kaiJune 22, 20162min05
Nouns လေးတွေအကြောင်းကို(၂)လတိတိပြောခဲ့ပြီးပါပြီ။ အတော်အသင့်တော့ ပြည့်စုံသွားပါပြီ။ ယခုလမှာ nouns တွေကိုယ်စားအသုံးပြုရတဲ့ pronouns လေးတွေအကြောင်းဆက်လက်ဖော်ပြ လိုပါတယ်။ ပထမဦးဆုံး နားလည်ထားဖို့က အင်္ဂလိပ်စကားဟာ တတ်နိုင်သလောက် စကားလုံးထပ်ခြင်းကို ရှောင်ပါတယ်။ တို့မြန်မာစကားကတော့ “ ကိုကို၊ ညိုညို၊ အောင်အောင်၊ ကျော်ကျော် ” စသဖြင့် စကားလုံးလေးတွေကို ထပ်ပြီးသုံးကြတယ်။ English မှာတော့ noun တစ်ခုခုကို ထပ်တလဲလဲသုံးနေမဲ့အစား pronoun လေးတွေနဲ့ပြောင်းပြီးသုံးလေ့ရှိပါတယ်။ Pronoun (၃)မျိုးကို အရင်ခွဲခြားပြပါမယ်။ English လို First Person မြန်မာလိုတော့ “ ပြော သူ(သို့)ရေးသူ ”ဆို တဲ့ “ I, Me, My ” English လို Second Person […]


zaw winJune 22, 20161min03
ဒေါင်းဆင် ဆင်ဒေါင်း အသွင်ပြောင်း၊ လောကပါလတရားကျင့်မှ ရေမြင့်မှကြာတင့်တယ် အောင်လံဝင့်ချီ မြန်မာပြည်။ မင်းသုတ 19း00 pm 21.6.2016


Aye KhaingJune 18, 20161min015
 ကျနော့်အသက် ၁၅ နှစ်သားအရွယ်က “သားလုပ်ချင်တဲ့ အလုပ်ကို ရှာတွေ့သွားပြီ။ စာရေးဆရာ ဖြစ်ချင်တာ” လို့ အမေ့ကို ပြောခဲ့သည်။ အမေက “သားလေးရယ်။ မင်းအဖေက အင်ဂျင်နီယာပဲ။ သူက ကျိုးကြောင်းယုတ္တိကိုလည်း လက်ခံတယ်။ ဆင်ခြင်တုံတရားလည်း ရှိတယ်။ လောကကြီးကိုလည်း ရှင်းရှင်းလင်းလင်း မြင်တတ်တယ်။ စာရေးဆရာဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာ သားသိလား။” “စာအုပ်တွေ ရေးတဲ့သူကို ပြောတာလေ။” “သားရဲ့ဦးလေး ဟာရိုဒို ဆိုရင် ဆရာဝန်လုပ်တယ်။ သူလည်း စာအုပ်တွေ ရေးတာပဲ။ တချို့စာအုပ်တွေဆို ထုတ်တောင် ထုတ်ထားပြီးပြီ။ အင်ဂျင်နီယာပညာ သင်ပြီး အားတဲ့အချိန်ပိုမှာ စာရေးလို့ ရရဲ့သားနဲ့” “မဟုတ်ဘူးမေမေ။ ကျနော်က စာရေးဆရာ ဖြစ်ချင်တာ။ စာအုပ်တွေရေးတဲ့ အင်ဂျင်နီယာ ဖြစ်ချင်တာ မဟုတ်ဘူး။” “သားက စာရေးဆရာ တွေ့ဖူးမြင်ဖူးလို့လား” […]


@@@@@မ ျက်လုံး ပါတိုင်း လေ ျှာက်ကြည့်မနေနဲ့ မမြင်ခ ျင်ယောင် ဆောင်သင့်ဆောင်နေရမယ် @@@@@လက်ပါတိုင်း လက်ဖ ျန့်တောင်းနေလို့ မရဘူး လက်ကမ်းပေးရတဲ့ အခါတွေလဲ ရှိမှရတယ် @@@@ပါးစပ်ပါတိုင်း စားနေလို့ မရဘူး အန်ထွက်ရင် သွေးပါ ပါသွားမယ် @@@@ခြေထောက်ပါတိုင်း လေ ျှာက်နေလို့မရဘူး ရပ်စောင့်သင့်ရင် ရပ်စောင့်နေရမယ် @@@@@ငြီးညူ နေလို့မရဘူး ခင်ဗ ျား ခဏ နားခ ျင် နားလို့ရတယ် နားပြီးရင်တော့ အားသစ်နဲ့ ဆက်က ျို ုးစားလိုက် အခ ျိန်က ကုန်မြန်တယ်  


alinsettJune 9, 20161min08
ဆိပ်ကမ်းတံတားစီမံကိန်း ရပ်ဆိုုင်းဖိုု့ လွှတ်တော်ဆုုံးဖြတ် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင် ကိုု ဇွန်လ ၈ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ တွေ့ရစဉ် ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်မှာ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဆီကနေ မြေငှားရမ်းပြီး ဆိပ်ကမ်းတံတားစီမံကိန်းဆောင်ရွက်နေတာကို ရပ်ဆိုင်းဖို့ ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။ ဗိုလ်တထောင်ဘုရားအနီးမှာရှိတဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရဲ့ မြေဧက ၂ဝ နီးပါးမှာ ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီက အကောင်အထည်ဖော်နေတဲ့ ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်းဟာ ဆိုးကျိုးတွေသာဖြစ်ပေါ်စေနိုင်တဲ့အတွက် ရပ်ဆိုင်းပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ကိုယ်စားလှယ် ၅ယောက်နဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင် က ထောက်ခံဆွေးနွေးပြီး ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်း မြေနေရာရဲ့အောက်ခံမြေသားထုဟာ ခိုင်မာမှုမရှိတာကြောင့် ကမ်းနားမှာရှိတဲ့ ဗိုလ်တထောင်ဘုရားကို နောင်တစ်ချိန်မှာ ထိခိုက်နိုင်တဲ့အတွက် စီမံကိန်းကို […]


padonmarJune 6, 20161min05
ယ်ငယ်တုံးက သီချင်းလေး တပုဒ်ကြားဖူးပါတယ်။ ဇော်မင်းလေးနဲ့ နွဲ့ယဉ်ဝင်း ထင်ပါရဲ့။ }ဟေ့ကောင်မလေး…. ကမာ္ဘပေါ်မှာ မြန်မာပြည်ဟာ….. အယဉ်ကျေးဆုံး တိုင်းပြည်တခုပါ} တဲ့။ အခုတော့ …ဟုတ်ပါ့မလားလို့ အခါခါ စဉ်းစားမိပါတယ်။ ကျမ အပါအဝင် မြန်မာပြည်က လူတွေ ဖုန်းပြောရင် ပြောစရာရှိတာပြောပြီး အေးဒါဘဲနော် လို့ ဖုန်းချလိုက်တာပါပဲ။ ဈေးသွားဝယ်ရင် ဈေးသည်က သူရောင်းတဲ့ ပစ္စည်းပေး ဝယ်သူက ပိုက်ဆံပေး၊ပြီးရင်တော့ ချာကနဲ လှည့်ထွက်လိုက်ကြပါတယ်။ ကိုယ့်ကို တစုံတယောက်က ကူညီတယ်ဆိုရင်လည်း အကူအညီလက်ခံပြီး ပြီးသွားတာပါပဲ။ လမ်းပေါ်မှာ မျဉ်းကျားမှာဖြစ်စေ လမ်းကူးဖို့ စောင့်နေလို့ ကားရပ်ပေးရင် နိုင်ငံခြားသားတွေက လက်ကလေးထောင်နှုတ်ဆက်တာနဲ့၊ ပြုံးပြသွားတာနဲ့ တုန့်ပြန်မှု ပေးသွားတတ်ကြပါတယ်။ ရွှေတွေကတော့ ခပ်တည်တည်ပဲ၊ လှုပ်လီလှုပ်လဲ့ သူ့လုပ်စာစားနေရသလိုအိပဲ့ပဲ့လျှောက်ပြီး အရေးမစိုက် ဖြတ်နေတဲ့ သူတွေ […]


zaw winMay 28, 20161min03
လူတစ်ယောက် ဘဝတစ်ခု အတွေးအခေါ်တစ်ခု လုပ်ဆောင်ချက်တစ်ခု အဆင်ပြေမှု သို့မဟုတ် အောင်မြင်မှု။ မင်းသုတ 17း00 P.M 28.5.2016


alinsettMay 25, 20164min015
          .ပြီးခဲ့တဲ့လ(ဧပြီ/၂၀၁၆)ကမှ  အသစ်ထွက်ထားတဲ့ စာအုပ် တစ်အုပ်ကို ဖတ်မိပါတယ်။ အဲဒီစာအုပ်ကို ဖတ်ရင်း… ဆင့်ပွါးပြောချင်လာတာလေးတွေ ရှိလို့… ဒီပိုစ့်ကို ရေးပါမယ်။ ပိုစ့်က အပိုင်းတွေ အဆက်တွေနဲ့ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့… ပိုစ့်တစ်ပုဒ်နဲ့တစ်ပုဒ် အချိတ်အဆက် မိစရာ သိပ်မလိုတဲ့အတွက်… အဆက်မပြတ် လိုက်မဖတ်နိုင်သူတွေအတွက်လည်း အကြောင်းတိုက်ဆိုင်ရာ ပိုစ့်ကို ဖတ်မိရုံနဲ့… တစ်စုံတစ်ခု တွေးစရာ ရသွားရင် ကျေနပ်ပါပြီလို့…။   စာအုပ်ကတော့ သုတစာပေအမျိုးအစားဖြစ်ပြီး ဘဝဒဿ      န/အဆိုအမိန့်တွေကို ကျစ်ကျစ်လျစ်လျစ် စုစည်းတင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။ လက်ရှိကမ္ဘာမှာ ထင်ရှားကျော်ကြားတဲ့ ခေါင်းဆောင်များ ပြောဆိုရေးသားခဲ့တဲ့ အဆိုအမိန့်များမို့…. ကျနော့်ထက် အသက်အရွယ်/ဉာဏ်ပညာ ကြီးမားပြီး အတွေ့အကြုံရင့်ကျက် ခိုင်ကျည်နေတဲ့ လူကြီးသူမတွေဖတ်ဖို့လို့…မရည်ရွယ်ပါဘူး။   ကျနော်ကိုယ်တိုင်အတွက်ရယ်…. […]


ရေးသားသူ – ကိုဌေးနိုင် (2011+ publishing မှ) ဒီမိုကရေစီ အစိုးရတွေအဖို့ လူထုရဲ့ တစ်ခဲနက် ထောက်ခံမှုဆိုတာ အရေးပါတဲ့ နိုင်ငံရေး “မတည်ငွေ” ပဲ။ အရင်းများများရှိရင် ခြေလှမ်းကျယ်ကျယ် လှမ်းနိုင်မယ်။ ဒါပေမဲ့ တစ်ခဲနက်ထောက်ခံတဲ့ လူထုကြီးရဲ့ ဆန္ဒအတိုင်း နေရာတိုင်းမှာ ဦးဆောင်နိုင်ဖို့ကတော့ လွယ်မယောင်နဲ့ ခက်တဲ့ စိန်ခေါ်ချက်လို့ နိုင်ငံရေး သရုပ်မှန်ဝါဒီ မော်ဂန်သော (Morgenthau) ကဆိုတယ်။ နိုင်ငံ့ခေါင်းဆောင် (statesman) အရည်အသွေးရှိတဲ့ အစိုးရအကြီးအကဲတွေဟာ အမြှော်အမြင်နဲ့ ပြတ်သားတဲ့ ဦးဆောင်မှု ပေးနိုင်သူများဖြစ်ပြီး တဒင်္ဂဆူပွက်လာတဲ့ လူထုဆန္ဒထက် နိုင်ငံတော် တည်ဆောက်ရေးအတွက် ရေရှည်အကျိုးရှိတာတွေကို ဦးစားပေး ရွေးချယ်ကြတယ်လို့ ဆိုတယ်။ ဒီနေရာမှာ ဂျော့ဝါရှင်တန်ဟာ ထင်ရှားတဲ့ ဥပမာဖြစ်တယ်။ ၁၇၉၃ ခုနှစ် အမေရိကန် […]


CourageMay 20, 20161min010
ကျွန်တော်ချစ်တဲ့မြို့ မန္တလေးမြို့နဲ့ ၄၂ မိုင်ဆိုတဲ့ အကွာအဝေးဟာ တစ်ကယ်ဆိုရင်တော့ နီးနီးလေးပါ။ ဒါပေမယ့် မြွေနဂါးကြီးတစ်ကောင်ရဲ့ ကျောပေါ်မှာ လမ်းလျောက်နေရသလို အချိုးအကွေ့တွေများလွန်းလှတဲ့ တောင်တက်လမ်းကြောင့် ၁ နာရီသာသာလောက်တော့ ကားမောင်ချိန်က ကြာတတ်တယ်လေ။ ဒီမြို့လေးက မင်းတုန်းဘုရင်နန်းစိုက်ရာ ရတနာပုံရွှေမြို့တော်ကြီးရှိတဲ့ မန္တလေးတိုင်းအတွင်းရှိပေမယ့် ထူးခြားလှစွာပဲ ရှမ်းအနွယ်ဝင် ဓနုတိုင်းရင်းသားတွေ အခြေချနေထိုင်ခဲ့တဲ့မြို့ဖြစ်နေတယ်။။ တောင်လှေခါး၊ ပန်းမြို့တော်၊ ချယ်ရီမြေစတဲ့ အမည်နာမတွေအမျိုးမျိုးနဲ့ တင်စားခဲ့တဲ့မြို့၊ ရဟန်းပညာရှိ လူပညာရှိများစွာရဲ့ စာပေ ပန်းချီ ဂီတတွေနဲ့ ဂုဏ်ယူအလှဘွဲ့ ဖွဲ့ခဲ့တဲ့မြို့လေ။ ဒီမြို့လေးက မောင်ကာကြီးချစ်ရတဲ့မြို့လေးပေါ့…။ မေမြို့ သို့မဟုတ် ပြင်ဦးလွင်လို့ အများကခေါ်ပေမယ့် မောင်ကာကြီးကတော့ ပြင်ဦးလွင် သို့မဟုတ် မေမြို့ သို့မဟုတ် ပြင်ဦးလွင်လို့ ခေါ်လိုက်ချင်ရဲ့။ သိကျတဲ့အတိုင်းလေ မောင်ကာကြီးဆိုတာက အလွန့်အလွန် အတွန့်တက်ချင်တဲ့သူမို့လာ။ တကယ်ဆို […]


kaiMay 18, 20163min03
အရင်လက Nouns လေးတွေအကြောင်း အတော်အတန်ပြည့်စုံအောင်ဖော်ပြခဲ့ပြီးပါပြီ။ Nouns တွေကို လေ့လာတဲ့အခါ သဒ္ဒါစည်းမျဉ်းစည်းကမ်းတွေကို မှတ်သားနေရုံနဲ့ မပြီးသေးပါ။ အချို့နေရာများ၌ ဝေါဟာရလေးတွေကို အလွတ် ကျက်မှတ်ထားပြီး အခွင့်ကြုံသလိုသုံးသွားဖို့လိုပါတယ်။ ဆိုကြပါစို့ cat, dog, tiger စသည့် words လေးတွေကို လူတိုင်းသိကြပါတယ်။ ဒါပေမယ့် ဒီအကောင်ပေါက်စလေးတွေကို ဘယ်လိုခေါ်သလဲဆိုတာ လူတိုင်းမသိကြပါ။ မြန်မာလိုကတော့ ရှင်းပါတယ်။(ပေါက်စ) တလုံးတတ်ထားရင်ပြီးပြီပေါ့။ ကျားပေါက်စလေး၊ ကြောင်ပေါက်စလေးပေါ့။ အင်္ဂလိပ်လိုကြတော့ မသိသေးရင်ကျက် မှတ်ထားဖို့ကိုလိုပါလိမ့်မယ်။ ဥပမာ – Tigers        Cubs Cats        Kittens Dogs        Puppies Cows        Calves Birds        Chicks အုပ်စုလိုက်နေကြတာကို မြန်မာလိုက ရှင်းတယ်။ […]


padonmarMay 16, 20162min012
  ထိုင်ဝမ်မြေပဲကျွန်းအကြောင်းမှာ တတိယ နေရာအဖြစ် ပြောချင်တာကတော့ ဖန်တရာတေအောင် ပြောပြီးဖြစ်တဲ့ တန်းစီခြင်း Queue ပါပဲ။ ထိုင်ဝမ်မှာ ဘယ်နေရာမဆို တန်းစီပါလို့ ပြောနေစရာ မလိုပါဘူး။ ရထားပေါ်တက်မယ့် တံခါးဝမှာ တန်းစီဖို့ မျဉ်းကြောင်းလေး ဆွဲပေးထားပါတယ်။ တန်းအဝေးကြီး စီမနေရအောင် တန်းစီတဲ့ လိုင်းကို အနားမှာတင် ၃ပတ်လောက် ကွေ့ပြီး ဆွဲပေးထားပါတယ်။ မျဉ်းကြောင်းအတိုင်း ဝင်စီသွားရုံပါပဲ။ စက်လှေခါး Escalator တွေမှာလည်း ညာဖက်ကို ကပ်စီးပေးကြပါတယ်။   ရုံးတက်ချိန် ကျောင်းတက်ချိန် အလျင်လိုသူတွေ လူငယ်တွေက လွတ်နေတဲ့ ဘယ်ဖက်က လွတ်လွတ်ကြီး ပြေးသွားနိုင်ပါတယ်။ ဒီနေရာမှာ နိုင်ငံတွေ တခုနဲ့ တခု ကပ်ရပ်ပေးတဲ့ ဖက်ချင်း မတူဘူးလို့ ဖတ်မှတ်မိပါတယ်။ ဂျပန်မှာက ဘယ်ဖက်ကို ကပ်ရပ်ပါတယ်တဲ့။ […]


padonmarMay 15, 20163min012
  ထိုင်ဝမ်ဆိုတဲ့ မြေပဲကျွန်းမှာ ခဏရောက်တုံး သဘောကျမိတာလေးတခုကတော့ အများနဲ့ ဆိုင်သောနေရာများကို အများသုံးခွင့်ရတာပါပဲ။ Public usage of public space လို့ ဘိုလိုတော့ကြည့်ပါမယ်။ တရုတ်လိုတော့ (ပုဟွေ့ကျန်ဟွ) မပြောတတ်လို့ပါ။ ဆရာမကြီး ဒေါ်ခင်လှတင်ရဲ့ ဓမ္မသင်တန်းဖွင့်လှစ်ရာ ကျုံးဟို အလယ်တန်းကျောင်းမှာ ညဖက်ဆို ကျောင်းသားလေးတွေ အကကျင့်တာ၊ စန္ဒယားတီးတာ၊စာဖတ်တာတွေ တွေ့ခဲ့ရသလို လူကြီးတွေလည်း ထိုက်ကျိကျင့်တာ၊ဝူရှူး ကျင့်တာ ညတိုင်းတွေ့ခဲ့ရပါတယ်။                   တနင်္ဂနွေတရက်မှာ အမျိုးတွေရှိရာ ပန်ချောင်းရပ်ကို ဒေါက်တာနှင်းဝတ်ကြည် Hnin Wut က MRT နဲ့ လိုက်အပို့ ပန်ချောင်းဘူတာရဲ့ မြေအောက်ထပ် အကျယ်ကြီးမှာ လူငယ်လေးတွေ […]