အသိတစ်ယောက်က တရုတ်စာသင်ချင်တာ ဘယ်လိုသင်ရင်ကောင်းမလဲလို့ အကြံတောင်းလာတယ်။ ကျွန်မလဲ ဘယ်လိုအကြံပေးရမှန်းမသိဖြစ်သွားပါတယ်။ အခုခောတ်က ရန်ကုန်မှာ အလုပ်လုပ်ရင်ဖြစ်ဖြစ်၊ စင်ကာပူသွားလုပ်ရင်ဖြစ်ဖြစ် တရုတ်စာနဲ့စကားတတ်ဖို့ လိုအပ်နေတော့ တရုတ်စာသင်တာ ကောင်းတဲ့အလုပ်တစ်ခုပါပဲ။ ကျွန်မသိသလောက် ကြုံတွေ့ခဲ့ရသလောက်ကို တခြားသူတွေ ချင့်ချိန်စဉ်းစားနိုင်အောင် ရေးလိုက်မယ်စိတ်ကူးပြီး ဒီပို့စ်ကို ရေးဖြစ်သွားပါတယ် …. ကျွန်မကတော့ ၉ တန်းစာမေးပွဲဖြေပြီးတဲ့အချိန်ကစပြီး တရုတ်စာကို စသင်ခဲ့ပါတယ်။ ကျွန်မတို့မြို့နယ်က တရုတ်စာကောင်းကောင်းတတ်တဲ့ တရုတ်အဖိုးကြီးတစ်ယောက်ဆီမှာ သွားသင်ရပါတယ်။ ဘာမှမသိတဲ့ ကလေးတစ်ယောက်အနေနဲ့ စာသင်ရတာ လွယ်သယောင်ယောင်ပါပဲ … သူသင်သမျှ သူပြောသမျှလဲ အမှန်တွေချည်းပဲလို့လဲ ထင်ခဲ့မိပါတယ် … ဒါပေမယ့် နောက်ပိုင်းကျောင်းပိတ်ရက်တွေမှာ ဆက်မသင်ဖြစ်ပါဘူး။ တရုတ်စာဆိုတာနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ နောက်တစ်ခေါက် တရုတ်စာသင်ဖြစ်တာကတော့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်က မနက်ပိုင်း ဒီပလိုမာသင်တန်းမှာပါ။ ဘွဲ့ရပြီးတဲ့အချိန်မှာ တက်ဖြစ်တာဖြစ်ပါတယ်။ အဲဒီမှာ သင်ကြားတဲ့စနစ်က […]

