aung moe thu ကျတော် အောင်မိုးသူ ရဲ့ မိတ်ဆက်စာ

SawAungSeptember 6, 20121min016

အဟမ်း…….အဟမ်…။ ဟုတ်ကဲ့ မိတ်ဆက်ဖို့ပေးသွားတဲ့အတွက် ဒီနေ့မှပဲ မိတ်ဆက်လိုက်တော့မယ်ဗျာ။ း)

ကျွန်တော်နာမည်အောင်မိုးသူူပါခင်ဗျ။  ကျွန်တော် ဂျီမေးလ်လေးကတော့ aung.moethu1@gmail.com ပါ ခင်ဗျာ။

ကျွန်တော် ဖေ့ဘွတ်(ဖွဘုတ်) း) ကတော့ http://www.facebook.com/suushaaungmoethu ပါ ခင်ဗျာ။

ကျွန်တော် စာရေးသူ (စာရေးဆရာ မဖြစ်သေးပါ) တစ်ယောက်ပါ။ း)

ကျွန်တော် professional အလုပ်ကတော့ Graphic Designer လုပ်ပါတယ်။ း)

ကျွန်တော့်ရဲ့ ဘလော့လေးကတော့ http://www.aungmoethu.blogspot.com  ပါခင်ဗျာ။ း)

ကျွန်တော် ကဗျာတွေရေးပါတယ် ရသဝတ္တုတွေရေးပါတယ် ကျတော်သတင်းမရေးပါဘူးခင်ဗျာ။ း)

လိုအပ်တာလေးတွေရှိရင်လည်း ဝေဖန်အကြံပြုဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

ကျတော့်ကလောင်နာမည်ကလည်း အောင်မိုးသူပါပဲ နာမည်အရင်းကလည်း အောင်မိုးသူပါပဲခင်ဗျာ။

ရန်ကုန်လာရင် ကျတော့်ဖုန်းလေးသာဆက်လိုက်ပါ… ဧည့်ဝတ်ကျေပါ့မယ် ဟဲဟဲ။

ဒီနေ့ညတော့ ကျတော်မန်းလေးကို သွားဖိုကရှိပါတယ်။ း)

သိချင်တာလေးတွေရှိရင် မေးမြန်နိုင်ပါသေးတယ်။ မိတ်ဆက်တာလည်း စုံလောက်ပီထင်ပါတယ်..။ တတာနော်…….. း)။

 

အောင်မိုးသူ

16 comments

  • ကဲ..မန်းလေးသွားမယ်တဲ့တော်…မန်းလေးက ရွာသူားတွေ ဧည့်ခံလိုက်ကြပါဦး..ရန်ကုန်သားလေးကို… 🙂

    gmail တွေရော..ဖွဘုတ်တွေရော…မှတ်ထားလိုက်ပါတယ်ရှင်..
    ရွာထဲက ရွာသားတစ်ယောက်အနေနဲ့ သိရတာ ဝမ်းသာပါတယ်ချင့်….

    Reply

  • Khaing Khaing

    September 6, 2012 at 4:02 pm

    မန်းလေးသွားမှာလား …… ဘယ်နှစ်တောင်ကြာမှာမို့လို့တုန်း … ဒါဆို စာတွေမဖတ်ရသေးဘူးပေ့ါ ….. စာအရေးအသားကောင်းပြီး ဖတ်လို့ကောင်းပါတယ် ……….

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    September 6, 2012 at 4:07 pm

    မင်္ဂလာပါ….
    မိုက်လေး..ကလည်းကြိုဆိုပါတယ်နော်…
    ပျော်ရွှင်ပါစေ….။

    Reply

  • ဦးဦးပါလေရာ

    September 6, 2012 at 4:59 pm

    စာရေးကောင်းသူတဦးအဖြစ် သတိထားမိပြီးသားပါဗျာ..။

    Reply

    • ရွှေ ကြည်

      September 7, 2012 at 10:12 am

      မှန်ပါ့ ဦးဦးပါရေ။ မှတ်မိပြီးသားပါ ကိုအောင်မိုးသူရေ။

      Reply

  • ကထူးဆန်း

    September 7, 2012 at 6:20 am

    မိတ်မဆက်လည်း ရပါသည် ။ ရွာသူား တွေက ကြိုဆိုပြီးသားပါ ။

    Reply

  • Foreign Resident

    September 7, 2012 at 7:53 am

    ကြိုဆိုပါတယ်နော်…

    Reply

  • ဟုတ်ကဲ့ ..
    ခု မိတ်ဆက်တော့ ခု ဝဲလကမ်းဘာဒယ် .. 😀
    မန်းလေးက ပြန်လာရင် ထိုးမုန့် ဝယ်ခဲ့ဘာ …
    (လိုအပ်တာ ရှိရင် ပြောဆိုလို့ … :mrgreen: )
    ပီးဒေါ့ မန်းလေးက ဖရဲမနဲ့ ဘဲဥမ တို့ကိုလည်း ပြောလိုက်ဘာ ..
    (ပြောချင်ရာ ပြောပေါ့ဗျာ .. 😀 )

    Reply

  • မောင်ပေ

    September 7, 2012 at 9:09 am

    ကြိုဆိုပါတယ် ဆိုကြိုပါတယ်

    Reply

    • အော် . .. ပြောဖို့ မေ့နေလိုက်တာ ..
      မန်းလေးရောက်ရင်
      ဒီလူဂျီး နဖူးလည်း ပွတ်ခဲ့ဘာအုံးလို့ .. :mrgreen:

      Reply

      • Khaing Khaing

        September 7, 2012 at 12:08 pm

        ဒီမယ် …. တိုကြီး အံချာတုံး ……. အလကားနေ ဦးပေ နှဖူးပြောင်တာကိုပဲ တွားတွားထိခိုက်နေ တာပဲ ….. သူဟာသူပြောင်တာ ဟိုလူ့ဖွ ဒီလူ့ဖွနဲ့ ……. ဦးပေ (ပြောင်ကြီး)

        Reply

        • မောင်ပေ

          September 7, 2012 at 7:49 pm

          အေးပါကွယ်
          တုတ်ထိုးသည်နဲ ့ဈေးကောက်နဲ ့တူညီနေကြတယ်ပေါ့လေ

  • pyopyo may

    September 7, 2012 at 9:35 am

    ကလောင်နာမည် အောင်မိုးသူ
    ဆိုတဲ့ မောင်လေးရေ
    ဂဇက်ရွာက ကြိုဆိုပါတယ်နော်
    ရေးလာမဲ့ post တွေကို
    အားပေးဖို့ စောင့်နေပါတယ်

    Reply

  • San Hla Gyi

    September 7, 2012 at 11:13 am

    မိတ်ဆက်စာကလေး ကတော့ ကောင်းပါတယ်ဗျာ။ ကျနော်ဆိုရင် ဘာမှကို မိတ်ဖွဲ့တာတွေ ဘာတွေ မလုပ်တော့ပဲ ဒီအတိုင်း ရောက်လာပြီး ရေးတာပဲ။ နောက်တော့ သူများတွေက ကိုယ့်ကိုကိုယ် မိတ်ဆက်တာတွေ တွေ့တော့မှ ကိုယ့်တုန်းက ဘာမှ မပြောပဲ ရေးခဲ့တာ သတိထားမိတယ်။ အဲဒီအချိန်မှာ ရေးတာလည်း နည်းနည်းများနေပြီ။ နောက်ပြီး တိုက်ပြီးခိုက်ပြီးလည်း ဖြစ်နေပြီ။ ဒါနဲ့ မသိချင်ယောင် ဆောင်နေလိုက်တယ်။
    နောက်ပြီး ကျနော် ကြားဖူးတဲ့ ဟာသလေးရှိတယ်။ ဆင်ဦးစီးတွေ ဘာတွေက အိမ်ထောင်ကျရင် သူအိမ်ထောင်ကျပြီ ဆိုတဲ့အကြောင်းကို ဆိုင်ရာနတ်ကို ပြရတယ်တဲ့။ နတ်ကို inform လုပ်တာပေါ့ဗျာ။ တနေ့တော့ ဆင်ဦးစီးတယောက်က နတ်ပြတော့ နတ်က ကလေးလေးယောက် ရပြီးကာမှ ဘာလို့ ငါ့ကိုလာပြနေသေးလဲ။ ဒီအတိုင်းနေလိုက် ပြီးတာပဲလို့ ပြောတယ်တဲ့။

    Reply

  • kyeemite

    September 7, 2012 at 11:56 am

    အရေးအသားတော်တော်ကောင်းလို့ သတိပြုမိပါတယ်…
    အားပေးနေပါဂျောင်း….. 😀

    Reply

Leave a Reply

Your email address will not be published.