ဇီဇီJuly 8, 20151min043
လူတွေများ သက်တောင့်သက်သာ နေရရင် Alert and Active မဖြစ်တော့ဘူး ဆိုတာ အဟုတ်ရယ်။ မြန်မာပြည် နေတုန်းက နယ်တကာလှည့် အရပ်တကာလှည့်လာတော့ လောကဓံ စစ်စစ် နဲ့ အဆင်မပြေမှုတွေ က ထုသားပေသားကျလွန်းလို့ ဘယ်နေရာ ဘယ်အခြေအနေမျိုးမဆို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေတတ်တာ။ အိမ်မှာဆို လက်နှိပ်ဓာတ်မီး က တစ်ယောက် တစ်ခုနှုန်းးး အပြင် အိတ်တွေထဲမှာ လည်း ဓာတ်မီး ဆောင်ထားရသေးးး… လူရိုက်လို့လည်း ရ (အဲလေ) ကာကွယ်ဖို့လည်း ရ၊ အမှောင်ထဲလည်း သွားလို့ရ။ ဖယောင်းတိုင် ဆိုတာ သိုလှောင်ထားရတာ အထုတ်လိုက်။ ဓာတ်ဆီ/ရေနံဆီကလည်း လှောင်ထားရသေးးး ရေမြောင်းထဲက ခြင်ပေါက်မှာကို ကာကွယ်ဖို့ ရေနံဆီ နဲ့ လောင်းရ၊ ကြောင်အိမ်ခြေထောက်၄ ချောင်းအောက်က အင်တုံထဲ […]


ムラカミJuly 8, 20153min09
ကျေးဇူးပြု၍ ဘိတ်သိတ် ပန်းဟု ခေါ်ပါ။   တနေ့က ဝါဆိုသင်္ကန်း ကပ်တယ် … အမေ ဈေးက ပန်းဝယ်လာတယ်။ မနေ့က ပွင့်တယ်။ ထိပ်ဆုံးပွင့်တဲ့ အပွင့်ကို စင်ပေါ်ကချ ဆက်တင်ချိန်လို့ ရိုက်ရင်း နှက်ရင်း အောက်က ပုံတွေ ထွက်လာကြောင်းရယ်။     ဆက်တင် အကြမ်းဖျဉ်း ကတော့ ၁၊ စာကြည့် မီးအုပ်ဆောင်း ၂၊ ဟန်းဖုန်း ၃၊ လက်နှိပ်ဓာတ်မီး ၄၊ ရီဖလက်တာပြား ၅၊ တီဗီ စခရင် ၆၊ ခရစ်စမတ်မီး ၇၊ ထရိုင်ပေါ့ စတာတွေကို သင့်သလို သုံးပြီး ရိုက်ခဲ့ပါတယ်။ အဲ့သည်လောက်ပါပဲ….။     P.S ယနေ့ သည်အခက် မှာ ၄ဖူးရှိတဲ့အနက် ၃ပွင့် ပွင့်သွားပြီ အရောင်မတူသော နောက်ထပ် […]


ဒီနံပါတ် ကို ဒီရက် အတွင်း မြင်ဘူး ခဲ့ ကြတယ်ဟုတ်။ မဲ အနှိုက်ခင်လေးမှာ အတိတ်စိမ်း ပေးလိုက်သူ ဝုန်းကနဲ ပေါ်လာလို့ သူ ချ သွား တဲ့ နံပါတ် ကို ဝမ်းသာ အားရ ယူလိုက် တယ်။ 😉 . အောင်မြလေး လက်စသတ်တော့ စပ်ရင်တော်ရမဲ့ အမျိုး ဖြစ်နေတော့ သကိုး။ မျက်နှာပြုံးချိုချို နဲ့ သူ ကို ဒီတစ်ခါ ရွာ အပြန် မှန်းမထားဘဲ တွေ့လိုက်သေး။ သဘာဝ ကို သဘာဝ အတိုင်း ရိုးသားစွာ ရှုမြင်လို သူ တစ်ယောက် ရဲ့ ကလောင်အမည် ကို ပေးထားတာ ကို က “နေချား” […]


ムラカミJuly 3, 20153min011
    ခုတလော ခေတ်စားနေတဲ့ ပန်းတမျိုး ပဲ ပြောရမှာပေါ့…။ အင်း… ပန်းအိုးကျကွဲတာတို့ ငလျင် လှုပ်တာတို့တော့ မပါဘူးပေါ့ဗျာ..။ စိတ်ရှင်းရှင်းနဲ့ ဝင်ကြည့်လို့ရပါတယ်။     ၁။ Natural Lighting ဗျ… ။ နည်းနည်းတော့ပူတယ်… ညနေဘက်မို့လို့ပါ..။ အပင်ပေါ်မှာတော့ မဟုတ်ဘူး..။ အမည်းရောင် BG ထားပြီး ရိုက်ထားတာပါ။   ၂။ နံပါတ် ၁ ကိုရိုက်ခဲ့တဲ့ နံရံဘေးနားက အခန်းကန့်ထားတဲ့ဘောင်ပေါ် တင်ရိုက်လိုက်တာပါ..။ ပြတင်းပေါက်က ဝင်တဲ့အလင်းသက်သက်ပါပဲ။         ၃။ ဒါလည်း ပထမပုံရဲ့ အဆက်ပါပဲ။ ပထမပုံက အလျားလိုက် မှာ နောက်ခံ သစ်ရွက်က အလင်းရောင်ကြောင့် ဖွေးတက်သွားတာမို့ အဲ့သည့်တရွက်ကို ဖယ်ပြီး ဒေါင်လိုက် ပြန်ရိုက်ထားလိုက်တာပါပဲ။ တခြား ထူးထူးခြားခြား မရှိ။ […]


သူကြီးမင်း ရဲ့ “အင်္ဂလိပ်တိုင်းပြည် မှာနေသူများ လူမျိုးကြီးစိတ်ကြောင့် လူတန်းစား ခွဲကောင်းခွဲမယ်ထင်တယ်.” ဆိုတဲ့ မှတ်ချက် ကို တွေ့လိုက်ပါတယ်။ (မမ ရဲ့ ငါးခြောက်ထမင်းကြော် Post) နဲနဲရှည်မှာမို့ လို့ လည်းကောင်း၊ နှစ်ရာရချင်၍ လည်းကောင်း ပို့စ် အဖြစ် တင်လိုက်ပါတယ်။ သူကြီး ကို မေးခွန်း တစ်ခု အရင် မေးချင်ပါတယ်။ မှန်မှန် ကန်ကန် အခွန်ထမ်း ရသည့် တိုင်းပြည် တွေမှာ လူတန်းစား မခွဲလို့ တကယ်ဘဲရလား? တိုင်ပြည်က အခွန်ပေးသူ တွေဟာ ဝင်ငွေပေါ်တည်ပြီး အခွန်ထမ်းရတာပါ။ ဒီတော့ အခွန်များများဆောင်ရတဲ့ လူတန်းစား၊ သာမာန်ဆောင်ရတဲ့လူတန်းစား၊ လုံးဝ မဆောင်ရတဲ့လူတန်းစား ကွဲ သွားပါတယ်။ တစ်ချို့သော တော်တော်များများ က အလုပ်မလုပ်ဘဲ […]


Shwe EiJuly 2, 20151min027
ဝမ်းနည်းခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်း ဆိုတာတွေဟာ ချစ်ခြင်းကြောင့် ဖြစ်တာဘဲ၊ ချစ်ခြင်းဟာ အခုပြောခဲ့တဲ့ ဆင်းရဲဒုက္ခတွေရဲ့ အမွန်အစ ဖြစ်တယ် (ဂေါတမမြတ်စွာဘုရား) ******************************************************************* မေး ။ ။ အိန္ဒြေဆိုတာဘာလဲ ဖြေ ။ ။ အိန္ဒြေဆိုတာ စောင့်ထိန်းတာ မေး ။ ။ ဘာကိုစောင့်ထိန်းရမလဲ ဖြေ ။ ။ မျက်စိရယ် နားရယ် နှာခေါင်းရယ် လျှာရယ် ကိုယ်ရယ် စိတ်ရယ် စောင့်ထိန်းရမယ် မေး ။ ။ ဒါတွေကို ဘယ်လိုစောင့်ထိန်းရမလဲ ဖြေ ။ ။ မျက်စိနဲ့ တောင်ကြည့်မြောက်ကြည့် မကြည့်နဲ့၊ ဘယ်သူနဲ့ဘဲ စကားပြောရ ပြောရ မျက်စိက မကလက်နဲ့ […]


alinsettJuly 2, 20152min08
အခုတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ … လွှတ်တော်တွင်းရှိ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထွက်ခွာပေးရေး ဆန္ဒထုတ်ဖော်အုံကြွမှုကြီး ဖြစ်ပွါးခဲ့တဲ့သတင်း ၊ နှစ်ပေါင်း ၄ဝ ကြာ ပိတ်ပင်ထားတဲ့ US အိမ်ဖြူတော်ဝင်းအတွင်း ဓါတ်ပုံရိုက်ခွင့်ကို ခွင့်ပြုလိုက်ပြီဆိုတဲ့သတင်း၊ ပြည်ပရောက် မဲဆန္ဒရှင်များ မဲပေးနိုင်ဖို့အတွက် စာရင်း ပေးသွင်း နိုင်ကြောင်း ပြောဆိုလိုက်တဲ့ US ဝါရှင်တန် ဒီစီမြို့တော်ရှိ မြန်မာသံရုံးရဲ့ ကြေငြာချက်၊ မြန်မာပြည်တွင်းက ပေါ်ဆန်းမွှေးဆန်တွေကို US နဲ့ စင်ကာပူနိုင်ငံတွေဆီ တင်ပို့တော့မယ့်သတင်း၊ US တစ်ပြည်လုံးမှာ လိင်တူချင်း လက်ထပ်ခြင်း ခွင့်ပြုကြောင်း US ၊ ဗဟိုတရားရုံးချုပ်ကနေ မဲခွဲစီရင်ချက် ချမှတ်လိုက်တဲ့သတင်း၊ ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံး ဆုတံဆိပ်တစ်ခုကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် […]


ဟိုရောက်သည်ရောက် ရောက်တတ်ရာရာ ပြောရဦးမယ်… ဒီလိုပါခင်ဗျ … ကျနော် ဦးကျောက်ခဲမှာ ဥမမယ် စာမမြောက် ၊ အရွယ်မရောက်သေးတဲ့ တူမလေး ၃-ယောက်ရှိပါတယ် ။ အစ်မလတ်ကမွေးတာ ၂-ယောက် ၊ ညီမငယ်ကမွေးတာ ၁-ယောက်ခင်ဗျ ။ ညီမကမွေးတဲ့တူမလေးကတော့ ကိုယ်တိုင်ကိုယ်ကြ မီးနေစောင့် ၊ ညရေးညတာ နို့ထတိုက် ၊ ကိုယ့်လက်ပေါ်မှာပဲမွေးခဲ့တယ် ဆိုပေမည့် ဦးကျောက်ခဲ တူမအားလုံးကို သာတူညီမျှချစ်ပါတယ် ။ တူမအကြီးကြတော့လည်း ဗဟုသုတပြည့်စုံပြီး စာတော်တာကလွဲရင် ထူထူအအမို့ သနားချစ်နဲ့ချစ်ရ ၊ တူမအလတ်ကြတော့လည်း ဖြတ်ထိုးဉာဏ်ကောင်းပြီး တွတ်တီးတွတ်တာ နှုတ်သွက်လို့ချစ်ရ ၊ တူမအငယ်ကြတော့လည်း အပြုံးချိုချိုနဲ့ အလွန်ဆော့လို့ချစ်ရ မရိုးရပါဘူးဗျာ ။   စာရေးရင်းလမ်းကြုံလို့ တူမအလတ်အကြောင်း ပြောရဦးမယ် ။ ဒီလိုခင်ဗျ… […]


ムラカミJuly 1, 20153min011
တလောကပေါ့… မက်ခရို အကြောင်း ပြောကြ ဆိုကြ ရင်း..။ DIY တခု ဖောက်သည်ချရင်း ဆိုပါတော့…   တခြားမဟုတ်ပါဘူး … lighting technique နဲ့ ပါတ်သတ်ပြီးတော့ပါ…. ဘာမဟုတ်တဲ့ အိမ်သုံးလက်နှိပ်ဓာတ်မီးပဲဖြစ်ဖြစ် ဖုန်းမှာပါတဲ့ မီးပဲ ဖြစ်ဖြစ်ပေါ့.. ။ (တခြား photography တွေထက်) macro photography မှာ ဘယ်လိုသုံးလို့ရတယ် ဆိုတာနဲ့ ပတ်သတ်ပြီးတော့ပါ..။ ကျနော်လည်း macro ကို lighting အမျိုးမျိုး နဲ့ စမ်းခဲ့ ..စမ်းနေ စမြဲပါ…။ ခုလည်း နည်းနည်း ထပ် စမ်းထားပါတယ်။     ဒီတခါကတော့ ပန်းထိမ်ငိုတွေပါ…။ (တချို့ အရပ်မှာလည်း ပန်းထိမ်မနိုင် လို့ ခေါ်တတ်သေးတယ်တဲ့ဗျ) ထားပါတော့ လေ ပြောလိုရင်းက နာမည်မဟုတ်ပါဘူး …။ ဓာတ်ပုံအကြောင်းပါ။ နှင်းဆီ […]


alinsettJune 29, 20154min032
ညမင်းသား-ကျနော်နှင့် အတုမမများ ——— ဒီကာလထဲ. . .ကျနော်ဟာ ညပိုင်း Taxi မောင်း တဲ့သူအဖြစ် ရပ်တည်ကြည့်မိတယ်။ (စားဝတ်နေရေးအတွက် လက်တလော လုပ်မိတာပါ။ တသက်လုံး လုပ်ဖို့ မရည်ရွယ်ပါဘူး။ Taxi မောင်းခြင်းဟာ ကျနော့်ဝါသနာလည်း မဟုတ်၊ တသက်တာလုံး လုပ်သင့်တဲ့ အလုပ်အမျိုးအစားလည် မဟုတ်ဘူးလို့ ထင်ပါတယ်။) ညဘက်အချိန်တွေ မြို့ထဲမှာ ကားပတ်မောင်းရင်း လူအမျိုးစုံ၊ အဖြစ်အပျက် အမျိုးစုံကို ကြုံရပါတယ်။ တချို့ အဖြစ်တွေက ရီချင်စရာ။ တချို့အဖြစ်တွေကတော့ စိတ်ရှုပ် စိတ်ညစ်စရာ။ တချို့ အဖြစ်တွေကတော့ ဒေါသထွက်စရာ. . .စသည်ဖြင့် ကြုံရ၊ဆုံရပါတယ်။ အဲ့ဒီ ကြုံရဆုံရတာတွေကို ညမင်းသားတစ်ယောက်၏မှတ်စုများဆိုပြီး အဖြစ်အပျက်တစ်ခုချင်းစီ ပြန်ပြောပြပါရစေ။ ပထမဆုံး အနေနဲ့. . . (ညဘက် […]


Ma MaJune 27, 20158min017
မိုးအေးအေးနဲ့ ကွေးလို့ကောင်းတဲ့ရာသီမို့ တက်တက်ကြွကြွမရှိပဲ ပျင်းရိလေးတွဲ့နေမိတယ်။ ဂျူလိုင်လအတွက် ကာတွန်းတွေကို ဇွန်လဆန်းကတည်းက ရေးမယ်လို့ တွေးထားခဲ့ပေမယ့်…. မူလအပျင်းဓာတ်ခံကို သဘာဝကြီးကပါ ပံ့ပိုးပေးလိုက်တော့ လကုန်ခါနီးမှပဲ မဖြစ်မနေ ရေးရပါတော့တယ်။ :kwi: အခုရေးမယ့် တစ်နေ့ပြီးတစ်နေ့ (၁၄)ကတော့ ဂျူလိုင်လ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိဖြစ်ပါတယ်။   ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ အရာရာတိုင်းမှာ မျက်စိနဲ့ သေသေချာချာကြည့် နားစိုက်ထောင်ပြီး စဉ်းစားဆုံးဖြတ်ဖို့ လိုကြောင်း အသိပေးခြင်းဖြစ်ပါလိမ့်မယ်။ ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++   စိတ်ပျိုတော့ ကိုယ်နု လို့ သဘောပေါက်မိပါတယ်။ ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++   အနာဂတ်ဆိုတာ ကိုယ်မပိုင်သေးတဲ့ မရေရာမှုသာဖြစ်တယ်။ ပြီးခဲ့တဲ့ မရနိုင်တော့တဲ့ အတိတ်ကို လွမ်းနေလို့ကလည်း အပိုပဲပေ့ါ။ လက်ရှိအချိန်သည်သာ အကောင်းဆုံးအချိန်။ 🙂 ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ ဒေသကောလိပ်မြန်မာစာက တိုင်းရင်းသားစကားပုံတွေမှာ […]


zaw winJune 27, 20151min04
ပြဿနာတွေ အရှုပ်အရှင်းတွေ အာဃာတ တရားတွေ မာန်မာနတွေ အတ္တကြီးမှုတွေ အလျှော့မပေးမှုတွေ အမြင်မရှင်းမှုတွေ လူငယ်တွေအတွက် လမ်းစမဖွင့်ပေးခဲ့တာတွေ အချင်းချင်းတိုက်ခိုက်မှုတွေကြောင့် ဒဏ်ရာဒဏ်ချက်တွေနဲ့ပြည့်နေတဲ့ အို မြန်မာပြည်ရယ် ခံရခက်လှပါဘိကွယ် ပြေလည်စ နလံထစ မြန်မာပြည်ရယ် အရာရာမှာ ယိုင်နဲ့နဲ့ လျှောက်လှမ်းနေရတယ် ကျန်းမာကြံ့ခိုင်ပြည့်စုံဖို့အတွက် ရှေ့သို့ချီတက် ဖြေးဖြေးချင်းလျှောက်လှမ်းပါကွယ်။ မင်းသုတ 10:10 A.M 27.6.2015


alinsettJune 27, 20155min010
ရဲရဲနီတဲ့ သွေးစက်တို့ရဲ့ ရာဇဝင် *************** တချို့အရှုံးတွေကို အမေက . . . ”တည်ငြိမ်တဲ့ အပြုံး”နဲ့ ရင်ဆိုင်တယ်။ တချို့ အပြုံးတုတွေကိုတော့. . . အမေက. . . ငြိမ်းချမ်းတဲ့ နှလုံးသားနဲ့ တည်ကြည်စွာ ခံစားဆက်ဆံတယ်။ တချို့က ပြောတယ်. .  . အမေ့အကြောင်း မကောင်းသတင်းတွေပေါ့. . . ကဲ့ရဲ့တင်းဆို သတင်းပိုတဲ့စကားတွေက. . . ဂုဏ်ရှိန်ကြီးမြင့်လှစွာသော အမေ့ကို ခြေလှမ်းတစ်ချက်တောင်မှ မယိုင်နဲ့စေခဲ့ဘူး။ တခါတလေများ. . . အမေ့ရပ်တည်ချက်နဲ့ သက်ရှင်ဖြစ်တည်မှုကို  အံ့ဩမိတယ်. . . အမေ့ခန္ဓာနဲ့ ဉာဏ်ပညာဟာ ငါတို့အားလုံးအတွက်ပဲတဲ့လား. . . အမေရယ်. . . […]