင် နီးပါးဝေးတဲ့ ကလောကို ရထားနဲ့ဖြစ်စေ ကားနဲ့ဖြစ်စေသွားလို့ရပါတယ်။ ရထားနဲ့ဆိုရင်တော့ မန ္တလေးကနေ သာစည်ကို ညနေ ရထားစီး ပြီးရင် ည ၉ နာရီလောက် သာစည်ကို ရောက်တယ်။ အဲ့ဒီမှာ ခဏနားပြီး ကလောရထားကို မနက်အစော ၄ နာရီလောက် ဆက်စီးရတယ်။ ရထားစီးတဲ့လမ်းတလျှောက်မှာတော့ မိုးရာသီမို့ လယ်ကွင်းတွေက စိမ်းပြီး မိုးနံ့သင်းတယ်။ ကောင်းကင်မှာလည်း သက်တံတွေကပေါ်နေတတ်တော့ ပြတင်းပေါက်ကနေ လေညှင်း ခံပြီး သဘာဝအလှတွေနဲ့ စကားစမြည်ပြောပြီး နောက်နေတဲ့ အာရုံတွေကို်လည်း ရှင်းထုတ်လို့ရတယ်။ လမ်းမှာတော့ တောင်ပေါ်ကို တက်တဲ့နေရာ ၆ နေရာလောက်ကို […]


alinsettSeptember 22, 20141min011
စာအုပ်ထဲမှာပါတဲ့ အယူအဆတွေ သဘောတရားတွေ…သူ ့တင်ပြချက်တွေကို မဝေဖန်ဘဲ…. ဘာလို့များ… စာအုပ်ကိုပဲ…ဝေဖန်ချင်ရသလဲ…လို့…မေးကြေးဆိုရင်… ကျနော် ဝေဖန်ပစ်ချင်လောက်အောင်… လျှာယားစေတဲ့…စာအုပ်ဖြစ်နေလို့ပါ။ —————————————————————————————————- မိုးတိမ်အမှတ် ၉၃ ဆိုတဲ့ ” စာအုပ် ”ကို ဝေဖန်မယ်။ —————————————— စာအုပ်နာမည်က မိုးတိမ်အမှတ် ၉၃ တဲ့။ ၂၀၀၉ ခုနှစ် ဇွန်လကတည်းက ထုတ်ဝေခဲ့တဲ့ စာအုပ်မို့ ဖတ်ပြီးသူတွေ ရှိပါလိမ့်မယ်။ သူ့ စာအုပ်တွေကို အတွေ့ရနည်းတာကြောင့်ရယ်… သူရေးတာတွေတော်တော်များများက လူတိုင်းစိတ်ဝင်စားမဲ့အကြောင်း မဟုတ်တာကြောင့်ရယ်… ဒီစာအုပ်ကို မဖတ်ရသေးသူတွေလည်း ရှိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်… ဒီစာအုပ်ကို ကျနော် ဝေဖန်ပါ့မယ်။ ဖတ်ပြီးသူတွေ ကျနော့်ဝေဖန်ချက်နဲ့ တိုက်ကြည့်ဖို့… မဖတ်ရသေးသူတွေ ကျနော့်ဝေဖန်ချက်ကြောင့် ဖတ်ကြည့်စေဖို့…ပေါ့…။ (အမှန်တော့… အဲဒီစာအုပ် အကြောင်း အတင်းတုတ်ချင်နေတာ )   […]