kaiMay 24, 20234min00
ခေတ်သစ်ကြီးတခု၏တံခါးဝသို့ အားလုံးရောက်ကြပါပြီ။ ၁၈ရာစု၌ရေနွေးငွေ့အင်ဂျင်စထွင်ခြင်းမှ စက်မှုတော်လှန်ရေးစခဲ့သည်။ ၁၉ရာစုတွင် လျှပ်စစ်တွေ့ရှိခြင်းမှ လူနေမှုတဆင့်တက်ခဲ့သည်။ ၂၀ရာစု၏ ကွန်ပြူတာနှင့်အင်တာနက်မှလူသားတို့ဘဝ အဆင့်မြင့်ခုန်ခဲ့ပါ၏။ ၂၁ရာစုတွင် AI, VR, Crypto, Blockchain မည်သည်လောမသိ ယှဥ်ပြိုင်လုနေဟန်မှ AIသည်သာ လူသားတို့ကိုနတ်ပြည်အဆင့်ပို့မည် မြင်/ထင်ရပေပြီ။ AI Robot VR ပုံရိပ်ယောင်လောကနှင့် Starlink မြန်နှုန်းမြင့်ဂြိုလ်တုအင်တာနက်တို့ တွဲဖက်လိုက်က လူသားတို့ အရှင်လတ်လတ် နတ်ဘဝရောက်ကုန်ပါလိမ့်မည်။ AIကို ဥာဏ်ရည်တုဟု တိုက်ရိုက်ဘာသာပြန်သော်လည်း မူရင်းဥာဏ်စစ်/မှတ်ဥာဏ်ထက်များစွာသာလွန်လာသဖြင့် နတ်ဉာဏ်ဟုဤသူ ဘာသာပြန်ဖွင့်ဆိုဖူးပါသည်။ လူသားတို့၏လူနေမှုဘဝ အလုံးစုံပြောင်း နတ်ဥာဏ်ဖြင့် နတ်ခေတ်ရောက်ကြမည်။။ “နတ်ဥာဏ်၏ စလုံးရေ စ” AI ကိုဆယ်စုနှစ်ချီလေ့လာဆန်းစစ်တိုးတီထွင်နေကြငြား ပေါက်ကွဲသည့်အလား မြင့်တက်လာသည့်အရှိန်အဟုန်ကို သိမြင်နိုင်သည်မှာ နိုဝင်ဘာ၃၀ ၂၀၂၂စတင်ပြီး၅ရက်အတွင်းအသုံးပြုသူ၁သန်းနှင့် ၆လအတွင်းသုံးစွဲသူသန်း၂၀၀နားရောက်သွားသည့် ChatGPT ခေါ် Chatbot မှဖြစ်၏။ […]


kaiJanuary 19, 20231min00
“အမေရိကားနှာစေးငြား ကမ္ဘာဖျားနာသွား”၂၀၂၃ကို စီးပွားရေး ငြိမ်းချမ်းရေး သဘာဝဘေး ကောင်းသောနှစ်ဖြစ်လာမည်ဟု မှန်းဆဆိုထားအလွန်နည်း၏။ ကုလနှင့် ကမ္ဘာ့ဘဏ်အပါအဝင် အဖွဲ့အစည်းကြီးများနှင့် နိုင်ငံကြီးများအားလုံးက အကောင်းမမြင်ထား။ကမ္ဘာသူားများ အထူးရုန်းကန်ရမည့်နှစ်ဖြစ်ပါသည်။ ဝေါစရိဂျာနယ်၏ ဇန်နဝါရီစစ်တမ်းအရ စီးပွားရေးပညာရှင် ၆၁%မှာ ၂၀၂၃သည်ကမ္ဘာ့စီးပွားရေးကြပ်တည်းမှုနှစ်ဖြစ်နိုင်ချေရှိသည်ဆို၏။အမေရိကား၏အကြွေးမှာ ခေါင်မိုးစီလင်ထိလျှက် $၃၁.၄ထရီလီယံတို့ရောက်ပါသည်။ ဤသည်မှာ အမေရိကန်တဦးလျှင် အကြွေး$၉၃၈၇၀တင်နေသည့်ပြယုဂ်ရယ်ပါ။ ပြီးခဲ့သည့်၆လတွင်း၌ ငွေဖေါင်းပွမှုကိုဖိချလိုက်နိုင်သည့်သဘောရှိသော်ငြား အိုင်တီ/လက်လီကော်ပိုရေးရှင်းကြီးများ၏ ထောင်/သောင်းချီ အလုပ်ဖြုတ်/ထုတ်မှုများနှင့် လူဝင်မှုကြီးကြပ်ရေးတွင် တောင်ဖက်အမေရိကနိုင်ငံသားများခိုလှုံလိုသူများပြုံတိုးဝင်လာမှု အိမ်ဖြူတော် သမ္မတများအထိ ဖြစ်လာနေသောရာဇဝတ်မှုများက ကမ္ဘာ့ပထမအမေရိကား၏ ကျန်းမာရေးခြူခြာလာမှုကိုပြသည်။နှစ်ဆန်းထုတ်မနှစ်ကရလဒ်များအဖြစ် ချိုင်းနားစီးပွားရေးတိုးတက်နှုန်း အနှစ်၄၀အတွင်း အနည်းဆုံးနှုန်းထား ၃% ဖြစ်သွားသည်။ ၁၉၆၁ခုနှစ်နောက်ပိုင်းချိုင်းနားပြည်လူဦးရေအကျဖြစ်လာသည်ဆိုလာသလို ပစိဖိတ်သမုဒ္ဒရာ အာရှဂွင်တွင်လည်း မြောက်ကိုရီးယား၏စစ်ရေးရန်လိုမှု။ ဂျပန်၏ စစ်သွေးစစ်မာန်တက်လာမှုတို့အပြင် ထိုင်ဝမ်အရေးအကြောင်းပြု ချိုင်းနားနှင့်ရုရှားပြည်တို့၏ စစ်ရေးလေ့ကျင့်ပြင်ဆင် စစ်ရှိန်တက်နေမှုများကိုလည်း တွေ့ကြရမည်။ကမ္ဘာစစ်ကြီးတို့စတည်ခဲ့ဖူးရာ ဥရောပနယ်သည်လည်း ယူကရိန်း-ရုရှားစစ်ကြီးဖြစ်လျှက် တင်းမာမှုတို့တက်သထက်တက်လာနေပါသည်။ ရှေ့မြင်ရသောတကမ်းတွင် […]


kaiSeptember 21, 20223min00
ကိုယ်ပိုင်စာအုပ်စင်လေးမှာ ထားရှိအပ်သော စာအုပ်လေးများအကြောင်း ရေးသားနေသူ စာရေးသူကို လူငယ်လေးတယောက်က တောင်းဆိုလာပါသည်။ “ဆရာရယ်၊ လူငယ်ကြိုက် နှလုံးသားရေးရာနဲ့ပတ်သက်တဲ့ စာအုပ်ကောင်းလေးတွေ ရှိရင် ညွှန်းပေးပါဦး”တဲ့။ဒါပေါ့လေ။ ရင်ခုန်တတ်တဲ့အရွယ် ဆိုတော့လည်း ဒီလိုစာအုပ်လေးတွေ ဖတ်ချင်ကြမှာပေါ့လေ။Shakespeare ရဲ့ Romeo and Juliet ဝတ္ထုကိုတော့ အားလုံးကြားဖူးကြမှာပါ။ မဖတ်ဘူးတိုင် ရုပ်ရှင်တော့ ကြည့်ဖူးကြမှာပါ။Shakespeare ရဲ့ အင်္ဂလိပ်စာကို မှီနိုင်သူ ရှားပေမဲ့ အတုခိုးမှားပြီး မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြမှာစိုးလို့ ဒီစာအုပ်ကိုတော့ မဖြစ်မနေဝယ်ယူထားဖို့၊ ဖတ်ရှုကြည့်ဖို့ မတိုက်တွန်းလိုပါ။ခေတ်မှီသူ လူငယ်တိုင်း ဖတ်ရှုသင့်တဲ့ ဝတ္ထုလေးကတော့ စာရေးဆရာ Erich Segal ရဲ Love Story ပါ။ အကြောင်းအရာမှာရော၊အရေးအသားမှာရော ဒီ Love Story ကို မှီတဲ့ဝတ္ထု ရှားပါတယ်။ စာအုပ်လေးက […]


kaiMay 15, 20225min01
အင်္ဂလိပ်စာ တတ်လိုလျှင် စာမဖတ်ဘဲ မဖြစ်နိုင်ပါ။ စာအုပ်စာပေ လူ့မိတ်ဆွေဆိုတာ အားလုံး ကြားဘူးကြမှာပါ။ သို့သော် စာအုပ်တိုင်းဟာ လူ့မိတ်ဆွေလားလို့ မေးလာရင်တော့ မဟုတ်နိုင်ပါ၊ မဖြစ်နိုင်ပါ လို့သာ ဖြေရမှာ ဖြစ်ပါတယ်။ အချိန်တိုတိုလေးနဲ့ အင်္ဂလိပ်စာ တတ်လိုရင်တော့ ဖတ်သင့်ရှုသင့်တဲ့ စာအုပ်လေးတွေကို ဦးစားပေးပြီး အကြိမ်ကြိမ် အဖန်ဖန် ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဒီလို အကြိမ်ကြိမ်အဖန်ဖန် ဖတ်ရှုနိုင်ဖို့က မိမိကိုယ်ပိုင်စာအုပ်လေးတွေ ရှိနေဖို့ လိုပါသည်။ စာဖတ်ရင်း မှတ်သားစရာလေးတွေကို မျဉ်းတားသည့်အခါ တား၊ Marker လေးနဲ့ mark လုပ်သင့်ရင်လုပ် စသည်ဖြင့် လုပ်ဖို့ကလည်း မိမိကိုယ်ပိုင် စာအုပ်မှသာ လုပ်နိုင်မှာပါ။ ဒီတော့ အချိန်မဆိုင်းဘဲ ယနေ့မှစ၍ ကိုယ်ပိုင်စာကြည့်တိုက်လေး ထူထောင်နိုင်ရန် ဖတ်ရှုသင့်တဲ့ စာအုပ်လေးများကို ဖော်ပြပေးလိုပါတယ်။             […]


kaiApril 19, 202211min00
ယခုလမှာ Current events လို့ ခေါ်တဲ့ လတ်တလော ဖြစ်နေတဲ့ ကိစ္စများကို ပြောတတ် ဆိုတတ်အောင်၊ အခြားသူများပြောနေလျှင်လည်း ပါဝင်ဆွေးနွေးတတ်ရန် သင်ကြားပေးလိုပါတယ်။ အခု ပူပူနွေးနွေး ဖြစ်နေပြီး၊ လူတွေအားလုံး စိတိဝင်စားနေကြတာကတော့ Ukraine ကိစ္စပါဘဲ။ ဒီတော့ ဒီကိစ္စကို ပြောနိုင်ဆိုနိုင်အောင် ဖော်ပြပါ dialog လေးကို လေ့လာကြပါစို့။ You: Hey, why so glum? Friend: You know, Putin’s war. I hate it. You: You and me both. But you are taking it personally. Friend: I am. I […]


kaiFebruary 17, 20228min00
ယခုလို Omicron Variant ကို ကြောက်လန့်နေရချိန်မှာ နေထိုင်မကောင်း ဖြစ်ခဲ့လျှင် ဆရာဝန်နှင့် တွေ့ရဖို့ မလွယ်ကူလှပါ။ ယခင်တုန်းကလို ဆေးရုံ အသာပြေးသွားလိုက်၊ ဘာဖြစ်သလဲဆိုတာကို လက်ဟန် ခြေဟန်ရဲ့ အကူအညီနဲ့ နားလည်အောင် ရှင်းပြဖို့ မဖြစ်နိုင်တော့ပါ။ COVID လူနာများနှင့် ပြည့်လျှံနေ၍ တော်ရုံတန်ရုံ ကိစ္စများကို Phone သို့မဟုတ် Video Visit အဖြစ် ပြောဆိုရဖို့ ဖြစ်လာပါသည်။ ထိုအခါ အင်္ဂလိပ်စကားကို သွက်လက်ချက်ခြာစွာ မပြောနိုင်သူများ၊ မပြောဝံ့သူများအတွက် အခက်အခဲ တွေ့ရှိရပါပြီ။ ဒီတော့ မဖြစ်သင့်တာလေးတွေ မဖြစ်ရအောင် နမူနာ dialog တိုလေးများဖြင့် ကူညီပေးလိုပါသည်။ ဖုံးနှင့် ဖြစ်စေ၊ Video နှင့် ဖြစ်စေ၊ ဆရာဝန်တို့ nurse တို့နှင့် စကားပြောရမည်ဆိုလျှင် […]


kaiJanuary 17, 20221min01
ယခု ၂၀၂၂ ပထမဆုံးလမှာ မြန်မာတွေကို တော်တော်လေး ဒုက္ခပေးတတ်တဲ့ -ed အသံလေးကို မှန်မှန်ကန်ကန် အသံထွက်တတ်ရန် လေ့လာကြပါစို့။ -ed မှာ အသံထွက် ၃မျိုးတိတိ ရှိပါတယ်။ မြန်မာလို ‘တ’နဲ့ တူတဲ့ /t/ ဆိုတဲ့ အသံလေးရယ်၊ မြန်မာ ‘ဒ’နဲ့ တူတဲ့ /d/ ဆိုတဲ့ အသံလေးရယ်၊ မြန်မာ ‘အစ်’ သံနဲ့ တူတဲ့ /id/ ဆိုတဲ့အသံလေး ဖြစ်ပါတယ်။အကြမ်းအားဖြင့်တော့ /p,k,/ ဆိုတဲ့ အသံလေးတွေရဲ့နောက်မှာ /t/ သံ ထွက်ရပါတယ်။ ဉပမာ pumped, dumped, linked, pickedအလားတူပင် /b,g,n,m/ ဆိုတဲ့ အသံလေးတွေရဲ့ နောက်မှာ /d/ ထွက်ရပါတယ်။ ဉပမာ lobbed, logged, […]


kaiDecember 14, 20211min01
ယခုလမှာတော့ Accent modifications လို့ ခေါ်တဲ့ accent ကို ပြုပြင်ပြောင်းလဲပေးနိုင်အောင် accent reduction လို့ ခေါ်တဲ့ accent ကို လျော့နည်းသွားနိုင်အောင် အထောက်အကူ ပေးနိုင်မဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ဦးစွာပထမ Accent ဆိုတာ ဘာလဲ၊ ဘာကြောင့် ပြုပြင်ပြောင်းလဲပေးဖို့ လိုအပ်တာလဲ ဆိုတာကို နားလည်ထားဖို့ လိုပါတယ်။ accent ဆိုတိုင်း မကောင်းတာ မဟုတ်ပါ။ မြန်မာစကားမှာတောင် ကိုယ်သဘောကျနေတဲ့ ကချင်မလေးက ကချင်သံဝဲဝဲလေးနဲ့ မြန်မာစကားပြောတော့ … “တယ် နားဝင်ချိုပါလား” တဲ့။ ကိုယ် ကြည့်မရတဲ့ လူမျိုးခြားတယောက်က မြန်မာစကားကို ဝဲတဲ့အခါကြတော့ “နားထဲ သံရေပူနဲ့လောင်းထည့်လိုက်သလို ခံစားရပါလား”။တချို့ကပြောတတ်သေးတယ်။ native speaker တယောက်နဲ့ တူအောင် ပြောတတ်မှ […]


Mon LayDecember 11, 20211min00
သူများတွေက အအားမနေဘဲ..အချိန်တိုင်းကြိုးစားနေတဲ့အချိန်မှာ ကိုယ်က စိတ်ဓါတ်ကျပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေရငိနောင်၃-၄ နှစ် ကြာလို့ သူများတွေက ရည်မှန်းချက်တွေပြည့် အောင်မြင်နေတဲ့အချိန်ကျ ကိူယ်က ဒီထက်ပိုစိတ်ဓါတ်ကျပြီး စိတ်ဆင်းပါရဲနေရလိမ့်မယ် အဲ့လိုအဖြစ်ခံချင်လား..သူများတွေ ပန်းတိုင်တွေတစ်ခုပြီးတစ်ခုကျော်ဖြတ်နေတယ်..ကိုယ်လည်း တာဝကနေ ကြိုးစားထပြီး ပြေးလိုက်တော့.. အချိန်ရှိသေးတယ် ချစ်တဲ့မွန်လေး


Mon LayDecember 10, 20211min00
အချိန်လွတ်လပ်မှု ငွေကြေးလွတ်လပ်မှုရချင်ရင် ကိုယ်ပိုင်စီးပွားရေးလုပ်ပါ ကိုယ်လိုချင်တဲ့ငွေပမာဏကို ရချင်ရင် ကိုယ်ပိုင်စီးပွားရေးလုပ်ပါ လိုချင်တဲ့အိမ်မက်တွေတစ်ခုပြီးတစ်ခု ဖန်တီးနိုင်ချင်ရင် ကိုယ်ပိုင်စီးပွားရေးလုပ်ပါချစ်တဲ့မွန်လေး