ခေတ်သစ် သူငယ်တန်း ဖတ်စာ … ။ ရေးသူ – မုတ်သုံ

Good IdeaDecember 11, 20101min03

က…ကလေးငယ် မျက်ရည်လည်

ခ..ခရောင်းလမ်း သူဖြတ်သန်း ။

ဂ…ဂန်း(Gun)သံ ဆူဆူညံ။

င…ငတိများ အလွန်စော်ကား။

စ…စစ်အာဏာ တကယ်ရှည်ကြာ

ဆ…ဆိုးသွမ်း သူတို့ပွဲကြမ်း။

ဇ…ဇာတ်တွေနာ နိုင်ငံဟာ

ည…ညှင်းဆဲခြင်း သူတို့သွတ်သွင်း။

တ…တရားဥပဒေ ဘယ်ရောက်နေ

ထ…ထမင်းငတ် ရိက္ခာပြတ်။

ဒ…ဒို့အရေး တို့ဟစ်ကြွေး

ဓ…ဓနရှင်စနစ် ချေမှုန်းပစ်။

န…နိုင်ငံရယ် ပျောက်ပြီကွယ်

ပ…ပညာရေးဘယ်ထွက်ပြေး။

ဖ…ဖာနိုင်ငံဖြစ်ပြီအမှန်

ဗ…ဗိုလ်ချူပ်စကား ပြန်လို့ကြား။

ဘ…ဘဝတွေဟာ စုတ်ပြတ်လာ

မ…မြောင်းထဲကျ ပြန်ထမရ။

ယ…ယမ်းငွေ့သုံး လူမျိုးပြူန်း

ရ…ရှူနေရ လူလုံးမလှ။

လ…လူ့အခွင့်အရေးတွေ ဆုံးရှူံးနေ

ပ…ပယ်လို့မရ တိုက်ယူကြ။

သ…သတင်းစာ မဖတ်ခြင်းဟာ

ဟ…ဟာသများ ရယ်ဖို့မအား။

အ…အမေ…တို့တိုင်းပြေ…ဘယ်ေ

တာ့မှလွတ်လပ်မလေ…??

3 comments

  • ဆူး

    December 11, 2010 at 4:12 pm

    သင်ပုန်းကြီး အသစ်ကလည်း တမျိုးပါလား.. အကြံကောင်းလည်း ကလေးတွေ စာသင်ပေးတော့မယ် ထင်တယ်နော်

    Reply

  • tell U later

    December 12, 2010 at 4:20 pm

    ကလေးတွေကိုသင်မပေးပဲ လူကြီးတွေကိုပဲ အရင်သင်ပေးရတော့မယ် ထင်တယ်

    Reply

  • mindfulness

    December 13, 2010 at 5:45 am

    yeah! That is absolutely right . have to teach elder person

    Reply

Leave a Reply

Your email address will not be published.