kaiApril 19, 202211min00
ယခုလမှာ Current events လို့ ခေါ်တဲ့ လတ်တလော ဖြစ်နေတဲ့ ကိစ္စများကို ပြောတတ် ဆိုတတ်အောင်၊ အခြားသူများပြောနေလျှင်လည်း ပါဝင်ဆွေးနွေးတတ်ရန် သင်ကြားပေးလိုပါတယ်။ အခု ပူပူနွေးနွေး ဖြစ်နေပြီး၊ လူတွေအားလုံး စိတိဝင်စားနေကြတာကတော့ Ukraine ကိစ္စပါဘဲ။ ဒီတော့ ဒီကိစ္စကို ပြောနိုင်ဆိုနိုင်အောင် ဖော်ပြပါ dialog လေးကို လေ့လာကြပါစို့။ You: Hey, why so glum? Friend: You know, Putin’s war. I hate it. You: You and me both. But you are taking it personally. Friend: I am. I […]


kaiFebruary 17, 20228min00
ယခုလို Omicron Variant ကို ကြောက်လန့်နေရချိန်မှာ နေထိုင်မကောင်း ဖြစ်ခဲ့လျှင် ဆရာဝန်နှင့် တွေ့ရဖို့ မလွယ်ကူလှပါ။ ယခင်တုန်းကလို ဆေးရုံ အသာပြေးသွားလိုက်၊ ဘာဖြစ်သလဲဆိုတာကို လက်ဟန် ခြေဟန်ရဲ့ အကူအညီနဲ့ နားလည်အောင် ရှင်းပြဖို့ မဖြစ်နိုင်တော့ပါ။ COVID လူနာများနှင့် ပြည့်လျှံနေ၍ တော်ရုံတန်ရုံ ကိစ္စများကို Phone သို့မဟုတ် Video Visit အဖြစ် ပြောဆိုရဖို့ ဖြစ်လာပါသည်။ ထိုအခါ အင်္ဂလိပ်စကားကို သွက်လက်ချက်ခြာစွာ မပြောနိုင်သူများ၊ မပြောဝံ့သူများအတွက် အခက်အခဲ တွေ့ရှိရပါပြီ။ ဒီတော့ မဖြစ်သင့်တာလေးတွေ မဖြစ်ရအောင် နမူနာ dialog တိုလေးများဖြင့် ကူညီပေးလိုပါသည်။ ဖုံးနှင့် ဖြစ်စေ၊ Video နှင့် ဖြစ်စေ၊ ဆရာဝန်တို့ nurse တို့နှင့် စကားပြောရမည်ဆိုလျှင် […]


kaiDecember 14, 20211min01
ယခုလမှာတော့ Accent modifications လို့ ခေါ်တဲ့ accent ကို ပြုပြင်ပြောင်းလဲပေးနိုင်အောင် accent reduction လို့ ခေါ်တဲ့ accent ကို လျော့နည်းသွားနိုင်အောင် အထောက်အကူ ပေးနိုင်မဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ဦးစွာပထမ Accent ဆိုတာ ဘာလဲ၊ ဘာကြောင့် ပြုပြင်ပြောင်းလဲပေးဖို့ လိုအပ်တာလဲ ဆိုတာကို နားလည်ထားဖို့ လိုပါတယ်။ accent ဆိုတိုင်း မကောင်းတာ မဟုတ်ပါ။ မြန်မာစကားမှာတောင် ကိုယ်သဘောကျနေတဲ့ ကချင်မလေးက ကချင်သံဝဲဝဲလေးနဲ့ မြန်မာစကားပြောတော့ … “တယ် နားဝင်ချိုပါလား” တဲ့။ ကိုယ် ကြည့်မရတဲ့ လူမျိုးခြားတယောက်က မြန်မာစကားကို ဝဲတဲ့အခါကြတော့ “နားထဲ သံရေပူနဲ့လောင်းထည့်လိုက်သလို ခံစားရပါလား”။တချို့ကပြောတတ်သေးတယ်။ native speaker တယောက်နဲ့ တူအောင် ပြောတတ်မှ […]


Mon LayDecember 10, 20211min00
အချိန်လွတ်လပ်မှု ငွေကြေးလွတ်လပ်မှုရချင်ရင် ကိုယ်ပိုင်စီးပွားရေးလုပ်ပါ ကိုယ်လိုချင်တဲ့ငွေပမာဏကို ရချင်ရင် ကိုယ်ပိုင်စီးပွားရေးလုပ်ပါ လိုချင်တဲ့အိမ်မက်တွေတစ်ခုပြီးတစ်ခု ဖန်တီးနိုင်ချင်ရင် ကိုယ်ပိုင်စီးပွားရေးလုပ်ပါချစ်တဲ့မွန်လေး


kaiNovember 15, 20215min02
Learn to Speak English             ယခင်လက အင်္ဂလိပ်စကားပြောသည့်အခါ အသံထွက်ကောင်းဖို့ အင်္ဂလိပ်စကားရဲ့ Rhythm ကို အတုယူပြီး ပြောနိုင်ဖို့ လေ့ကျင့်ထားနိုင်တဲ့ Exercise လေးတွေ ဖော်ပြခဲ့ပါတယ်။ ယခုလမှာတော့ မြန်မာတွေကို ဒုက္ခပေးတတ်တဲ့ ဝေါဟာရလေးတွေကို မှန်မှန်ကန်ကန် အသံထွက်နိုင်ဖို့ အကြံပေးလိုပါတယ်။ ဉပမာ – walk နဲ့ work ဆိုပါတော့။             လူတော်တော်များများကို ဒုက္ခပေးတတ်ပါတယ်။ ဒီနေရာမှာ စာရေးသူရဲ့ မိတ်ဆွေ တယောက်လည်းဖြစ်၊ လုပ်ဖော်ကိုင်ဖက် တယောက်လည်း ဖြစ်တဲ့ Marsha Chan ကို ညွှန်းလိုပါတယ်။ သူ့ရဲ့ you tube video တွေမှာ အသံထွက် မှန်အောင် ပါးစပ်ကို ထားပုံထားနည်း၊ လျှာကို ထားပုံထားနည်းများကို […]


kaiOctober 15, 20215min01
            မည်သူမဆို အင်္ဂလိပ်စကား ပြောသည့်အခါ အသံထွက် မှန်လိုကြပါသည်။ မည်သူမျှ အင်္ဂလိပ်စကားကို မြန်မာသံကြီးနှင့်၊ ငပိသံကြီးနှင့် မပြောလိုကြပါ။ ဒီတော့ အင်္ဂလိပ်စကားကို ပီပီသသနှင့် တဖက်သူ နားလည်နိုင်အောင် ပြောတတ်ဆိုတတ်ဖို့ လိုပါသည်။ ဒီလိုပြောနိုင်အောင် ဉီးစွာပထမ မြန်မာစကားနှင့် အင်္ဂလိပ်စကားတို့ရဲ့ ကွာခြားမှုကို သိထားဖို့ လိုပါသည်။ မြန်မာစကားမှာ အသံတမျိုးတည်း ရှိသည့် စကားလုံး များပါသည်။              Monosyllable ဟုလည်း ခေါ်ဆိုနိုင်ပါသည်။ အင်္ဂလိပ်စကားမှာတော့ polysyllable ဟု ခေါ်သည့် အသံ ၂မျိုး၊ ၃မျိုး၊ ၄+၅ မျိုးအထိ ရှိသည့် ဝေါဟာရတွေ များပါသည်။  ဉပမာ –  psychology (4 syllables) argumentative (5 syllables) ။ […]


Thakhin Kai BworJuly 14, 20218min00
            ယခုလမှာ ခေတ်စားပြီး လူအသုံးများနေတဲ့ Expression လေးတွေကို နားလည်လာအောင်၊ ကိုယ်တိုင် စကားပြောတဲ့အခါ သုံးတတ်လာအောင် dialog လေးတွေနဲ့ ပူးတွဲပြီး ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဉီးစွာပထမ G.O.A.T ဆိုတဲ့ expression လေးကို တွေ့ဖူးကြမှာပါ။ G.O.A.T ဆိုရင် ဆိတ်ပေါ့။ ဆိတ် ဆိုရင် ချက်စားပစ်လိုက်မယ် မထင်ကြပါနှင့်။ G.O.A.T ဆိုတဲ့ expression လေးရဲ့ အဓိပ္ပါယ်ကတော့ greatest of all time ပါ။ ဉပမာ – မြန်မာတွေ ငြင်းခုံကြမယ်ပေါ့။ ဘောလုံးသမားတွေထဲမှာ ယခု နံမည်ကြီးတွေ ဖြစ်တဲ့ Ronaldo တို့ Messi တို့  Neymar တို့နဲ့ တချိန်က နံမည်ကြီးခဲ့တဲ့ Pele […]


kaiMay 13, 20214min00
မြန်မာပြည်ကြီး အေးချမ်းနေခဲ့ရင်တော့ ယခုလိုအချိန်မျိုးဟာ အထူး ပျော်စရာကောင်းတဲ့ အချိန်ပေါ့နော်။ နှစ်သစ်ကူးပြီးခါစလေး ဆိုတော့ အားလုံးပျော်ရွှင်ကြည်နူးနေသင့်တဲ့ အချိန်ပေါ့။ အခုတော့ ပြည်သူပြည်သားတွေရဲ့ အကျိုးကို မကြည့်ဘဲ ကိုယ့်အတွက်လောက်ဘဲ ကြည့်ကြတဲ့ စစ်ဗိုလ်တစုကြောင့် တတိုင်းပြည်လုံး နှလုံးမသာမယာ ဖြစ်နေကြရပြီ။ထားပါတော့လေ၊ ပြောင်းလဲလာမဲ့ အချိန်ကောင်းလေးတွေကို မျှော်နေရင်းနဲ့ အင်္ဂလိပ်စကားပြော ချောမွေ့စေဖို့ လွယ်ကူသော်လည်း အသုံးမှားတတ်တဲ့ Structure လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ဉီးစွာ ပထမ There is / There are လို့ လူသိများတဲ့ Structure လေးကို လေ့ကျင့်ကြရအောင်။ အင်္ဂလိပ်စာ မကျွမ်းကျင်သူများကMyanmar has many ethnic groups.Myanmar has many different languages.Myanmar has many insurgent groups. […]


Mon LayApril 20, 20212min01
ငယ်ပါသေးတယ်ဆိုပြီးဘဝကို ဖြစ်သလို့ မနေပါနဲ့ပိုက်ဆံရှာပါလောကမှာပိုက်ဆံရှိမှပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာကြည့်ပါပိုက်ဆံရှာနိုင်တဲ့သူကပိုအရေးပါအရာရောက်ပါတယ်။ အပေါင်းအသင်းတွေကြားထဲကြည့်ပါပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်းတစ်ခုခုကိုကြည့်ပါပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာရာခိုင်နှုန်းတော်တော်များများဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့်သင် ပိုက်ဆံရှာရပါမယ်ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှသင်ချစ်တဲ့သူတွေအတွက်သင်လုပ်ချင်တဲ့အရာတွေအတွက်သင်ပြောချင်တဲ့စကားတွေအတွက်သင်လိုချင်တဲ့အရာတွေအတွက်အားလုံးမဟုတ်ရင်တောင်တော်တော်များများလုပ်လို့ရမှာပါ။ “#ခင်မင်မှုကပိုအရေးကြီးတယ်”ဟုတ်ကဲ့လူတော်တော်များများကတော့ငွေရှိရင် ပိုခင်ကြပါတယ်။ “#ရိုးသားမှုကပိုအရေးကြီးတယ်”ဟုတ်ကဲ့လူအများစုကတော့ မရိုးသားရင်တောင်ငွေရှိတဲ့လူဆို သိပ်မပြောရဲကြပါဘူး။ “#ပညာကပိုအရေးကြီးတယ်”ဟုတ်ကဲ့ငွေရှိမှပညာသင်လို့ရတဲ့ခေတ်မှာပညာရွှေအိုးက ငွေရှိမှဝယ်လို့ရတာပါ။ “#ကိုယ်ကျင့်တရားကအရေးအကြီးဆုံး”ဟုတ်ကဲ့ကိုယ်ကျင့်တရားမကောင်းတဲ့သူတွေငွေရှိလာရင် အမှန်တရားကရောက်လာဖို့ခြေလှမ်းသိပ်နှေးလွန်းပါတယ်။ “#စိတ်ချမ်းသာဖို့အရေးကြီးတယ် “ဟုတ်ကဲ့ငွေရှိလည်းစိတ်ဆင်းရဲတဲ့သူတွေရှိပါတယ်ဒါပေမယ့် ငတ်နေရင်းစိတ်ဆင်းရဲနေရတဲ့သူတွေထက်တော့နည်းနည်း ပိုသက်သာတာပေါ့။ “#အချစ်ကအရေးကြီးတယ်”ဟုတ်ကဲ့ရယ်စရာအကောင်းဆုံးပြက်လုံးပါလူအားလုံးလိုလိုကတော့ငွေမရှိရင် ရုပ်ဆိုးတယ်လို့မြင်တယ်ငွေမရှိရင် နံတယ်လို့ထင်တယ်ငွေမရှိရင် ပိုင်းလုံးလို့မြင်တယ်ငွေမရှိရင် ရင်မခုန်ကြတော့ပါဘူး။ ဒါပါဘဲဘယ်နည်းနဲ့တွေးတွေးဘယ်ဖက်ကတွေးတွေးငွေရှိမှ အရာအားလုံးလိုလိုအဆင်ပြေနိုင်ပါမယ်။ ထို့ကြောင့် ပိုက်ဆံရှာပါ။


kaiApril 15, 20218min01
            မြန်မာနိုင်ငံရဲ့ အခြေအနေက တနေ့ထက်တနေ့ ပိုမို ဆိုးရွားလာပါတယ်။ ထိခိုက်ဒဏ်ရာရသူများ၊ သေဆုံးသူများပါ မနည်းလှပါ။ ဒေါသ ထွက်စရာ၊ မခံမရပ်နိုင်စရာပါ။ Michelle Obama ပြောဖူးသလိုပါပဲ။ “When they go low, we go hight” ဆိုတဲ့  Expression လေးကို အမှတ်ရစေလိုပါတယ်။ မင်းအောင်လှိုင်ကို မအလ စသဖြင့်ပေါ့ ပြောလို့ ရပါတယ်။ အခြေအနေ ထူးသွားမှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြန်လွတ်စေမှာ မဟုတ်ပါဘူး။ ဒီတော့ ကမ္ဘာက စောင့်ကြည့်နေချိန်မှာ လိမ်မာယဉ်ကျေးတဲ့ မြန်မာတွေ ရှိသေးကြောင်း ပြရပါလိမ့်မယ်။ Friend : Hey, what is wrong with your people? Why are […]


Mon LayNovember 29, 20201min00
တန်ဆောင်မုန်းလပြည့်နေ့မှာ ပံ့သကူအလှူလေး လုပ်ဖြစ်ပါတယ်။ ပံ့သကူဆိုတဲ့ အဓိပ္ပါယ်ကတော့ လူတို့စွန့်လွတ်လိုက်သောဝတ္ထုပစ္စည်း(သို့) ပိုင်ရှင်မရှိတော့သော စွန့်ပစ်ပစ္စည်းလို့ဆိုရင် ပိုမိုနားလည်လွယ်ပါလိမ့်မယ်။.လမ်းဆုံလမ်းခွတွေ လူသူလေးပါး အသွားအလာများတဲ့ နေရာတွေမှာ မနက်အစောကြီး(ကျီးမနိုးခင်)ထပြီး မည်သူမျှမမြင်အောင် ငွေ/ပစ္စည်း တခုခုကို ပစ်ချ ထားခဲ့ရမယ်…ဒီလို ပြုလုပ်ခြင်းအားဖြင့်…. ပြုလုပ်သူမှာလည်း ငွေကြေးဥစ္စာတွေ တိုးပွားလာလိမ့်မယ် ပံ့သကူပစ်ခြင်းအစ…. အခါတစ်ပါးမှာ… #အရှင်အနုရုဒ္ဓါမထေရ်မြတ်ကြီး…ဟာ ဝတ်ရုံထားတဲ့ သင်္ကန်းက အတော်ဟောင်းနွမ်းနေပြီဖြစ်တဲ့အတွက်… အမှိုက်ပုံတွေမှာ…ပံ့သကူအဝတ် အရှာထွက်ခဲ့ပါတယ်…. ((((တိုက်တိုက်ဆိုင်ဆိုင်ဘဲ…ထိုနေ့ဟာလည်း #တန်ဆောင်မုန်းလပြည့်နေ့ရဲ့နံနက်အစောပိုင်း အချိန်အခါဖြစ်ပါတယ်…..)))) ဒါကို…ကြိုတင်သိမြင်နေခဲ့တဲ့…. ဘဝဟောင်းတုန်းကဇနီးမယားတော်စပ်ခဲ့ဖူးသူဖြစ်သော #ဇာလိနီနတ်သမီး…..ဟာ…. သူကိုယ်တိုင်လှူတန်းရင်(နတ်ဝတ်တန်ဆာတွေမို့) မထေရ်ကြီးက အလှူမခံမှာကို သိတဲ့အတွက်…. မထေရ်ကြီးရောက်ရှိလာမယ့် အမှိုက်ပုံအနီးနားမှာ… နတ်အဝတ်၃ထည်ကို မသိမသာ စွန့်ပစ်လှူထားခဲ့ရာကနေ စပြီး…. ပံသကူပစ်ခြင်းဓလေ့ အစပြုခဲ့တာဖြစ်တယ်လို့ ကျမ်းအချို့မှာ ပြဆိုထားပါတယ်….. ဒါ့ကြောင့်… #ပံ့သကူအစဇာလိနီက….လို့တောင် ဆိုစမှတ်ပြုခဲ့ကြပါတယ်လို့….အသိပေးလိုက်ပါတယ်။။ မိမိရဲ့အကျိုးစီးပွားဖြစ်ထွန်းဖို့ဆိုတဲ့စိတ်မျိုးနဲ့တော့ မပစ်ပါနဲ့…အဲဒီလိုစိတ်နဲ့ပစ်ရင်တော့… ထားရှိတဲ့စိတ်က အကြောင်းမမှန်တာကြောင့် အကျိုးပေးလည်းမသန်တော့ပါဘူး…. […]


Mon LayNovember 11, 20201min00
တစ်နေ့ကျရင် ငါရောင်းတဲ့ပစ္စည်းတွေကို ကမ္ဘာထိဖောက်အောင်ရောင်းနိုင်ရမယ်”လို့ဆုံးဖြတ်ပြီးကြိုးစားခဲ့တယ်တကယ်တမ်းလည်းဖြစ်လာခဲ့လို့…အရမ်းကိုပျော်ခဲ့ရတယ်…အဲ့အတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူတယ်..ပင်ပန်းရကြိုးနပ်တယ်…အခုဆိုစလုံးမှာ ကိုယ့်ပစ္ညည်းကိုပြန်ရောင်းပေးနေတဲ့ business partner တောင်ရှိလို့နေပြီ။ အရမ်းကိုကျေးဇူးတင်ပြီး ထိုင်ရှိခိုးပါတယ်။ တိုက်ပွဲတွေကတော့ .အသက်ရှင်နေသရွေ့..ဆက်တိုက်ရမှာပဲ…အခွင့်အလမ်းတွေလည်း မြင်လာပါတယ်။ပြောချင်တာက…အခွင့်အရေးရမှ လုပ်တာမျိုးမဟုတ်ဘဲ….လုပ်နေရင်းအလုပ်မှာ အခွင့်အရေးရလာတတ်တယ်ဆိုတာပါပဲ။ PS. : အောင်မြင်ချင်တဲ့လူငယ်တွေအတွက်ရေး တာပါ..အောင်မြင်ပြီးသား လူတွေ မပါပါ။


Mon LayNovember 6, 20201min00
အဲ့စကားပုံလေးကို အကုန်လုံးသိကြမယ်ထင်ပါတယ်နော်..မိုးရွာနေတုန်း..ရေခံထားမှ..မိုးမရွာ   တော့ရင် ခံထားတဲ့ရေလေးနဲ့သုံးလို့ရမှာဖြစ်ပါတယ်..အဲ့လိုပဲ…ကံတွေကောင်းတုန်း..အချိန်တွေ.. အခွင့်ရေးတွေ ပေးတုန်းမှ အလုပ်ကြိုးစားလုပ်ထားမှ..ငွေရှာထားမှ တန်ရကြမယ်လို့ဆိုလိုတာပါ  အခုဆို တစ်ကမ္ဘာလုံးမှာ ကိုဗစ်ဖြစ်တော့ အလုပ်အကိုင်တွေ ပိတ်ရ..၀န်ထမ်းတွေကလည်း လစာလျှော့ခံရ..အလုပ်ပြုတ်နဲ့ အကျပ်အတည်းတွေကြုံနေရပါတယ်.. မွန်လေးအလုပ်ကလည်း အဲ့လို၀န်ထမ်းတွေအဆင်ပြေမှ..အလုပ်အကို်င်တွေကောင်းမှ..တစ်ဉီးနဲ့ တစ်ဉီးကလည်း စီးပွားရေးတွေက အမှီသဟဲပြုနေရတာမှတ်လား..အခုကအကုန်သူနီးပါးကျပ် ကုန်ကြတာပေါ့နော်…တော်သေးတာက မိုးရွာတုန်းရေခံလိုက်လို့..အခုခံသာနေပါတယ်… ရှာတုန်းမှာ အသေရှာတယ်…ညဘက်လည်းမိုးချုပ်တဲ့အထိအလုပ်လုပ်တယ်…အပြင်လည်း  ကိုယ်တိုင်သွားပြီးအလုပ်လုပ်တယ်..ကိုဗစ်သောင်းကျန်းနေလို့သာ.ပစ္ညည်းတွေကို deli အပ်တာ..  အ၇င်ကဆိုအပို၀င်ငွေရအောင် ကိုယ်ကိုယ်တိုင်ပစ္ညည်းပို့တယ်..နားရက်မထားဘဲနဲ့  ကိုကြိုးစားခဲ့တယ..အချိန်ပြည့်အလုပ်လုပ်နေခဲ့တာပေါ့ အခုကျ ကိုဗစ်ကဒုတိယလှိုင်းထပ်ဖြစ်တော့ ပထမလှိုင်းထပ် စီးပွားရေး သိပ်မကောင်းဘူး ..ဒါတောင်တတိယလှိုင်းထပ်လာမယ်တဲ့..အထူးဂရုစိုက်ကြပါ..အွန်လိုင်းမှာ လည်း ငွေလိမ်စားနေကြတဲ့သူတွေလည်းပေါလို့တဲ့…   အထူးဂရုစိုက်ပါ…သံသရာမှာထပ်ပြီးဆင်းရဲ   ဒုက္ခခံချင်ကြတယ်ထင်ပါရဲ့… အပိုငွေမသုံးဘဲ…စုကြပါ..လိုအပ်တာ၀ယ်ပါ..အဆင်ပြေတဲ့သူကတော့ လိုချင်တာ၀ယ်ကြပါ