ဘတပြန် ကျားတပြန်

zaw winOctober 21, 20141min03

ဘတပြန် ကျားတပြန်
ဇွဲစိတ်ကသန်
မင်းလည်းလူ ငါလည်းလူပေမို့
ဘာမထီ မြန်မာပြည်သားဟေ့
စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်မယ်၊
မင်းဟာ အရာရာမှာ ငါ့ထက်သာပေမဲ့
စိတ်ဓာတ်ချင်းယှဉ် သေရင်သေပလေ့စေ
အနိုင်မခံ အရှုံးမပေး ယှဉ်ပြိုင်ဝံ့တယ်၊
အောင်မြင်မှုမှာ
သာယာ မာန်တက်လို့
အခြေမတင့်တဲ့ဘဝမှာ
ငါမနေလို
ပြိုင်ပွဲတိုင်းမှာ
ရှုံးရှုံးနိုင်နိုင်
ယှဉ်ပြိုင်ရမှာ ငါ့တာဝန်ပါ။

မင်းသုတ
08:25 AM
21.10.2014

3 comments

  • Mr. MarGa

    October 21, 2014 at 1:06 pm

    ယှဉ်ပြိုင်ခြင်းသာ
    အဓိက…….

    Reply

  • kai

    October 21, 2014 at 1:28 pm

    ကျွန်တော်တို့ ဗမာတွေမှာ စောက်ကျင့်တစ်ခုရှိတယ်။ ဘာစောက်ကျင့် တစ်ခုရှိလဲဆိုရင်၊ ဒါကလည်းဘဲ ကျွန်ဖြစ်ခဲ့ကြရတဲ့အတွက် ဖြစ်ချင်ဖြစ်မယ်။ ဘာလဲဆိုတော့ ကျွန်တော် ဂျပန်ခေတ်တုန်းက ပုသိမ်ဘက်ကိုသွားတဲ့ အခါလှေပြိုင်ပွဲ တစ်ခုရှိတယ်။ လှေပြိုင်ပွဲလုပ်တဲ့ အခါမှာ ဘာဖြစ်လဲဆိုတော့ လှေနှစ်စင်းပြိုင်တဲ့အခါမှာ နိုင်တဲ့ အစင်းက ပန်းတိုင်မရောက်သေးဘူး ရှေ့ကိုနဲနဲရောက်တယ် ဆိုယင်ဘဲ တက်ထောင်တယ်၊ ကြွားတယ်။ တခါ ရှုံးတဲ့နောက်ကနေတဲ့ လှေကလဲဘဲ ပန်းတိုင်းမရောက်သေးဘူး၊ မကြိုးစားချင်တော့ဘူး၊ ရှုံးတော့မှာပါဘဲကွာ ဆိုပြီး ခြေပစ် လက်ပစ်နဲ့ တယ်မခတ်ချင်တော့ဘူး။ ဒါဟာ ဘာလဲဆိုရင် တကယ့် တိုင်းပြည်ထူထောင်တဲ့ နေရာမှာ လွတ်လပ်တဲ့ လူမျိုးနဲ့ ထိုက်တန်တဲ့ စိတ်ဓါတ်မျိုး မဟုတ်ဘူး။ ဒီစိတ်ဓါတ်မျိုး ရှိနေသမျှကာလပတ်လုံး ကျုပ်တို့ ဗမာတွေ ကျွန်ဖြစ်နေမှာဘဲ။

    — ဗိုလ်ချုပ်အောင်ဆန်း

    Reply

Leave a Reply

Your email address will not be published.