TTNUJune 15, 20124min021
The same word as adjective and verb (နာမဝိသေသန၊ ကြိယာ) အလုပ် နှစ်မျိုးလုံး လုပ်သော စကားလုံးတစ်ချို ့   (1) Clear Adjective: (a) The sky is clear. ကောင်းကင်ကြီးက ကြည်လင်နေတာပဲ။ (b)  Healthy people have clear skin. ကျန်းမာတဲ့သူတွေမှာ ကြည်လင်တဲ့ အသားအရည် ရှိကြတယ်။ (c) This is a clear view of the town from the hill. ဒီနေရာတောင်ကုန်းမြင့်ပေါ်က မြို ့လေးရဲ ့ မြင်ကွင်းရှင်းရှင်းလင်းလင်း မြင်ရတယ်။ Verb:       (a) […]


zaw winJune 14, 20121min02
နုနုရွရွလက်ကလေးကိုကိုင်ကာ မောင့်မှာမရဲဝံ့ပါ အခြေအနေမပေးတော့ အနေဝေးရမှာ မောင်ကြိုးစားရဦးမှာ မကြာခင် မောင်ပြန်လာခဲ့မှာ အချစ်ကလေး စောင့်မျှော်နေရစ်ပါ မင်းသုတ 8:35 AM 12.6.2012


alinsettJune 13, 20121min08
အချိန်နှင့်အမျှ နှုတ်ခမ်းဒဏ်ရာ အရောင်ကျလာသည်။ မကြာခင်မှာပင် နှုတ်ခမ်းအပေါ်ဘက်၌ ပန်းနုရောင် ချုပ်ရိုးကြောင်းလေး ကောက်ကောက်ကွေးကွေး ပေါ်လာသည်။ သည်လိုနှင့် ဆောင်းဝင်လာချိန်၊ ဟက်ဆန့်ဒဏ်ရာကလေးလည်း ရေးရေးမျှသာ ကျန်တော့ချိန်၊ အထင်နှင့်အမြင် ပါစင်အောင်လွဲခဲ့ရသည်။ အဘယ် ကြောင့်ဆိုသော် ထိုနှစ်ဆောင်းရာသီတွင် ဟက်ဆန်တစ်ယောက် အရယ်အပြုံး နားသွားခဲ့သည်။ …………………………………………….. ……………………………………………. ________________ အခန်း(၆) ဆောင်း။ နှစ်စဉ်နှစ်တိုင်း ပထမဆုံးနှင်းကျရက်၏ ကျွန်တော့်လုပ်ငန်းဆောင်တာ များကို ပြောပြပါမည်။ နံနက်စောစော ချမ်းချမ်းစီးစီးထဲ ညအိပ်ဝတ်စုံ မချွတ်ဘဲ အိမ်မှထွက်သည်။ အအေးဒဏ်ကို လက်မောင်းပိုက်၍ အံတုခံသည်။ ဆင်ဝင်လမ်းနှင့် အဖေ့ကား၊ နံရံ၊ သစ်ပင်၊ အိမ်ခေါင်၊ တောင်ကုန်း အရာအားလုံး နှင်းထဲမြုပ်လျက်။ ပြုံးမိတော့သည်။ ကောင်းကင်သည် ချုပ်ရိုးမဲ့အပြာရောင်။ မျက်လုံးဖန်အောင် ဖြူနိုင် လွန်းသော နှင်းဖြူငွေလွ။ […]


alinsettJune 11, 20121min03
ဟက်ဆန် ပခုံးတွန့်ပြသည်။ သူစိမ်းတစ်ဦး၏အမြင်တွင် ဟက်ဆန် ကြောက်နေသည်ကို မြင်မည်မဟုတ်ပေ။ ဟက်ဆန့် မျက်နှာသည် ကျွန်တော်စောစီးစွာ ရင်းနှီးခဲ့ရသောမျက်နှာ။ ထိုမျက်နှာပေါ်မှ သိမ်မွေ့မှုအားလုံး – ရိုးခနဲရိပ်ခနဲ ဖြတ်သန်းသွားမှု အလုံးစုံကို ကျွန်တော်သိသည်။ ဟက်ဆန့်အကြောက်တရားကို ကျွန်တော်မြင်နေရပြီ။ ကြောက်သမှ နည်းနည်းနောနောမဟုတ်။ ”မှန်တယ်။ ဒါပေမယ့် မင်းမမြင်ဘူးပေါ့၊ လောက်လေးကိုင်ထားတာကတော့ ငါတစ်ယောက်တည်း။ မင်းတစ်ချက်လှုပ်တာနဲ့ မင်းနာမည် ‘နားရွက်စားအာစွပ်’ ကနေ ဘဝပြောင်းပြီး ‘တစ်ဖက်ကန်းအာစွပ်’ ဖြစ်သွားမယ်။ ငါ့လောက်လေးက မင်းရဲ့ဘယ်ဖက်မျက်လုံးကို တည့်တည့်ပဲကွ” ထိုစကားကို ဟက်ဆန်က အင်မတန်မင်သေစွာပြောသဖြင့် ကျွန်တော် သိထားပြီးသော အကြောက်တရားကို သူ့စကားထဲမှ မနည်းကြီး အားစိုက်နားထောင်ရ သည်။ အာစွပ်၏ပါးစပ် လိမ်တွန့်သွားသည်။ အပြောင်းအလဲကို ဝေလီနှင့် ကာမဲတို့ ကြည့်နေကြသည်။ တစ်ယောက်ကတော့ သူတို့အရှင်သခင်ကြီးကို စိန်ခေါ်နေပြီ။ […]


alinsettJune 9, 20121min05
”ဒီကောင်က ဘာသိလို့လဲ။ စာမတတ်ပေမတတ် ဟာဇာရာကောင်ကများ။ ထမင်းချက်ကလွဲလို့ ဘာမှဖြစ်မလာမယ့်ကောင်ကများ။ မင်းကိုဝေဖန်ရအောင် ဒီကောင် ရဲတင်းလှချည်လား” ”ဒါကတော့ … ” ကျွန်တော်သည် ထိုစကားကို ပြီးဆုံးအောင်မပြောနိုင်ခဲ့။ အကြောင်းမှာ အာဖဂန်နစ္စတန်သည် ဆိုင်းမဆင့် ဗုံမပါ ထာဝရပြောင်းလဲသွားခဲ့ပြီ။ ………………………….. ___________________________________________ အခန်း(၅) ဝေါခနဲ အသံအကျယ်ကြီး ထစ်ချုန်းသွားသည်။ မြေပြင်သည် သိမ့်ခနဲနေကာ တတက်တက်စက်သေနတ်သံကို ကြားကြရသည်။ ”အဖေရေ …” ဟု ဟက်ဆန် အော်ခေါ်သည်။ ကျွန်တော်တို့နှစ်ယောက် ခုန်ထကာ ဧည့်ခန်းထဲမှ ထွက်ပြေးကြ သည်။ ခန်းမကိုဖြတ်၍ ထော့နင်းထော့နင်း တရကြမ်းပြေးလာသော အလီ့ကို တွေ့ရသည်။ ”အဖေရေ … ဘာသံကြီးလဲ မသိဘူး” အလီ့ထံ လက်နှစ်ဖက်ဆန့်တန်းကာ ဟက်ဆန်ငယ်သံပါအောင်အော်သည်။ အလီက သူ့သားကို အပြေးအလွှားသိုင်းဖက်ထားသည်။ […]


alinsettJune 8, 20121min07
”လူ့အန္ဓဆိုတာ” ”ဒီအဓိပ္ပါယ် မင်းမသိဘူးလား” ဟု ကျွန်တော်စပ်ဖြဲဖြဲမေးသည်။ ”မသိဘူး အစ်ကိုအေမား” ”ဒီလောက်လူသုံးများတဲ့ စကားလုံးကို” ”ဒါပေမယ့်လည်း ငါမသိဘူး” ကျွန်တော့် ထိုးနှက်ချက်ကို ဟက်ဆန်သိလျှင်သော်မှ သူ့အပြုံးမျက်နှာ လေးက ဖော်ပြမည်မဟုတ်ချေ။ ”ငါတို့ကျောင်းမှာ လူတိုင်းသိတယ်။ ဒီမှာကွာ လူ့အန္ဓဆိုတာ စမတ်ကျတယ်၊ ဉာဏ်ကောင်းတယ်လို့ပြောတာ။ မင်းအတွက် ဝါကျတစ်ကြောင်းဖွဲ့ပြမယ်။ ‘စာလုံးများနှင့်ပတ်သက်လျှင် ဟက်ဆန်သည် လူ့အန္ဓ ဖြစ်သည်’ ရပြီလား” ”အား” ဟုဆိုကာ သူခေါင်းညိတ်နေသည်။ နောက်ပိုင်းတွင် ထိုကိစ္စအတွက် ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်ရှိသည်ဟု ခံစားရသည်။ ဤသို့ဖြင့် ဟက်ဆန့်အား ကျွန်တော်ဝတ်ပြီးသား ရှပ်အကျႌတစ်ထည် နှင့် ပျက်သွားသော ကစားစရာတစ်ခုပေးခဲ့သည်။ ဥပဒ်ကင်းတဲ့အပြစ်အတွက် အလျော်ပေးတာဟု မိမိကိုယ်ကိုပြောရသည်။ _____________________________________________________ ထိုစဉ်က ဟက်ဆန်အကြိုက်ဆုံးစာအုပ်သည် ‘ရှာနာမာ’။ တစ်ဆယ်ရာစု ခေတ် ရှေးဟောင်းပါရှားသူရဲကောင်းတို့၏ […]


asiamastersJune 8, 20121min073
၂၀၁၂ ခုနှစ် ဇွန်လ (၈) ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ် အမှတ် (၃၁၀) မှာ ဖေါ်ပြခဲ့တဲ့ အင်တာနက်စာရေးဆရာ ကိုပေါက် ကို ဂုဏ်ပြုအပ်ပါသည်။ မန္တလေးဂေဇက်မှသည် သည်ထက်သည် အရည်အသွေးရှိတဲ့ စာရေးဆရာများ ပေါ်ထွန်းလာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။


alinsettJune 6, 20121min09
နောက်တစ်နေ့မနက် ဟက်ဆန်က ကျွန်တော့်အတွက် မနက်စာပြင် ပေးနေစဉ် ကျွန်တော့်အား ဘာဖြစ်လို့လဲဟုမေးသည်။ ကိုယ့်အလုပ်ကိုယ်လုပ်ဟု ကျွန်တော် ပက်ခနဲ ပြောချလိုက်သည်။ ‘ဖျင်းတဲ့ဉာဉ်’ ဟု ပြောသော ရာဟင်ခန့်စကား မှားပါသည်။ ________________________________ အခန်း(၄) ဘာဘာ့ကိုမွေးသော ၁၉၃၃ ခု၊ အာဖဂန်နစ္စတန်ကို ဇဟီရာရှားဘုရင်၏ နှစ်လေးဆယ် စိုးစံမှု စတင်သောနှစ်တွင် ကဘူးမြို့၏ ဂုဏ်သရေရှိမြို့မျက်နှာဖုံး မိသားစုမှ လူရွယ်ညီအစ်ကိုနှစ်ဦး ယာဉ်တိုက်မှုဖြစ်သည်။ ပြင်သစ်ဝိုင်တန်ခိုး၊ ဆေးခြောက်အရှိန် တို့ဖြင့် ပါမန်အသွား ဟာဇာရာလင်မယားနှစ်ဦးကို ပွဲချင်းပြီးတိုက်သတ်ခဲ့ခြင်း ဖြစ်သည်။ ရဲသားများက မိဘမဲ့ဖြစ်သွားသော ငါးနှစ်သား ယောက်ျားလေးတစ်ယောက် နှင့် ပူပန်နောင်တ တရားတို့ရနေသော ညီအစ်ကိုကို ကျွန်တော့်အဖိုး တရားသူကြီး ရှေ့မှောက် ခေါ်ငင်လာသည်။ ကျွန်တော့်အဖိုးသည် ဂုဏ်သိက္ခာအစွန်းအထင်း လုံးဝမရှိခဲ့သူ။ အင်မတန် လူလေးစားခံရသော […]


alinsettJune 4, 20121min08
‘အပြင်မှာ ဘုရားသာ တကယ်ရှိလို့ကတော့ ဘာဘာ စကော့ဝီစကီ သောက်တာတို့၊ ဝက်သားစားတာတို့ … ဒါတွေထက် ပိုအရေးကြီးတဲ့ကိစ္စတွေ သူလုပ်ပါစေ ဆုတောင်းတယ်။ ကဲ သွားတော့။ ဒုစရိုက်အကြောင်းပြောရတာ ရေငတ်လာပြန်ပြီ” _______________________________________ ဘားတွင် ဘာဘာ အရက်ဖြည့်သည်ကို ကျွန်တော်ကြည့်ရင်း ယခုလို စကားပြောပုံမျိုး နောင်ဘယ်လောက်ကြာကြာ စောင့်ရဦးမည်နည်းဟု တွေးမိသည်။ အမှန်မှာ ဘာဘာသည် ကျွန်တော့်ကို နည်းနည်းတော့မုန်းတီးသည်ဟု ကျွန်တော့် စိတ်ထဲ သိနေခဲ့သည်။ ဘာကြောင့် မမုန်းရမည်နည်း။ သူချစ်မြတ်နိုးရသော မင်းသမီး ကို သတ်ခဲ့သူမှာ ကျွန်တော်ပေပဲ။ ကျွန်တော် ဘာမှမတတ်နိုင်တော့။ တတ်နိုင်သည့် နည်းနည်းကလေးမှာ ဘာဘာနှင့်တူအောင် ကိုယ်နှုတ်ဆောက်တည် ယဉ်ကျေးဖွယ်ရာ ရှိဖို့ပင်။ သို့ရာတွင် ကျွန်တော်သည် ဘာဘာနှင့်တူမလာခဲ့။ လုံးလုံးတူမလာခဲ့ပေ။ ္ထ ကျောင်းတွင် ‘ရှာဂျန်ဂီ’ […]


alinsettJune 3, 20121min05
ကျွန်တော်ပြောသော စကားလုံးသည် ဘာဘာ … ဟက်ဆန်ပြောသော စကားလုံးသည် အေမား … ။ ကျွန်တော့်အမည် အေမား။ အတိတ်ကို ပြန်တူးလိုက်တော့ ၁၉၇၅ခု ဆောင်းဥတုနှင့် အလုံးစုံသော နောက်ဆက်တွဲကိစ္စများ ဖြစ်ပေါ်လာခြင်းအကြောင်းအတွက် အခြေခံအချက် အလက်များကို ကျွန်တော် ပြောပြပြီးပြီဟုထင်သည် xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx အခန်း (၃) အစဉ်အလာစကားတို့အရ ကျွန်တော့်အဖေ ဘာဘာသည် ဘော်လူချစ္စတန်နယ်တွင် ဝက်ဝံတစ်ကောင်ကို လက်နက်မဲ့နပန်းလုံးခဲ့ဖူးသည်။ အကယ်၍သာ ဤပုံပြင်သည် ဘာဘာမဟုတ်ဘဲ အခြားတစ်ယောက်ဖြစ်နေပါက အာဖဂန်တို့၏ ချဲ့ကားတတ်သော သဘောလေးပါဟု ခေါင်းထဲရှင်းထုတ်ပစ်လိုက်မည်မလွဲ။ ကြွားချင်တဲ့ဝေဒနာပါ တကားဟုပင် ယူဆခံရနိုင်သည်။ တစ်ယောက်ယောက်က ငါ့သား ဆရာဝန်ကွ ဟုဆိုလျှင် ဖြစ်နိုင်ချေရှိသည်မှာ သူ့သားသည် အထက်တန်းကျောင်းတွင် ဇီဝဗေဒကို တစ်ကြိမ်တစ်ခါအောင်ခဲ့နိုင်သည်။ သို့သော် ဘာဘာနှင့် ပတ်သက်သည့်ပုံပြင်ဆိုလျှင် မယုံသူမရှိကြ။ […]


alinsettJune 2, 20121min012
အလီသည် သူ၏အရိုးပေါ်အရေတင် ခြေထောက်ကို စက်ဝိုင်း သဏ္ဍာန်ဝိုက်၍ယူကာ ခြေထောက်ချလိုက်တိုင်း ခန္ဓာတစ်ကိုယ်လုံး ညာဘက်သို့ ယိမ်းသွားပုံသည် မယုံနိုင်လောက်စရာပင်။ ဟပ်ထိုးလဲမကျသည်က ပဉ္စလက် အသေးစားပင်ဖြစ်နေသည်။ သူ့အတိုင်း ကျွန်တော်ကြိုးစားလျှောက်ရာ မြောင်းထဲ ထိုးဆင်းတော့မလိုဖြစ်ပြီး ကိုယ့်ဖာသာ တခစ်ခစ်နှင့်ရယ်ရသည်။ အလီက ကျွန်တော့် ကိုလှည့်အကြည့် ကျွန်တော်တုပသည်နှင့် ပက်ပင်းတိုးသွားသည့်တိုင် ဘာတစ်ခွန်းမှ မပြော။ ထိုစဉ်က ဘာမှမပြောဆိုခဲ့သလို နောင်ဘယ်တော့မှလည်း မပြောခဲ့ချေ။ ဆက်သာလျှောက်နေခဲ့သည်။ အလီ့မျက်နှာသွင်ပြင်နှင့် လမ်းလျှောက်ပုံကြောင့် နီးပါးဝန်းကျင်မှ ကလေး ငယ်များ အလီ့ဆိုလျှင်ကြောက်ကြသည်။ ________________________________________ …………………..ခပ်ကြီးကြီးကောင်လေးများကား တကယ့် ပြဿနာ။ လမ်းပေါ် အလီ့ကိုတွေ့သည်နှင့် လိုက်ကြသည်။ အလီ ဖယ်ယမ်းဖယ်ယမ်း လမ်းလျှောက်ပုံကို ပြောင်ကြသည်။ တချို့ကောင်လေးများက အလီ့ကို ”ဟေး ဘာဘာလူ၊ ခင်ဗျားကြီး ဒီနေ့ဘယ်သူ့ကိုစားလဲ” ဟု […]


alinsettJune 1, 20121min023
အခန်း(၁) ၂ဝဝ၁ခု၊ ဒီဇင်ဘာ ၁၉၇၅ ခု၏ အေးစိမ့်သောဆောင်းရာသီတစ်ရက်က တစ်ဆယ့်နှစ်နှစ်သားအရွယ် ကလေးဘဝကို ယခုကျွန်တော် ပြန်ရောက်နေသည်။ ထိုနေ့က တမိုးလုံးမှောင်ဝေကာ ရိုးချောင်းလေးသည်ပင် ရေတွေခဲလျက်ရှိသည်။ ဖရိုဖရဲပြိုလဲနေသော ရွှံ့နံရံနောက်ဝပ်၍ ရိုးချောင်းအနီးမှ လက်ကြားလမ်းလေးထဲ ချောင်းနေခဲ့ရသော ထိုအခိုက်အတန့် ထိုကာလကို ပြက်ပြက်ထင်ထင် အမှတ်ရနေသည်။ နှစ်တွေမနည်းတော့။ သို့သော်ငြား အတိတ်ဟုဆိုလျှင် မဟုတ်သေး။ အတိတ်ကို ဘယ်ပုံဘယ်နည်း မြေမြှုပ်သဂြိုလ် နိုင်ကြောင်း ကျွန်တော် လေ့လာသင်ယူခဲ့ခြင်းမှာ အတိတ်သည် ကျွန်တော့်အပေါ် ကုပ်ကတ်တွယ်တက်လာနေသည်။ ခုတော့လည်း အတိတ်ကို လည်ပြန်လှည့်ကြည့် လိုက်မှ လွန်ခဲ့သောနှစ်ဆယ့်ခြောက်နှစ်လုံးလုံး ထိုလက်ကြားလမ်းလေးထဲကိုသာ ကျွန်တော်အစဉ်တစိုက် ချောင်းနေခဲ့ပါကလားဟု သိလိုက်ရတော့၏။ နွေတုန်းက ပါကစ္စတန်မှ ကျွန်တော့်မိတ်ဆွေကြီး ရာဟင်ခန် ကျွန်တော့်ကို ဖုန်းဆက်ခေါ်သည်။ သူ့ကိုလာတွေ့ဖို့ပြောသည်။ မီးဖိုချောင်ထဲ ဖုန်းခွက်ကိုင် လျက်သား […]


SonnyMay 23, 20122min017
12 Long Live Love! ချစ်ရက်ရှည်ကြာ In 1970, two years before his death, Edward said: (၁၉၇၀)မှာ.. သူမသေခင် နှစ်နှစ်မှာပေါ့ အက်ဒဝပ်ကပြောပါတယ်။ There are some people who think that I was wrong to give away my crown. But they don’t understand true love. ကိုယ်နန်းစွန့်တာ မှားတယ်လို့ ထင်တဲ့သူတစ်ချို ့တွေ ရှိပါတယ်။ ဒါ သူတို့ အချစ် စစ်ကို နားမလည်လို့ပါ။ When I was young, I lived […]