alinsettJune 4, 20121min08
‘အပြင်မှာ ဘုရားသာ တကယ်ရှိလို့ကတော့ ဘာဘာ စကော့ဝီစကီ သောက်တာတို့၊ ဝက်သားစားတာတို့ … ဒါတွေထက် ပိုအရေးကြီးတဲ့ကိစ္စတွေ သူလုပ်ပါစေ ဆုတောင်းတယ်။ ကဲ သွားတော့။ ဒုစရိုက်အကြောင်းပြောရတာ ရေငတ်လာပြန်ပြီ” _______________________________________ ဘားတွင် ဘာဘာ အရက်ဖြည့်သည်ကို ကျွန်တော်ကြည့်ရင်း ယခုလို စကားပြောပုံမျိုး နောင်ဘယ်လောက်ကြာကြာ စောင့်ရဦးမည်နည်းဟု တွေးမိသည်။ အမှန်မှာ ဘာဘာသည် ကျွန်တော့်ကို နည်းနည်းတော့မုန်းတီးသည်ဟု ကျွန်တော့် စိတ်ထဲ သိနေခဲ့သည်။ ဘာကြောင့် မမုန်းရမည်နည်း။ သူချစ်မြတ်နိုးရသော မင်းသမီး ကို သတ်ခဲ့သူမှာ ကျွန်တော်ပေပဲ။ ကျွန်တော် ဘာမှမတတ်နိုင်တော့။ တတ်နိုင်သည့် နည်းနည်းကလေးမှာ ဘာဘာနှင့်တူအောင် ကိုယ်နှုတ်ဆောက်တည် ယဉ်ကျေးဖွယ်ရာ ရှိဖို့ပင်။ သို့ရာတွင် ကျွန်တော်သည် ဘာဘာနှင့်တူမလာခဲ့။ လုံးလုံးတူမလာခဲ့ပေ။ ္ထ ကျောင်းတွင် ‘ရှာဂျန်ဂီ’ […]


Mr. MarGaJune 3, 201221min0
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အားလုံး မင်္ဂလာပါဗျို့ ကဗျာပြခန်း အမှတ်နှစ်က ကြိုဆိုပါတယ် ကဗျာလေးတွေကို  အေးအေးဆေးဆေး ခံစားနိုင်အောင် လုပ်ပေးထားပါတယ်။ အစကဗျာကနေ အဆုံး ကဗျာအထိ ခံစားချက် အမျိုးမျိုးကို ပေးစွမ်းနိုင်မှာပါခင်ဗျာ။ ဒါဆို အေးအေးဆေးဆေး ကြည့်ကြပါခင်ဗျ။   *** အချို့အချို့သော ပုံများတွင် စာသားများအား ထင်ရှားစွာ မမြင်ရပါက အဆိုပါ ပုံပေါ်တွင် Click တစ်ချက်နှိပ်၍ ကြည့်ရှုခံစားနိုင်ပါကြောင်း ***   >>> ကဗျာစာသားချည်းသာ ဖတ်ရှုလိုပါလျှင် <<< ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~                           $$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$ ရွှေလရောင် သခင်ကိုယ်တော်မှိုုင်း (၁၈၇၆ – ၁၉၆၄) […]


alinsettJune 3, 20121min05
ကျွန်တော်ပြောသော စကားလုံးသည် ဘာဘာ … ဟက်ဆန်ပြောသော စကားလုံးသည် အေမား … ။ ကျွန်တော့်အမည် အေမား။ အတိတ်ကို ပြန်တူးလိုက်တော့ ၁၉၇၅ခု ဆောင်းဥတုနှင့် အလုံးစုံသော နောက်ဆက်တွဲကိစ္စများ ဖြစ်ပေါ်လာခြင်းအကြောင်းအတွက် အခြေခံအချက် အလက်များကို ကျွန်တော် ပြောပြပြီးပြီဟုထင်သည် xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx အခန်း (၃) အစဉ်အလာစကားတို့အရ ကျွန်တော့်အဖေ ဘာဘာသည် ဘော်လူချစ္စတန်နယ်တွင် ဝက်ဝံတစ်ကောင်ကို လက်နက်မဲ့နပန်းလုံးခဲ့ဖူးသည်။ အကယ်၍သာ ဤပုံပြင်သည် ဘာဘာမဟုတ်ဘဲ အခြားတစ်ယောက်ဖြစ်နေပါက အာဖဂန်တို့၏ ချဲ့ကားတတ်သော သဘောလေးပါဟု ခေါင်းထဲရှင်းထုတ်ပစ်လိုက်မည်မလွဲ။ ကြွားချင်တဲ့ဝေဒနာပါ တကားဟုပင် ယူဆခံရနိုင်သည်။ တစ်ယောက်ယောက်က ငါ့သား ဆရာဝန်ကွ ဟုဆိုလျှင် ဖြစ်နိုင်ချေရှိသည်မှာ သူ့သားသည် အထက်တန်းကျောင်းတွင် ဇီဝဗေဒကို တစ်ကြိမ်တစ်ခါအောင်ခဲ့နိုင်သည်။ သို့သော် ဘာဘာနှင့် ပတ်သက်သည့်ပုံပြင်ဆိုလျှင် မယုံသူမရှိကြ။ […]


moethidasoeJune 3, 20121min011
ဇရာနှင့် ယှဉ်သော သံဝေဂ သင့်အသက်တွေ ကြီးလာပြီ လောဘတွေ ကြီးနေတုန်းဘဲလား သင့်ရဲ့သွားတွေ ကျိုးကုန်ပြီ ဒေါသမာန်မာနတွေ ကျိုးကုန်ပြီလား သင့်ရဲ့နားတွေ လေးကုန်ပြီ လောဘစိတ်တွေ လေးကုန်လား သင့်ရဲ့ ဆံပင်တွေ ဖြူကုန်ပြီ သင့်စိတ်တွေ ဖြူစင်ရဲ့လား သင့် ရဲ့အသားအရေတွေ တွန့်လာပြီ မကောင်းမှုတွေကိုတွန့်ရဲ့လား သင့်ရဲ့ အင်အားတွေ လျော့လာပြီ သင့်ရဲ့ ရာဂစိတ်တွေ လျော့ရဲ့လား သင့်ရဲ့မျက်စိတွေ မှုံဝါးနေပြီ နိဗ္ဗာန်လမ်းကိုလျှောက်ဖို့ မှုံဝါးနေသလား   သင်သည် မကောင်းသောလောဘ၊ ဒေါသ၊ မောဟ၊ မာနစိတ်တွေနှင့် သူတစ်ပါးအားလက်ညှိုးထိုးပြီးပြောဆိုပေမယ့် သင့် လက်သုံးချောင်းက ပြန်ထိုးပြီးလက်မကထောက်ခံနေသည်ကို မြင်အောင် ကြည့်ပါ။   ၂၀၁၂ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် မြစိမ်းတောင် (တောင်ကြီး) သို့ […]


San Hla GyiJune 2, 20121min053
(ဒီဆောင်းပါးဟာ ပုဂံခေတ်နှောင်းပိုင်း (၁၂၈၃) မြန်မာ-မွန်ဂို စစ်ပွဲများ(အပိုင်း ၁) ရဲ့အဆက်ဆောင်းပါး ဖြစ်ပါတယ်။) နရသီဟပတေ့မင်းဟာ အဲဒီလို မွန်ဂိုဘုရင် ကူဗလေခန်နဲ့ ပြဿနာတတ်ပြီး မွန်ဂိုတပ်တွေ မြန်မာနိုင်ငံတွင်းကို ချီတတ်လာပေမယ့် ချက်ချင်းချီလာနိုင် တာတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ တခြားစစ်မျက်နှာတွေလည်း ဖွင့်ထားလို့ပါ။ ၁၂၇ရ မှာ မြန်မာတပ်နဲ့ မွန်ဂိုတပ်တို့ မြန်မာနိုင်ငံ မြောက်ပိုင်း နယ်စပ်အနီးမှာ တိုက်ပွဲဖြစ်ပွားပါတယ်။ မွန်ဂိုမြင်းတပ်နဲ့ မြန်မာဆင်တပ်တို့ ပထမဆုံးတိုက်တဲ့ တိုက်ပွဲဖြစ်ပါတယ်။ ပထမဆုံးတိုက်တုန်းကတော့ မြန်မာက စစ်ရေးသာတယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ မြင်းတွေက ဆင်ကိုလန့်ပြီး တောထဲကို ဆုတ်ပြေးပါတယ်။ ဒီမှာတင် မွန်ဂို လေးသည်တော်တွေက မြင်းပေါ်ကဆင်းပြီး သစ်ပင်တွေကို အကာအကွယ်ယူပြီး မြှားမိုးရွာပါတယ်။ သစ်လုံးကြီးတွေကို မီးရှို့ပြီး တွန်းပေးတဲ့အခါ ဆင်တွေက မီးရောင်မြင်ပြီး […]


alinsettJune 2, 20121min012
အလီသည် သူ၏အရိုးပေါ်အရေတင် ခြေထောက်ကို စက်ဝိုင်း သဏ္ဍာန်ဝိုက်၍ယူကာ ခြေထောက်ချလိုက်တိုင်း ခန္ဓာတစ်ကိုယ်လုံး ညာဘက်သို့ ယိမ်းသွားပုံသည် မယုံနိုင်လောက်စရာပင်။ ဟပ်ထိုးလဲမကျသည်က ပဉ္စလက် အသေးစားပင်ဖြစ်နေသည်။ သူ့အတိုင်း ကျွန်တော်ကြိုးစားလျှောက်ရာ မြောင်းထဲ ထိုးဆင်းတော့မလိုဖြစ်ပြီး ကိုယ့်ဖာသာ တခစ်ခစ်နှင့်ရယ်ရသည်။ အလီက ကျွန်တော့် ကိုလှည့်အကြည့် ကျွန်တော်တုပသည်နှင့် ပက်ပင်းတိုးသွားသည့်တိုင် ဘာတစ်ခွန်းမှ မပြော။ ထိုစဉ်က ဘာမှမပြောဆိုခဲ့သလို နောင်ဘယ်တော့မှလည်း မပြောခဲ့ချေ။ ဆက်သာလျှောက်နေခဲ့သည်။ အလီ့မျက်နှာသွင်ပြင်နှင့် လမ်းလျှောက်ပုံကြောင့် နီးပါးဝန်းကျင်မှ ကလေး ငယ်များ အလီ့ဆိုလျှင်ကြောက်ကြသည်။ ________________________________________ …………………..ခပ်ကြီးကြီးကောင်လေးများကား တကယ့် ပြဿနာ။ လမ်းပေါ် အလီ့ကိုတွေ့သည်နှင့် လိုက်ကြသည်။ အလီ ဖယ်ယမ်းဖယ်ယမ်း လမ်းလျှောက်ပုံကို ပြောင်ကြသည်။ တချို့ကောင်လေးများက အလီ့ကို ”ဟေး ဘာဘာလူ၊ ခင်ဗျားကြီး ဒီနေ့ဘယ်သူ့ကိုစားလဲ” ဟု […]


          “ကျောက်ပန်းဆွဲများနှင့်ဆင်းတုတော်ံ”(အပိုင်းနှစ်)     ဝင်္ကပါထဲကိုရောက်သွားပြီးဓါတ်ပုံတွေတဖျပ်ဖျပ်ရိုက်နေပါတယ်.။ ကွေ့ကောက်ရှုပ်ထွေးသောလမ်းကလေးကနေအပေါ်ကိုရောက်မှန်းမသိရောက်။ အောက်ကိုပြန်ဆင်းလို့လာမိပါတယ်။ အောက်ရောက်တော့ ဘုရားများကြားကနေဖြတ်ရင်း ဖြတ်ရင်း ဝင်ပေါက်ကိုပြန်ရောက်လာပါတယ်။ ဝင်ပေါက်အောက်ဖက်ကိုကြည့်လိုက်တော့ ဝင်ပေါက်လမ်းလေးတစ်ခု။ အဲဒီလမ်းလေးအတိုင်းဝင်သွားလိုက်တော့ နောက်ထပ်ဂူအကျယ်ကြီးတစ်ခုထပ်တွေ့။ အထဲမှာဝင်ကြည့်တော့ရေတွေစိုရွှဲလို့ချောနေပါတယ်။ မလဲအောင်ဂရုစိုက်။ မဒမ်ပေါက်ရှာကြည့်တော့မတွေ့။ အထဲမှာတော့လှပတဲ့ကျောက်ပန်းဆွဲတွေ ကျောက်တိုင်တွေထပ်တွေ့။ အဲဒါနဲ့မဒမ်ပေါက်ကို အပြင်ထွက်ရှာတော့ ခုံပေါ်မှာထိုင်နေတာတွေ့။ သူ့ကိုခေါ်ပြီးအထဲပြန်ဝင်တော့ ဒီပုံတွေကိုရလိုက်ပါတယ်။   ကိုပေါက်လက်ဆောင်မြန်မာပြည်မှ အလှတရားများ (30-5-2012)


alinsettJune 1, 20121min023
အခန်း(၁) ၂ဝဝ၁ခု၊ ဒီဇင်ဘာ ၁၉၇၅ ခု၏ အေးစိမ့်သောဆောင်းရာသီတစ်ရက်က တစ်ဆယ့်နှစ်နှစ်သားအရွယ် ကလေးဘဝကို ယခုကျွန်တော် ပြန်ရောက်နေသည်။ ထိုနေ့က တမိုးလုံးမှောင်ဝေကာ ရိုးချောင်းလေးသည်ပင် ရေတွေခဲလျက်ရှိသည်။ ဖရိုဖရဲပြိုလဲနေသော ရွှံ့နံရံနောက်ဝပ်၍ ရိုးချောင်းအနီးမှ လက်ကြားလမ်းလေးထဲ ချောင်းနေခဲ့ရသော ထိုအခိုက်အတန့် ထိုကာလကို ပြက်ပြက်ထင်ထင် အမှတ်ရနေသည်။ နှစ်တွေမနည်းတော့။ သို့သော်ငြား အတိတ်ဟုဆိုလျှင် မဟုတ်သေး။ အတိတ်ကို ဘယ်ပုံဘယ်နည်း မြေမြှုပ်သဂြိုလ် နိုင်ကြောင်း ကျွန်တော် လေ့လာသင်ယူခဲ့ခြင်းမှာ အတိတ်သည် ကျွန်တော့်အပေါ် ကုပ်ကတ်တွယ်တက်လာနေသည်။ ခုတော့လည်း အတိတ်ကို လည်ပြန်လှည့်ကြည့် လိုက်မှ လွန်ခဲ့သောနှစ်ဆယ့်ခြောက်နှစ်လုံးလုံး ထိုလက်ကြားလမ်းလေးထဲကိုသာ ကျွန်တော်အစဉ်တစိုက် ချောင်းနေခဲ့ပါကလားဟု သိလိုက်ရတော့၏။ နွေတုန်းက ပါကစ္စတန်မှ ကျွန်တော့်မိတ်ဆွေကြီး ရာဟင်ခန် ကျွန်တော့်ကို ဖုန်းဆက်ခေါ်သည်။ သူ့ကိုလာတွေ့ဖို့ပြောသည်။ မီးဖိုချောင်ထဲ ဖုန်းခွက်ကိုင် လျက်သား […]


အညာတမာMay 30, 20121min023
ကျတော်ကြုံတွေ့ခဲ့တာလေးကို ရွာထဲမှာ မျှဝေ ဆွေးနွေးခွင့်ပြုပါ။ ပြီးခဲ့တဲ့ရက် ၁၉-၀၅-၁၂ တုန်းက အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးပွဲကို စက်မူဇုန် စီမံခန့်ခွဲရေးရုံး၊ ကနောင်ခန်းမမှာ ကျတော်သွားတက်ခဲ့ရပါတယ်။ ဆွေးနွေးပွဲက နှစ်ပိုင်းခွဲဆွေးနွေးတာ ဖြစ်ပါတယ်။ မနက်ပိုင်းက အလုပ်ရှင်နှင့်စီမံခန့်ခွဲသူ၊ ညနေပိုင်းက အလုပ်သမားတွေနဲ့ သီးသန့် ခွဲဆွေးနွေးတာပါ။ ကျတော်ကမနက်ပိုင်းတက်ခဲ့ရတာပါ။ ကျတော်လည်း တွေ့ဆုံဆွေးနွေးပွဲ မစမှီ ၁ဝ မိနစ်အလိုလောက် ခန်းမကို ရောက်သွားခဲ့ပါတယ်။ ကျတော်ရောက်သွားတော့ လူတွေ တော်တော်စုံနေပါပြီ။ တစ်ချို့က တူညီဝတ်စုံ၊ တစ်ချို့က မြန်မာတိုက်ပုံနဲ့လုံချည်၊ တစ်ချို့ကတော့ အဆင်ပြေရာဝတ်စုံ အမျိုးမျိုး အရောင်အသွေးအစုံပါပဲ။ အဲဒီမှာ ကျတော်ချက်ချင်း သတိထားမိတာကတော့ အရောင်အသွေးအစုံတဲ့ ဝတ်စားဆင်ယဉ်မူ မဟုတ်ပဲ လူတိုင်း၊ ကျား၊ မ မရွှေး လက်ကိုင်ဖုန်းကိုယ်စီနဲ့ဆိုတာပဲ၊ တစ်ချို့ကခါးမှာချိတ်လို့၊ တစ်ချို့ကလက်ကကိုင်လို့၊ […]


alinsettMay 29, 20121min036
( ကျွန်တော် နှင့် တိမ်ယံသစ္စာ ) 2012 / မေလ သည်… အေးမြသော မိုးညများနှင့်အတူ…ထူးခြားကောင်းမွန်သော.စာအုပ်တစ်အုပ်ကိုပါ.. ခေါ်ဆောင်လျက်..ကျွန်တော့်ထံ ရောက်လာခဲ့သည် ။ ဝတ္ထု ပီပီသသ စာအုပ်များကို မက်မောစွာ.တောင့်တ တတ်သော ကျွန်တော့်အတွက်…. မမေ့နိုင်စရာ..စာအုပ်ကောင်းတစ်အုပ်ကို ဖတ်လိုက်ရပါသည် ။ ထိုစာအုပ်၏ အမည်မှာ..တိမ်ယံသစ္စာ ဖြစ်သည် ။ တိမ်ယံသစ္စာ ကို ဘာသာပြန်ပေးထားသူမှာ…ဝင့်ပြုံးမြင့် ဖြစ်၏ ။ ( ဘာသာပြန် စာရေးဆရာမ ဝင့်ပြုံးမြင့် ၏ ဆောင်းည ရှိုက်သံကို..ဂေဇက်တွင် ညွှန်းဆို ဝေဖန် ခဲ့ပြိးပါပြီ။ ) ဆရာမ ဝင့်ပြုံးမြင့် ရွေးချယ် ပြန်ဆိုသော.စာအုပ်များမှာ တစ်မျိုးတစ်မည် ထူးခြားနေတတ်တာ တော့….. အမှန်ပဲ ဖြစ်သည် ။ ယခုလည်း…တိမ်ယံသစ္စာ….တဲ့ ။ […]


  ဂုတ်ထိပ်တံတား မြန်မာ့လှည်း မြင်တော့မြင်ဘူးတယ် နေရာမသိလို့ ရှေးက ဘုန်းကြီးတွေနဲ့ ဘုန်းကြီးကျောင်း ဧရာဝတီမြစ်ထဲက မြန်မာ့လှေတော် ကုန်းဘောင်ခေတ်နှောင်း မြန်မာအမျိုးသမီး မြေဝိုင်းဇာတ်အဖွဲ့ မန်းလေး အကျဉ်းထောင် ကုန်သည်လမ်း၊ ရန်ကုန် နန်းဦးကျောင်း မပုပ်မသိုးတဲ့ ရဟန်းတော်ရဲ့ ရုပ်ကလာပ် ဆိပ်ကမ်းနဲ့ လှေတွေ ဗြိတိသျှနဲ့ အိန္ဒိယတပ်တွေ မန်းလေးမှာ စစ်ရေးပြနေပုံ ဆင်ထိန်းတွေ ရှင်ပြုပွဲ ဘုန်းကြီးပျံ ပုံတွေက အများကြီးကျန်ပါသေးတယ်။ နောင်များ အချိန်ရရင်ဖြင့် ထပ်ပြီးတင်ပေးပါ့မယ်……….။


San Hla GyiMay 26, 20121min027
(ဒီဆောင်းပါးဟာ မွန်ဂိုစစ်ဘုရင် ဂျင်ဂစ်ခန်အကြောင်း ရေးရင်းနဲ့ ဆက်ရေးစရာလေးတွေ ပေါ်လာလို့ ရေးလိုက်တဲ့ ဆောင်းပါးဖြစ်ပါတယ်။ ရေးတုန်းကတော့ အပိုင်းမခွဲဘဲ တပုဒ်ထဲ ရေးမလို့ပါ။ ဒါပေမယ့် သိပ်ပြီးရှည်တာရယ် အထောက်အထားတွေကို တတ်နိုင်သလောက် ဖတ်နေရလို့ပါ။ ရသမျှ အချိန်လေးမှာ တတ်နိုင်သမျှ ကြိုးစားထားပါတယ်။ သိပ်မကောင်းပေမယ့် အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ အရင်တုန်းက မေးဖူးတဲ့ ကိစ္စလေးတွေကိုလည်း နောက်တပိုင်းမှာ ဖြေနိုင်အောင် ကြိုးစားပါမယ်။) မွန်ဂိုစစ်သည်တွေ မြန်မာနိုင်ငံကို ပုဂံခေတ်နှောင်းပိုင်း လောက်မှာလာတိုက်ခဲ့တာ မှန်ပါတယ်။ သက္ကရာဇ် ၁၂၈၃ လောက်မှာ ဖြစ်ပြီး နရသီဟပတေ့(မင်းခွေးချေး) လို့ကျော်ကြားတဲ့ ဟင်းခွက် ၃၀ဝ ပြည့်မှပွဲတော် တည်သူ လက်ထက်မှာပါ။ မြန်မာရာဇဝင်မှာတော့ တရုတ်တရက်တို့ လာရောက်နှောင့်ယှက်ခြင်း လို့ရေးပါတယ်။ နရသီဟပတေ့ကို မြန်မာရာဇဝင်မှာ တရုတ်ပြေးမင်းလို့လည်း ခေါ်ပါတယ်။ အမှန်တော့ […]