alinsettNovember 13, 20142min013
မင်္ဂလာပါ။ အပတ်စဉ် တင်ပြပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone ရဲ့ သတင်းအစီအစဉ်ကနေ… ယခုတစ်ပါတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့… နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်မှာ စတင်ကျင်းပနေတဲ့ ၂၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးဆိုင်ရာ သတင်းအချက်အလက်များ ဦးအောင်သောင်းကို အမေရိကရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုလုပ်လိုက်တာဟာ NLD နဲ့ သက်ဆိုင်ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောဆိုလိုက်တဲ့သတင်း ၊ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ ၁ရ ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲမှာ ကိုပါကြီးရဲ့မိသားစု အပါအဝင် နိုင်ငံရေး လှုပ်ရှားသူတွေကို ထောက်ပံ့ငွေ ပေးအပ်တဲ့သတင်း မြန်မာတွေဟာ ပြဿနာများသူတွေဖြစ်ကြတယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီးက ပြောဆိုလိုက်တဲ့ သတင်း၊ လက်ရှိ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသားရယ်လို့ မရှိဘူးဆိုတဲ့ အစိုးရဘက်က ပြောဆိုမှုတွေကို […]


kaiNovember 12, 20147min09
ဒီလမြန်မာ့ဂဇက်ရဲ့အလှပန်းကဏ္ဍအတွက်ကိုကျော်စွာ( George Swar Photography ) က အဆိုတော်တူတူးရဲ့သမီး Kristy ကိုရွေးထားပါတယ်။ My name is Haythi Thu but I go by Kristy; I was born and bred in Burma and it has only been a few months since I flew all the way from home to Irvine in Orange County, California for college. I spent my high school […]


alinsettNovember 10, 20143min018
====================================== ” လယ်တောက အပြန်…ခံစားချက်…. ” ########################## လယ်တောက အပြန် ၊ ပန်ချင်တယ် ခရေဖူးဆိုလို့… မောင် ခူးကာပေး ။ မနက်တုန်းဆီက ကျော့ဆုံးကို မောင်မြင်တော့… သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့… ဂုဏ်တင့်တယ်လေး။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။   အားလုံး  …… ဖတ်ဖူး / ခံစားဖူးတဲ့ ဆရာဝဏ် ( ဆရာ-မင်းသုဝဏ် ) ရေးခဲ့တဲ့ ကဗျာလေးပါ ။ ဒွေးချိုးလို့ သတ်မှတ်တဲ့ ကဗျာ အမျိုးအစားလေး ဆိုပါတော့… ။ လယ်တောက အပြန်…. ကျွန်တော် လယ်တောက ပြန်ဖူးပါတယ်။ လွန်ခဲ့သော ငါးနှစ်ခြောက်နှစ်လောက်က… ကျွန်တော်ဟာ.. မြန်မာနိုင်ငံရဲ့ မထင်မရှား ကျွန်းကလေးတစ်ကျွန်းပေါ်မှာ… လယ်အလုပ်… တံငါအလုပ်..စသည်ဖြင့်… ကြုံရာကို လုပ်ခဲ့ဖူးပါတယ်။ အဲဒီမှာနေစဉ်က… […]


padonmarNovember 5, 20141min015
ကျမတို့ရဲ့ဆရာ ဦးထွန်းငြိမ်းမဆုံးမီ သူ့ရဲ့ ချစ်တပည့်တွေအတွက်ရေးခဲ့တဲ့ ရေးလက်စ အင်္ဂလိပ်ကဗျာလေး(My Line of Thought ,My Point of View )ထဲက စာတပိုဒ်ကို ကြိုက်လွန်းလို့ တတ်သလောက် မှတ်သလောက် ဘာသာပြန်ပေးချင်ပါတယ်။ ဆရာ့ဆိုလိုရင်းကို မမီသွားရင် ခွင့်လွှတ်ကြပါ။ မူရင်းအင်္ဂလိပ်ဘာသာက ရွှေခယ်ရတနာမဂ္ဂဇင်း စာမျက်နှာ ၂၂၆ မှာ ရှိပါတယ်။ ရှာဖတ်ကြည့်ပေးကြပါ။ ပြီးအောင်ရေးမသွားရပေမယ့် ရေးပြီးသမျှမှာတင် အဓိပ္ပါယ်ရော၊စကားလုံးရွေးချယ်သုံးစွဲမှုရော၊ကာရန်ပါလှလွန်းလို့ ခံစားကြည့်ကြပါ။ (မြို့ရဲ့ မျက်နှာစာအုပ်မှာတော့ ဆရာ့အကြောင်း အားလုံးသိပြီးမို့ မိတ်ဆက်ပေးစရာမလိုပေမယ့် ဒီရွာထဲမှာတော့ ကျမရဲ့ ဆရာအကြောင်း နည်းနည်းပြောပြချင်ပါတယ်။ ဆရာဦးထွန်းငြိမ်းတို့ ညီအကိုတွေဟာ အင်္ဂလိပ်စာ သိပ်တော်ပါတယ်။ သူတို့ငယ်ငယ်က ဦးထွန်းငြိမ်းအဘိဓာန်စာအုပ်ထူကြီးကို ကျက်ကြပါတယ်။သူတို့ စာကျက်ပုံက တနေ့ တမျက်နှာ ကျက်ပြီးရင် အဲဒီ စာမျက်နှာကို […]


alinsettNovember 5, 20146min08
မင်္ဂလာပါခင်ဗျား…. အပါတ်စဉ် မပြတ်မကွက် တင်ပြပေးလာတဲ့ … အလင်းခြုံတဲ့ သတင်းZone -လို့ပဲ ခေါ်ခေါ်… ဂဇက် သတင်းမှတ်တမ်းလို့ပဲ ပြောပြော… ဆက်လက်တင်ပြပေးဖို့ အချိန်ရောက်ပြန်ပါပြီ။ ဒီတစ်ပါတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့…. ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ @ US သမ္မတအိုဘားမား မြန်မာနိုင်ငံကို ရောက်ရှိလာမယ့်နေ့မှာ တွေ့မြင်သွားဖို့ နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို စီတန်းလှည့်လည်ခွင့် မပြုလည်း ဆန္ဒဖော်ထုတ်ကြမယ့် သတင်း ၊ @ နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို ကျင်းပခွင့်မပြုဘူးဆိုတဲ့ သတင်း၊ @ရခိုင်ပြည်နယ်တွင်းမှာ တင်းမာမှုတွေ အခုထိ မလျော့ပါးသေးတဲ့အတွက် စိုးရိမ်စရာ အခြေအနေတွေအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ ဝေဖန်ချက်နဲ့…  @အလုပ်ရှင် အလုပ်သမား […]


ko sixNovember 5, 20141min04
ဟိတ်​… တိတ်​တိတ်​​နေကြ ငါ့ချစ်​သူအိပ်​​နေတယ်​ ဗန်​ဂိုးချစ်​တဲ့အဝါ​ရောင်​ကလွဲရင်​ ဘယ်​သူမှ မဲမ​ပေးရ ငါ့ဆန္ဒအရ သူမကိုချစ်​ခဲ့တာ ကြားဖြတ်​​ရွေး​ကောက်​ပွဲလား ငါနဲ့ချစ်​သူကြားမှာအမှိုက်​ ကဲ ရိုက်​ချင်​လဲရိုက်​ခဲ့​တော့ ဇာတ်​တိုက်​ပြီးမှ ချစ်​ခဲ့ကြတာ​တော့မဟုတ်​ရယ်​။ ကိုစစ်​


alinsettNovember 3, 20142min025
    ကျွန်တော်နှင့် တိုက်ပွဲဝင်နေ့ရက်များ (အပိုင်း – ၁) (မဖတ်ရသေးသူများအတွက်) ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ အစိုးအရနဲ့ DKBA တပ်များအကြား ပစ်ခတ်မှုတွေကြောင့် စိုးရိမ်ဖွယ်ရာ ဖြစ်နေသေးတဲ့အတွက် အဆိုပါ ပြည်နယ်တွေကို သွားရောက်မယ့် အမေရိကနိုင်သားများ အနေနဲ့ သံသယဖြစ်စရာ တွေ့ရှိတာနဲ့ အဲဒီဒေသတွေကနေ ချက်ချင်းထွက်ခွါရေး၊ ဒေသတွင်းလုံခြုံရေးအခြေအနေတွေကို သတိပြုရေးနဲ့ သတင်းအဆက်အသွယ်မပြတ်ရေးတို့ကို အမေရိက သံရုံးက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ။။။။။။။။။။။။။။။။။။။။။။။။။။။ ကရင်ပြည်နယ် ကျုံဒိုးနဲ့ ကျိုက်မရောကြားမှာ ခရီးသည်တင် ယာဉ်တစီးကို လက်နက်ကိုင်တပ်ဖွဲ့တစုက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ခရီးသည် လေးဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ တပ်ဖွဲ့ဟာ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် DKBA တပ်ဖွဲ့ဖြစ်ကြောင်း နယ်ခြားစောင့်တပ်ဖွဲ့ […]


ဒီ အောက်တိုဘာ လ ပို့(စ) တွေ မညွှန်းခင်……….. စာကြမ်းပိုးတို့ လွဲချက်လေး ပြောပါရစေဦး။ စက်တင်ဘာမှာ အကြိုက်တွေ့မိတဲ့ ဆရာ နေဝန်းနီရဲ့ ” အချစ်မူးတဲ့ ည” ကို ပုံစံအမျိုးမျိုးနဲ့ ရေးတာမှာ ဝတ္ထုတို အဖွဲ့က အမှန်ဆို အောက်တိုဘာမှ လာရမှာ။ ကိုယ့်ဆရာက မလာတော့ စောင့်ရကျိုးမနပ်ဘူးး http://myanmargazette.net/204279 http://myanmargazette.net/204415 http://myanmargazette.net/204593 အမှန်တော့ စက်တင်ဘာမှာ ညွှန်းသင့်တဲ့ ပို့(စ) တွေပါ။ အစောင့်မှားသွားတာပေါ့။ . . ခု အောက်တိုဘာ လ ကိုတော့ မောင်ဘလှိုင်ရဲ့ ဘာသာပြန် အခန်းဆက် ၃ ခု နဲ့ဖွင့်ပါရစေ။ အစအဆုံးကိုလည်း တစ်လ အတွင်း ရေးပေးသွားတာမို့ ကျေးဇူးတင်ပါတယ်။ ထူးဆန်းသော ခရာကလေး […]


padonmarOctober 31, 20141min021
ကျမနဲ့ ဦးနု ဦးနုကို ကျမစသိတာ အိုးဝေဂျာနယ်ထဲက ကာတွန်းရုပ်ပြောင်တွေထဲမှာပါ။ ပြည်ပြေးဦးနုက ပုတီးလုံးအကြီးကြီးနဲ့ စိပ်ပုတီးကြီးကို လည်မှာဆွဲပြီး တဖက်နိုင်ငံကိုပြေးတဲ့ ပုံနဲ့ လှောင်ပြောင်ထားတဲ့ ကာတွန်းဖြစ်ပါတယ်။ လူကို တွေ့ဖူးလိုက်တာကတော့ ကျမ ၆တန်းလောက်မှာ ဦးနုပြည်ပြေးရာက ပြန်လာပြီး ဝါးခယ်မဘုရားကြီးထဲမှာ ပူဇော်ဖို့ စွယ်တော်ပင့်လာပေးတုံးကပါ။ အိမ်ရှေ့က လူအုပ်ကြီးနဲ့အတူ ဖြတ်သွားတဲ့ ခေါင်းပေါင်းနဲ့ မျက်နှာဝိုင်းဝိုင်းလူကြီး၊သူ့ကို လူတွေက တရိုတသေနဲ့၊အိမ်ရှေ့ကအဖြတ် ကျမနဲ့အတူ ရပ်ကြည့်နေတဲ့ အဖေ့ကို ဂေါပကလူကြီးတွေက လက်ညှိုးညွှန်ပြီး မိတ်ဆက်ပေးသွားကြတယ်။ အဖေကလည်း ရိုရိုသေသေ ဦးညွတ်လို့။အဲဒီလူကြီးကလည်း ပြုံးပြ နှုတ်ဆက်သွားတယ်။ အော်……ပြည်ပြေးဆိုတာလည်း ရိုးရိုးလူလိုပါပဲလား…။ ကျမနဲ့ ကာမတဏှာစာအုပ် ပထမအကြိမ်တွေ့ဆုံခြင်း ကျမတို့ ၉တန်းစာမေးပွဲဖြေနေဆဲ Chemistry မဖြေရခင်ည စာကျက်နေတုန်း `မီးဗျို့….မီး…မီး´အော်သံနဲ့ သံချောင်းခေါက်သံတွေ ကြားလိုက်ရတယ်။ ကျမတို့နေတဲ့ […]


ဇီဇီOctober 30, 20141min054
  ကေဇီ နှယ်… နင်လို လူ နဲ့ အက အခုန် နဲ့ ဘာဆိုင်တုန်း ပြောလည်း ခံရမှာတော့မှာပဲ။ လူက အဆိုရော အကရော အင်မတန် ဝါသနာပါတာ။ အဲ။ အောင်မြင်အောင် လုပ်ရဲ တဲ့ “ဇ” ပဲ ပါမလာတာ။ :mrgreenn: အလယ်တန်းကျောင်းတုန်းကများ နယ် ကျောင်းမှာ ဘာပွဲဖြစ်ဖြစ် ရှေ့ဆုံးက က တာ။ ကိုယ် က ရှေ့ကနေ နန့်နန့် နန့်နန့် က သလောက် ဇော်သန့်က ရှက်လွန်းလို့ ရှေ့ထွက်မလာ။ :mrgreenn: ဆို က ရေး တီး ကို ဇွတ်ခေါ်လို့ ကျောင်းပွဲမှာတော့ ဝင်ပြိုင်လိုက်သေးးး၊ နောက်မှ မင်းသမီး ဝတ်စုံ ကလနား […]


alinsettOctober 30, 20146min010
မင်္ဂလာပါ။ အလင်းခြုံတဲ့ သတင်း Zone အပါတ်စဉ် သတင်းအစီအစဉ်ကနေ ယခုတပတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့…. အလွတ်တန်းသတင်းထောက် ကိုပါကြီးကို စစ်တပ်က သတ်ဖြတ်လိုက်တဲ့အတွက် အမှုမှန် ဖော်ထုတ်ပေးရေးကို ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေထဲက  လူ ၂ဝ ခန့်ကို စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်အရေးယူလိုက်တဲ့သတင်း၊ စာရေးဆရာကြီး ဦးအောင်သင်း ကွယ်လွန်သွားတဲ့ သတင်း ၊ ကချင်ပြည်နယ် ၊ ဒေသခံ ပြည်သူလူထုတွေက  ကျောက်စိမ်းပြန်လည် တူးဖော်လာခြင်းကို မလိုလားတဲ့ အတွက် နိုင်ငံတော် သမ္မတထံကို ကန့်ကွက်စာ တင်လိုက်တဲ့သတင်း ၊ မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေမှာ နှောင့်နှေးနေကြောင်း ဝေဖန်ပြောဆိုလိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee အစီရင်ခံပြောဆိုချက်နဲ့…ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးရဲ့ […]


padonmarOctober 27, 20141min08
ကျမကျောင်းတက်နေတဲ့ ဓမ္မဗျူဟာရှိရာ ကြားတောရလမ်းထဲမှာ ရံဖန်ရံခါ လာရောင်းတတ်တဲ့ လက်တဖက်ပြတ် နေတဲ့ စာအုပ်ဟောင်းရောင်းသမား တယောက်ရှိပါတယ်။ သူ့ရဲ့စိတ်ဓာတ်ကို အားပေးတဲ့အနေနဲ့ တွေ့တိုင်း စာအုပ်ဝယ်အားပေးဖြစ်ပါတယ်။ ဩဂုတ်လထဲ တနင်္ဂနွေ တရက်မှာတော့ သူ့ဆီက စာအုပ် တော်တော်များများဝယ်ဖြစ်ခဲ့ပါတယ်။ အဲဒီစာအုပ်ဟောင်းလေးတွေထဲမှာ ဆရာကြီး ဦးအောင်သင်းရဲ့ စာပေရေးရာဆောင်းပါးများ ပါလာပါတယ်။ အဲဒီစာအုပ်ကို တပုဒ်စ နှစ်ပုဒ်စ အားသလို ဖတ်ရင်း ဆရာကြီးရဲ့ ဆောင်းပါးလေးတွေကို ချစ်ခင်သူများကို လက်တို့တို့ပြီး ဖတ်ခိုင်းချင်စိတ်ပေါက်မိပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း နီးရာဒါး ကြောက်ရသလို ပေါ်ပေါ်လာတဲ့ အလုပ်တွေက အရင်လုပ်ဖြစ်သွားတော့ ဆရာကြီးစာအုပ်အညွှန်းလေးဆီ လက်မရောက်နိုင်ဖြစ်နေပါတယ်။ဆရာကြီးက သူကြိုက်တဲ့ စာတွေကို ဘယ်လိုကောင်းကြောင်း ညွှန်းထားတာတွေ ဖတ်ရင်း အဲဒီထဲက မဖတ်ရသေးတာတွေဆို ပြေးဝယ်ချင်စိတ်၊ ဖတ်ပြီး သိပြီးသားတွေဆိုရင်လည်း အော်…ဒီစာတွေရဲ့ အရသာ […]