KyaemonSeptember 22, 201232min03
       ဒေါ်စုရောက်ခဲ့တဲ့ အင်ဂလန် ပါလီမန်လွှတ်တော်ကိုဆက်လက်ပြီးလေ့လာကြရအောင်                      ပါလီမန်လွှတ်တော်ကို Westminster နန်းတော် လို့လဲခေါ်တာပါ ညရှူခင်းလဲ လှပ ခန့်ညားတာပါ Parliamentary estate – a set on Flickr http://www.flickr.com/photos/uk_parliament/sets/72157615884831971/  Thames မြစ်ပေါ်က  တံတားနဲ့ကမ်ဘာကျော် Big Ben နာရီစင် လဲ ပါဝင်တာ Slideshow ဆလိုက်ရှိုးကြည့်ဘို့ link လင့်ခ ကိုနှိပ်ပါ Parliamentary estate http://www.flickr.com/photos/uk_parliament/sets/72157615884831971/show/ OFFICIAL GUIDE    ပါလီမန်လွှတ်တော်က တရားဝင်လမ်းညွှန်စာအုပ် ILLUSTRATION OF WESTMINSTER […]


koko chitSeptember 16, 20121min04
အင်း  အချိန်တွေတောင်တော်တော်ကိုကြာသွားပါပြီလား ကျွန်တော်တို့ရခိုင်ပြည်နယ်မှာပေါ့ဗျာ …….  ဆယ်တန်းအောင်စာရင်းထွက်ပြီးနောက်နှစ်ရက်ကပေါ့ဗျာ……………. အော် ဆယ်တန်းလေးပြီးပါတယ်  .. သူငယ်ချင်းတွေနဲ့ပျော်ရမလားလို့ စိတ်ကူးထားတာ သွားပါလေရောဗျာ………… အစက စိတ်ကူးထားတာကတော့သူငယ်ချင်းတွေနဲ့ပျော်မယ်ပေါ့  စာမေးပွဲအောင်စာရင်းထွက်ရင် ….အခုတော့ပျော်မလို့လုပ်တုန်းရှိတယ်  သွားပါလေရော မာရှယ်လော နဲ့ 144 ထုတ်လိုက်တာ… ဘယ်တတ်နိုင်မလဲလေ…..ကျွန်တော်တို့ကိုမှရွှေးပြီးကံဆိုးတာကိုး………….. အရင်တုန်းကဆိုရင် ညဘက်ဆိုရင်စည်ကားနေတဲ့သံတွဲမြို့ကြီးလည်း အခုတော့မွဲခြောက်ခြောက်နဲ့ဗျာ………. အော် လက်လုပ်လက်စား အောက်ခြေလူတန်းစားတွေလဲ သနားပါတယ်ဗျာ သူတို့ခမျာ တစ်နေကုန်အလုပ်လုပ်ပြီး ညဘက်တွေမှ နားကြရတာလေ အဲလိုနားကြတဲ့အချိန်မှာလဲ တီဗွီလေးကြည့် လ္ဘက်ရည်လေးသောက်ပေါ့ဗျာ။ အခုတော့ ညဘက်တွေဆိုရင်သူတို့တွေမှာ ပျင်းစရာကောင်းနေမှာပဲဗျာ… သူတို့တွေမှာကတီဗွီ မဝယ်နိုင်ကြဘူးလေဗျာ…….. ကိုယ်စားဖို့တောင်မှ အနိုင်နိုင်လေ  ..တစ်ရက်လုံး ကို နှဖူးကချွေးခြေမ   ကျအောင်လုပ်ရတယ်လေ ဘယ်လိုလုပ်ဝယ်နိုင်မှာတုန်း အဲလို သူတို့တွေမကြည့်ကြတဲ့အခါလဲ ဆိုင်တွေဒုက္ခရောက်ပြန်ရော သူတို့တွေကိုမှီပြီဖွင့်ထားရတာတွေလေ….. ဆိုင်တွေမှာလဲ အရောင်းပါးတော့ သူတို့ခမျာတွေလဲစိတ်ညစ်ကြတာပေါ့ဗျာ……… ပြီးခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးလဲ  […]


htet waySeptember 12, 20121min03
ဆရာကြီး ဝမ်းအိုဝမ်းကျော်ဝင်းမောင် အကြောင်း လျှပ်တစ်ပြက်ဂျာနယ်မှာ ဆရာအောင်ဝေးက ဆရာကြီး နာမကျန်း ဖြစ်နေတာကို စိုးရိမ်ကြောင်း ကဗျာတစ်ပုဒ်နဲ့ ဖေါ်ကြူးတယ်။တကယ်တော့ ဆရာအောင်ဝေးပြောသလို ပြည်တွင်းက မွတ်စလင်စစ်ကြီး အဘ ဝမ်းအိုဝမ်းကျော်ဝင်းမောင် ကို ကျွန်တော်က အလွန် သဘောကျခဲ့တယ်။ လူချင်းလည်း ရင်းနှီး တယ်။ သူ့ရဲ့ စွန့်စား ခန်းတွေကို သဘောကျတယ် ။တကယ်တော့ နိုင်ငံဂုဏ်ရည်ဘွဲ့ရဖို့ ဆိုတာ လွယ်လွယ်တော့ မဟုတ်ပေဘူး။တော်လှန်ရေးကာလက အမေရိကန် ဝမ်းအိုဝမ်း တပ်တွေ ကိုရိန်းဂျားတပ် ( Ranger)လို့ ခေါ်ကြတယ်။အဲ့ဒီတပ်ထဲ ဗမာ၊ရှမ်း၊ ဗမာမွတ်စလင်တွေပါတယ်။“ အမေရီကန် ဝမ်းအိုဝမ်းအဖွဲ့နဲ့ ဗြိတိသျှ ဖို့ဒ် ၁၃၆ တပ်ဖွဲ့တွေဟာ စစ်အောင်နိုင်ရေး အတွက် အရေးကြီးတဲ့ နိုင်ငံရေးပြဿနာများ၊ ထောက်လှန်းရေးပြဿနာများကို အဓိက ထားတဲ့ ဆောင်ရွက်ကြတဲ့ […]


SawAungSeptember 6, 20121min016
အဟမ်း…….အဟမ်…။ ဟုတ်ကဲ့ မိတ်ဆက်ဖို့ပေးသွားတဲ့အတွက် ဒီနေ့မှပဲ မိတ်ဆက်လိုက်တော့မယ်ဗျာ။ း) ကျွန်တော်နာမည်အောင်မိုးသူူပါခင်ဗျ။  ကျွန်တော် ဂျီမေးလ်လေးကတော့ aung.moethu1@gmail.com ပါ ခင်ဗျာ။ ကျွန်တော် ဖေ့ဘွတ်(ဖွဘုတ်) း) ကတော့ http://www.facebook.com/suushaaungmoethu ပါ ခင်ဗျာ။ ကျွန်တော် စာရေးသူ (စာရေးဆရာ မဖြစ်သေးပါ) တစ်ယောက်ပါ။ း) ကျွန်တော် professional အလုပ်ကတော့ Graphic Designer လုပ်ပါတယ်။ း) ကျွန်တော့်ရဲ့ ဘလော့လေးကတော့ http://www.aungmoethu.blogspot.com  ပါခင်ဗျာ။ း) ကျွန်တော် ကဗျာတွေရေးပါတယ် ရသဝတ္တုတွေရေးပါတယ် ကျတော်သတင်းမရေးပါဘူးခင်ဗျာ။ း) လိုအပ်တာလေးတွေရှိရင်လည်း ဝေဖန်အကြံပြုဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ ကျတော့်ကလောင်နာမည်ကလည်း အောင်မိုးသူပါပဲ နာမည်အရင်းကလည်း အောင်မိုးသူပါပဲခင်ဗျာ။ ရန်ကုန်လာရင် ကျတော့်ဖုန်းလေးသာဆက်လိုက်ပါ… ဧည့်ဝတ်ကျေပါ့မယ် ဟဲဟဲ။ ဒီနေ့ညတော့ ကျတော်မန်းလေးကို သွားဖိုကရှိပါတယ်။ း) သိချင်တာလေးတွေရှိရင် မေးမြန်နိုင်ပါသေးတယ်။ မိတ်ဆက်တာလည်း စုံလောက်ပီထင်ပါတယ်..။ တတာနော်…….. း)။   အောင်မိုးသူ


MH KSeptember 4, 20121min013
မန်းတလေးဂေဇက်က အစ်ကို အစ်မ ညီငယ်ညီမ အားလုံး ကို မင်္ဂလာပါလို့ ပြောခွင့်ပြုပါ ကျွန်တော့်နာမည် kmh ပါ ကျွန်တော့် အလုပ်ကတော့ အကျိုးဆောင်တစ်ယောက်ပါ ကျွန်တော် မန်းတလေးဂေဇက်ကို အားရင်အားသလို ဖတ်ဖြစ်ပါတယ် အခုတော့ ကျွန်တော် ရေးစရာ ကွန်မင့်ပေးစရာတွေ ရှိလာပြီမို့ ရွာသားအဖြစ် မှတ်ပုံတင်လိုက်ပါပြီ ဒီနေ့ကစလို့ ကွန်မင့်တွေရေးမယ် ပိုစ့်တွေတင်ပါတော့မယ် အားလုံး အားပေးဝေဖန်ပေးကြပါဦး အားလုံးကို လေးစားခင်မင်စဖြင့် kmh


KyaemonAugust 27, 20127min05
      ၂၀၁၂ ဩဂုတ်လ၂၆ရက်နေ့က Canada Women Open Golf ကနေဒါနိုင်ငံမှာ ကျင်းပတဲ့ ကမ်ဘာ့အမျိုးသမီး ဂေါက်သီးရိုက်ဗိုလ်လုပွဲမှာ  တောင်ကိုရီးယားဇာတိနွယ် နယျူးဇီလန်သူ ၁၅ နှစ်အရွယ်ရှိ Lydia Ko က အနိုင်ရခဲ့တာ၊ ဒီလိုနိုင်တာဟာ အသက်အငယ်ဆုံးဖြစ်လို့ ကမ်ဘာ့စံချိန်ကိုချိုးလိုက်တာ၊ အာရှသူအာရှသား အနေနဲ့အတုယူစရာ၊အားတက်စရာပါ၊ Lydia တို့လို ကိုယ်ကြိုးစားရင် ကိုယ်လဲရနိုင်တာပါ    ပုံတွေကိုရှုစားကြပါ 15-year-old Lydia Ko becomes youngest winner in LPGA history | Devil Ball Golf – Yahoo! Sports http://sports.yahoo.com/blogs/golf-devil-ball-golf/15-old-lydia-ko-becomes-youngest-winner-lpga-011315672–golf.html ……Ko not only became the youngest […]


htet wayAugust 21, 20121min07
ဝမ်းအိုဝမ်း ကြီး သူရဲကောင်းကြီး ကျန်းမာပါစေ မြန်မာပြည်ရဲ့ အနောက်မှာ ရိုဟင်ဂျာ ပြဿနာ က ကြီးထွားလာတော့ အစွန်းရောက်တွေကလည်း အကြမ်း ဖက် ဖို့ ခြိမ်းခြောက်လာကြတယ်။ တာလီဘန်၊ နောက် ..အင်ဒိုက အဘူဘာကာဆိုလားပဲ။ ပြည်တွင်းနေ မြန်မာမွတ်စလင် တွေကတော့ ငြိမ်းချမ်းမူကိုပဲ လိုလားတယ်။အဲ့ဒီ အကြမ်း ဖက်မူတွေဟာ မြန်မာမွတ်စလင်တွေနဲ့ လုံးဝမသက်ဆိုင်တဲ့ အပြင် ဆန့်ကျင်ပါကြောင်းး၊ရှုံ့ချပါကြောင်း လည်း မြန်မာ မွတ်စလင် အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေက ပြောဆိုနေကြတယ်။ ဒါနဲ့ ပတ်သက်ပြီး ကဗျာဆရာအောင်ဝေးက လျှပ်တစ်ပြက်ဂျာနယ်မှာ ကဗျာ တစ်ပုဒ်ရေးပါတယ်။ကဗျာအမည်က “ တစ်အချက်ဆန့်ကျင်တယ် ၊နှစ်အချက်မကြောက်ဘူး” တဲ မြန်မာပြည်ကို ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့ လေသေနတ်ပစ်နေတဲ ့ ခြိမ်းခြောက်မှုတွေကို မကြောက်ဘူးလို့ ဆရာက ဆိုလို […]


  ရက်ကိုလစား၊လကိုနှစ်စား သက္ကရာဇ်တွေပြောင်းသွားခဲ့တာ…ေဩာ်..ငွေရတုတောင်ရောက်ပါရော့လား… တစ်ချိန်တုန်းကနုပျိုလန်းစန်းခဲ့တဲ့ ငါ့ရုပ်သွင်ပြင်လည်း… ဇရာရိုက်ချိုးလို့ ဆံဖြူသွားကျိုးခဲ့ပြီ… လက်သီးကိုဆုပ် အားကုန်ထုတ်ကာ ခေါင်းကိုမော့ ရင်ကိုကော့၍ မာန်ဟုန်ပြင်းနှင့် ရှေ့သို့ချီမည် ငါတို့ ခွပ်ဒေါင်းအာဇာနည်… ကဗျာမပီစာမမှီ ရေးဖွဲ့ခဲ့သည် စာစုလေးပင် ဖြစ်လင့်ကစား ရင်တွင်းပေါက်ဖွား ငါ့ရဲ့သံစဉ်များ… ယနေ့(ဩဂုတ်လ၊ရ ရက်နေ့)ညနေ၄း၃ဝ နာရီက ၈၈၈၈အရေးတော်ပုံငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားအတွက် ပြင်ဆင်နေချိန်တွင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော စက်မူဝန်ကြီးဌာနဝန်ကြီး ဦးစိုးသိန်းနှင့် မီးရထားပို့ဆောင်ရေးဌာနဝန်ကြီး ဦးအောင်မင်းတို့သည် အခမ်းအနားကျင်းပမည့် မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊အလယ်တိုက်ကြီး၊ဒက္ခိဏရာမဘုရားကြီးကျောင်းတိုက်သို့ရောက်ရှိလာကာ ကျောင်းထိုင်ဆရာတော်များ အားဂါရဝပြုပြီးနောက် ၈၈မျိုးဆက်ကျောင်းသားခေါင်းများနှင့်ရင်းနှီးစွာတွေ့ဆုံခဲ့ကြသည်။ထိုသို့တွေ့ဆုံရာတွင် မနက်ဖြန်မှာပြုလုပ်မည့် ရှစ်လေးလုံးအခမ်းအနားအတွက် ၎င်းတို့ရောက်ရှိလာရခြင်းဖြစ်ကြောင်း၊ထိုသို့လာရောက်ရန်အတွက် သမ္မတကြီးထံခွင့်တောင်းပြီးနောက် သမ္မတ၏ခွင့်ပြုချက်ဖြင့်လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ဒါကြောင့်မနက်ဖြန်တွင် ကျင်းပပြုလုပ်မည့် ရှစ်လေးလုံးနေ့အခမ်းအနားကို ပြည်ထောင်စုအစိုးရအဆင့်အဖွဲ့မှခွင်ပြုလိုက်ခြင်းဖြစ်ကြောင်းတို့ကို ဝန်ကြီး ဦးစိုးသိန်းမှာပြောကြားခဲ့ပြီး ဆရာတော်ကြီးများအတွက် နဝကမ္မအလှူငွေ ကျပ်နှစ်သိန်းနှင့် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့သို့ အလှူငွေ ကျပ်ဆယ်သိန်းတို့ကို  ဝန်ကြီးနှစ်ဦးမှပေးအပ်သွားခဲ့ပါသည်။အဆိုပါလက်ခံရရှိငွေ […]


KyaemonAugust 6, 201222min00
      Switzerland ဆွစ်စလန်နိုင်ငံရဲ့ ဘေးပတ်ပတ်လည်မှာ အခြားနိုင်ငံတွေကဝိုင်းရံထားလို့    landlocked  “ပိတ်ဆို့” ခံရတဲ့အနှုတ်ပြ ပထဝီအနေအထားရှိတာ၊        သို့ပေမဲ့လဲ အခြားနိုင်ငံနဲ့တဲ့အောင်ပေါင်းနိုင်ရုံမကဘဲ၊   ကိုယ့်လူမျိုးစုအလုံးစုံကို “သာတူညီမျှ”ဆက်ဆံခါ  တဲ့အောင်ပေါင်းနိုင်တာ ကြောင့်၊   ဆွစ်နိုင်ငံဟာ ဥရောပတိုက်က ရာချီနှစ်ပေါင်းတောက်လောင်ခဲ့တဲ့  စစ်မီးအဟုန်ကြီးတွေနဲ့ စစ်ဒဏ်ရာဒဏ်ချက်တွေကိုတော်တော်ရှောင်ရှားကျော်လွှားနိုင်ခဲ့တာ၊        Switzerland – Wikipedia, the free encyclopedia http://en.wikipedia.org/wiki/Switzerland —– Switzerland (German: Schweiz[note 3] [ˈʃvaÉŞts]; French: Suisse [sÉĽis(ə)]; Italian: Svizzera [ˈzvitÍĄsːɛra]; Romansh: Svizra [ˈʒviːtsrɐ] or [ˈʒviːtsʁːɐ], […]


အာဂAugust 1, 20121min016
မြန်မာသမိုင်းမှာ အဆိုးဆုံးသောအမည်းစက်တစ်ခု ဖြစ်တဲ့ ဖြစ်ရပ်ကတော့ ကနောင်မင်းသားကြီး လုပ်ကြံခံရတဲ့နေ့ပဲဖြစ်ပါတယ်။ နှစ်တွေ၊လတွေ ဘယ်လောက်ကြာကြာ သမိုင်းကတော့ ပျောက်ပျက်သွားမှာမဟုတ် ပါဘူး။ဒီတော့ သမိုင်းအကြောင်း သိဖို့ အခုလိုတင်ပြလိုက်ပါတယ်။ ဩဂုတ်လ ၂ရက်နေ ့ကကနောင်မင်းသားကြီးလုပ်ကြ ံခံရတ ဲ ့၁၄၆နှစ်ပြည် ့ဖြစ်ပါတယ်..အဲဒီအထိမ်းအမှတ်ပွဲကိုတော ့မန်းမှာကျင်းပါမှာဖြစ်တယ်လို ့ ကနောင်မင်းသားကြီးရ ဲ ့ဆွေတော်မျိုးတော်တစ်ဦးပြောပါတယ်။ “နိုင်ငံကိုတည်ထောင်တဲ ့လူတွေကိုတော ့နိုင်ငံသူနိုင်ငံသားအားလုံးကအမှတ်ရပြီးကျေးဇူးတင်နေတာကောင်းတာပေါ ့. .လူသားတစ်ယောက်ဖြစ်ပေမယ် ့သာမာန်လူတွေထက်စွန် ့စားထူးကဲပြီးနိုင်ငံအတွက်ရှေ ့ရောက်အောင်ဘေးကျပ်နံကျပ်တွေကြားထဲကရုန်းကန်ခဲ ့ရတဲ ့လူတွေကိုတော့ ့ကျေးဖူးတင်ထိုက်တာပေါ ့..”.လို ့အမည်မဖော်လိုတဲ ့ဆွေတော်မျိုးတော်တစ်ဦးကပြောပါတယ်။ .ကနောင်မင်းသားကြီးကတော ့၂.၈.၁၈၆၆မှာလုပ်ကြံခံခဲ ့ရတာဖြစ်ပါတယ်…


mamanoyarAugust 1, 20121min012
အေးစက်တဲ့လေနဲ့တွေ့ထိလိုက်တော့မှ……သူ့တစ်ကိုယ်လုံးလန်းဆန်းသွားသလိုထင်လိုက်ရ၏ ..အရင်ရက်ပေါင်းများစွာကသူကအိပ်မောကျနေသည့်နှယ်….ယခုတော့ကမ္ဘာမြေကြီးပေါ်သူ ဆင်းသက်ခွင့်ရပြီဖြစ်၏….ကမ္ဘာမြေပေါ်ရောက်ရောက်ခြင်းသူအငမ်းမရတောင့်တမိသည်ကသူ့ မိခင်၏နို့ရည်ပင်…သူ့မိဘတွေကဒီအိမ်ကြီးမှာအခိုင်းအစေတွေဖြစ်၏….သခင်နှစ်ပါးကတော့ဒီ အိမ်ကြီးမှာဩဇာအာဏာအရှိဆုံးပင်…..တိုက်တိုက်ဆိုင်ဆိုင်သူမွေးသည့်နေ့မှ…သခင်မကြီးမှာ လဲသားယောက်ျားလေးမွေးသတဲ့….သခင်ကြီးရဲ့မျက်နှာပြင်မှာဖြစ်ပေါ်နေတဲ့ဝမ်းသာမှုတွေက.. ဘာနဲ့မှဖုံးဖိလို့မရပါဘူး…..သခင်ကြီးကတော့သူနှင့်သားလေးတစ်ပြိုင်တည်းတစ်ချိန်တည်းမွေး သည့်အတွက်…အလုပ်သမားအားလုံးကိုခွင့်ပေးပြီး…အစားအသောက်များကျွေးမွေး၏….ဒီလိုနဲ့ သခင်တို့တစ်အိမ်လုံးအပျော်ကြီးပျော်နေကြလေ၏…. ဒီလိုနဲ့သူသိတတ်စအရွယ်ကစပြီး မိဘများနှင့်ညနေပိုင်းတွင်သာတွေ့ရ၏..မိဘများသည်သခင် များအတွက်မနက်နှင့်နေ့လည်ပိုင်းတွင်အလုပ်လုပ်ပေးရသည်…..ညနေစောင်းမှနားခွင့်ရ၏…. သူလမ်းလျှောက်နိင်သောအရွယ်သို့ရောက်သောအခါ မိဘများအလုပ်လုပ်သောနေရာသို့လိုက် ခွင့်ရ၏…မျက်စိတဆုံးကျယ်ပြန့်သောလွင်ပြင်ကြီး….စိုက်ပျိုးခင်းတွေနှင့်မိုးကောင်းကင်ကြီးကို ကြည့်ကာ..သူအပျော်ကြီးပျော်နေမိ၏….မိဘများသည်သခင်တို့အတွက်အားကြိုးမာန်တက်အ လုပ်လုပ်ပေးကြသည်ကိုလည်းတွေ့မြင်ရ၏…သူရဲ့စိတထဲမှာတော့ သူလည်းအလုပ်လုပ်နိင် သောအရွယ်ရောက်လျှင် သခင်တို့အတွက်အလုပ်လုပ်ပေးရမည်ဟု စွဲမှတတ်ယူထား၏…… ဒီလိုနဲ့တစ်နေ့မှာတော့သူ့ကိုနားဖားကြိုးထိုးမည်ဟုဆိုကာတစ်နေရာသို့ခေါ်ဆောင်သွား၏….. နာကျင်တဲ့ဝေဒနာကိုကျိတ်မှိတ်ခံစားရင်း သခင်တို့ပြုသမျှသူနုခဲ့ရသည်…..အဲဒီနေ့နောက်ပိုင်း မှာတော့သူမိဘများနှင့်အတူ သခင်တိ့ိုအတွက်တစ်နိင်တစ်ပိုင်အလုပ်ဝင်လုပ်ပေးရ၏….ဒီ တော့မှဆင်းရဲပင်ပန်းခြင်းဆိုသည်ကိုသူစတင်ခံစားမိလာ၏……ဒါပေမယ့်မိဘတွေတောင်လုပ် ပေးသေးတာဘဲသူလဲလုပ်ပေးရမည်ဟုခံယူကာ မငြီးမညူလုပ်ဆောင်ပေးခဲ့၏………. လတွေနှစ်တွေကုန်ဆုံးပြီးတစ်နေ့သောညနေနေဝင်ရီတရောအချိန်မှာပေါ့….သခင်တို့၏စကား သံကိုသူအတိုင်းသားကြားနေရ၏…. ” ရှင်မရယ်…ဒီနွားမကြီးကအိုနေပါပြီကွာ…ကိုသောင်းတို့ ပြောတဲ့ဈေးနဲ့ဘဲရောင်းလိုက်ရအောင်ကွာ….” “ အိုတော်…သူတို့ကဈေးနှိမ်လွန်းအားကြီးပါတယ် ကိုယ့်ဘာသာ ဖျက်ပြီး..ရောင်းရင်တောင်ဒီ ထက်မြက်တယ်” “ တော်ပြီကွာမင်းနဲ့မပြောတော့ဘူး..ပြောလိုက်ရင်ဒီအတိုင်းကြီးဘဲ …” အမှန်တော့ဒီစကားတွေကအတိအကျဘာကိုဆိုလိုမှန်းသူသိပ်မသိခဲ့….အဲဒီညမှာတော့မိခင် မျက်ရည်ကျတာကိုတော့မြင်လိုက်မိ၏…..နောက်တစ်နေ့မှာတော့မိခင်ကိုမနက်စောစောလူ နှစ်ယောက်ကလာရောက်ခေါ်ဆောင်သွားခဲ့သည်..အဲဒီတုန်းကမိခင်ကသူ့ကိုကြည့်ခဲ့သော အကြည့်ကိုသူမေ့မရနိုင်ခဲ့…..ထိုအကြည့်ကလဲ ..သူနဲ့မိခင်နောက်ဆုံးခွဲခွာရမည့်အထိမ်းအမှတ် မှန်းသူမသိခဲ့ပေ… ဒီလိုနဲ့ဘဲနောက်ရက်တွေမှာမိခင်ကိုသူမတွေရတော့ပေ…သူယူကြုံးမရခံစားခဲ့ရသည်….ပျင်းရိ ငြီးငွေ့ဖွယ်နေ့ရက်များအား..သခင်တို့အတွက်လုပ်ဆောင်ပေးရင်းနှင့်သူလုပ်ဆောင်ပေးရင်း ကုန်ဆုံးစေခဲ့သည်…ဒီလိုနဲ့…ဒီလိုနဲ့ဘဲ……………….. သူ့အသက်အရွယ်လည်းတစ်ဖြည်းဖြည်းကြီးရင့်လာခဲ့သည်……သူနဲအတူကြီးပြင်းခဲ့သော…ဒီ လောကကြီးထဲသို့တစ်ရက်တည်းရောက်ရှိခဲ့သော…သခင်၏သားလေးသည်ပင်..လူပျိုပေါက် အရွယ်ရောက်ခဲ့၏…တစ်နေ့တော့သူ..အလုပ်ခွင်ထဲတွင်ခြေချောင်းဒါဏ်ရာရခဲ့၏….သူထိုနေ့ မှစတင်ပြီး […]


PareByokeAugust 1, 201221min06
လန်ဒန်အော်လံပစ်ဖွင့်ပွဲမှာပါဝင်ချီတက်လာတဲ့ မြန်မာအားကစားအဖွဲ့ဓာတ်ပုံတွေပါ (ကိုသူ့ဝေနဲ့ဂေဇက်ရွာသားများအတွက်ရှာရှာဖွေဖွေ ရတာလေးကိုတင်ဆက်လိုက်တာပါ)   LONDON, ENGLAND – JULY 27: Zaw Win Thet of the Myanmar Olympic athletics team carries his country\’s flag during the Opening Ceremony of the London 2012 Olympic Games at the Olympic Stadium on July 27, 2012 in London, England. – Myanmar Images: Firstpost Topic http://www.firstpost.com/topic/place/myanmar-london-england-july-27-zaw-win-thet-of-the-my-image-06ay69Q5H7clB-3445-1.html    Myanmar\’s flagbearer Zaw Win […]


Mon LayJuly 30, 20122min04
နန်းကျောင်းဆရာတော်သည် ပါဠိစာပေသင်ရိုးကျမ်း ဖြစ်သော သဒ္ဒါကျမ်းကို နိဿယ ပြန်ဆိုတော်မူသဖြင့် ထင်ရှားလာသော ဆရာတော် ဖြစ်သည်။ ဆရာတော်၏ နိဿယကျမ်း ကြီးမှာ ကောင်းမွန် မြင့်မြတ်လှသဖြင့် ခေတ်အဆက်ဆက် စာသင်သားတို့၏ လက်သုံးကျမ်းကြီး တစ်ဆူ ဖြစ်ခဲ့ပေသည်။ ထို့ကြောင့် သင်္ဂြိုဟ် ဗားကရာ ၊ သဒ္ဒါ နန်းကျောင်း ဟူ၍ ရှေးသူဟောင်း တို့ ဆိုစမှတ်ပြုကြလေသည်။ ဆရာတော်သည် ပြည်မင်း၏ အမတ်ကြီးဖြစ်သော နေမျိုးနော်ရထာ၏ သားဖြစ်၍ မှူးမတ်မျိုးနွယ်မှ မွေးဖွားလာသူ ဖြစ်သည်။ မွေးဖွားရာ ဒေသကိုမူ တိကျစွာ မတွေ့ရသေးချေ။ အချို့မူ၌ ပခန်းကြီးကျေးလက် ဘလဘရွာသားဟု ဆိုကြသည်။ ဖွားသက္ကရာဇ်ကိုမူ မှန်နန်း ရာဇဝင်တော်ကြီး-တတိယတွဲ၌ သက္ကရာဇ် ၁ဝဝ၆-ခု၊ တပေါင်းတွင် သာလွန်မင်းတရား ကြီးသည် သုဓမ္မာဇရပ်တော်သို့ ထွက်တော်မူပြီးလျှင် […]