မြစပဲရိုးNovember 29, 20141min023
ဒီ ခေါင်းစဉ် ကို “သူမ နဲ့ စက်ဝိုင်းများ” လို့ ပေးဖို့ကနေ နာမည် တတ်လိုက်တာက ဒီကိစ္စတွေ မဖတ်ချင် ရင် မဖတ်ဘဲ နေလို့ ရအောင်ပါ။မဟုတ်ရင် အချိန်ကုန် ခံ ဝင် နေရ မစိုး လို့။ ပြောရရင် ဒီရက် စိတ် ကို ဘယ်လိုအနေအထား မှာ ထားရမယ် မသိ။ ကိုယ်က သာ စိတ်မခိုင် သလို ဖြစ်နေပေါ့။ သူကတော့ သူ လုပ်နိုင်သမျှ တွေ ကို တတ်နိုင်သ၍ ခွန်အားအပြည့် နဲ့ လုပ် နေတော့တာ။ သူ့ တက်ကြွတဲ့ပုံရိပ် ကို ကြည့်၊ သူ့ရဲ့ ဇွဲမလျှော့ တဲ့ စကား တွေ ကြားပြီး […]


zaw winNovember 25, 20141min03
ကိုးလလွယ် ဆယ်လဖွား ကျေးဇူးကြီးလှတဲ့အမေ၊ သားတို့ သမီးတို့ လူလားမြောက်အောင် လုပ်ကိုင်ရှာဖွေ ပင်ပန်းခဲ့တဲ့အမေ၊ ဘဝရဲ့ဒဏ်ကိုခံစားနေရတဲ့ ငယ်စဉ်က ချောမောလှပခဲ့တဲ့အမေ၊ သားတို့ သမီးတို့ တလှည့်ပြုစုပါရစေ တစ်ခါပြန်ပြီး နွေးထွေးပါရစေ အမေမရှိမှ တမ်းတနေရမဲ့အစား သက်ရှိထင်ရှား အမေအားရှိအောင်ထားပါရစေ။ မင်းသုတ 21း30 PM 23.11.2014


zaw winNovember 16, 20141min06
ငါမရှိရင် မဖြစ်ဘူး ငါလုပ်မှ ဖြစ်မယ် မင်းတို့လူငယ်တွေ မသိပါဘူး မလုပ်တတ်ပါဘူး ငါနေရာပျောက်မှာစိုးလို့ ငါဆရာကြီး မလုပ်ရမှာစိုးလို့ ဖုံးကွယ်ကာ လူရှေ့ဟန်ဆောင် အတ္တကြီးသူများ လူငယ်တွေရဲ့ အနာဂတ်ဖျက်ဆီးသူ မဖြစ်ပါစေနဲ့ ရှေ့မှပိတ်ကာ လုပ်နေပြန်တော့ အနာဂတ်မဲ့ကာ ခံစားချက်ဖြင့် လမ်းလွဲကိုလိုက် စရိုက်ဆိုးများ ယနေ့ကမ္ဘာမှာ ပရမ်းပတာ ပြဿနာများစွာ အိပ်ကောင်းခြင်း အိပ်မရ အကျိုးဆက်များ ခံစားနေရ သဘောပေါက်သင့်ပါပြီ နောက်ဆုတ် နေရာပေး ထိန်းကျောင်း လမ်းညွှန်ပေးသင့်ပါပြီ။ မင်းသုတ 07း00 A.M 15.11.2014


zaw winNovember 16, 20141min01
ချစ်ရတဲ့သူရဲ့ ပူလောင် ပြင်းပြတဲ့ ရင်ခွင် နွေးထွေးတဲ့ ရင်ခွင် မိဘရဲ့ အေးမြတဲ့ အေးချမ်းတဲ့ ရင်ခွင် ဘယ်ရင်ခွင်မှာ နားနားပါ ခိုနားသူရဲ့ ဆန္ဒ အပေါ်မှာ မူတည်ပါသည်။ မင်းသုတ 22း30 P.M 13.11.2014


zaw winNovember 14, 20141min03
တကယ်တော့ ဒီပန်းကို လွယ်လွယ်နဲ့မရနိုင်ပါ။ အခက်အခဲတွေ ပြဿနာတွေ အသက် သွေး ချွေးတွေ ဘဝတွေ ရင်းခဲ့ပြီးမှ ပေးဆပ်ခဲ့ကြမှ ရခဲ့တာပါ၊ အောင်ပန်းကို ဆွတ်နိုင်ပြီဆိုတော့ ကမ္ဘာ့အလယ် အများအလယ်မှာ မော်ကြွားနိုင်ပြီပေါ့။ မင်းသုတ 22း00 P.M 13.11.2014


padonmarNovember 5, 20141min015
ကျမတို့ရဲ့ဆရာ ဦးထွန်းငြိမ်းမဆုံးမီ သူ့ရဲ့ ချစ်တပည့်တွေအတွက်ရေးခဲ့တဲ့ ရေးလက်စ အင်္ဂလိပ်ကဗျာလေး(My Line of Thought ,My Point of View )ထဲက စာတပိုဒ်ကို ကြိုက်လွန်းလို့ တတ်သလောက် မှတ်သလောက် ဘာသာပြန်ပေးချင်ပါတယ်။ ဆရာ့ဆိုလိုရင်းကို မမီသွားရင် ခွင့်လွှတ်ကြပါ။ မူရင်းအင်္ဂလိပ်ဘာသာက ရွှေခယ်ရတနာမဂ္ဂဇင်း စာမျက်နှာ ၂၂၆ မှာ ရှိပါတယ်။ ရှာဖတ်ကြည့်ပေးကြပါ။ ပြီးအောင်ရေးမသွားရပေမယ့် ရေးပြီးသမျှမှာတင် အဓိပ္ပါယ်ရော၊စကားလုံးရွေးချယ်သုံးစွဲမှုရော၊ကာရန်ပါလှလွန်းလို့ ခံစားကြည့်ကြပါ။ (မြို့ရဲ့ မျက်နှာစာအုပ်မှာတော့ ဆရာ့အကြောင်း အားလုံးသိပြီးမို့ မိတ်ဆက်ပေးစရာမလိုပေမယ့် ဒီရွာထဲမှာတော့ ကျမရဲ့ ဆရာအကြောင်း နည်းနည်းပြောပြချင်ပါတယ်။ ဆရာဦးထွန်းငြိမ်းတို့ ညီအကိုတွေဟာ အင်္ဂလိပ်စာ သိပ်တော်ပါတယ်။ သူတို့ငယ်ငယ်က ဦးထွန်းငြိမ်းအဘိဓာန်စာအုပ်ထူကြီးကို ကျက်ကြပါတယ်။သူတို့ စာကျက်ပုံက တနေ့ တမျက်နှာ ကျက်ပြီးရင် အဲဒီ စာမျက်နှာကို […]


padonmarOctober 31, 20141min021
ကျမနဲ့ ဦးနု ဦးနုကို ကျမစသိတာ အိုးဝေဂျာနယ်ထဲက ကာတွန်းရုပ်ပြောင်တွေထဲမှာပါ။ ပြည်ပြေးဦးနုက ပုတီးလုံးအကြီးကြီးနဲ့ စိပ်ပုတီးကြီးကို လည်မှာဆွဲပြီး တဖက်နိုင်ငံကိုပြေးတဲ့ ပုံနဲ့ လှောင်ပြောင်ထားတဲ့ ကာတွန်းဖြစ်ပါတယ်။ လူကို တွေ့ဖူးလိုက်တာကတော့ ကျမ ၆တန်းလောက်မှာ ဦးနုပြည်ပြေးရာက ပြန်လာပြီး ဝါးခယ်မဘုရားကြီးထဲမှာ ပူဇော်ဖို့ စွယ်တော်ပင့်လာပေးတုံးကပါ။ အိမ်ရှေ့က လူအုပ်ကြီးနဲ့အတူ ဖြတ်သွားတဲ့ ခေါင်းပေါင်းနဲ့ မျက်နှာဝိုင်းဝိုင်းလူကြီး၊သူ့ကို လူတွေက တရိုတသေနဲ့၊အိမ်ရှေ့ကအဖြတ် ကျမနဲ့အတူ ရပ်ကြည့်နေတဲ့ အဖေ့ကို ဂေါပကလူကြီးတွေက လက်ညှိုးညွှန်ပြီး မိတ်ဆက်ပေးသွားကြတယ်။ အဖေကလည်း ရိုရိုသေသေ ဦးညွတ်လို့။အဲဒီလူကြီးကလည်း ပြုံးပြ နှုတ်ဆက်သွားတယ်။ အော်……ပြည်ပြေးဆိုတာလည်း ရိုးရိုးလူလိုပါပဲလား…။ ကျမနဲ့ ကာမတဏှာစာအုပ် ပထမအကြိမ်တွေ့ဆုံခြင်း ကျမတို့ ၉တန်းစာမေးပွဲဖြေနေဆဲ Chemistry မဖြေရခင်ည စာကျက်နေတုန်း `မီးဗျို့….မီး…မီး´အော်သံနဲ့ သံချောင်းခေါက်သံတွေ ကြားလိုက်ရတယ်။ ကျမတို့နေတဲ့ […]


padonmarOctober 27, 20141min08
ကျမကျောင်းတက်နေတဲ့ ဓမ္မဗျူဟာရှိရာ ကြားတောရလမ်းထဲမှာ ရံဖန်ရံခါ လာရောင်းတတ်တဲ့ လက်တဖက်ပြတ် နေတဲ့ စာအုပ်ဟောင်းရောင်းသမား တယောက်ရှိပါတယ်။ သူ့ရဲ့စိတ်ဓာတ်ကို အားပေးတဲ့အနေနဲ့ တွေ့တိုင်း စာအုပ်ဝယ်အားပေးဖြစ်ပါတယ်။ ဩဂုတ်လထဲ တနင်္ဂနွေ တရက်မှာတော့ သူ့ဆီက စာအုပ် တော်တော်များများဝယ်ဖြစ်ခဲ့ပါတယ်။ အဲဒီစာအုပ်ဟောင်းလေးတွေထဲမှာ ဆရာကြီး ဦးအောင်သင်းရဲ့ စာပေရေးရာဆောင်းပါးများ ပါလာပါတယ်။ အဲဒီစာအုပ်ကို တပုဒ်စ နှစ်ပုဒ်စ အားသလို ဖတ်ရင်း ဆရာကြီးရဲ့ ဆောင်းပါးလေးတွေကို ချစ်ခင်သူများကို လက်တို့တို့ပြီး ဖတ်ခိုင်းချင်စိတ်ပေါက်မိပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း နီးရာဒါး ကြောက်ရသလို ပေါ်ပေါ်လာတဲ့ အလုပ်တွေက အရင်လုပ်ဖြစ်သွားတော့ ဆရာကြီးစာအုပ်အညွှန်းလေးဆီ လက်မရောက်နိုင်ဖြစ်နေပါတယ်။ဆရာကြီးက သူကြိုက်တဲ့ စာတွေကို ဘယ်လိုကောင်းကြောင်း ညွှန်းထားတာတွေ ဖတ်ရင်း အဲဒီထဲက မဖတ်ရသေးတာတွေဆို ပြေးဝယ်ချင်စိတ်၊ ဖတ်ပြီး သိပြီးသားတွေဆိုရင်လည်း အော်…ဒီစာတွေရဲ့ အရသာ […]


zaw winOctober 21, 20141min03
ဘတပြန် ကျားတပြန် ဇွဲစိတ်ကသန် မင်းလည်းလူ ငါလည်းလူပေမို့ ဘာမထီ မြန်မာပြည်သားဟေ့ စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်မယ်၊ မင်းဟာ အရာရာမှာ ငါ့ထက်သာပေမဲ့ စိတ်ဓာတ်ချင်းယှဉ် သေရင်သေပလေ့စေ အနိုင်မခံ အရှုံးမပေး ယှဉ်ပြိုင်ဝံ့တယ်၊ အောင်မြင်မှုမှာ သာယာ မာန်တက်လို့ အခြေမတင့်တဲ့ဘဝမှာ ငါမနေလို ပြိုင်ပွဲတိုင်းမှာ ရှုံးရှုံးနိုင်နိုင် ယှဉ်ပြိုင်ရမှာ ငါ့တာဝန်ပါ။ မင်းသုတ 08:25 AM 21.10.2014


zaw winOctober 17, 20141min02
တချိန်တခါတုန်းက— ငယ်ငယ်တုန်းက—- ကြားဖူးခဲ့သည်၊ ဒို့တွေပျော်ကြသည်၊ ဒို့မြန်မာနိုင်ပြီ သီချင်းလေးလိုက်ဆိုကြသည်၊ ပွဲတိုင်းကျော်တဲ့ ့မြန်မာတွေ အာရှပွဲတွေမှာ အနိုင်ရဗိုလ်စွဲသည်၊ ကမ္ဘာ့အိုလံပစ်ပွဲကို တက်လှမ်းခဲ့သည်၊ အချိန်ကာလ နှစ်ပေါင်းများစွာ ဘောလုံးပြိုင်ပွဲတိုင်း ရှုံးသည်၊ အော်— ဒီသီချင်းလေးရယ် ဘယ်တော့များ ကြားရပါ့မလဲကွယ်။ ဒို့မြန်မာတွေ မျက်နှာငယ်ခဲ့ရပြီ။ ဒို့လည်း အသက်တွေကြီးလို့ ၆ဝ ကျော်ခဲ့ပြီ။ လွမ်းဆွေးတမ်းတ နေကြရပြီ။ ဟော– အံ့ဖွယ်ပါတကား ယူ ၁၉ လူငယ်လေးများ ယူ ၂ဝ ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲကြီးကို ခြေစစ်ပွဲအောင်ကြပြီ။ ပျော်လိုက်သည့် ဖြစ်ခြင်း ကျွမ်းထိုးလို့သာ ကလိုက်ချင်သည် ဒို့မြန်မာနိုင်ပြီ သီချင်းလေးပြန်ကြားရပြီ။ (ယူ-၁၉ လူငယ်ဘောလုံးသမားလေးများအား လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။) မင်းသုတ 18း00 P.M 17.100.2014


ကျနော်တို့ ရွာထဲမှာဗျာ… စက်တင်ဘာတုန်းက တော်တော်များများ သေကြတယ်လေ။ ဘာပဲဖြစ်ဖြစ် ရှာဖွေပြီး ကောင်းသမျှလေးတွေ ညွှန်းလိုက်ပါတယ်ဗျာ။ ~~~~~~~~~~~~~ ၁)” မြန်မာနိုင်ငံရန်ကုန်မြို့လယ်က သမိုင်းအကြောင်းအပြည့်နဲ့အထင်ကရ Musmeah Yeshua Synagogue ဂျူးဘုရားကျောင်း” – အာဂ http://myanmargazette.net/203997 “အာဂရဲ့.. အင်တာဗျူးပညာနဲ့..သတင်း ရေးနည်းက.. ကမ္ဘာ့အဆင့်မှီနေတယ်…” ဆိုတဲ့ သူကြီးရဲ့ မှတ်ချက်ချမှု ရခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ ရန်ကုန်မြို့လယ်က Musmeah Yeshua Synagogue ဂျူးဘုရားကျောင်း ရဲ့ သမိုင်းကြောင်းကို အမေးအဖြေသဘောမျိုး မပေါ်စေပဲ ရေးသွားနိုင်တာမို့ စာကြမ်းပိုးတို့ အကြိုက်တွေ့မိပါတယ်။ . . . ၂) အကျူ ိးတူ = ??? – ဘဲဥ http://myanmargazette.net/204141 ပျောက်နေတာ ကြာပြီဖြစ်တဲ့ ဘဲဥရဲ့ […]


                                              ၁။ ဆရာသော်ဇင် ရဲ့ ကလောင်နာမည် ကိစ္စက စ မေးပါရစေ ။ သော်ဇင်(လွိုင်ကော်)ဆိုတဲ့ ကလောင်ကို ယူဖြစ်ခဲ့တဲ့ အကြောင်းရင်းခံလေး သိချင်ပါတယ်။ သော်ဇင် ဆိုတာ ဆရာ့ရဲ့ နာမည်အရင်းပဲလား။ ? အနောက်က လွိုင်ကော်ဆိုတဲ့ အထူးပြုစကားလုံးလေး ထည့်ဖြစ်တဲ့ အကြောင်းရင်း စသည်ဖြင့်ပေါ့။ ကလောင်နာမည်ကိုယူဖြစ်ခဲ့ပုံကပြောရရင် ဒီနာမည်က အမည်ရင်းမဟုတ်ပါဘူး။ နာမည်ရင်းက နေမျိုးအောင်ပါ။ ပထမရွေးချယ်ထားခဲ့တာတော့ နေသူ(လွိုင်ကော်)ဆိုတဲ့နာမည်ပါ။ ဒါပေမဲ့ […]


zaw winSeptember 24, 20141min03
– ရေအိုးလေးကို ရေဖြည့်တယ် ပြည့်နေတဲ့အိုးလေး လျှံကျတယ် ပိုနေတဲ့နေရ အကျိုးမဲ့ဖြစ်ပြီကွယ်၊ – မပြည့်တဲ့အိုးလေး ရှာဖြည့်တယ် တန်ဖိုးရှိတဲ့ရေ နေရာမှန်ရောက်ပြီကွယ်၊ – လောကလူ့ဘောင် လူသားအလယ် ပြည့်စုံသူကို ပိုပံ့ပိုးတယ် မပြည့်စုံသူများ ပစ်ပယ်ထား သတိတရားနဲ့ ဆင်ခြင်ဖွယ်။ မင်းသုတ 15:00 P.M 24.9.2014