kaiApril 14, 20121min011
အတာသင်္ကြန်ဆိုတာ မွန်နဲ့သက္ကတကို ယူထားတယ်။ အတာဆိုတာ နှစ်တနှစ်ကုန်သွားလို့ နှစ်သစ်စခြင်းကို ဖော်ညွှန်းတယ်။ သင်္ကြန်လည်း ထိုနည်းကောင်းပါပဲ။ လတန်ခူးမှာ နှစ်သစ်ကူးလို့ပေါ့။ အတာသင်္ကြန်ဓလေ့ဟာ အစမှာ ဗုဒ္ဓဘာသာဓလေ့ ဖြစ်ဟန်မတူပါ။ ဟိန္ဒူဓလေ့ ဖြစ်ဖို့များပါတယ်။ နောက်ပိုင်းကျမှ ဗုဒ္ဓဘာသာနဲ့အညီ ပြောင်းလဲကျင့်သုံးခဲ့ခြင်းပါ။ နောက်တစ်ခု သင်္ကြန်ရောက်ယင် အပျော်ကြူးကြမယ်လို့ အားခဲကြတယ်။ သင်္ကြန်ဆိုတာ ကဲဖို့ မဟုတ်ပါ။ သင်္ကြန်ရဲ့အစမှာ ပန်းခက်ကလေးနဲ့ ရေစွတ်ရုံမျှပါပဲ။ သနပ်ခါးရည်နဲ့ မျက်နှာကို လေးလေးစားစားနဲ့ ကဗျာဆန်ဆန် ခြယ်ပေးရုံမျှပါပဲ။ အခုအချိန်မှာ ခေတ်အလီလီပြောင်းလို့ လူတွေက ပြောင်းသွားကြတယ်။ သင်္ကြန်ကိုလည်း မိမိတို့နဲ့အဆင်ပြေအောင် ပြောင်းပစ်လိုက်ကြတယ်။ ပန်းစည်းကလေးနဲ့ သနပ်ခါးရည်ကလေးနဲ့ စွက်ရာကနေ ခွက်ကလေးနဲ့ ပက်ကြတယ်။ ခွက်ကလေးနဲ့ ပက်ရာကနေ ပိုက်ကလေးနဲ့ ဖျန်းကြတယ်။ နောက် ဘာနဲ့ပက်ကြဦးမလဲမသိ။ သင်္ကြန်မှာ ရာဂအခိုးတွေ […]


alinsettApril 13, 20121min01
* ငါ့ရှင်တို ့က ဘာလဲ.. ငါက ဘာလဲ.. နာမည်တွေ မြေကြီးပေါ် ပစ်ချပြီး.. လှလှပပ ပြိုင်ရဲပါတယ် ။ တစ်နေ့တော့..တွေ ့ကြမယ် ။ * နှစ် ဖက် သွား..ဓါးတစ်လက်လို.. ပြိုးပြက် ဝင်းဖိတ်.. သူည ဂူမှာလည်း..ငါ..မှေးအိပ်ခဲ့ပြီးပြီ ။ * အိမ်အပြန်လမ်း.. အမေနဲ ့တွေ ့မှ နမ်းမယ့်.. ငြ်ိမ်းချမ်း နှင်းဆီ.. ငါ့ရင် ဘက်မှာ.. သွေးတစ်စက်လို..နီ နေတယ် ။ * ချစ်သူ ကလေးရေ… မြို ့တံခါးကို ဖွင့်.. မီးအ်မ်တို ့နဲ ့အတူကြိုပါ… လရောင်စက်တဝေဝေနဲ ့.. သင့်ရဲ ့နွေရာသီ မြင်းစီး ခရီးသည်.. ဓူဝံ ထက်မြင့်တဲ ့ကြယ်ကို […]


myanmarcitizenApril 10, 20121min01
ဘာလိုလိုနဲ့ သင်္ကြန်တောင် ရောက်ပြန်တော့မယ်။ နှစ်တွေကလဲ တရွေ့ရွေ့နဲ့ကုန်လွယ်လိုက်တာ မနှစ်က သင်္ကြန်ပြီးတာသိပ်မကြာသေးဘူးထင်မိတယ်။ သင်္ကြန်ရောက်ရင်အားလုံးပြောကြတယ် ကလေး လူကြီး အကုန်လုံးပါပဲ။ ပျော်တော့ပျော်ကြပါ ဒါပေမဲ့ သိပ်ပြီး အပျော်ကြူး မရမ်းကားကြဖို့သတိပြုစေချင်လို့ မနှစ်က ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ ကိုယ်တွေ့အမြင်လေးတွေ ကိုပြောပြရင်း အားလုံးရှောင်သင့်တာရှောင်စေချင်ပါတယ်။ မနှစ်က ကျွန်တော်သမိုင်းလမ်းဆုံကနေ ၄၅ bus ပေါ်ကိုတက်လိုက်တယ်။ ထိုင်ခုံမှာထိုက်လိုက်တယ်။ ခနနေတော့ဘေးနားက မှန်တွေကွဲနေတာသတိထားမိတယ်။ ဒါနဲ့စပါယ်ယာကို ဘာဖြစ်တာလဲမေးတော့ ခရီးသည်ကရေစိုမှာကြောက်လို့မှန်ကိုအလုံပိတ်လိုက်တယ်တဲ့။ အဲ့ဒါကို ရေပက်တဲ့အဖွဲ့က မီးသတ်ပိုက်နဲ့ သမလိုက်တာ မှန်ကွဲပြီး ခရီးသယ်တွေကိုရှလို့ တစ်ယောက်ဆိုတော်တော်ထိသွားတယ်ပြောတယ်။ ကျွန်တော် တို့ဟာသိပ်ပြီးစည်းကမ်းတော့ မရှိကြဘူးထင်တယ်။ ခရီးသည် တင်ကားကိုတော့ ရည်ရွယ်ပြီးမပက်သင့်ဘူး ထင်တယ်။ ခရီးသည်ကားပေါ်က သူတွေက သူတို့လိုရာခရီးကိုသွားနေကြတာလေ ရေပက်ခံထွက်လာတာ မှမဟုတ်တာ။ ပြောသာပြောရတာပါ လိုင်းကားပေါ်မှာ ပါလာတဲ့ခရီးသည်တွေ (တစ်ချို့) […]


kaiApril 10, 20121min06
အခန်း (၇) အမေရိကန်ပြည်ထောင်စုတလွှားကို သွားရောက်ရင်း UFOs နဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေ ပြုလုပ်နေတဲ့ ဒေါက်တာ Jessup ဆီကို အလွှာပေါင်းစုံက လူတွေရဲ့ စာတွေ ရောက်ရှိခဲ့ပါတယ်။ တချို့လူတွေက သူ့လို သိပ္ပံပညာရှင်တွေ ဖြစ်ပြီး၊ ကျန်သူတွေကတော့ ဒီဘာသာရပ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူတွေ ဖြစ်ပါတယ်။ တချို့လူတွေကတော့ နံရံလေးဘက် ကာရံထားတဲ့ အကျဉ်းစခန်းတွေဆီက ရေးသားထားပုံပေါ်ပါတယ်။ ဒီလိုနဲ့ တနေ့မှာတော့ အရောင်မျိုးစုံနဲ့ ရေးထားတဲ့ စာတစောင်ကို ဒေါက်တာ Jessup လက်ခံရရှိခဲ့ပါတယ်။ စာရေးသူဟာ ဘောပင်ကို ကိုင်ဖို့ တစုံတရာ အခက်အခဲ ရှိနေခဲ့ဟန် တူပါတယ်။ ဒီစာကြောင့် ဒေါက်တာ Jessup ဟာ (၁၉၄၃) ခုနှစ်တုန်းက အရှေ့ဘက်ကမ်းရိုးတန်းမှာ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို […]


black chawApril 9, 20121min047
ဒီပို့စ် တင်ကာနီး ဆရာမကြီး TTNU ရဲ့ အရက်ကို ကြိုက်လို့ သောက်တဲ့သူ ဆိုတဲ့ ပို့စ်လေးကို အရင်ဖတ်ဖြစ်တယ်ဆိုတာ ဝန်ခံပါရစေ။ သို့သော်လည်း ပျော်စေချင်တဲ့ စိတ်လေး တစ်ခုတည်းနဲ့ အရက်သောက်တဲ့ ပို့စ်လေးကို တင်ဖြစ်ခဲ့ပါတယ်။ ဆရာမကြီး ခွင့်လွှတ်ပေးပါလို့ တပည့် ဘလက်ချောက အနူးအညွတ်တောင်းပန်ပါတယ် ခင်ဗျာ။ ပြီးခဲ့တဲ့ စနေနေ့က ဖြစ်ပါတယ်။ မွန်းလွဲ ၃ နာရီခန့်မှာ ကိုကြီးမိုက် ဖုန်းဆက်လာပါတယ်။ သူတို့ အဖွဲ့အနေနဲ့ ရန်ကင်းစင်တာ နားက NICE မှာ ရောက်နေကြပါပြီတဲ့။ ကျွန်တော်ကလည်း ဒါမျိးဆို သွားချင်တဲ့ စိတ်က ထိန်းမရသိမ်းမရ။ လေဒီဘလက်နဲ့ ညှိနှိုင်းပြီး ခွင့်ပြုချက်ရသည်နှင့် ဇောင်းထဲမှ လွှတ်လိုက်သည့် မြင်းလို ရန်ကင်းစင်တာနားက NICE သို့ အပြင်းချီတက်ခဲ့ပါသည်။ […]


zaw winApril 9, 20121min01
ဒို့တတွေဟာ တသွေးတည်းမို့ အရောင်တွေမကွဲပြားပါ နှစ် ၆ဝကျော် အချင်းချင်းဖြစ်ကြ အခြေအနေ အယူအဆကြောင့်ပါ တူတာတွေကို ပေါင်းစည်းလို့ မတူတာတွေ ဖြေးဖြေးညှိပါ မျိုးဆက်သစ်တွေ ကောင်းစားဖို့ ဒို့တတွေ အနစ်နာခံကြမှာ ဒို့နိုင်ငံ စံပြဖြစ်ဖို့ ကမ္ဘာ့အလယ် လက်တွေ့ပြပါ တချောင်းချင်းပေါင်းစည်းလို့ လက်သီးဆုပ်ခါ တသွေးတည်းပါ။ မင်းသုတ 8:30 AM 7.4.2012


kaiApril 8, 20121min09
Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု) (အပိုင်း -၅) အခန်း (၅) အဖိုးနဲ့ စကားပြောပြီးတဲ့ အဲဒီ့ညက ကျွန်မ အလွန် အလုပ်ရှုပ်ခဲ့ပါတယ်။ (၁၉၄၃) ခုနှစ်တုန်းက အဖိုးဖြေရှင်းခဲ့တဲ့ ပုစ္ဆာတွေကို ကျွန်မ ပြန်ပြီး တွက်ချက်ကြည့်နေရတာကြောင့်ပါ။ ကွန်ပျူတာရဲ့ အကူအညီကြောင့် နာရီဝက်အတွင်းမှာပဲ ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဒီတုန်းက ကျွန်မ အသုံးပြုခဲ့တဲ့ ကွန်ပျူတာက IBM 286 အမျိုးအစားပါ။ ဒီနေ့ခေတ်ကွန်ပျူတာတွေနဲ့ယှဉ်လိုက်ရင်တော့ donkey cart လို့ ထင်စရာဖြစ်ပေမယ့် ဒီကွန်ပျူတာကလဲ တွက်ချက်မှုတွေအတွက် အတော်အကျိုးကျေးဇူး ရှိစေပါတယ်။ (၁၉၄၃) ခုနှစ်တုန်းကတော့ အဖိုးရဲ့ ဦးနှောက်တွေက ကွန်ပျူတာတွေလိုပဲ အလုပ်လုပ်ခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်မရဲ့ တွက်ချက်မှုတွေကနေ ပေါ်ထွက်လာတဲ့ အဖြေကတော့ force field ဟာ အလင်းတန်းတွေကို […]


San Hla GyiApril 7, 20121min031
ဦးအောင်ဇေယျဟာ ၁၇၅၃မှာအင်းဝကိုသိမ်းပြီး ၁၇၅၅နှစ်ဦးမှာ ပြည်ကိုသိမ်းပါတယ်။ ပြည်တိုက်ပွဲအပြီးမှာ အင်္ဂလိပ်တွေက အလောင်းဘုရားထံကို သံတမန်အဆက်အသွယ် စလုပ်ပါတယ်။ ဘယ်သူနိုင်မယ်ဆိုတာသူတို့အနေနဲ့သေချာသွားပါပြီ။ စစ်ပွဲဖြစ်စတုန်းကတော့ ပြင်သစ်တွေက ဟံသာဝတီတပ်တွေဘက်က ကူပြီးအင်္ဂလိပ်တွေက အခြေအနေကို စောင့်ကြည့်ပြီးနေကြပါတယ်။ ၁၇၅၅ မေလမှာရန်ကုန်မြို့ကို သိမ်းပါတယ်။ ၁၇၅၆မှာ သံလျှင်နဲ့ဟံသာဝတီကို သိမ်းပါတယ်။ ၁၇၅၆မှာပဲ ရှမ်းပြည်နယ်အားလုံးနဲ့ ဇင်းမယ်ကလည်း အလောင်းဘုရားထံမှာ သစ္စာခံပါတယ်။ မြန်မာတွေလက်လွှတ်လိုက်ရတဲ့တနင်္သာရီကိုလည်း ပြန်ရပါတယ်။ ဦးအောင်ဇေယျဟာ ဘုရင့်နောင်မင်းတရားကြီး နတ်ရွာစံကတည်းက အစိတ်စိတ်အမွှာမွှာပြိုကွဲသွားတဲ့ မြန်မာနိုင်ငံတော်ရဲ့နယ်နမိတ်တွေကို ပြန်စုစည်းနိုင်ခဲ့ပါပြီ။ ၁၇၆ဝမှာ အလောင်းမင်းတရားဟာ ယိုးဒယားက ိုချီတက်ပါတယ်။ ၁၇၆ဝဧပြီလမှာ အလောင်းဘုရားဟာ အယုဒ္ဓယမြို့ကြီးက ိုဝန်းရံပါတယ်။ ဒါပေမဲ့ဦးအောင်ဇေယျဟာ အယုဒ္ဓယမြို့က ိုအပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ ယိုးဒယားတေ ွလက်နက်ချကာနီးဆဲဆဲနာမကျန်းဖြစ်လို့မြန်မာတပ်တွေပြန်ဆုတ်ကြပါတယ်။ သထုံနယ်ကင်းရွာမှာ အလောင်းဘုရား နတ်ရွာစံပါတယ်။ နတ်ရွာမစံခင်မှာ အလောင်းမင်းတရားကသားတော်များလက်ညှိုးတိုရှည်ကဲ့သို့ညီနောင်စဉ်ဆက်ထီးနန်းဆက်ခံရမယ်လို့မှာခဲ့ပါတယ်။ ဒီမှာတမ်းဟာနောက်ပိုင်းကုန်းဘောင်ခေတ်နန်းလုပွဲများဖြစ်လာစေခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ဦးအောင်ဇေယျကတော့သူ့သားတော်၆ပါးစလုံးအပေါ်မှာဖခင်တဦးအနေနဲ့မျှမျှတတဖြစ်စေချင်တယ်ထင်ပါတယ်။ […]


asiamastersApril 7, 20121min06
Asia Masters ကျွန်တော့်ဘဝကို တဆစ်ချိုး ပြောင်းလဲစေခဲ့တဲ့သူတွေထဲမှာ ဆရာတော်ဦးဇောတိကလည်းပါတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဆရာတော်ဦးဇောတိကနဲ့လည်း နှစ်ကြိမ်တိုင်တိုင်တွေ့ဖူးပါတယ်။ ပါရမီလမ်း ဒါယိကာတစ်ယောက်ရဲ့ အိမ်မှာ တစ်ကြိမ်နဲ့ ရန်ကုန်-ပဲခူး လမ်းဘေးက နေရာမှာတစ်ကြိမ်ဖြစ်ပါတယ်။ လူသားတွေဟာ များများသိရမယ်။ များများသိရင်များများရွေးချယ်နိုင်တယ်ဆိုတဲ့ အလွန်မှန်ကန်တဲ့ အမှန်တရားကို ဆရာတော်ဆီကပဲ သင်ယူခဲ့တာပါ။ ဒီသဘောတရားကိုလည်း ကျွန်တော်ရဲ့ တပည့်တပန်းများကို ဆက်လက်ဖြန့်ဝေပေးလျှက်ရှိပါတယ်။ ဘာသာရေးနဲ့ပတ်သက်လာရင်တော့ ကျွန်တော့်အမြင်က မိမိနှစ်သက်ရာကို ရွေးချယ်ပိုင်ခွင့် Freedom of choice ရှိရမယ်ဆိုတာမှန်ပါတယ်။ Freedom of choice က Buddha ဘာသာတစ်ခုလည်းမဟုတ်ပါဘူး။ တခြားဘာသာတွေလည်းရှိပါတယ်။ ဥပမာ ခရစ်ယာန်ဘာသာဆိုရင်လည်း လူတစ်ဦးကို ခရစ်ယာန်ဘာသာဖြစ်လာဖို့ အတင်းအကျပ်လုပ်ဖို့ခွင့်မပြုထားပါဘူး။ ဘယ်လိုဘာသာတစ်ခုကိုပဲဖြစ်ဖြစ် ကိုးကွယ်ဖို့ရွေးချယ်မယ်ဆိုရင်တော့ ကျွန်တော့်အမြင်ကိုပြောရရင် နှစ်ခုလိုပါတယ်။ ပထမတစ်ခုက Law လို့ခေါ်တဲ့ လူသားတွေလိုက်နာရမဲ့ […]


တစ်သက်တစ်ခါ……. တစ်လွှာ…တစ်ရွက်..တစ်ခက်….တပွင် ့ ငုံအဆင် ့မို ့……. ရင် ့လို ့ပဲ…ဝါဝါ ညှာတံပဲ..ပြုတ်ပြုတ်…. ဖြုတ်ကနဲပဲကြွေကြွေ… မြေမှာပဲရောက်ရောက်….. ဖွဖွလေးကောက်လို ့…. ပန်းခြောက်ကလေးပဲမြတ်နိုးမယ်…..။ ဝန်ခံချက်။ ။ဒါလေးကတော ့မောင်စိန်ဝ င်း(ပုတီးကုန်း)ရဲ ့အကြွေပန်းပေမဲ ့ရွှေနန်းတော ့ထိုက်ချင်တယ်…ဆိုတဲ ့ဝထ္ထုထဲက..ကဗျာလေးပါ။ အဓိပါယ်လေးကအရမ်းကောင်းလို ့ပြန်ခံစားရအောင်တင်ပြပေးလိုက်ပါတယ်။


zaw winApril 5, 20121min09
အဖေတို့ အမေတို့ရယ် သားတို့ သမီးတို့ နေရာစုံမှာကြိုးစားခဲ့ပါတယ် လောကကြီးက မတရားပါကွယ် မင်းတော်နေသလား ဘေးဖယ်ထား ငါ့လူကိုထား မင်းကြိုးစားနေသလား နှိမ်လို့ထား ကြီးပွားချင်သလား တိုင်းတပါးမှာ ကျွန်ခံသွား ကယ်သူဝေးလို့ ဘဝပျက်သွား။ မင်းသုတ 21:00 PM 2.4.2012


alinsettApril 3, 20121min023
ဝမ်းနည်းစရာကောင်းတဲ့ ညနေခင်းတစ်ခုကို ဖန်ဆင်းပေးခဲ့လို ့… နင့်ကိုငါ….ကျေးဇူးတင်ပါတယ် ဟာ…..။ ယောကျာ်းတန်မဲ့.. နာကျင်စရာ.စိတ်ဒဏ်ရာ..ရတိုင်း..ငိုကြွေးတတ်တာ..၊ ငါ့ အားနည်း ချက်ပါ ။ ယောကျာ်းတစ်ယောက်အနေနဲ့…မျက်ရည် မကျသင့်ပေမယ့်…. နင် လမ်းခွဲ ဖို ့ပြောတော့…ငါ မျက်ရည်ကျမိတယ်။ မျက်ရည်ကျတယ်..ဆိုတာ..မိန်းကလေးတစ်ယောက်အတွက်တော့ လက်နက်တစ်ခုကို စနစ်တကျ ထုတ်သုံးတာ ပါ ။ ငါတို ့ ယောကျာ်းတွေ ဘဝမှာတော့ “” မျက်ရည်ကျခြင်း..” .ဆိုတာ.. “”အရှုံးကို ကြောက်ရွံ ့စွာ…ခံစားခြင်း “”သက်သက်ပါပဲ ။ ဒါမေယ့်… ငါ…ငိုပါရစေ….။ ” နောက်ထပ် မပက်သက်တော့ဘူး.”…. ဆိုတဲ့ စကားတစ်ခွန်း အတွက်…ငါ..ငိုပါရစေ..။ မရေရာတဲ့ စွပ်စွဲချက်တွေနဲ ့….ငါ့ကို တိုက်ခိုက်..၊ ငါ့ရင်ကို မီးမြျိုက်သွားတာ…ခံရလို ့…ငါ..ငိုပါရစေ..။ ယောကျာ်းတစ်ယောက် ရဲ ့ […]