နလံထစ မြန်မာပြည် ရှေ့သို့ချီ

zaw winJune 27, 20151min04

ပြဿနာတွေ
အရှုပ်အရှင်းတွေ
အာဃာတ တရားတွေ
မာန်မာနတွေ
အတ္တကြီးမှုတွေ
အလျှော့မပေးမှုတွေ
အမြင်မရှင်းမှုတွေ
လူငယ်တွေအတွက် လမ်းစမဖွင့်ပေးခဲ့တာတွေ
အချင်းချင်းတိုက်ခိုက်မှုတွေကြောင့်
ဒဏ်ရာဒဏ်ချက်တွေနဲ့ပြည့်နေတဲ့
အို မြန်မာပြည်ရယ်
ခံရခက်လှပါဘိကွယ်
ပြေလည်စ နလံထစ မြန်မာပြည်ရယ်
အရာရာမှာ ယိုင်နဲ့နဲ့ လျှောက်လှမ်းနေရတယ်
ကျန်းမာကြံ့ခိုင်ပြည့်စုံဖို့အတွက်
ရှေ့သို့ချီတက် ဖြေးဖြေးချင်းလျှောက်လှမ်းပါကွယ်။

မင်းသုတ
10:10 A.M
27.6.2015

4 comments

  • မြစပဲရိုး

    June 28, 2015 at 1:43 pm

    “နလံထစ မြန်မာပြည်ရယ်” လို့တောင် မထင်ပါ မင်းသုတ ရေ။
    နလံထ ဆိုတာ ရောဂါစင်စပြုပီ မို့ အားမွေးဖို့ဘဲ အရေးကြီးတယ်။
    အခု မြန်မာပြည် က အတွင်း လှိုက်စားဒါဏ်ရာကြီး က ပိုပိုပြီး ပွါးလာတာ ကို ဟန်လုပ်ဖုံး ထားတာ။
    🙄

    Reply

  • Alinsett @ Maung Thura

    June 30, 2015 at 11:15 am

    နလန်ထူသလိုလို ဟန်ဆောင်ပြနေတဲ့ ဗမာပြည်…
    .နေမကောင်းရင်လည်း မကောင်းဘူးလို့ အမှန်တရားကို ချမပြဘဲ….
    ဟန်ဆောင် ဖုံးကွယ်မှုတွေနဲ့…. အသံကောင်း ဟစ်ပြနေတဲ့ ဗမာပြည်…

    ဒီမိုကရေစီတောင်… မြန်မာပြည်နဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီပဲ ဖြစ်ရမယ် ဆိုပဲ
    (ဦးခင်ညွှန့် အပါအဝင် ထိပ်သီး အုပ်ချုပ်သူတွေရဲ့ လက်သုံးစကား)
    ဒါလား..နလန်ထနေတဲ့ ပြည်…

    Reply

  • Mike

    June 30, 2015 at 3:12 pm

    .နလံကိုမထူနိုင်အောင်ဖြစ်နေတာ
    .အသေအခြာပါ

    Reply

Leave a Reply

Your email address will not be published.